အာဟာရဆိုင်ရာ အချက်အလက်များ

နေ့တိုင်း အာဟာရ လိုအပ်ချက်ကြောင့် အစားအစာတွေကိုတော့ စားနေပါရဲ့။ ဗိုက်ဝသွားတာပဲ ရှိတယ် အစားအစာ တစ်ခုချင်းစီရဲ့ အာဟာရ တန်ဖိုးနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို မသိဘူးဖြစ်နေတယ်ဆိုရင် ဒီကဏ္ဍလေးကနေ သိလိုတဲ့ အစားအစာလေးရဲ့ အာဟာရဆိုင်ရာ အချက်အလက်လေးတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အာဟာရဆိုင်ရာ အချက်အလက်များ

ခရမ်းသီးအခွံကို စားပေးရင် ကျန်းမာမှာလား!

ခရမ်းသီးကို ကြော်စား နှပ်စား ချဉ်ရည်ဟင်းထဲ ထည့်ချက်စား စသဖြင့် အမျိုးမျိုး စားကြပါတယ်။ ဒီလို စားကြရာမှာ ခရမ်းသီးကို အခွံနွှာပြီး စားကြတာမျိုး ရှိသလို အခွံမနွှာဘဲ အခွံကိုပါ ထည့်ချက်စားကြတာမျိုးလည်း ရှိကြပါတယ်။ ဒီလို စားတဲ့အခါ အခွံကို စားပေးရင် ဘာတွေ ဖြစ်နိုင်မလဲ! ခရမ်းသီးအခွံကို စားပေးရင် ကျန်းမာမှာလား! ဆိုတာကို ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။  ခရမ်းသီးခွံကို စားလို့ရလား! ခရမ်းသီးခွံကို စားလို့ရလား! ဆိုတော့ အားလုံးလည်း သိထားပြီးတဲ့အတိုင်း စားလို့ ရပါတယ်။ ခရမ်းသီးခွံကလည်း အာဟာရ ကြွယ်ဝသလို ကျန်းမာရေးအတွက်လည်း ကောင်းကျိုးများပါတယ်။ ခရမ်းသီးခွံမှာ အဆီဓာတ်၊ ကစီဓာတ်နဲ့ ဆိုဒီယမ် ပါဝင်မှု ကင်းပြီး ဗီတာမင် A၊ ဗီတာမင် C နဲ့ ဗီတာမင် B6၊ […]

အာဟာရဆိုင်ရာ အချက်အလက်များ ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ပဲနို့ဆိုတာ သောက်တိုင်းကောင်းတဲ့ အရာတစ်ခုလား။

အရိုးအဆစ်သန်မာချင်ရင်၊ ကျန်းမာချင်ရင် နေ့စဉ်နို့တစ်ခွက်သောက်ပါ။ အဲစကားစုလေးက နွားနို့ကြိုက်တဲ့သူတွေအတွက် ဝမ်းသားစရာပဲနော်။ ဒါဆို နွားနို့နဲ့ မတည့်တဲ့သူ နွားနို့သောက်ရတာ မကြိုက်တဲ့ သူတွေအတွက်ရော။ သူတို့တွေအတွက် နွားနို့နေရာမှာ အစားထိုးသောက်လို့ရတဲ့ အရာတစ်ခု ရှိနေပါတယ်။ အဲဒါကတော့ ပဲနို့ပါ။ ခုနောက်ပိုင်း ဈေးကွက်ထဲမှာ တွင်ကျယ်စွာရောင်းချနေကြပြီး လူတိုင်းနီးပါး နှစ်သက်စွာသောက်နေကြသော အစားအစာတစ်ခုပဲ ဖြစ်ပါတယ်။ နို့နှင့် နို့ထွက် ပစ္စည်းတွေနဲ့ မတည့်သူတွေ အတွက် ရွေးချယ်စရာတစ်ခုပါ။ နို့လိုပဲ အာဟာရဓာတ်တွေကြွယ်ဝလို့ ကျုန်းမားရေးအတွက်အထောက်အကူပြု လူကြိုက်များ သောက်လို့ကောင်းနေတဲ့ ပဲနို့ မှာ ဘာကောင်းကျိုးတွေ ရှိသလဲ။ ပဲနို့ သောက်ခြင်းက ဆိုးကျိုးတွေရော ဖြစ်စေနိုင်လားဆိုတာ သိချင်ကြမယ်ထင်လို့ ပဲနို့ရဲ့ကာင်းကျိုး၊ ဆိုးကျိုးတွေကို ပြောပြပေးချင်ပါတယ်။ ပဲနို့၏ ကောင်းကျိုးများ။ လက်တို့စ် (lactose) ဓာတ်မပါခြင်း။ နွားနို့မှာ လက်တို့စ် (lactose) လို့ခေါ်တဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

