အဝလွန်ခြင်း

အဝလွန်ခြင်းက ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ယခုအခါမှာ အဝလွန်ခြင်းကို ရောဂါတစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။ အဝလွန်ခြင်းကြောင့် နောက်ဆက်တွဲအနေနဲ့ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါနဲ့ တချို့သောကင်ဆာတွေ ဖြစ်လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အဝလွန်ခြင်း

ထမင်းစားရင်း ဖုန်းသုံး ရင် ဘာဖြစ်တတ်သလဲ။

ဒီနေ့ခေတ်မှာ ဖုန်းက အသုံးဝင်လွန်း‌တော့ လက်က မချနိုင်ဖြစ်တာ အဆန်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ထမင်းစားလည်း ဖုန်း၊ အိမ်သာတက်လည်း ဖုန်း ဖြစ်နေရင်တော့ ရေရှည်မှာ သတိထားသင့်ပါတယ်။ ဒီတစ်ခေါက်တော့ ထမင်းစားရင်း ဖုန်းသုံး တာက ဘာဖြစ်တတ်သလဲ ဆိုတာကို ပြောပြသွားမှာပါ။ ထမင်းစားရင်း ဖုန်းသုံး ရင် ဒါတွေ ဖြစ်တတ်ပါတယ်။ အရင်တုန်းကတော့  TVကြည့်ရင်း ထမင်းစားတဲ့ အလေ့အကျင့်တွေ ခေတ်စားခဲ့ပါတယ်။ အခုတော့ ဖုန်းကြည့်ရင်း ထမင်းစားတဲ့ခေတ် ရောက်လာပြီပေါ့။ အထူးသဖြင့်တော့ ဒီခေတ်မှာ ကိုယ်စီ အလုပ်ရှုပ်ကြတော့ အရင်လို ဝိုင်းဖွဲ့ပြီး ထမင်းမစားဖြစ်တော့ဘဲ တစ်ယောက်တည်း စားဖြစ်ကြတာ များပါတယ်။ ဒီလိုနဲ့ ပျင်းပြီး လုပ်စရာမရှိတော့ ထမင်းစားရင်း ဖုန်းသုံးမိကြတာပေါ့။ ထမင်းရင်း ဖုန်းသုံး တဲ့အခါ မပြီးသေးတဲ့ မက်ဆေ့လေး တစ်ကြောင်းလောက် ပို့လိုက်တာ၊ […]

အဝလွန်ခြင်း ကို ရှာဖွေမည်။

အဝလွန်ခြင်း

ဗိုက်ခေါက်လေး တွေရှိလာလို့ စိတ်ညစ်နေရပြီလား

လူလည်းသိပ်မဝပါဘဲ ဗိုက်ခေါက်လေး ပဲထွက်နေတာ အလှအပနဲ့ ပတ်သက်ပြီး ပျိုမေတို့ အကြောက်ဆုံး အရာပါ။ ဗိုက်အဆီ မရှိဘဲ ချပ်ရပ်နေတဲ့ ကိုယ်အချိုးအစားကို မိန်းကလေးတိုင်း လိုချင်ပါတယ်။ ပိန်တဲ့သူပဲဖြစ်ဖြစ်၊ ပြည့်ပြည့်ဖောင်းဖောင်းလေးတွ ဖြစ်ဖြစ် ဗိုက်လေးချပ်အောင်တော့ ကြိုးစားကြဖို့ အကြံပေးချင်ပါတယ်။ ဗိုက်အဆီ ဆိုတာ အလှအပအတွက်တင်မက လူ့ကျန်းမာရေးကိုပါ ဒုက္ခပေးမယ့် ရောဂါ အမျိုးမျိုး ယူဆောင်လာနိုင်လို့ပါ။ ဗိုက်ခေါက်လေး တွေရှိလာလို့ စိတ်ညစ်နေရပြီလား ဗိုက်ခေါက်လေး ကြောင့် စိတ်ညစ်နေရတဲ့ ပျိုမေတို့အတွက် အကောင်းဆုံးအကြံဉာဏ်ကတော့ - အမျှင်ဓာတ် များများစားပါ အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေ၊ ဂျုံကြမ်း၊ အစေ့အဆန်တွေ၊ ပဲတောင့်ရှည်တို့လို အမျှင်ဓာတ် များတာတွေ စားပေးလို့ ရတယ်။ အမျှင်ဓာတ်တွေက အဆာခံပြီး ခဏခဏ မစားဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။ ဗိုက်အဆီ ဆိုတာ ဗိုက်ခေါက်သက်သက်တင် မဟုတ်ပါဘူး။ အသည်း၊ […]


