အရေပြားနဲ့ဆံသားကိုကျန်းမာစေနိုင်တယ်
အရေပြားနဲ့ဆံသားကျန်းမာစေဖို့အတွက် ခန္ဓါကိုယ်မှာ ကျန်းမာတဲ့ အဆီပြည့်ဝနေဖို့လိုပါမယ်။ အဆီပြည့်ဝနေမှ အသားအရေက မွဲခြောက်မှုကင်းစင်မှာပါ။ ငါးမှာပါတဲ့omega-3 က ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီဖြစ်တာကြောင့် စားသုံးဖို့သင့်တော်ပါတယ်။ ဒါတင်မကသေးပါဘူး၊omega-3 ကအသားအရေကို အားဖြည့်ပေးသလို ဆံသားကိုလည်း ကျန်းမာသန်စွမ်းစေပါတယ်။
- စိတ်ဖိစီးမှုကိုလျော့ပါးသက်သာစေတယ်
လေ့လာမှုတွေအရ ငါးမှာပါတဲ့ omega-3 ကစိတ်ဖိစီးမှုကိုလျော့ပါးသက်သာစေနိုင်တယ်လို့သိရပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အနေနဲ့ တစ်နေ့ကိုomega-3 ၃၀၀ မီလီဂရမ်စားသုံးပေးမယ်ဆိုရင် ကိုယ်ဝန်ဆောင်ကာလအတွင်းခံစားရနိုင်တဲ့ စိတ်ကျရောဂါကို သက်သာစေနိုင်တယ်ဆိုပါတယ်။
- ဦးနှောက်ဖွံ့ဖြိုးမှုကို တိုးတက်စေတယ်
ဆယ်လ်မွန်ငါးမှာပါတဲ့EFA omega-3 နဲ့ ငါးကနေရရှိနိုင်တဲ့ အခြားအာဟာရဓါတ်တွေက ကလေးငယ်ရဲ့ ဥိးနှောက်ဖွံ့ဖြိုးမှုကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။omega-3 စားသုံးပေးတာက ကလေးငယ်တွေမှာ ADHDရောဂါလက္ခဏာတွေမဖြစ်အောင် လုပ်ဆောင်ပေးနိုင်တယ်၊လို့ ကျွမ်းကျင်သူတွေကလေ့လာတွေ့ရှိခဲ့ပါတယ်။
- နာတာရှည်ဝေဒနာတွေ မဖြစ်အောင် ကာကွယ်ပေးတယ်
ငါးစားပေးပါ ၊ အမျိုးအစား- ၁ ဆီးချိုရောဂါလိုမျိုး နာတာရှည်ဝေဒနာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။omega-3 က ကလေးငယ်လေးတွေမှာလည်း အမျိုးအစား-၁ ဆီးချိုရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်သလိုလေးဖက်နာဝေဒနာနဲ့ အာရုံကြောထိခိုက်ပျက်ယွင်းတဲ့ဝေဒနာတွေခံစားရနိုင်ခြေကိုလည်းလျော့ကျစေနိုင်ပါတယ်။
- ကလေးငယ်တွေမှာ ပန်းနာရင်ကျပ်မဖြစ်အောင်ကာကွယ်ပေးတယ်
ပန်းနာရင်ကျပ်ရောဂါဆိုတာက နာတာရှည်လေပြွန်ရောင်ရမ်းနေတဲ့အနေအထားတစ်ရပ်ပါ။ အခုနောက်ပိုင်း ပန်းနာရင်ကျပ်ရောဂါ ခံစားရသူအရေအတွက်ကတော်တော်လေးတိုးလာနေပါတယ်။လေ့လာမှုတွေအရ ငါးပုံမှန်စားသုံးပေးတဲ့ ကလေးငယ်တွေမှာ ပန်းနာရင်ကျပ်ရောဂါဖြစ်နိုင်ခြေက ပုံမှန်ထက် ၂၄ ရာခိုင်နှုန်းပိုနည်းတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ကလေးငယ်လေးတွေမှာ ငါးများများစားလေလေ ပန်းနာရင်ကျပ်ရောဂါ ဖြစ်နိုင်ခြေနည်းလေလေပါ။
- အမြင်အာရုံ ကောင်းမွန်စေတယ်
လူကြီးတွေမှာဖြစ်တဲ့macular degeneration (မြင်လွှာအလယ်ရောင်ခြယ်ပျက်သုဉ်းခြင်း) က အမြင်အာရုံထိခိုက်ဆုံးရှုံးရတဲ့ အဓိကအကြောင်းအရင်းပါ။ အသက်အရွယ်ရလာတာနဲ့အမျှ အမြင်အာရုံက တဖြည်းဖြည်း အားနည်းလာပါတယ်။ ငါးမှာပါတဲ့ omega-3 fatty acid ကမြင်လွှာအလယ်ရောင်ခြယ်ပျက်သုဉ်းခြင်း မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ငါးပုံမှန်စားသုံးပေးမယ်ဆိုရင် အမျိုးသမီးတွေမှာ အမြင်အာရုံထိခိုက်တာကို ၄၂ ရာခိုင်နှုန်းအထိကျဆင်းစေနိုင်သလို အမြင်အာရုံဆိုင်ရာကြွက်သားတွေထိခိုက်နိုင်ခြေကိုလည်း ၅၃ ရာခိုင်နှုန်းအထိကျဆင်းစေနိုင်ပါတယ်။ လူကြီးတွေမှာ အမြင်အာရုံထိခိုက်တာမဖြစ်စေဖို့ တစပတ်တစ်ကြိမ်လောက် ငါးကျွေးပေးပါ။
- ကောင်းကောင်းအိပ်ပျော်စေနိုင်တယ်
အခုခေတ်မှာ ညအိပ်မပျော်ရတဲ့အကြောင်းအရင်းတွေကတော်တော်လေးများလာပါတယ်။ ညဘက်အိပ်မပျော်တာက အကြောင်းအရင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ခန္ဓါကိုယ်ထဲမှာ ဗီတာမင် D နည်းရင်လည်း အိပ်မပျော်တာဖြစ်နိုင်ပါတယ်။ တစ်ပတ်မှာ ဆယ်လ်မွန်ငါး ၃ ကြိမ်ထက်ပိုစားသုံးပေးမယ်ဆိုရင် ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင် D ကိုရရှိမှာဖြစ်ပါတယ်။
- လေဖြတ်နိုင်ခြေကို လျော့နည်းစေတယ်
ငါးစားတာကလေဖြတ်နိုင်ခြေကို ကျဆင်းစေပြီး ဦးနှောက်ကိုကျန်းမာစေနိုင်ပါတယ်။ ငါးမှာပါတဲ့omega-3 fatty acid ကလေဖြတ်နိုင်ခြေကို ကျဆင်းစေနိုင်ပါတယ်။
အခုလောက်ဆိုရင် ငါးစားတာက ခန္ဓါကိုယ်ကို ကျန်းမာစေတယ်၊လို့ဘာကြောင့်ပြောရတာလဲဆိုတာကို သိလောက်ပြီထင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။