အာဟာရဆိုင်ရာ အချက်အလက်များ

နေ့တိုင်း အာဟာရ လိုအပ်ချက်ကြောင့် အစားအစာတွေကိုတော့ စားနေပါရဲ့။ ဗိုက်ဝသွားတာပဲ ရှိတယ် အစားအစာ တစ်ခုချင်းစီရဲ့ အာဟာရ တန်ဖိုးနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို မသိဘူးဖြစ်နေတယ်ဆိုရင် ဒီကဏ္ဍလေးကနေ သိလိုတဲ့ အစားအစာလေးရဲ့ အာဟာရဆိုင်ရာ အချက်အလက်လေးတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အာဟာရဆိုင်ရာ အချက်အလက်များ

ခရမ်းသီးအခွံကို စားပေးရင် ကျန်းမာမှာလား!

ခရမ်းသီးကို ကြော်စား နှပ်စား ချဉ်ရည်ဟင်းထဲ ထည့်ချက်စား စသဖြင့် အမျိုးမျိုး စားကြပါတယ်။ ဒီလို စားကြရာမှာ ခရမ်းသီးကို အခွံနွှာပြီး စားကြတာမျိုး ရှိသလို အခွံမနွှာဘဲ အခွံကိုပါ ထည့်ချက်စားကြတာမျိုးလည်း ရှိကြပါတယ်။ ဒီလို စားတဲ့အခါ အခွံကို စားပေးရင် ဘာတွေ ဖြစ်နိုင်မလဲ! ခရမ်းသီးအခွံကို စားပေးရင် ကျန်းမာမှာလား! ဆိုတာကို ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။  ခရမ်းသီးခွံကို စားလို့ရလား! ခရမ်းသီးခွံကို စားလို့ရလား! ဆိုတော့ အားလုံးလည်း သိထားပြီးတဲ့အတိုင်း စားလို့ ရပါတယ်။ ခရမ်းသီးခွံကလည်း အာဟာရ ကြွယ်ဝသလို ကျန်းမာရေးအတွက်လည်း ကောင်းကျိုးများပါတယ်။ ခရမ်းသီးခွံမှာ အဆီဓာတ်၊ ကစီဓာတ်နဲ့ ဆိုဒီယမ် ပါဝင်မှု ကင်းပြီး ဗီတာမင် A၊ ဗီတာမင် C နဲ့ ဗီတာမင် B6၊ […]

အာဟာရဆိုင်ရာ အချက်အလက်များ ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ပဲနီလေး စားပေးရင်ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူး

ပဲနီလေး လို့ ပြောလိုက်ရင် မျက်လုံးထဲမှာ လိမ္မော်ရောင်ရင့်ရင့် ပဲစိသေးသေးလေးတွေကိုပြေးမြင်မယ်ထင်ပါတယ်နော်။ ကုန်ခြောက်ဆိုင်တွေမှာ အလွယ် တကူဝယ်ယူလို့ရနိုင်သလို ရာသီမရွေးစားသုံးလို့ရတဲ့ ပဲအမျိုးအစားတစ်မျိုးပါ။ ဟင်းရည်ချက်စားကြသလို ပဲနီလေးကို ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ ချင်း (ဂျင်း) တို့နဲ့နှပ်စားတာမျိုးလည်းရှိပါတယ်။ စားရတာနူးနူးညံ့ညံ့နဲ့စားကောင်းတဲ့ ဟင်းတစ်မျိုးပါ။ ပဲနီလေးမှာ ဘယ်လိုအာဟာရဓာတ်တွေပါလဲ......... ပဲနီလေး စားသုံးပေးရင်းရရှိမယ့် အာဟာရဓာတ်တွေက ကယ်လ်လိုရီ ကာဗိုဟိုက်ဒရိတ် ပရိုတင်း အဆီ အမျှင်ဓာတ် သီရာမင်း နီကာဆင် ဗီတာမင် B6 ဖောလိတ် သံဓာတ် Pantothenic Acid မဂ္ဂနီဆီယမ် ဖော့စဖောရပ်စ် ပိုတက်ဆီယမ် ဇင့် ကော့ပါး မဂ္ဂနိစ် တို့ပါဝင်နေပါတယ်။ ပဲနီလေးစားရင် ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေလဲ....... ပဲနီလေး စားသုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်မှာ အခုလိုမျိုး ကျန်းမာရေးအကျိုးကျေးဇူးတွေရရှိစေနိုင်ပါတယ်။ နှလုံးကျန်းမာစေနိုင်တယ် ပဲနီလေးမှာ နှလုံးကို ကျန်းမာစေနိုင်တဲ့ အမျှင်ဓာတ်၊ဖောလစ်အက်ဆစ်နဲ့ ပိုတက်ဆီယမ်တို့ပါဝင်နေပါတယ်။ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေတာကြောင့်သွေးတွင်းက အကျိုးမပြုတဲ့ကိုလက်စထရောပမာဏကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဗီတာမင် C နဲ့ ပတ်သက်ပြီး သိထားသင့်တာလေး အချို့