မန်ကျည်းရွက်ရဲ့ ဆေးဖက်ဝင်ပုံက

မန်ကျည်းပင်ကနွေရာသီမှာဆိုရင်အေးမြတဲ့အရိပ်ကိုပေးနိုင်ပါတယ်။နွေပူပူမှာ မန်ကျည်းရိပ်အေးအေးလေးမှာထိုင် အကြမ်းရည်သောက်ရင်း အညာဓလေ့အတိုင်း ထန်းလျက်လေးစား လက်ဖက်သုပ်လေးဝါးရတာကတော်တော်လေးအရသာရှိတယ်နော်။ အညာအငွေ့အသက်လေးတွေကတော်တော့်ကိုချစ်စရာကောင်းတာနော်။ မန်ကျည်းပင်ရဲ့ အသုံးတည့်မှုကဒီလောက်နဲ့ပြီးမသွားပါဘူး။ မန်ကျည်းပင်က အရွက်၊ အသီး၊ အခေါက်တစ်ပင်လုံးနီးပါး အသုံးဝင်ပါတယ်။ အခုတစ်ခေါက်တော့ နွေရာသီ ရောက်လာတဲ့အခါ ရာသီစာတစ်ခု အနေနဲ့ စားတတ်ကြတယ် မန်ကျည်းရွက်ရဲ့ ဆေးဖက်ဝင်ပုံအချို့ကိုပြောပြပေးမယ်နော်။ မန်ကျည်းရွက်နုနုလေးတွေကို ကြက်သွန်စိမ်း၊ ပုဇွန်ခြောက်မှုန့်၊မြေပဲမှုန့်၊ ဆီစိမ်း၊ အချို အငန်အရသာထည့်ပြီးသုပ်စားကြတာမျိုးရှိသလို ချဉ်ရည်ဟင်းချက်စားတာမျိုးလည်း ရှိပါတယ်။ ဘယ်လိုပဲစားစား စားလို့ကောင်းတာကတော့ အမှန်ပါ။ မန်ကျည်းရွက် ဆိုတာ မန်းကျည်းရွက် ဆိုတာ မန်ကျည်းပင်ရဲ့ အရွက်ပါ။ အရွက်နုနုလေးတွေကို ဟင်းချက်စားတာ၊ သုပ်စားတာတွေ၊ အသုပ်တွေထဲမှာ ထည့်စားတာမျိုးတွေ ရှိကြပါတယ်။ အရွက်သေးသေးလေးတွေ မျက်နှာချင်းဆိုင်ပြီး ရိုးတံရှည်ရှည်လေးမှာ အစီအရီထွက်နေတတ်တာပါ။ နုစဉ်မှာ အစိမ်းရောင်ဖျော့ဖျော့လေး ဖြစ်ပြီး ရင့်လာချိန်မှာတော့ အစိမ်းရောင် ရင့်ရင့်လေး ဖြစ်လာပါတယ်။ မန်ကျည်းရွက်မှာ ပါတဲ့ အာဟာရတွေ မန်ကျည်းရွက်မှာ အခုလို […]