အဝလွန်ခြင်း

အစားလည်းဆင်ခြင်ရဲ့သားနဲ့ ဝလာတယ်ဆိုရင် ဇီဝကမ္မဖြစ်စဉ် နှေးတာကြောင့်ဖြစ်နိုင်ပါတယ်။

အစားလည်းထိန်းစားတယ်၊ ကိုယ်လက်လှုပ်ရှားမှုလေးလည်း ရှိရဲ့သားနဲ့ ဘာကြောင့် တရိပ်ရိပ်ထိုးဝလာတာလဲ။ ပြောနေကျ စကားတွေအတိုင်းဆို လေရှူလိုက်တိုင်း ဝနေတာ ဒါမျိုးပေါ့။ ပိန်နေတဲ့သူတွေအတွက်ကတော့ ဒီကိစ္စတွေ ခေါင်းထဲ စဉ်းစားမလိုပေမယ့် ဝနေတဲ့သူတွေအတွက်ကတော့ ဘာမှ မလုပ်ဘဲနဲ့ ဝဝလာတာဟာ တော်တော်ကြီးကို စိတ်ညစ်စရာကောင်းတဲ့ အခြေအနေပါ။ ဒါဘာကြောင့် ဖြစ်ရတာလဲ။ အစားလည်းဆင်ခြင် ကိုယ်လက်လှုပ်ရှားမှုလေးလည်း အနည်းအကျဉ်းရှိရဲ့သားနဲ့ ဝလာတဲ့ပြဿနာမှာ ကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ် ကို အဓိက အပြစ်တင်ရမှာပါ။ ဇီဝကမ္မဖြစ်စဉ် ဆိုတာ ဘာလဲ ။ ။ ဆေးပညာမှာဆို ဇီဝကမ္မဖြစ်စဉ်ကို Metabolism လို့ခေါ်ပါတယ်။ ဒီ ဇီဝကမ္မဖြစ်စဉ်ဟာ အာဟာရဓာတ်တွေကို ဖြိုခွဲပေး၊ ကယ်လိုရီတွေကို လောက်ကျွမ်းပေးပြီး ကိုယ်ခန္ဓာအတွက် စွမ်းအင်ပြန်ထုတ်ပေးတဲ့ ဖြစ်စဉ်ပါ။ ဒီတော့ ဇီဝကမ္မဖြစ်စဉ် နှေးရင် ကယ်လိုရီ လောင်ကျွမ်းတာလည်း နည်းသွားပြီး ကိုယ်ခန္ဓာမှာ […]