ဗီတာမင် C နဲ့ ပတ်သက်ပြီး သိထားသင့်တာလေး အချို့ အကြောင်း အတူတူ လေ့လာလိုက်ရအောင်နော်။ ဗီတာမင် C နဲ့ ပတ်သက်ပြီး သိထားသင့်တာလေး အချို့ ဗီတာမင် C နဲ့ပတ်သက်ပြီး သိထားသင့်တာလေး အချို့ ကတော့ ဗီတာမင် C ဆိုတာဘာလဲ ။ ။ ဗီတာမင် C ဆိုတာ ရေမှာပျော်ဝင်တဲ့ ဗီတာမင် တစ်မျိုးဖြစ်ပြီး သူကို ascorbic acid လို့လည်း လူသိများကြပါတယ်။ ရေမှာပျော်ဝင်တာကြောင့် ကိုယ်ခန္ဓါက အလွယ်တကူစုပ်ယူနိုင်ပြီး ascorbic acid ကြောင့် ချဉ်တဲ့အရသာရှိတာ ဖြစ်ပါတယ်။ ဗီတာမင် C လုံလောက်နေဖို့ ဘာ့ကြောင့် အရေးကြီးတာလဲ ။ ကိုယ်ခန္ဓါမှာ ဗီတာမင် C ရဲ့ အခန်းကဏ္ဍ တွေ အများကြီးရှိပါတယ်။ ခုခံအားစနစ်ကို မြှင့်တင်ပေးတဲ့အတွက် […]


အာဟာရဆိုင်ရာ အချက်အလက်များ

လူသိနည်းတဲ့ ဆိတ်နို့ရဲ့ကောင်းကျိုးတွေ

ဆိတ်နို့ကို နွားနို့လောက်သောက်သုံးလေ့မရှိကြပေမယ့် အခုနောက်ပိုင်းမှာ အနောက်နိုင်ငံတွေအထိ လူကြိုက်များမှုတဖြည်းဖြည်းပျံ့နှံ့လာတာ ဘာကြောင့်လို့ထင်ပါသလဲ။ ဆိတ်နို့မှာ အာဟာရဓါတ်တွေနဲ့ ကျန်းမာရေးအကျိုးေကျးဇူးတွေအများကြီးရှိနေလို့ပေါ့။တော်တော်များများက နွားနို့သောက်တာလည်း အရိုးနဲ့သွားကြံ့ခိုင်ကျန်းမာစေမယ့် ကယ်လ်စီယမ်ကြွယ်ဝတယ်ဆိုပြီးတော့လေ။ ဒါပေမယ့် ဆိတ်နို့က ကလေးငယ်တွေအတွက်တောင် နွားနို့ထက်ပိုပြီး အစာကြေလွယ်တယ်၊ အာဟာရဓါတ်ပါဝင်မှုများတယ်ဆိုတာ လူသိနည်းပါသေးတယ်။ ဆိတ်နို့မှာ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်၊ကော့ပါးနဲ့ ဇင့်ဓါတ်တွေအပြင် ဗီတာမင်အေ၊ ဘီ၊ စီ စတာတွေပါ ကြွယ်ဝတာဖြစ်ပါတယ်။ ဆိတ်နို့မှာပါဝင်တဲ့ ပရိုတင်းနဲ့အဆီက နွားနို့မှာထက် ပိုနူးညံ့လို့ အစာခြေဖျက်ရပိုလွယ်ကူပြီး အာဟာရဓါတ်တွေကို စုပ်ယူနိုင်စွမ်းပိုမြန်ပါတယ်။ သူ့ရဲ့လူသိနည်းတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေဖြစ်မလဲ ဆက်ပြီးကြည့်ရအောင် - အရိုးတွေကြံ့ခိုင်စေတယ်– ကယ်လ်ဆီယမ်ပါဝင်မှုများတာကြောင့် အရိုးတွေကို သန်မာစေနိုင်သလိုအရိုးပွရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ဆိတ်နို့က နွားနို့ထက် ကယ်လ်ဆီယမ်ပါဝင်မှုများပြီးဘေးထွက်ဆိုးကျိုးလုံးဝမရှိတဲ့ အာဟာရပြည့်သောက်စရာပါ။ ဦးနှောက်ဖွံ့ဖြိုးစေတယ် -ဆိတ်နို့မှာပါတဲ့ အာဟာရဓါတ်တွေကြောင့် ဦးနှောက်အာရုံကြောအတွက် အာဟာရဖြစ်စေပြီး မှတ်ဉာဏ်နဲ့ သင်ယူလေ့လာနိုင်စွမ်းကိုပါကောင်းမွန်စေပါတယ်။ အာဟာရပြည့်ဝစေနိုင်တယ်– ဆိတ်နို့ရဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

နို့သောက်မယ်ဆို ဆိတ်နို့ကို ဘာ့ကြောင့် ရွေးချယ်သင့်တာလဲ ။ ။

နို့တွေအများကြီးရှိပါတယ်။ ဆိတ်နို့၊ နွားနို့၊ အုန်းနို့ ၊ ပိုးဟပ်နို့၊ ပဲနို့ စတာတွေပေါ့။ အဲဒီ အထဲမှာ နာမည်အကြီးဆုံးကတော့ နွားနို့ပေ့ါ။ သူ့နောက်မှာ လိုက်နေတာကတော့ ပဲနို့ပါ။ နို့ထဲမှာ ဒီနှစ်ခုကတော့ လူသိများပြီးသား နို့တွေပါ။ ဒါပေမယ့် နာမည်ကြီး နွားနို့နဲ့ ပဲနို့နေရာမှာ ဆိတ်နို့က အစားထိုးအနိုင်ယူတော့မယ် ဆိုရင် သင်အံ့သြသွားမလား။ ဆိတ်နို့ဟာ နွားနို့နဲ့ ပဲနို့ထက်ပိုကောင်းတယ်ဆိုပြီး ရှာဖွေတွေ့ရှိထားတာမကြာသေးပေမယ့် တဟုန်ထိုးဘာ့ကြောင့် နာမည်ကြီးလာတာလဲနဲ့ နို့သောက်မယ်ဆိုတိုင်း ဘာ့ကြောင့်ဆိတ်နို့ကို ဦးစားပေး ရွေးချယ်သင့်လဲဆိုတဲ့အကြောင်းလေးတွေ ဆက်ကြည့်လိုက်ရအောင် ။ ။ ( ၁ ) ဆိတ်နို့ဟာ နို့သကြားဓါတ်မစုပ်ယူနိုင်တဲ့ ပြဿနာကို မဖြစ်စေပါဘူး။ ။ နို့သကြားဓါတ်မစုပ်ယူနိုင်တဲ့ ပြဿနာကိုဖြစ်စေတဲ့ Lactose ဟာ နွားနို့ထက်စာရင် ဆိတ်နို့မှာ ၁၀ ရာခိုင်နှုန်းလျော့ပြီး ပါဝင်တဲ့အတွက် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဆိတ်နို့နဲ့ နွားနို့ ဘာတွေကွာခြားလဲ။