အာဟာရဆိုင်ရာ အချက်အလက်များ

သကြားကကျန်းမာအတွက် မကောင်းဘူးလို့ ပြောရတဲ့ အကြောင်းအရင်း

တစ်ခုခုစားရင် ချိုမှကြိုက်တယ်ဆိုပြီး အချိုတွေချည်းလှိမ့်စားမနေပါနဲ့။ သကြားဓါတ်က လိုအပ်တယ်ဆိုပေမယ့် များလာရင်တော့ ခန္ဓါကိုယ်ကို ထိခိုက်မှုအကျိုးဆက်ကတော်တော်လေးများပါတယ်။ဘေဘီလေးတွေကိုကျ အချိုအများကြီးမစားနဲ့ပြောပြီး ကိုယ်တိုင်ကျစားနေမိသေးတဲ့ လူကြီးတို့ရေ ဒီဆောင်းပါးလေးဖတ်ကြည့်လိုက်နော်။ သကြားဆိုတာက သကြားဆိုတာက များသောအားဖြင့် အစားအစာတွေ နဲ့သောက်စရာတွေထဲမှာ ပါလေ့ရှိတဲ့ ကာဗိုဟိုက်ဒရိတ်တစ်မျိုးပါ။ကော်ဖီနဲ့ အခြားသောမြန်မာမုန့်တွေစားတဲ့အခါမှာလည်း သကြားကိုတွဲဖက်ပြီး စားတတ်ကြပါသေးတယ်။ ဟင်းချက်တဲ့အခါ ထည့်သုံးတတ်ကြသလို သစ်သီးဖျော်ရည်တွေထဲကိုလည်း ထည့်ကြပါတယ်။ အချိုပွဲတော်တော်များများမှာလည်း သကြားက မပါမဖြစ်ပါရသေးတယ်နော်။ သကြားကစွဲလမ်းစေတတ်လား...... သကြားကစွဲလမ်းစေတတ်တဲ့သဘောရှိပါတယ်။ အချိုရည်တွေ၊ ဒိုးနတ်စ်လိုမျိုး မုန့်ချိုချိုလေးတွေကို တစ်ခါလောက်စားပြီးရင်နောက်ထပ်စားချင်လာတယ်ဆိုတာက သကြားကြောင့်ဖြစ်လာတဲ့ စွဲလမ်းမှုပါ။ သကြားက စွဲလမ်းစေတတ်လားဆိုတာကို အတည်ပြုချင်ရင်ဘေဘီလေးတွေကိုသာကြည့် စစားဖူးထဲကက အချိုအရသာကိုစားဖူးလို့ တစ်ချိန်လုံး သကြားလုံးတွေ၊ ဂျယ်လီတွေနဲ့ အချိုရည်တွေကိုပဲ နှစ်နှစ်ခြိုက်ခြိုက်စားရင်း ငယ်သွားလေးတွေက သွားပိုးစားတာကို သာကြည့်တော့လေ။ သကြားအများကြီး မစားပါနဲ့လို့ပြောရတဲ့ အကြောင်းအရင်း သကြားက အချိုဓါတ်ကိုပေးစွမ်းတယ်။ ခန္ဓါကိုယ်မှာ အင်အားပြည့်စေဖို့ သကြားဓါတ်ကို လိုအပ်တယ်ဆိုပေမယ့် အများကြီးစားမိရင်တော့ ဆိုးကျိုးက […]


အာဟာရဆိုင်ရာ အချက်အလက်များ

Hot Pot စားရင် ထည့်စားတတ်တဲ့ အပ်မှိုလေးကနေရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက

မိုးအေးအေးလေးမှာ Hot Potလေးစားလိုက်ရရင် သိပ်အရသာရှိမှာပဲနော်။ Hot Pot စားတဲ့အခါ အသား၊ အသီးအရွက်၊ မှို၊ ကြက်ဥကစလို့ နှစ်သက်ရာတွေကို ထည့်စားကြတယ်မဟုတ်လား။ ဒီလိုထည့်စားတဲ့အရာတွေထဲမှာ တော်တော်လေး ခံတွင်းတွေ့စေတဲ့ မှိုတစ်မျိုးဖြစ်တဲ့ အပ်မှိုက အရသာတင်ကောင်းတာမဟုတ်ဘဲ ကျန်းမာရေးအတွက်လည်းကောင်းပါတယ်။ အပ်မှိုလေးကနေရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေများ ဖြစ်မလဲ။ အပ်မှိုမှာပါဝင်တဲ့ အာဟာရဓာတ်တွေက စားလို့ကောင်းပြီးအရသာရှိတဲ့ အပ်မှိုကို စားသုံးပေးရင် ရရှိမယ့် အာဟာရဓာတ်တွေက - Conjugated Linoleic Acid Copper သံဓာတ် Isoleucine Leucine လိုင်စင်း ပိုတက်ဆီယမ် Phosphorus ပရိုတင်း ဆီလီနီယမ် Threonine Trytophan ဗီတာမင် B1 (Thiamine) ဗီတာမင် B2 (Riboflavin) ဗီတာမင် B3 (Niacin) ဗီတာမင်B5 (Pantothenic […]


အာဟာရဆိုင်ရာ အချက်အလက်များ

နာမည်လေးလှသလို ကျန်းမာရေးအတွက်ကောင်းတဲ့ ငွေနှင်းမှို

မှိုပွင့်ဖြူဖြူလေးတွေ ရောင်းနေတာမြင်တော့ သိပ်မကြာခင်က အွန်လိုင်းမှာ ခေတ်စားခဲ့တဲ့ အိမ်တွင်းမှိုစိုက်ပျိုးရေးကိစ္စသတိရမိသေးတယ်။ မှိုမျိုးစေ့ထုပ်ဝယ်ပြီး အိမ်မှာ အလွယ်တကူစိုက်လို့ရတယ်ဆိုတဲ့ကြော်ငြာလေးကိုတော်တော်များများစိတ်ဝင်စားခဲ့ကြတာပေါ့။ မှိုဆိုရင်ကောက်ရိုးမှိုပဲ နာမည်သိကြတာများပေမယ့် ဒီလိုအလွယ်စိုက်လို့ရတယ်ဆိုတဲ့မှိုက ငွေနှင်းမှို ပါတဲ့။ အရောင်ကတော့ တစ်ခါတလေ အဖြူ၊တစ်ခါတလေဖြူညိုညိုအရောင်လေးရှိတတ်တယ်။ ငွေနှင်းမှို ဆိုတာ အိမ်မှာ နေရာလေးတစ်နေရာ(ရေချိုးခန်းဖြစ်ဖြစ် အစိုဓါတ်ရတဲ့နေရာ)ပေးထားရင် တစ်ထုပ်ဆိုလေးငါးကြိမ်ပွင့်သတဲ့။ အလုပ်မရှုပ်၊ဂရုစိုက်နေစရာမလိုဘဲ တစ်ကြိမ်ပွင့်ရင်ခြောက်ဆယ်သားကနေ တစ်ပိဿာလောက်ရတယ်ဆိုပဲ။ အမှန်တော့ နာမည်သာမရင်းနှီးကြတာဟော့ပေါ့စားလည်း ပါနေကျ၊ တရုတ်ဟင်းလျာတွေမှာလည်း ပါနေကျ၊ နာမည်မသိဘဲလည်းဈေးကဝယ်ချက်နေကျပဲဆိုတာ သတိမထားမိကြပါဘူး။ငွေနှင်းမှိုဆိုတာ ဒါကိုး လို့ ကိုယ်တိုင်တောင် သိကာစကပြောမိရဲ့။ ချိုဆိမ့်တဲ့အရသာရှိပြီး ခရုဆီထည့်ကြော်လိုက်ရင် အိအိလေးနဲ့အရသာရှိလှတဲ့ ချစ်စရာ ငွေနှင်းမှိုက ဆေးဖက်ဝင်တဲ့အာနိသင်တွေရှိတယ်ဆိုတာသိရင်ရော အိမ်မှာဝယ်စိုက်ကြတော့မှာပဲနော်။ ငွေနှင်းမှို ကျန်းမာရေး အာနိသင် ကဲ ငွေနှင်းမှိုက ဘယ်လောက်တောင် ကျန်းမာရေးကို အကျိုးပြုနိုင်လဲဆိုတာ ပြောပြမယ်နော် - ကိုလက်စထရောကျစေခြင်း ငွေနှင်းမှိုက ခန္ဓါကိုယ်ထဲက မကောင်းတဲ့ ကိုလက်စထရောတွေကို ကျဆင်းစေတဲ့အစွမ်းသတ္တိရှိပါတယ်။ သူ့ရဲ့သဘာဝအာနိသင်ကိုက ခန္ဓါကိုယ်ထဲမှာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ထောပတ်ပေါက်ပေါက်စားခြင်းကကျန်းမာရေးကို ဘယ်လိုအကျိုးပြုလဲ

ဟိုးအရင်တွေကတော့ပေါက်ပေါက်ကို ဆားငန်ငန်လေးနဲ့ပဲ စားသုံးခဲ့ကြပေမယ့် ခုတော့ အရသာချိုဆိမ့်ဆိမ့် အနံ့မွှေးမွှေးလေးဖြစ်အောင်ထောပတ်လေးနဲ့ရောပြီးထောပတ်ပေါက်ပေါက်အဖြစ် တွင်တွင်ကျယ်ကျယ် စားသုံးလာကြပါတယ်။ထောပတ်ပေါက်ပေါက်က ရုပ်ရှင်ချစ်သူတွေအတွက် အကောင်းဆုံး အစားအစာတစ်မျိုးလည်းဖြစ်မှာပါ။တော်တော်များများကထောပတ်ပေါက်ပေါက်ကို ရုပ်ရှင်ကြည့်ရင်း စားကြတာကြောင့်ပါ။ထောပတ်ပေါက်ပေါက်ကို အပျင်းပြေ စားကြတယ်ဆိုပေမယ့် သူ့မှာပါဝင်တဲ့ အာဟာရဓါတ်တွေကတော့ ကျန်းမာရေးကို များစွာ အထောက်အကူပြုပါတယ်။ ထောပတ်ပေါက်ပေါက်ဟာ ကိုလက်စထရော ပမာဏကိုလျှော့နည်းစေပါတယ်။ထောပတ်ပေါက်ပေါက်မှာ အမျှင်ဓါတ်တွေ များများစားစားပါဝင်တာကြောင့်သွေးလွှတ်ကြောနဲ့သွေးပြန်ကြောမှာရှိတဲ့ ကိုလက်ထစရောတွေကိုလျှော့ကျေစေပါတယ်။ ဒီအနေအထားဟာ နှလုံးရောဂါဖြစ်ပွားခြင်းနဲ့လေဖြတ်ခြင်းတွေကို ကာကွယ်ပြီးသားဖြစ်ပါတယ်။ ထောပတ်ပေါက်ပေါက်မှာ အမျှင်ဓါတ်များများ ပါဝင်တာဟာ တခြားသစ်သီးဝလံတွေလိုပါပဲ။ အမျှင်ဓါတ်များများ ပါဝင်တာက အစာခြေစနစ်ကိုကောင်းမွန်စေတယ်ဆိုတာ သိထားပြီးဖြစ်မှာပါ။ထောပတ်ပေါက်ပေါက်မှာ ပါဝင်တဲ့ အာဟာရဓါတ်တွေဟာပေါင်မုန့်လိုပဲ ကျန်းမာရေးကောင်းစေပါတယ်။ ဒါ့အပြင် ဗီတာမင် ဘီနဲ့ ဗီတာမင်အီးလည်း ပါဝင်တာမို့ အသားအရေလည်း စိုပြည်ကြည်လင်စေပါတယ်။ ထောပတ်ပေါက်ပေါက်ဟာ ခန္ဓါကိုယ်အတွင်းမှာရှိတဲ့သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးပါတယ်။ ခန္ဓါကိုယ်ထဲက သကြားဓါတ်နဲ့ အင်ဆူလင်ပမာဏဓါတ်ကို ထိန်းညှိပေးထားဖို့အတွက် အမျှင်ဓါတ် လိုပါတယ်။ထောပတ်ပေါက်ပေါက်ဟာ သကြားဓါတ်များခြင်းကြောင့်ဖြစ်တဲ့ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ (၂၀၁၂) […]


