ရာသီဥတု ပူနေချိန်မှာ သရက်သီးဖျော်ရည် ချိုချိုအေးအေးလေး သောက်လိုက်ရတက တော်တော်လေး အရသာရှိမှာနော်။ သရက်သီးမှည့်မှည့်လေးကို ကြိတ်စက်ထဲထည့်ဖျော်ပြီး သောက်တာက သဘာဝအရသာကိုရသလို အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေကိုပါ ပေးပါသတဲ့။
ထွက်မှာ သေချာပြီလား။
ရာသီဥတု ပူနေချိန်မှာ သရက်သီးဖျော်ရည် ချိုချိုအေးအေးလေး သောက်လိုက်ရတက တော်တော်လေး အရသာရှိမှာနော်။ သရက်သီးမှည့်မှည့်လေးကို ကြိတ်စက်ထဲထည့်ဖျော်ပြီး သောက်တာက သဘာဝအရသာကိုရသလို အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေကိုပါ ပေးပါသတဲ့။
သရက်သီးဖျော်ရည် ချိုချိုလေးမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်များစွာ ပါဝင်နေပါတယ်။
ချိုချိုအေးအေး သရက်သီးဖျော်ရည်လေးကို သောက်သုံးပေးမယ်ဆိုရင်
ကင်ဆာ ကာကွယ်ပေးတယ်
သရက်သီးမှာ ဓာတ်တိုးဆန့်ကျင် ဒြပ်ပေါင်းတွေဖြစ်ကြတဲ့ astragalin၊ methylgallat၊ isoquercitrin၊ fisetin၊ quercetin နဲ့ gallic acid တို့ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒီဒြပ်ပေါင်းတွေက ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ သွေးကင်ဆာ၊ ဆီးကျိတ်ကင်ဆာတွေ ခံစားရနိုင်ခြေကို လျှော့ချပေးပါတယ်။
သရက်သီးမှာပါတဲ့ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်ဖြစ်တဲ့ pectin က ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးပြီး lupeol က ဆီးကျိတ် ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးပါတယ်။
သွေးတွင်း ကိုလက်စထရောကျစေတယ်
သရက်သီးဖျော်ရည်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် C ပမာဏကို လုံလောက် ပြည့်ဝအောင် ဖြည့်ဆည်းပေးနိုင်ပါတယ်။ သရက်သီးမှာပါတဲ့ အာဟာရတွေဖြစ်တဲ့ ဗီတာမင် C နဲ့ pectin ပေါင်းစပ်လိုက်တဲ့အခါ သွေးတွင်းက အကျိုးမပြု ကိုလက်စထရောပမာဏကို ကျဆင်းစေနိုင်ပါတယ်။
သွေးပေါင်ချိန် ထိန်းညှိပေးတယ်
သံဓာတ်ကြွယ်ဝတာကြောင့် သွေးအားနည်းရောဂါ မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။ နေ့စဉ် သရက်သီးဖျော်ရည်တစ်ခွက် ပုံမှန် သောက်သုံးတာက လိုအပ်တဲ့ သံဓာတ်ကို ပြည့်ဝစေပြီး သွေးအားနည်းရောဂါ ကင်းစေမှာပါ။
မျက်လုံး ကျန်းမာစေတယ်
သရက်သီးမှာ အမြင်အာရုံကျန်းမာစေတဲ့ အာဟာရဓာတ်ဖြစ်တဲ့ ဗီတာမင် A ကြွယ်ဝစွာ ပါဝင်နေပါတယ်။ သရက်သီး ပုံမှန်စားပေးတာက မျက်လုံးခြောက်တာ၊ ကြက်မျက်သင့်တာ နဲ့ အမြင်အာရုံ ပြဿနာအမျိုးမျိုးကို ကာကွယ်ပေးနိုင်မှာပါ။
သရက်သီးဖျော်ရည် သောက်သုံးပေးတာက အသားအရေကို ကြည်လင်စေနိုင်ပါတယ်။ ဝက်ခြံ သက်သာစေနိုင်သလို အရေပြား ပြဿနာတော်တော်များများကို သက်သာစေနိုင်ပါတယ်။
ဆီးချို သက်သာစေနိုင်တယ်
သကြားထပ်မထည့်ထားတဲ့သရက်သီးဖျော်ရည်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးသလို သွေးတွင်းက အကျိုးမပြု ကိုလက်စထရောကို ကျဆင်းစေပါတယ်။
အစာကြေ စေတယ်
သရက်သီးက အစာခြေစနစ်ကို ကျန်းမာစေပြီး အစာကြေစေနိုင်ပါတယ်။ အမျှင်ဓာတ်ပါဝင်တာကြောင့် ဝမ်းမှန်စေပြီး အူနံရံတွေကို ကျန်းမာစေနိုင်ပါတယ်။
ကိုယ်ခံအား ကောင်းစေတယ်
ဗီတာမင် C၊ ဗီတာမင် A နဲ့ carotenoids တို့ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် သရက်သီးဖျော်ရည်လေးက ကိုယ်ခံအား ကောင်းစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးနိုင် ပါသေးတယ်။
အရပ််၊ အသက်၊ ကိုယ်အလေးချိန်၊ တစ်နေ့တာ လှုပ်ရှားမှုတွေအပေါ်မူတည်ပြီး တစ်နေ့တာ လိုအပ်မယ့် ကယ်လ်လိုရီ ပမာဏကို သိရှိနိုင်ဖို့ အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)ကို အသုံးပြုပြီး တွက်ချက်နိုင်ပါတယ်
အမျိုးသား
အမျိုးသမီး
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Top 10 Best Benefits Of Mango Juice https://www.stylecraze.com/articles/best-benefits-of-mango-juice/ Accessed Date 13 May 2020
12 GREAT WAYS MANGO JUICE BENEFITS THE HUMAN BODY https://www.dabur.com/realfruitpower/fruit-juices/benefits-of-mango-juice Accessed Date 13 May 2020
What to know about mangoes https://www.medicalnewstoday.com/articles/275921 Accessed Date 13 May 2020