အာဟာရဆိုင်ရာ အချက်အလက်များ

နေ့တိုင်း အာဟာရ လိုအပ်ချက်ကြောင့် အစားအစာတွေကိုတော့ စားနေပါရဲ့။ ဗိုက်ဝသွားတာပဲ ရှိတယ် အစားအစာ တစ်ခုချင်းစီရဲ့ အာဟာရ တန်ဖိုးနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို မသိဘူးဖြစ်နေတယ်ဆိုရင် ဒီကဏ္ဍလေးကနေ သိလိုတဲ့ အစားအစာလေးရဲ့ အာဟာရဆိုင်ရာ အချက်အလက်လေးတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အာဟာရဆိုင်ရာ အချက်အလက်များ

ခရမ်းသီးအခွံကို စားပေးရင် ကျန်းမာမှာလား!

ခရမ်းသီးကို ကြော်စား နှပ်စား ချဉ်ရည်ဟင်းထဲ ထည့်ချက်စား စသဖြင့် အမျိုးမျိုး စားကြပါတယ်။ ဒီလို စားကြရာမှာ ခရမ်းသီးကို အခွံနွှာပြီး စားကြတာမျိုး ရှိသလို အခွံမနွှာဘဲ အခွံကိုပါ ထည့်ချက်စားကြတာမျိုးလည်း ရှိကြပါတယ်။ ဒီလို စားတဲ့အခါ အခွံကို စားပေးရင် ဘာတွေ ဖြစ်နိုင်မလဲ! ခရမ်းသီးအခွံကို စားပေးရင် ကျန်းမာမှာလား! ဆိုတာကို ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။  ခရမ်းသီးခွံကို စားလို့ရလား! ခရမ်းသီးခွံကို စားလို့ရလား! ဆိုတော့ အားလုံးလည်း သိထားပြီးတဲ့အတိုင်း စားလို့ ရပါတယ်။ ခရမ်းသီးခွံကလည်း အာဟာရ ကြွယ်ဝသလို ကျန်းမာရေးအတွက်လည်း ကောင်းကျိုးများပါတယ်။ ခရမ်းသီးခွံမှာ အဆီဓာတ်၊ ကစီဓာတ်နဲ့ ဆိုဒီယမ် ပါဝင်မှု ကင်းပြီး ဗီတာမင် A၊ ဗီတာမင် C နဲ့ ဗီတာမင် B6၊ […]

အာဟာရဆိုင်ရာ အချက်အလက်များ ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ဗာဒံစေ့ ကပေးတဲ့ ကျန်းမာရေး

ငယ်ငယ်က သူငယ်ချင်းတွေစုမိတိုင်း မောင်နှမတွေစုမိတိုင်း ဗာဒံပင်တွေအောက်မှာ ဗာဒံသီးတွေကောက်လို့ တူတွေ၊ အုတ်ခဲတွေသုံးလို့ ထုပြီး အထဲကအဆန်ကို အရသာရှိရှိစားခဲ့ဖူးတယ်ဟုတ်။ ဆိမ့်ဆိမ့်လေးနဲ့ စားရတာ တော်တော်လေး အရသာရှိပါတယ်။ ဗာဒံသီးကအရည်တွေစဉ်ရင် အဝတ်အစားတွေ ပေမှာစိုးလို့ဆိုပြီး စိုးရိမ်လိုက်ရတာလည်း အမောနော်။ ကလေးတုန်းက အပျင်းလည်းပြေ စားလို့ကောင်းလို့ဆိုပြီး စားခဲ့တဲ့ ဗာဒံစေ့ လေးတွေက ကျန်းမာရေးအတွက်တော်တော်လေး အထောက်အကူပြုပါတယ်။ ဗာဒံစေ့ ဗာဒံစေ့က သိပ်ထွေထွေထူးထူးပြောစရာမလိုအောင် လူတိုင်းသိပြီးဖြစ်မှာပါ။ အညိုရောင်ခပ်ဖျော့ဖျော့အဆန်လေး အတွင်းမှာ အဖြူရောင်နှစ်နှစ်လေးနဲ့ ဝါးလိုက်ရင် ကြွပ်ကြွပ်လေးနဲ့ စားလို့ကောင်းတာအမှန်ပါ။ နို့ထဲစိမ်စားရင်လည်း စားလို့ကောင်းပါတယ်။ ဗာဒံစေ့ ကပေးတဲ့ ကျန်းမာရေး  ဝါးလိုက်တိုင်း ကြွပ်ကြွပ်ဆိမ့်ဆိမ့်လေးနဲ့ အရသာရှိတဲ့ ဗာဒံစေ့လေးက နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တယ် ဗာဒံစေံမျာ အဆီပါဝင်မှုရှိပြီး ဒီအဆီက ဝမ်းဗိုက်ပိုင်းမှာဖြစ်တဲ့ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ နောက်တစ်ချက်ကဗာဒံစေ့မှာ linoleic အက်ဆစ် နဲ့  linolenic အက်ဆစ်တို့လိုမျိုး အကျိုးပြု […]