အဝလွန်ခြင်း

ဝလာရတာက စားလိုက်တဲ့အစားအစာကြောင့် မဟုတ်ဘဲ စားတဲ့အချိန်ကြောင့် ဆိုတာသိရဲ့လား

ဝလာပြီ။ အဝတ်တွေ ဝတ်ရတာ အဆင်မပြေတော့ဘူး။ ငါတော့ ဝိတ်လျှော့တော့မှ ဖြစ်မယ်၊ လို့ စဉ်းစားလိုက်ရင် တော်တော်များများ ပြေးမြင်တာက အစားလျှော့စားဖို့ပါ။ ဒါဆို မေးစရာရှိတာက အစားစားလို့ ဝတာလား။ ဟုတ်တယ်လေ။ စားလို့ဝတာပေါ့၊ ရှင်းနေတာပဲ ဆိုတဲ့သူလေးတွေကို တစ်ခုလောက် ရှင်းပြပါရစေလား။ အစားစားတိုင်း ဝတာမဟုတ်ပါဘူး။ ဝလာရတာက စားလိုက်တဲ့အစားအစာကြောင့် မဟုတ်ဘဲ စားတဲ့အချိန်ကြောင့် ဆိုတာသိရဲ့လား ..... အထောက်အထား ပြမယ်နော်။ တူတူဆက်ကြည့်ရအောင်လား။ ဝလာရတာက စားလိုက်တဲ့အစားအစာကြောင့် မဟုတ်ဘဲ စားတဲ့အချိန်ကြောင့် ဆိုတာသိရဲ့လား ဝလာရတာက စားလိုက်တဲ့အစားအစာကြောင့် မဟုတ်ဘဲ စားတဲ့အချိန်ကြောင့် ပါတဲ့။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ အစားစစားတိုင်း ဝလာတာမဟုတ်ဘူးလို့ပြောရတဲ့ အကြောင်းအရင်း မကြာသေးခင်က လုပ်ခဲ့တဲ့ လေ့လာမှုတစ်ရပ်အရ အစားစားလို့ ဝတယ်ဆိုတာထက် အစားစားချိန် နောက်ကျတာကြောင့် ပိုဝလာရတာပါ၊လို့ တွေ့ရှိခဲ့ရပါတယ်။ သုတေသီတွေက ဒီတွေ့ရှိချက်ကို […]


အဝလွန်ခြင်း

သင့်ကို နေ့ချင်းညချင်း ဝလာစေနိုင်တဲ့ အစားအသောက်တွေ ။ ။

ဝလာတယ်ဆိုတဲ့ ဖြစ်စဉ်မှာ အဓိက တရားခံက အစားအသောက်ပါပဲ။ အစားတွေ အများကြီးစားမိလို့၊ ကယ်လိုရီ တွေ လိုတာထက်ပိုစားမိလို့ စတာတွေက သင့်ကို ဝလာနိုင်စေတဲ့ အကြောင်းတရားတွေပဲဖြစ်ပါတယ်။ အစားအများကြီး မစားပေမယ့် နေ့ချင်းညချင်း ဝလာစေမယ့် ခုပြောပြမယ့် အစားအသောက်တွေ စားတာကြောင့်လည်း သင့်ကိုယ်အလေးချိန် တက်လာနိုင်ပါတယ်။ ဒီတော့ ကိုယ်အလေးချိန် ကျချင်တဲ့သူတွေ ဝေးဝေးကရှောင်သင့်တဲ့ အစားသောက်တွေက ဘာတွေလဲ ။ ဆိုဒါပါသော အချိုရည် ။ ။ အဖတ်မှ မဟုတ်တာ၊ အရည်လေးသောက်တာ ဘာမှမဖြစ်လောက်ပါဘူးလို့ ထင်နေရင် သိပ်မှားသွားမှာပေါ့။ အသင့်ဖျော် အချိုရည်ဘူးတွေထဲမှာပါတဲ့ ဆိုဒါနဲ့ သကြားအတွဲ အစပ်လောက် သင့်ကို ဝစေတဲ့သူရှိမှာ မဟုတ်ပါဘူး။ ဒါ့အပြင် အချိုရည်ထဲမှာပါတဲ့ သကြားက သင့်ကို ဆီးချိုရောဂါ ၊နှလုံးရောဂါ၊ နဲ့ အဝလွန်တဲ့ ရောဂါတွေကို […]


အဝလွန်ခြင်း

ညအရမ်းနောက်ကျမှ အစာစားတဲ့အခါ ဘာဖြစ်နိုင်လဲ

ခေတ်ကြီးတိုးတက်ပြောင်းလဲလာတာနဲ့အမျှ လူတွေရဲ့ နေ့စဉ် နေထိုင်စားသောက်ပုံေကြာင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို လေ့လာစမ်းသပ်ကြည့်ဖို့ ပိုမိုလွယ်ကူလာပါတယ်။ တစ်ချိန်တည်းမှာပဲ ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းအရ လူငယ်တွေရာ လူကြီးတွေပါ အစာအာဟာရ ချို့တဲ့လာတယ်။ နေ့စဉ် လုံလောက်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ မရတာကြောင့် ရောဂါအသစ်အဆန်းတွေ ဖြစ်ဖို့ ပိုပြီး လွယ်ကူလာပါတယ်။ ကျား၊ မ အသက်အရွယ် မရွေး အဆီ၊ အချို၊ အငန် စားသုံးမှု ပိုများလာတယ်။ အချိန်ပေးစရာ မလိုပဲ အလွယ်တကူ မှာစားလို့ ရတဲ့ Fast Food တွေ၊ တာရှည်ခံေအာင် ဓါတုဗေဒနည်းပညာတွေနဲ့ စီမံပြုလုပ်ထားတဲ့ အစားအစာတွေ၊ ကျန်းမာရေးနဲ့လည်း မညီညွတ်၊ အာဟာရလည်း မဖြစ်စေတဲ့ အစားအစာတွေ စားသုံးမှု များလာတဲ့အခါ ကျန်းမာရေးထိခိုက်လာတယ်။ တိုးတက်ပြောင်းလဲလာတာနဲ့အမျှ ကျန်းမာရေးအတွက် သတ်မှတ်ချက်တွေလည်း များလာတယ်။ […]


အဝလွန်ခြင်း

ရေခဲမုန့်ကို သင်ကကြိုက်ပေမယ့် သင့်ကိုယ်ခန္ဓာကတော့ မကြိုက်ပါ။

ရေခဲမုန့်ကို သင်ကကြိုက်ပေမယ့် သင့်ကိုယ်ခန္ဓာကတော့ မကြိုက်ပါ။ ရေခဲမုန့်တို့ အိုက်စ်ကရင်း တို့ဆိုတာ လူတိုင်း သည်းခြေကြိုက်ကြတဲ့ အစားအသောက်တစ်ခုပါ။ မကြိုက်တဲ့သူ အင်မတန်မှ ရှားလောက်အောင် နာမည်ကြီးလူကြိုက်များကြတဲ့ အချိုပွဲတစ်ခုပါ။ ဒီလူတိုင်း ကြိုက်ကြတဲ့ အိုက်စ်ကရင်းကို သင့်ကိုယ်ခန္ဓာက မကြိုက်ဘူးဆိုရင်တော့။ ဘာလို့လဲ ၊ ရေခဲမုန့်က သင့်ကိုယ်ခန္ဓာကို ဘယ်လိုတွေ ဒုက္ခပေးလို့လဲ။ ရေခဲမုန့်ကို သင်ကကြိုက်ပေမယ့် သင့်ကိုယ်ခန္ဓာကတော့ မကြိုက်ပါ။ ရေခဲမုန့်ကို သင်ကကြိုက်ပေမယ့် သင့်ကိုယ်ခန္ဓာကတော့ မကြိုက်ပါဘူးလို့ ပြောရတာက ဒီအချက်လေးတွေကြောင့်ပါ။ ရေခဲမုန့်ကြောင့် သင် အဝလွန်ခြင်း ဖြစ်နိုင်ပါတယ်။  ရေခဲမုန့်တစ်ခွက်ဖြစ်လာဖို့ သကြားတွေ၊ နို့တွေအများကြီးနဲ့ ဖန်တီးထားရတာကြောင့် ရေခဲမုန့်တစ်ခွက်မှာ ကယ်လိုရီများစွာ ပါဝင်ပါတယ်။ ဒီလို ခွက်သေးသေးလေးတစ်ခွက်ထဲမှာ ပါဝင်တဲ့ ကယ်လိုရီက များလွန်းတာကြောင့် ရေခဲမုန့်များများစားလေ ကယ်လိုရီတွေ ကိုယ်ခန္ဓာထဲများများဝင်လေ ပိုဝလာလေလေပါပဲ။ သကြားဓာတ်ပါဝင်မှု မြင့်ပါတယ်။  ရေခဲမုန့်ရဲ့ အရသာကိုတည်းက ချိုချိုလေးဖြစ်တာကြောင့် […]


အဝလွန်ခြင်း

ဗိုက်အဆီအန္တရာယ် သတိပြုရန်

ဒီနေ့ခေတ်မှာ လူတိုင်းလိုလိုကြည့်လိုက်ရင် ဗိုက်ခေါက်ထူထူလေးတွေရှိကြတယ်နော်။ အထိုင်များလို့ထူတဲ့ဗိုက်ခေါက်၊ အစားများလို့ထူတဲ့ဗိုက်ခေါက်၊ ဘီယာကြောင့်ထူလာတဲ့ဗိုက်ခေါက်ဆိုပြီး အစုံပါပဲ။တော်တော်များများထင်ထားတာက ဗိုက်ခေါက်ထူလာရင် ကြည့်ရရုပ်ဆိုးတယ်၊လို့ပဲထင်ထားကြတာပါ။ တကယ်တော့ ဗိုက်ခေါက်ထူလာတာကြည့်ရဆိုးတာနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုနည်းသွားတယ်ဆိုတာထက်ကို ပိုပါတယ်။ ဗိုက်ခေါက်ထူလာတာက ဘာတွေများဖြစ်စေနိုင်လို့လဲ ခန္ဓာကိုယ်မှာ အဆီများတဲ့အခါ ဝတ်ရတာအဆင်မပြေသလို လှုပ်ရှားရတာလည်း ပင်ပန်းတယ်လို့ခံစားရပါတယ်။ ခန္ဓာကိုယ်မှာ အဆီများလာတာက ကျန်းမာရေးကိုပါ ထိခိုက်လာစေနိုင်ပါတယ်။ ဗိုက်မှာ အဆီများလာတာက ဘာတွေကြောင့်လဲဆိုတာကို သိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဆုံးအောင်ဖတ်ကြည့်လိုက်ပါနော်။ ဝမ်းဗိုက်နေရာမှာ အဆီထူလာတဲ့အခါ ဝမ်းဗိုက်အပေါ်ဘက်ကြွက်သားအောက်ဘက်မှာ အဆီစုတာမျိုးဖြစ်နိုင်သလို ဝမ်းဗိုက်ကြွက်သားအတွင်းဘက် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေနားမှာ အဆီစုတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲအဆီစုစုနှစ်ခုစလုံးကတော့ မကောင်းပါဘူး။ ဝမ်းဗိုက်မှာ အဆီစုတာ အချိန်ကြာလာတာနဲ့အမျှ နောက်ဆက်တွဲရောဂါတွေ ဖြစ်လာစေနိုင်ပါတယ်။ ရှိသင့်တဲ့အရွယ်အစား ပုံမှန်လူတစ်ယောက်အနေနဲ့ ရှိသင့်တဲ့ ခါးဆိုဒ်ထက်ပိုများနေတာက စိုးရိမ်ဖို့ကောင်းပါတယ်။ အမျိုးသမီးတစ်ယောက်အနေနဲ့ ခါးဆိုဒ်က ၃၅ လက်မ ဒါမှမဟုတ် ၃၅ လက်မ နဲ့အထက်ဖြစ်နေမယ်ဆိုရင် စိုးရိမ်စရာကောင်းနေပါပြီ။ အမျိုးသားတစ်ယောက်အနေနဲ့ဆိုရင်တော့ […]


အဝလွန်ခြင်း

အဝလွန်ခြင်းနဲ့ ဦးနှောက်ကျုံ့ခြင်း ဆက်နွှယ်နေ

အဝလွန်တဲ့ သက်လတ်ပိုင်းအရွယ်တွေမှာ ဦးနှောက်တစ်ရှူးတွေ ကျုံ့နေတာတွေ့ရတယ်လို့ဗြိတိန်သုတေသနတစ်ခုကလေ့လာတွေ့ရှိခဲ့ပါတယ်။ အထူးသဖြင့် ဗိုက်မှာအဆီပိုတွေစုနေတဲ့သူတွေမှာပိုဆိုးတယ်လို့ ဆိုပါတယ်။ အဝလွန်သူတွေဟာ ပုံမှန်ကိုယ်အလေးချိန်ရှိတဲ့သူတွေနဲ့ယှဉ်ရင် ဦးနှောက်ရဲ့ gray matter အရွယ်အစားကျုံ့နေတာကို အင်္ဂလန် Loughborough University သုတေသနအဖွဲ့က တွေ့ရှိခဲ့တာပါ။Gray matter မှာ ဦးနှောက်ရဲ့အာရုံကြောဆဲလ်အများစုပါဝင်နေတာဖြစ်ပြီး White matter မှာတော့ ဦးနှောက်ရဲ့အစိတ်အပိုင်းတွေကိုချိတ်ဆက်ပေးတဲ့အာရုံကြောမျှင်တွေပါရှိပါတယ်။ အရင်သုတေသနမှာတော့gray matter ကျုံ့ခြင်းက dementia (ဦးနှောက်မှတ်ဉာဏ်ချို့ယွင်းမှုရောဂါ)ဖြစ်နိုင်ခြေပိုများစေတယ်လို့ ဆက်နွှယ်မှုကိုတွေ့ရှိထားပါတယ်။ ဒါပေမယ့် ဒီသုတေသနမှာတော့ ဆက်နွှယ်မှုကိုသာတွေ့ရှိတာဖြစ်ပြီး အချိန်ကြာရှည်လေ့လာထားတာမဟုတ်တဲ့အတွက် အဝလွန်ခြင်းက ဦးနှောက်ကျုံ့စေတယ်လို့ သက်သေမပြနိုင်သေးပါဘူးလို့ ဦးဆောင်တဲ့သုတေသီMark Hamer ကပြောပါတယ်။ အသက် ၅၅ နှစ်အရွယ် လူဦးရေ ၉၆၅၂ ဦးကိုလေ့လာခဲ့တာဖြစ်ပြီး သူတို့ထဲက ၁၉ ရာခိုင်နှုန်းက အဝလွန်နေသူတွေဖြစ်ပါတယ်။ ဦးနှြေက် MRI စကင်န်စစ်ဆေးတဲ့အခါ အဝလွန်နေတဲ့သူတွေမှာ gray matter အရွယ်အစား […]