အာဟာရဆိုင်ရာ အချက်အလက်များ

ချဉ်ပေါင်ဖူး ရေနွေးကြမ်းက ဘယ်လိုဆေးဖက်ဝင်သလဲ

ချဉ်ပေါင်ဆိုတာ မြန်မာတွေအတွက် ခံတွင်းမြိန်စေတဲ့ ဟင်းတစ်ခွက်အဖြစ် ကြိုက်နှစ်သက်သူများပါတယ်။ ချဉ်ပေါင်ဟင်း၊ ချဉ်ပေါင်ကြော်ပါရင် ထမင်းမြိန်ကြသလို ဆီပြန်ဟင်းတွေ၊ အကြော်အလှော်တွေနဲ့ အအီပြေချဉ်ပေါင်ဟင်းချိုလေး တွဲစပ်ချက်ပြုတ်ကြတာ အလှူပွဲတွေအထိပါပဲ။ ချဉ်ပေါင်ကို ချက်စားရုံပဲလားဆိုတော့ မဟုတ်ပါဘူး။ ချဉ်ပေါင်ဖူး ကို ယိုထိုးပြီး အချိုပွဲအဖြစ် စားသုံးကြတာ ချိုချဉ်စပ်အရသာလေးနဲ့။ ဟိုးအရင်တည်းကမြန်မာ့ထမင်းဝိုင်းမှာပြေးမလွတ်တဲ့အထဲ ချဉ်ပေါင်၊ လက်ဖက်၊ ငါးပိရည်နဲ့ ကန်စွန်းရွက်တို့က အခုထိ ပါဝင်နေဆဲပါ။ ဒီလိုနည်းမျိုးစုံနဲ့ စီမံချက်ပြုတ်စားသုံးကြတာဟာ ချဉ်ပေါင်ရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကြောင့်ဖြစ်မယ်ထင်ပါတယ်။ ဒီလိုစားနေကျ ချဉ်ပေါင်ရွက်အပြင် ချဉ်ပေါင်ဖူးမှာလည်း ကျန်းမာရေးအကျိုးကျေးဇူးတွေ ရှိပါတယ်။ ချဉ်ပေါင်ဖူးခြောက်ကို ရေနွေးပူပူမှာ ခတ်လိုက်တဲ့အခါ ရေနွေးကြမ်းနီနီလေးက ဘယ်ရီသီးဖျော်ရည်လိုလို ပါပဲ။ ချဉ်ပြုံးပြုံးလေးနဲ့ အအေးလိုသောက်ချင်ရင်လည်း ရပါတယ်။ ကယ်လိုရီနည်းပြီး ကဖင်းမပါတဲ့ လက်ဖက်ရည်ကြမ်းဖြစ်ပါတယ်။ ချဉ်ပေါင်ဖူး ဆိုတာ ချဉ်ပေါင်ဖူးဆိုတာ ချဉ်ပေါင်ပင်ရဲ့ အဖူးပါ။ အနီရဲရဲလေးနဲ့ ချဉ်ပြုံးပြုံး အရသာရှိပါတယ်။ ကြော်စားလို့ရသလို ချဉ်ရည်ချက်စားလို့လည်း […]


အာဟာရဆိုင်ရာ အချက်အလက်များ

သောက်သုံးရေ ရဲ့သက်တမ်း

နေ့စဉ် ရှင်သန်လှုပ်ရှားနိုင်ဖို့ ရေက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာပါ။ ထမင်း အသက် ၇ ရက် ရေ အသက် တစ်မနက် ရယ်လို့တောင် ဆိုရိုး ရှိတယ်လေ။ ဒီလို နေ့စဉ် ခန္ဓါကိုယ်ရဲ့ပြောင်းလဲမှု ဖြစ်စဉ်တွေကို ကောင်းမွန်စွာ လည်ပတ်နိုင်စေဖို့ အရေးကြီးတဲ့ ရေကို အခုနောက်ပိုင်းမှာ ရေသန့်ဗူးတွေနဲ့ ထည့်သွင်းပြီး PH7 ရေသန့်စစ်စစ်လို့ ရောင်းချလာကြပါတယ်။ ဒီဗူးတွေထဲမှာ ထည့်ထားတဲ့ သောက်သုံးရေ ရဲ့ သက်တမ်းက ဘယ်လောက်အထိပဲ စိတ်ချရတာလဲ ဆိုတာကို စဉ်းစားမိပါရဲ့လား။ ဒီဆောင်းပါးလေးထဲမှာ ရေသန့်ဗူးတွေထဲက ရေရဲ့ သက်တမ်းကို ပြောပြပေးမယ်နော်။ ကဲ .... သောက်သုံးရေ ရဲ့သက်တမ်း အကြောင်း လေ့လာလိုက်ဦးစို့နော်။ ရေက လူကြိုက်များတဲ့ သောက်စရာ တစ်ခုပါ။ ရေက ကျန်းမာရေးအတွက် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကြာစေ့လေးတွေ စားရင်းရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက

မိုး တွေရွာလာပြီဆိုရင် ကန်တွေထဲမှာပေါက်နေတဲ့ ကြာတွေလည်း တဖြည်းဖြည်းနဲ့ ရှင်သန်ကြီးထွားလာပါတယ်။ ကြာပင်တွေရှင်သန်ကြီးထွားလာမှုက မြင်ရတဲ့သူတွေအတွက် စိတ်အေးချမ်းမှုကိုပေးနိုင်သလို ကြာပင်က ကျန်းမာရေးအကျိုးကျေးဇူးတွေကိုလည်းပေးပါသေးတယ်။ ကြာပင်ရဲ့ ကြာရိုး၊ ကြာစွယ်နဲ့ ကြာစေ့တွေကို စားသုံးလို့ရပါတယ်။ အခုတစ်ခေါက်ကတော့ ကလေးလေးတွေကစလို့ လူကြီးတွေအထိ ကြိုက်နှစ်သက်ကြတဲ့ ကြာစေ့လေးတွေ စားရင်းရရှိမယ့် အကျိုးကျေးဇူးတွေအကြောင်းကို ပြောပြပေးချင်တာပါ။ ကြာစေ့လေးတွေကို အစိမ်းလိုက်စားသုံးလို့ရသလို ဟင်းချက်ပြီးတော့လည်း စားသုံးလို့ရပါတယ်။ တရုတ်လူမျိုးတွေနဲ့ ဂျပန်လူမျိုးတွေရဲ့ ရိုးရာဟင်းလျာတွေထဲမှာ ကြာစေ့၊ ကြာစွယ်၊ ကြာရိုး နဲ့ ကြာရွက်တို့ကို ထည့်သွင်းချက်ပြုတ်စားသုံးကြပါတယ်။ ကြာစေ့‌လေးတွေ မှာ ဘယ်လိုအာဟာရဓာတ်တွေ ပါဝင်နေတာလဲ ကြာစေ့ ဆိုတာက ကြာပန်း အလယ်ပိုင်းက ဝတ်ဆံလေးတွေ ရင့်မာသွားတာဖြစ်ပြီး အပြင်ခွံစိမ်းစိမ်းလေးနဲ့ အတွင်းက အဆံလေးကတော့ ဖြူဖြူလေးပါ။ ကြာစေ့ကို စားတဲ့အခါ ဖန်တွန့်တွန့် အရသာရှိတဲ့ အပြင်ခွံစိမ်းစိမ်းလေးကိုဖယ်ပြီး အတွင်းက […]