အာဟာရဆိုင်ရာ အချက်အလက်များ

သကြားမပါတဲ့ Diet Soda တွေဟာ ဝိတ်ကျစေနိုင်လား

ပုံမှန်သောက်သုံးနေကျ အချိုရည်တွေမဟုတ်ပဲ Diet တို့ Sugar Free တို့ဆိုတဲ့ စာလုံးကြီးပြူးနေအောင် ဖော်ပြထားတဲ့ အချိုရည်မျိုးတွေ မြင်ဖူးကြတယ်မဟုတ်လား။ လူသိများတဲ့ Google ရဲ့ Search History တွေမှာလည်း Diet Soda နဲ့ Weight Loss ဆိုတဲ့ စကားလုံးလေးတွေဟာ တွဲဖက်ရှာဖွေမှု မကြာခနပြုလုပ်ခြင်းခံရလေ့ရှိတဲ့ စကားစုတွေဖြစ်ကြပါတယ်။ သကြားပါဝင်မှုလုံးဝမရှိဘူးလို့ ဆိုထားတဲ့ အဆိုပါအချိုရည်မျိုးတွေကို ကိုယ်အလေးချိန် လျှော့ချနေသူတစ်ချို့က မကြာခနဖြစ်စေ၊ ပုံမှန်ဖြစ်စေ သောက်သုံးကြလေ့ရှိကြပါတယ်။ Diet Soda တွေဟာ တကယ်ပဲ ကိုယ်အလေးချိန်ကျစေမှာတဲ့လား။ လေ့လာသူတွေကတော့ Diet Soda များများသောက်လေ ကိုယ်အလေးချိန် ပိုပိုတိုးလေပဲလို့’ ဆိုပါတယ်။ ကိုယ်အလေးချိန်လျော့ကျစေမယ်ဆိုတဲ့ Diet Soda သောက်တော့မှ ဝိတ်တောင်ပိုတက်ဦးမယ်တဲ့လား။ ဘယ်လိုကြောင့်ပါလိမ့်။ ပိန်ချင်လို့ သောက်တာ၊ ဝစေတယ်ဆိုပါလား ပါဒျူးတက္ကသိုလ်ရဲ့ လေ့လာချက် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ချစ်သူများနေ့ နဲ့ ချောကလက်

ချစ်သူများနေ့ နဲ့ ချောကလက် ဘာလိုလိုနဲ့ Valentine’s day ချစ်သူများနေ့တောင် ရောက်လာတော့မယ်နော်။ ချစ်သူရည်းစားရှိတဲ့သူတွေအတွက်တော့ ဒီနေ့ရက်လေးဟာ ကိုယ့်ရဲ့ ရင်ထဲမှာရှိနေတဲ့ ချစ်ခြင်းမေတ္တာကို အကောင်းဆုံး ဖော်ပြဖို့ နေ့တစ်နေ့ပါပဲ။ ချစ်သူများနေ့ ဆိုတာ ချစ်သူရှိတဲ့သူတွေအတွက်ပဲလား။ ဒါကတော့ လုံးဝမဟုတ်ပါဘူး။ ချစ်သူများနေ့ ဆိုတာ သမီးရည်းစားတွေမှ မဟုတ်ပါဘူး၊ ကိုယ်ချစ်တဲ့ မိဘ၊ ဆွေမျိုး၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူ မေတ္တာတွေ ဝေမျှပေးလို့ရတဲ့ နေ့တစ်နေ့ပါ။ အဲ့တော့ ရည်းစားမရှိသေးလို့ဆိုပြီး ဝမ်းနည်းမနေပါနဲ့။ ကိုယ်ချစ်တဲ့သူတွေနဲ့ ချစ်သူများနေ့ ကို ပျော်ရွှင်စွာ ကုန်ဆုံးနိုင်ရင်ကို ပျော်စရာကောင်းနေပါပြီ။ ချစ်သူများနေ့ မှာ ဘာလို့ ချောကလက် ကျွေးကြတာလဲ။ ချောကလက်ကို ကိုယ်ချစ်တဲ့သူအပေါ်မှာ ထားရှိတဲ့ ချစ်ခြင်းမေတ္တာ၊ နက်ရှိုင်းတဲ့ သံယောဇဉ်တွေ၊ စိတ်ခံစားချက်တွေရဲ့ သင်္ကေတလို့ ဆိုစမှတ်ပြုကြပါတယ်။ ချောကလက် တစ်ကိုက် ကိုက်လိုက်ရတဲ့အခိုက်အတန့်လေးဟာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပိန်းဥ ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး ဘာတွေထူးသလဲ