လူတော်တော်များများက ခန္ဓါကိုယ်ကျန်းမာအောင် နို့သောက်ပါလို့ပြောလိုက်ရင် နွားနို့ သောက်ရမယ်ဆိုတဲ့ စိတ်ကူးက အရင်ဖြစ်လာတာပါ။ တကယ်တော့ ခန္ဓါကိုယ်မှာ အားပြည့်အောင် သောက်သုံးလို့ရတဲ့နို့က နွားနို့တစ်မျိုးတည်းရှိတာမဟုတ်ပါဘူး။ ဆိတ်နို့ လည်းရှိပါတယ်။ ဆိတ်နို့ကလည်း ခန္ဓါကိုယ်အတွက် အာဟာရကိုဖြည့်တင်းပေးနိုင်ပါတယ်။ ဆိတ်နို့မှာ သဘာဝအာဟာရဓါတ်တွေ နွားနို့ထက် ပိုမိုပါဝင်ပါတယ်။ ရှေးလူကြီးတွေ ပြောပြချက်အရ ဆိတ်နို့က နွားနို့ထက် ပိုပြီးအာဟာရဓါတ်တွေ ပိုကြွယ်ဝတယ် ပိုအားရှိတယ်လို့ ပြောကြပါတယ်။ ဆိတ်နို့ဆိုတာ ဆိတ်နို့ ဆိုတာက ဆိတ်ကနေရတဲ့ နို့အမျိုးအစားတစ်မျိုးပေါ့။ ဆိတ်နို့မှာ ကယ်လ်ဆီယမ်၊ဖော့စဖရပ်စ်၊ riboflavin တို့လိုမျိုး ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တွေပါဝင်နေပါတယ်။ နှလုံးကျန်းမာစေနိုင်တဲ့ Fatty Acid ပါဝင်နေပါတယ်။ ကလေးလေးတွေကနေစလို့ လူကြီးတွေအထိသောက်လို့ရပါတယ်။ ခြုံပြီးပြောပြရရင်တော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သောက်စရာနို့တစ်မျိုးပါ။ ဆိတ်နို့မှာပါတဲ့ အာဟာရဓါတ်တွေ ပရိုတင်း အဆီ ဗီတာမင် A […]


အာဟာရဆိုင်ရာ အချက်အလက်များ

မြန်မာလူမျိုးတိုင်း ကြိုက်တဲ့ သရက်သီးရဲ့ အစွမ်း

ကျွန်တော်တို့ မြန်မာလူမျိုးတော်တော်များများရဲ့ အိမ်တွေမှာ သရက်သီးကို အမြဲဆောင်ထားတတ်ကြပါတယ်။ ထမင်းစားပြီး အချိုပွဲတည်းတော့မယ်ဆိုလည်း သရက်သီးက မပါမဖြစ်ပဲပေါ့။ အရသာလည်းရှိ၊ ခုဆို မိုးတွင်းထဲလည်း ဝင်လာပြီဆိုတော့ ရာသီစာ သရက်သီးတွေ နေ့တိုင်းစားရတော့မှာပေါ့။ မြန်မာနိုင်ငံမှာတော့ သရက်သီးရဲ့ အရသာ၊ ပုံစံ၊ အရောင်ပေါ် မူတည်ပြီး စိန်တစ်လုံး၊ မချစ်စု၊ ရင်ကွဲ၊ သုံးလုံးတစ်တောင်၊ မြကျောက်၊ မျောက်ခေါင်း၊ မနော်နွယ်၊ စိုင်သီး၊ ပတ္တမြားငမောက် အစရှိသဖြင့် နေရာဒေသပေါ်မူတည်ပြီး မျိုးစိတ်တွေ ကွဲသွားပါတယ်။ ဘယ်လောက်ပဲ မျိုးစိတ်ကွဲကွဲ သရက်သီးတိုင်းကတော့ အစာကြေရင်ချောင်စေတယ်။ ဝမ်းမှန်စေတယ်။ အမြင်အာရုံကြည်လင်စေတယ်။ ဒါ့အပြင် တချို့ကင်ဆာရောဂါတွေ မဖြစ်စေဖို့ပါ ကာကွယ်ပေးနိုင်တယ်ဆိုတော့ ဂွတ်ရှယ်ပဲပေါ့။ ဒီနေ့ဆောင်းပါးမှာ သရက်သီးက ပေးနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေအကြောင်းကို ပြောပြပေးချင်ပါတယ်။ ၁။ ဗီတာမင်နဲ့ အာဟာရဓါတ်တွေ ပေါကြွယ်ဝတယ်။ ကယ်လိုရီပမာဏနည်းပြီး ကိုယ်ခန္ဓါကျန်းမာစေဖို့ မရှိမဖြစ်လိုအပ်တဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပုစွန်စာရွက် ရဲ့ ကျန်းမာရေးအာနိသင်

အာလူးလေးနဲ့ရောပြီးကြော်စားစား၊ အရွက်တစ်ခုခုနဲ့ရောကြော်ကြော်၊ ဘယာကြော်ထဲမှာပဲ ထည့်ကြော်ကြော် စားလို့ကောင်းတဲ့ အလေ့ကျပေါက်ပင်လေး တစ်ခုရှိတယ်လေ။ အဲ့ဒါက အခုလို မိုးလေးကျရင် လယ်ကန်သင်းရိုး၊ ကန်ဘောင်ရိုးတို့မှာ အလေ့ကျ ပေါက်တတ်တဲ့ ပုစွန်စာရွက် လေးပါ။ ဒီအရွက်လေးက စားကောင်းရုံတင် မကပါဘူး။ အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေကိုပါ ရရှိစေနိုင်ပါသေးတယ်။ ပုစွန်စာရွက် ပုစွန်စာရွက်က မြေပြင်မှာ ကပ်ပေါက်တဲ့ အပင်ငယ် တစ်မျိုးပါ။ အရွက်ချွန်ချွန်၊ အရိုးပွပွလေးနဲ့ အပွင့်ဖြူဖြူလေးတွေ ပွင့်ကြပါတယ်။ အာရှဒေသ တော်တော်များများမှာ ပေါက်ရောက်ကြပါတယ်။ အရိုးက အနီရောင်လေး ရှိတတ်ပါတယ်။ စားလိုက်ရင် ကြွပ်ကြွပ်လေးနဲ့ စားကောင်းတဲ့ အရွက်လေး တစ်မျိုးပေါ့။ ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတာကြောင့် ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ ဒီလိုလေးဆေးဖက်ဝင်ပါတယ် အာဟာရကြွယ်ဝတဲ့ ပုစွန်စာရွက်က အောက်ပါ ကျန်းမာရေးအကျိုးကျေးဇူးတွေ ရှိပါတယ်။ အသက်ရှူလမ်းကြောင်းကို ကျန်းမာစေနိုင်တယ် အအေးမိတာကြောင့် နှာစေးနှာပိတ် ဖြစ်နေသူတွေနဲ့ အထူးသင့်တော်ပါတယ်။ ပုစွန်စာရွက်က […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပင်မှည့်သီး ကနေ ဒီလို ကောင်းကျိုးတွေရနိုင်ပါတယ် ။ ။

ပင်မှည့်သီး ဖျော်ရည်ဆိုတာ အအေးဆိုင်ရဲ့ မီနူးထဲမှာမရှိမဖြစ်ဖြစ်တဲ့ အအေးတစ်ခုပါ။ အရသာလည်း ရှိသလို သောက်တဲ့လူတိုင်းကိုလည်း ကောင်းကျိုးလေးတွေ ရစေတဲ့ ဒီ ပင်မှည့်သီးဖျော်ရည်ရဲ့ အကျိုးကျေးဇူးတွေကို လေ့လာကြည့်ရအောင်။ ပင်မှည့်သီး မှာပါတဲ့ အာဟာရဓာတ်တွေ ပင်မှည့်သီးမှာ ဗီတာမင် C သံဓာတ် အမျှင်ဓာတ် ရေဓာတ် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေပါတယ်။ ပင်မှည့်သီး ကနေ ဒီလို ကောင်းကျိုးတွေရနိုင်ပါတယ် ။ ။ ပင်မှည့်သီး ကနေ ဒီလို ကောင်းကျိုးတွေရနိုင်ပါတယ် ( ၁ ) လူကို လန်းဆန်းစေပါတယ်။ ပင်မှည့်သီး ဖျော်ရည်ဟာ ချိုအီအီထက် ချဉ်ချိုချိုလေးဖြစ်တာကြောင့် သောက်လိုက်တဲ့ လူတိုင်းကို လန်းဆန်းစေမှာ အသေအချာပါ။ ရေဓာတ်ကြွယ်ဝတဲ့အတွက် အခြား ဖျော်ရည်တွေလိုမျိုး သောက်ပြီးတာနဲ့ ရေဆာခြင်းကို မဖြစ်စေသလို ခံတွင်းကိုလည်းရှင်းစေဦးမှာပါ။ ( ၂ ) အာဟာရဓာတ်တွေ များစွာပါပါတယ်။ ချဉ်ချိုချို အသီးလေးဖြစ်တာကြောင့် ဗီတာမင် […]