အာဟာရဆိုင်ရာ အချက်အလက်များ

နေကြာစေ့တွေရဲ့ ကျန်းမာရေးစွမ်းအင်

နေကြာစေ့တွေရဲ့ ကျန်းမာရေးစွမ်းအင် နေကြာစေ့ဆိုတာနဲ့နေကြာပန်းကနေ ရတဲ့ အစေ့သေးသေးလေးတွေကိုမြင်ယောင်မိကြမှာပါ။နေကြာစေ့ကို ရုပ်ရှင်ရုံထဲမှာလည်းတော်တော်များများ စားကြပြီး ဆားအငန်ပါတာနဲ့ မပါတာနဲ့ဆိုပြီးတော့လည်း ရှိပါသေးတယ်။ ဆားအငံပါတာနဲ့ မပါတာက အရမ်းတော့ မကွာပါဘူး။သွေးတိုးရှိတဲ့သူတွေကတော့ ဆားအငန်ပါတာကိုရှောင်စားကြပါတယ်။ နေကြာစေ့သေးသေးလေးတွေက နှလုံးကျန်းမာရေးကို အထောက်အကူပြုတဲ့ ရင်းမြစ်ဆိုရင် အံ့သြသွားလောက်ပါတယ်။နေကြာစေ့မှာကောင်းမွန်တဲ့အဆီနဲ့ နှလုံးကျန်းမာရေးကို အကျိုးပြုတဲ့phytosterolsတွေ ပါဝင်ပါတယ်။ ဒီအဆီဓါတ်တွေဟာသွေးတွင်းမှာ ကိုလက်စထရောလျှော့နည်းအောင် ကူညီပေးပါတယ်။ ဒါ့ကြောင့် နှလုံးကျန်းမာရေးကိုကောင်းမွန်အောင် ထိန်းထားချင်တယ်ဆိုရင်တော့နေကြာစေ့လေး စားပေးဖို့ လိုပါတယ်။ နေကြာစေ့ စားတဲ့အခါမှာ ခွာရတဲ့အရသာ၊ အစေ့လေးတွေခက်ခက်ခဲခဲ ထုတ်ရပြီး စားရတဲ့ ခံစားချက်ကိုတော်တော်လေး နှစ်သက်တဲ့သူတွေ ရှိပါတယ်။နေကြာစေ့ကို ခံစားချက်ကောင်းမွန်ဖို့ စားတဲ့သူတွေလည်း ရှိပါတယ်။နေကြာစေ့မှာ စိတ်ခံစားချက်ကောင်းမွန်စေမယ့် အာဟာရဓါတ်တွေ အများကြီး ပါဝင်ပါတယ်။နေကြာစေ့မှာ ပရိုတင်းနဲ့ အမိုင်နိုအက်ဆစ် ပါဝင်ပါတယ်။ အမိုင်နိုအက်ဆစ်က ခန္ဓါကိုယ်ထဲသွေးလည်ပတ်စီးဆင်းမှုကိုကောင်းမွန်စေတာကြောင့်ပါ။ လေ့လာသူတွေကတော့နေကြာစေ့မှာပါဝင်တဲ့ အမိုင်နိုအက်ဆစ်ဟာ အမျိုးသမီးတွေ ဓမ္မတာ လာတဲ့အခါမှာ စိတ်တိုလွယ်ခြင်း၊ စိတ်ဆတ်ခြင်းစတဲ့ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)