ပိန်းဥဟင်းချိုလေးမှာ လတ်လတ်ချိုချို အရွက်စိမ်းလေးတွေ ခတ်ပြီး ပူပူလေး သောက်လိုက်ရရင်ဖြင့် ထမင်းအတော်မြိန်တော့မှာပဲ။ ဟော့ပေါ့သောက်လည်း ပိန်းဥလေးပါမှနော်။ ပိန်းဥရေခဲမုန့်ဆိုလည်း လူကြိုက်သိပ်များပါတယ်။ ထူတာ၊ ပိန်းတာတွေဆို  ပိန်းဥ လို့ ဗန်းစကားသုံးတတ်ကြပေမယ့် တကယ့်ပိန်းဥကတော့ အရသာကောင်းမှကောင်းပဲ။ အာဟာရတန်ဖိုးလည်း များလွန်းလို့ စားရတာတန်လိုက်တာမှနော်။ ကဲ ဘာကြောင့် စားရတန်သလဲ ပြောပြပါဦးမယ်။ ပိန်းဥ က - အစာချေဖျက်နိုင်အားပိုကောင်းစေတယ် ပိန်းဥမှာ အစာအိမ်နဲ့အူလမ်းကြောင်းကျန်းမာရေးအတွက် ကောင်းကျိုးပြုတဲ့အမျှင်ဓါတ်ပါဝင်မှုမြင့်မားပါတယ်။ အမျှင်ဓါတ်က အူတွင်းလှုပ်ရှားမှုကိုကောင်းမွန်စေတဲ့အတွက် အစာချေဖျက်နိုင်စွမ်းပိုကောင်းစေပြီး ဝမ်းမှန်စေပါတယ်။ ဒါ့အပြင် လေပွခြင်း၊ လေလည်လွန်းခြင်း၊ ဗိုက်အောင့်ခြင်း၊ဝမ်းချုပ်ခြင်းနဲ့ ဝမ်းပျက်ဝမ်းလျှောခြင်းကိုတောင် မဖြစ်အောင်ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ကင်ဆာကာကွယ်နိုင်တယ် ကင်ဆာနဲ့ပတ်သက်ရင်လည်း ပိန်းဥ က ခန္ဓါကိုယ်တွင်းဓါတ်တိုးဆန့်ကျင်လုပ်ဆောင်ချက်တွေအတွက် အရေးပါတဲ့အကျိုးကျေးဇူးရှိပါတယ်။ ဗီတာမင်A၊ C နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်မှုမြင့်မားတာကြောင့် ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးပြီး အန္တရာယ်ရှိတဲ့free radicalsတွေကို ဖယ်ရှားရှင်းလင်းပေးမှာပါ။ ပိန်းဥမှာပါရှိတဲ့Cryptoxanthin က အဆုတ်ကင်ဆာနဲ့ ခံတွင်းကင်ဆာဖြစ်နိုင်ခြေကိုလျော့နည်းစေနိုင်ပါတယ်။ ဆီးချိုသွေးချိုကာကွယ်နိုင်တယ် အမျှင်ဓါတ်က ခန္ဓါကိုယ်တွင်း […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကျန်းမာရေးကို အထောက်အကူအပြုဆုံး ဟင်းသီးဟင်းရွက် ၁၀ မျိုး

ဟင်းသီးဟင်းရွက်ဆိုတာ လူ့ကျန်းမာရေးကို ဘယ်လောက်တောင် အထောက်အကူဖြစ်စေလဲဆိုတာ လူတိုင်းနီးပါး သိထားကြမှာပါ။ ဟင်းရွက်အများစုဟာ ကယ်လိုရီနည်းပါးသလို ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်လည်း ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတွေဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးကို အကျိုးပြုသလို ကိုယ်အလေးချိန်လျှော့ချချင်သူတွေအတွက်လည်း အထောက်အကူပြုပါတယ်။ ကမ္ဘာပေါ်မှာ ဟင်းသီးဟင်းရွက် အမျိုးအမည် အများအပြားရှိပါတယ်။ တစ်မျိုးနဲ့ တစ်မျိုးလည်း အကျိုးပြပုံခြင်းမတူညီကြပါဘူး။ ဒါပေမယ့် တစ်ချို့က အစာခြေစနစ်ကို အထောက်အကူပြုကြသလို တစ်ချို့က ကိုယ်အလေးချိန်ကျစေမယ်၊ တစ်ချို့ကတော့ ရောဂါတွေကို သက်သာစေမယ် စသဖြင့်ပေါ့။ ဒီလို အမျိုးအမည်အတူ အကျိုးပြုပုံမတူညီတဲ့ မျိုးစိတ်တွေအကြားမှာ ဘယ်အစားအစာက လူတွေကို အကျိုးအပြုဆုံးလဲဆိုတာကို သင် သိနိုင်ပါ့မလား။ ခွဲခြားရခက်နေမှာဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ခုလို ခွဲခြားရခက်နေသူတွေကို လူတွေအတွက် အကျိုးကျေးဇူးအများဆုံး ဟင်းသီးဟင်းရွက်တွေနဲ့ မိတ်ဆက်ပေးသွားမယ်နော်။ ဖတ်ကြည့်ကြပါဦး။ ၁။ ဟင်းနုနွယ် - ဟုတ်ပါတယ်။ […]


အာဟာရဆိုင်ရာ အချက်အလက်များ

မရမ်းသီး ကြိုက်ကြလား..........

ချိုချိုချဉ်ချဉ်လေးနဲ့ အရသာရှိတဲ့ မရမ်းသီး ကို ကြိုက်လား..... ဆောင်းရဲ့ အအေးဓာတ်လေးမကုန်ခင်မှာ အရသာရှိလှတဲ့ မရမ်းသီးလေးစားရတာကလည်း ခံတွင်းတွေ့ပြီး စိတ်ကျေနပ်စရာ​ကောင်းတဲ့ ဆောင်းရာသီရဲ့ အငွေ့အသက်တစ်ခုပေါ့။ မရမ်းသီးစိမ်းကို ဆားရည်ပဲစိမ်စားစား၊ ဆေးသကြားလေးနဲ့ အချိုစိမ်ပြီးပဲစားစား၊ ပါးပါးလှီးပြီး သုပ်ပဲစားစား၊ ငပိလေးနဲ့ရောထောင်းပြီးပဲစားစား၊ လက်ဖက်လေးနဲ့ ရောထောင်းစာစား စားလို့ကောင်းတဲ့ မရမ်းသီးလေးက စားကောင်းတယ်ဆိုတာထက် ပိုပါတယ်။ မရမ်းသီး မရမ်းသီးဆိုတာက အပင်ကြီးမျိုးတစ်မျိုးဖြစ်ပြီး ၄ စင်တီမီတာကနေ ၇ စင်တီမီတာလောက် ရှိတဲ့ အသီးလေးတွေ သီးတတ်ပါတယ်။ အစိမ်းရောင်ခပ်ဖျော့ဖျော့ရှိပြီး အရသာကချဉ်ပါ။ အလယ်မှာ ခရမ်းရောင် အစေ့လေးပါ ပါတယ်။ မှည့်လာတဲ့အခါ အဝါရောင် ပြောင်းလာပါတယ်။ အဝါရောင် ပြောင်းလာမှု နဲ့အတူ အရသာကလည်း အချဉ် ပေါ့လာ ပါတယ်။ မရမ်းသီးက သရက်ပင်၊ သီဟိုဠ်ပင်တို့နဲ့ မျိုးရင်းတူပေမယ့် ထူးခြားတာ တစ်ခုက သူက […]


အာဟာရဆိုင်ရာ အချက်အလက်များ

Probiotics နဲ့ Prebiotics ဘာကွာလဲ........

Probiotics နဲ့ Prebiotics ဆိုတဲ့ စကားလုံးလေး နှစ်လုံးက သိပ်မကွာလှပေမယ့် တူလားဆိုတော့ မတူပါဘူး။ လူတစ်ယောက်ကျန်းမာဖို့ လိုအပ်တဲ့ပုံစံချင်းကတော့ သိပ်မကွာပါဘူး။ သူတို့နှစ်ခုက တစ်ခုနဲ့တစ်ခု ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဆိုရင် ပိုမှန်မှာပါ။ ဒီတစ်ခေါက်တော့ သူတို့ နှစ်ခုဘာကွာနေလဲဆိုတာကို ပြောပြပေးပါမယ်။ Probiotics နဲ့ Prebiotics ဘာကွာလဲ........ Probiotics နဲ့ Prebiotics နှစ်မျိုးစလုံးက ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ ဒါပေမယ့် သူတို့တစ်ခုချင်းစီရဲ့ အခန်းကဏ္ဍကတော့ မတူပါဘူး။ Probiotics (အကျိုးပြုဘက်တီးရီးယား) ဆိုတာက Probiotics ဆိုတာက အစာခြေစနစ် (အထူးသဖြင့် အူမကြီး) ထဲမှာရှင်သန်နေပြီး အစာခြေစနစ် ကျန်းမာစေဖို့လုပ်ဆောင်ပေးပါတယ်။ အစားအစာတွေနဲ့ဖြည့်စွက်စာတွေမှာပါဝင်နေတဲ့ သက်ရှိဘက်တီးရီးယားလေးတွေပါ။ Prebiotics (အကျိုးပြုဘက်တီးရီးယား အာဟာရ) ဆိုတာက လူ့အစာခြေစနစ်က မချေဖျက်နိုင်တဲ့ အမျှင်ဓာတ်တစ်မျိုးပါ။ အစာခြေစနစ်တလျှောက်မှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားတွေကိုအကောင်းဆုံး အာဟာရဖြည့်ပေးပါတယ်။ Probiotics နဲ့ Prebiotics ခန္ဓာကိုယ်အတွက် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကျွဲနို့ ကပေးတဲ့ ကျန်းမာရေး

ပုံမှန်တော့ နွားနို့ကို အသောက်များကြပြီး ကျွဲနို့ကို သောက်သုံးမှုက နည်းပါတယ်။ ဒါပေမယ့် လုံးဝမသောက်မိဘူးလားဆိုတော့ မဟုတ်ပါဘူး။ ဒိန်ချဉ်တွေ၊ ဒိန်ခဲတွေစားမိတဲ့အခါမျိုးမှာ ကျွဲနို့ကို စားသုံးမိနိုင်ပါတယ်။ ဒီတော့ မေးချင်နေနိုင်တာက ကျွဲနို့ ကရော နွားနို့လိုပဲ အာဟာရရှိရဲ့လားဆိုတဲ့ ကိစ္စပါ။ ဒီအချက်ကို ဆောင်းပါးလေးထဲမှာ တိတိကျကျပြောပြပေးထားလို့ ဖတ်ကြည့်လိုက်ပါ။ သောက်လို့ရတဲ့နို့တွေက ဘာတွေလဲ........... သောက်လို့ရတဲ့ နို့တွေက အမျိုးအစား တစ်မျိုးတည်းမကပါဘူး။ နွားနို့ ကျွဲနို့ ဆိတ်နို့ သိုးနို့ ကုလားအုတ်နို့ မြင်းနို့ တို့ပါ။ ကျွဲနို့ ဆိုတာ ဘာလဲ.......... ကျွဲနို့ဆိုတာက နို့တိုက် သတ္တဝါဖြစ်တဲ့ ကျွဲကနေရတဲ့ နို့ပါ။ နေ့စဉ်သောက်သုံးမိနေတဲ့ ဒိန်ချဉ်။ နို့ နဲ့ နိ့ထွက်ပစ္စည်းတွေမှာ ကျွဲနို့က အထိုက်အလျောက်တော့ ပါဝင်နေပါတယ်။ မြန်မာနိုင်ငံမှာ ကျွဲနို့ကို နွားနို့လောက် မသောက်သုံးကြပေမယ့် အိန္ဒိယ နဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကိုယ်ခံအားကောင်းစေနိုင်သော အစားအစာ ၁၅ မျိုး

အခုအချိန်ထိ လုံးဝ မပြီးပြတ်သေးတဲ့  corona virus ကို သတိထားနေရဆဲ ဖြစ်သလို ရာသီအကူးအပြောင်းမှာ ဖြစ်တတ်တဲ့ တုပ်ကွေးဖျားနာမှု တွေကလည်း ဖြစ်ပွားနေတာကြောင့် ကိုယ်ခံအား ကောင်းစေမယ့် အစားအစာတွေကို ဂရုတစိုက် ရွေးချယ် စားသောက်ပေးဖို့ အလွန် အရေးကြီး လှပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ခန္ဓာကိုယ်ကိုကိုယ်ခံအားကောင်းစေနိုင်သော အစားအစာ တွေအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။ ကိုယ်ခံအားကောင်းစေနိုင်သော အစားအစာ ၁၅ မျိုး ကိုယ်ခံအားကောင်းစေနိုင်သော အစားအစာ တွေကတော့ ၁ - အချဉ်ဓာတ်ပါသော အသီးများ အအေးမိဖျားနာပြီးကာစ တော်တော်များများက အချဉ်ဓာတ်ပါတဲ့ ဗီတာမင်စီ ဖြည့်တင်းဖို့လို့ပါတယ်။ ဘာလို့လည်းဆိုတော့ ဗီတာမင်စီ ကကိုယ်ခံအားကိုတက်စေနိုင်လို့ပါ။ ရောဂါတွေကို တိုက်ထုတ်ပေးတဲ့ သွေးဖြူဥအရေအတွက်ကိုလည်း ဗီတာမင်စီက တိုးတက်စေပါတယ်။ အချဉ်ဓာတ်ပြည့်ဝစွာပါဝင်တဲ့ အသီးတွေကတော့ - ရှောက်ခါးသီး ( ဂရိတ်ဖရု ) - လိမ္မော်သီး - ကဗ္ဗလာသီး - သံပုရာသီး - […]


အာဟာရဆိုင်ရာ အချက်အလက်များ

ချိုချဉ်အရသာ ရေငန်းသီး ကို ရံဖန်ရံခါ စားသင့်တဲ့အကြောင်းရင်း

Snake fruit လို့ခေါ်ကြတဲ့ ရေငန်းသီး ဟာ အရှေ့တောင်အာရှမှာ ထွက်တဲ့အသီးတစ်မျိုးဖြစ်ပေမယ့် ကမ္ဘာ့နိုင်ငံတော်တော်များများမှာ လူကြိုက်များနေပြီဖြစ်ပါတယ်။ရေငန်းသီးကို အမေရိကန်၊ဂျပန်နဲ့ ဥရောပတို့မှာလည်း နှစ်သက်ကြပါတယ်။ သူ့မှာ ကယ်လ်စီယမ်၊ ဖလောဗာနွိုက်၊ ဆာပိုနင်ဓာတ်တွေ ကြွယ်ဝပါတယ်။ ရေငန်းသီး ကို ရံဖန်ရံခါ စားသင့်တဲ့အကြောင်းရင်း ရေငန်းသီး ကျန်းမာရေးအတွက် ဘယ်လို အကျိုးပြုတာလဲ ဆိုတော့ - မျက်စိကျန်းမာရေး မျက်စိအတွက် ကောင်းတဲ့ အစားအစာဆိုရင် မုန်လာဥနီကို ပြေးမြင်ကြမှာပါ။ ဒါပေမယ့် အသီးတွေမှာလည်း မျက်စိအတွက် မရှိမဖြစ်လိုအပ်တဲ့ ဘီတာကယ်ရိုတင်းတွေ ပါဝင်ပါတယ်။ မုန်လာဥနီစားရတာ ငြီးငွေ့လာပြီဆိုရင် ရေငန်းသီးကို အစားထိုးစားသုံးလို့ ရလောက်တဲ့ အာနိသင်ရှိပါတယ်။ ဝမ်းပျက်ဝမ်းလျှောခြင်း ဝမ်းပျက်နေတယ်ဆိုရင် အရင်ဆုံး ဝမ်းပိတ်ဆေး မသောက်ပါနဲ့ဦး။ ဝမ်းပျက်ဝမ်းလျှောခြင်းကို ကုသနိုင်တဲ့ အသီးတွေကို စားကြည့်လိုက်ပါ။ ရေငန်းသီးနုနုလေး စားပေးလိုက်ရင် ဝမ်းလျှောခြင်းအတွက် ဆေးတစ်ခွက်ပါပဲ။ ဆာလောင်မှုကိုလည်း […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)