backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ခရု စားခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 16/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ခရု စားခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ ။ ။

ခရု ဆိုတာ ပင်လယ်စာတွေ ထဲက တစ်မျိုး ဖြစ်ပြီး ရခိုင်စားသောက်ဆိုင်တွေမှာ မပါမဖြစ်တဲ့ မီနူးတွေ ထဲက တစ်ခုပါ။ ခရု သုပ်၊ ခရု ချဉ်စပ်၊ ခရု ဟင်းချို တို့ဆိုတာ စားဖူးတဲ့ သူတိုင်း ကြိုက်တဲ့ ကောင်းမှကောင်း ဟင်းလျာတွေပါ။ အရမ်း ကြိုက်ကြတဲ့ သူတွေ ရှိသလို တချို့ ခရုနဲ့ ဓာတ်မတည့်တဲ့သူတွေလည်း ရှိပါတယ်။ ခုဆောင်းပါးထဲမှာ ပြောပြချင်တာ ကတော့ ခရု ကြိုက်တဲ့ သူတွေအတွက် သတင်းကောင်းပဲ ဖြစ်ပါတယ်။ ခရု စားခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ အကြောင်းပါ။

ခရု စားခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ ။ ။

ခရု စားခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများကတော့

၁။ ပရိုတင်း

ပင်လယ်စာ တို့ရဲ့ ထုံးစံ အတိုင်း ခရု ဟာ ကယ်လိုရီ အများကြီး မပါတဲ့ ပရိုတင်း ကြွယ်ဝသော အသား တစ်မျိုးပါ။ ဒါ့ကြောင့် ကိုယ်အလေးချိန် လျော့ချနေသူတွေ၊ ကြွက်သားတက် အောင် လုပ်နေတဲ့ သူတွေ အတွက် စားပေးလို့ ရတဲ့ အသား တစ်မျိုးပဲ ဖြစ်ပါတယ်။ ပင်လယ်စာတွေ အားလုံးထဲမှာမှ ခရု က ပရိုတင်း အကြွယ်ဝဆုံးပါ။

၂။ သံဓာတ်

ခရု တွေဟာ သံဓာတ် အကြွယ်ဝဆုံး အစားအစာတွေ ထဲက တစ်ခု ဖြစ်တဲ့အတွက် သံဓာတ် ချို့တဲ့ သွေးအားနည်း ရောဂါ ခံစားနေရတဲ့ သူတွေ အတွက် အရမ်းကို သင့်တော်တဲ့ အစားအစာ တစ်ခုပါ။

ခရု စားခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ ။ ။

၃။ ဗီတာမင် B 12

နောက်ပြီး ခရု ဟာ ဗီတာမင် B12 ကြွယ်ဝတဲ့ အစားအသောက် တစ်ခု ဖြစ်တာကြောင့် သင့်အာရုံကြော အားကောင်းဖို့ အတွက်လည်း သူက ကူညီပေးဦးမှာပါ။.

၄။ မဂ္ဂနီဆီယမ်

သွေးပေါင်ချိန် ထိန်းညှိဖို့၊ နှလုံး အားကောင်းဖို့ နဲ့ အရိုးတွေ သန်မာဖို့ အတွက် မဂ္ဂနီဆီယမ်က မရှိမဖြစ် ပါဘူး။ ဒီတော့ မဂ္ဂနီဆီယမ် ကြွယ်ဝတဲ့ အစားအသောက် တစ်ခုကို လိုက်ရှာ နေတယ် ဆိုရင် ခရုက အကောင်းဆုံးပါ။

ခရု စားခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ ။ ။

၅။ selenium

ကိုယ်ခန္ဓာမှာ selenium ဓာတ်ကို အများကြီး မလိုအပ်သော်လည်း ခုခံအားစနစ်နဲ့ ကိုယ်တွင်း ဆဲလ်တွေ ထိခိုက်တာကို ကာကွယ်ပေးဖို့အတွက် selenium မရှိမဖြစ်ပါ။ ခရုမှာ ကိုယ်တွင်း လိုအပ်ချက် စနစ်နဲ့ ကိုက်ညီတဲ့ selenium ပါပြီးသား ဖြစ်တဲ့ အတွက် စားပေးသင့်တဲ့ အရာ တစ်ခုပါ။

၆။ Omega-3

နှလုံး အတွက် တကယ်ကို အရေးကြီးတဲ့ Omega-3 ဟာ ပင်လယ်စာတိုင်းမှာ ပါသလို ခရု မှာလည်း ကြွယ်ဝစွာ ပါတဲ့အတွက် ခရုဟာ သင့်နှလုံး အတွက် ထောက်ပံ့ပေးမယ့် အကောင်းဆုံး အစားအစာ တစ်ခုပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 16/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement