ပုစွန်စာရွက်က စိတ်ဓာတ်ကျတာ၊ ပင်ပန်းနွမ်းနယ်တာ၊ ခြေကုန်လက်ပမ်းကျတာတွေကို သက်သာစေနိုင်ပြီး ခန္ဓာကိုယ်မှာ ကာလရှည်ကြာ ခံစားနေရတဲ့ နာကျင်မှုတွေကိုလည်း လျော့ပါးသက်သာစေနိုင်ပါတယ်။
သွားဖုံးကျန်းမာစေတယ်
သွားဖုံး ရောင်တာ၊ သွားဖုံး သွေးယိုတာတွေ အတွက်လည်း ပုစွန်စာရွက်က အသုံးဝင် ပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတာကြောင့် ခံတွင်း ရောဂါကို ဖြစ်စေတဲ့ ဘက်တီးရီးယာတွေကို အကောင်းဆုံး ဖယ်ရှားပေးနိုင်မှာပါ။ သွားနဲ့ ခံတွင်း ပြဿနာတွေ ကင်းစေဖို့ ပုစွန်စာရွက်ကို ရေနွေးနဲ့ ကျိုပြီး ပလုပ်ကျင်းပေးလို့ ရပါတယ်။ သတ္တုရည်ကို သွားဖုံး ရောင်တဲ့ နေရာမှာ စွတ်ပေးလို့ ရပါတယ်။
ကျောက်ကပ်ကျောက်တည်တာကို သက်သာစေနိုင်တယ်
ဆီးသွားတိုင်း နာကျင်နေရတဲ့ ကျောက်ကပ် ကျောက်တည်တဲ့ ပြဿနာနဲ့ ဆီးလမ်းကြောင်း ပြဿနာတွေ ကင်းစေဖို့လည်း ပုစွန်စာရွက်ကို အားကိုးလို့ ရပါတယ်။ ပုစွန်စာရွက်မှာ ပါတဲ့ သဘာဝ ဒြပ်ပေါင်းက ကျောက်ကပ်က ကျောက်တွေကို ကြေစေနိုင်ပါတယ်။ ကာကွယ်ဖို့အတွက်ရော ကုသဖို့ အတွက်ပါ အသုံးပြုလို့ ရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။