အာဟာရဆိုင်ရာ အချက်အလက်များ

အမှည့်မဟုတ်ဘဲ သရက်သီးအစိမ်း ချဉ်ချဉ်လေးမှ ကြိုက်တဲ့သူတွေရှိလား ။ ။

မှည့်မှည့်၊ စိမ်းစိမ်း သရက်သီးဆိုတာနဲ့ မကြိုက်တဲ့သူရှိမယ်မထင်ပါဘူး။ မှည့်လွန်းရင်လည်း ချိုချိုလေးနဲ့မို့ အစိမ်းကျတော့လည်း ချဉ်မြုံမြုံလေးနဲ့ ခံတွင်းမြိန်စေတယ်ဆိုတော့ သရက်သီး ပေါ်ပြီဆိုတာနဲ့ အပြေးဝယ်ကြတဲ့ သူချည်းပါပဲ။ သရက်သီး အမှည့်ရဲ့ ကောင်းကျိုးတွေက သိထားပြီးသားဖြစ်နေကြတော့ အခု သရက်သီးအစိမ်း လေးရဲ့ ကျန်းမာရေး ကောင်းကျိုးလေးတွေ အကြောင်းပြောပြပေးချင်ပါတယ်။ ဘယ်လိုကောင်ကျိုးတွေများရှိမလဲ ကြည့်ရအောင်။ သရက်သီးအစိမ်း ရဲ့ ကျန်းမာရေး အာနိသင်များ ။ ။ ( ၁ ) ဓာတ်တိုးဆန့်ကျင်ပေးတဲ့ အာနိသင် အပြည့်အဝရှိပါတယ်။ သရက်သီးမှာ zeaxanthin လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်တဲ့ အတွက် ကိုယ်တွင်းက မကောင်းတဲ့ ဓာတု အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ဒါ့အပြင် သူရဲ့ ဓာတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တိက ဆဲလ်အသစ်တွေ ဖြစ်ပေါ်မှုကို အားပေးလို့ အသားအရေမှာ အရေးအကြောင်းပေါ်တာ၊ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာတွေကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

ခရု စားခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ ။ ။

ခရု ဆိုတာ ပင်လယ်စာတွေ ထဲက တစ်မျိုး ဖြစ်ပြီး ရခိုင်စားသောက်ဆိုင်တွေမှာ မပါမဖြစ်တဲ့ မီနူးတွေ ထဲက တစ်ခုပါ။ ခရု သုပ်၊ ခရု ချဉ်စပ်၊ ခရု ဟင်းချို တို့ဆိုတာ စားဖူးတဲ့ သူတိုင်း ကြိုက်တဲ့ ကောင်းမှကောင်း ဟင်းလျာတွေပါ။ အရမ်း ကြိုက်ကြတဲ့ သူတွေ ရှိသလို တချို့ ခရုနဲ့ ဓာတ်မတည့်တဲ့သူတွေလည်း ရှိပါတယ်။ ခုဆောင်းပါးထဲမှာ ပြောပြချင်တာ ကတော့ ခရု ကြိုက်တဲ့ သူတွေအတွက် သတင်းကောင်းပဲ ဖြစ်ပါတယ်။ ခရု စားခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ အကြောင်းပါ။ ခရု စားခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ ။ ။ ခရု စားခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများကတော့ ၁။ ပရိုတင်း ပင်လယ်စာ တို့ရဲ့ ထုံးစံ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း