အဝလွန်ခြင်း

အဝလွန်တာကို ခွဲစိတ်ပြီး ကုသလို့ရတယ် ဆိုတာ တကယ်လား။ ။

ကိုယ်အလေးချိန်ကလည်းများနေတယ်။ ချက်ချင်း ဝိတ်မကျတော့ဘူးဆိုရင် ကျန်းမာရေးကိုထိခိုက်နိုင်တယ်။ လုံးဝ မစားဘဲနဲ့လည်း မနေနိုင်ဘူး။ ကိုယ်လက်လှုပ်ရှားမှု လုပ်ဖို့လည်း ခက်နေတယ်ဆိုတဲ့ အဝလွန်တဲ့သူတွေ အတွက် ကိုယ်အလေးချိန်ကျသွားစေဖို့ နည်းပညာအသစ်တွေပေါ်ထွန်းလာပါပြီ။ အစားလျှော့ ရတာလည်းမဟုတ်၊ လေ့ကျင့်ခန်းလုပ်ရတာလည်း မဟုတ်ဘဲ ခွဲစိတ်မှုလုပ်ပြီး ဝိတ်ချတဲ့နည်းပညာတွေ ပေါ်ထွက်လာခဲ့ပါပြီ။ ထူးဆန်းလိုက်တာနော်။ ဘယ်လိုများပါလိမ့်။ ။ ဝိတ်ကျစေဖို့ ခွဲစိတ်လို့ရတယ်ဆိုတာ ဘာကိုပြောတာလဲ ။ ။ အဆီစုပ်ထုတ်တာနဲ့ မတူပါဘူး။ သူက အစာအိမ်ကို သေးသွားအောင် ကြိုးချည်လိုက်တဲ့သဘာပါ။ အစာအိမ်ကို သိမ်အောင် ကြိုးနဲ့ စည်းထားလိုက်တဲ့အခါကျ ဗိုက်မြန်မြန်ပြည့်လွယ်သွားပြီး စိတ်လွတ်ကိုယ်လွတ် မစားမိတော့ပါဘူး။ ဒီလိုနဲ့ တစ်ခါတည်း အများကြီး ပြည့်အင့်နေအောင် မစားဖြစ်တော့လို့ ကိုယ်ထဲဝင်လာမယ့် ကယ်လိုရီတွေ နည်းသွားမှာဖြစ်ပြီး အချိန်တစ်ခုရောက်သွားတဲ့အခါ ကိုယ်အလေးချိန်သိသိသာသာ ကျဆင်းသွားမှာဖြစ်ပါတယ်။ ဒါဆို ခွဲစိတ်နည်း ဘယ်နှစ်မျိုးရှိလဲ ။ ။ […]


အဝလွန်ခြင်း

ကိုယ်က ဘယ်လိုဝတဲ့ အမျိုးအစားထဲ ပါနေတာလဲ။ ဘယ်လိုဖြေရှင်းရမလဲ။ ။

အဝလွန် တယ်ဆိုတာ သက်ကြီးပိုင်းလူတွေ တော်တော်များများဖြစ်တတ်တဲ့ ကိစ္စတစ်ခုပါ။ ခုနောက်ပိုင်းလူနေမှု ပုံစံတွေ အရဆို လူကြီးတွေတင်မဟုတ်ပါဘူး။ အဝလွန် တာဟာ အရွယ်တိုင်းမှာ ဖြစ်နေတဲ့ ပြဿနာတစ်ခုပါ။ ပြီးရင် အဝလွန်တဲ့ ပြဿနာကလည်း တစ်ခြားနာမည်ကြီး နှလုံး၊ သွေးတိုး၊ ဆီးချိုတို့ရဲ မြစ်ဖျားခံတစ်ခုဖြစ်တာကြောင့် သူ့ကို အရင်ဆုံး ဖြေရှင်းမှ ရမှာပါ။ ကိုယ်အဝလွန်တယ်ဆိုတာကို ဘယ်လိုသိနိုင်သလဲ. ။ ။ ရိုးရိုးလေးပဲပြောမယ်ဆိုရင်တော့ ဝတ်နေကျ အင်္ကျီတွေ ကြပ်သွားမယ်။ ဗိုက်နဲ့ ခါးမှာအဆီပိုတွေ စုနေမယ်။ ဒူးတွေနာနေပြီး အထိုင်အထလည်း မကောင်းတော့ဘူးဆိုရင် သင်ဝနေပါပြီ။ အချက်အလက်နဲ့ သေချာပြောရမယ်ဆိုရင်တော့ BMI (Body Mass Index) လို့ခေါ်တဲ့ ကိုယ်အလေးချိန်နဲ့ အရပ်အမြင့်ကို ပြန်ချိန်ဆတဲ့အခါ BMI ရဲ့ တန်ဖိုးက ၃၀ ထက်ကျော်နေပြီဆိုရင် ဝနေပြီလို့ပြောလို့ရပါပြီ။ ဝခြင်း […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်