အာဟာရဆိုင်ရာ အချက်အလက်များ

နေ့တိုင်း အာဟာရ လိုအပ်ချက်ကြောင့် အစားအစာတွေကိုတော့ စားနေပါရဲ့။ ဗိုက်ဝသွားတာပဲ ရှိတယ် အစားအစာ တစ်ခုချင်းစီရဲ့ အာဟာရ တန်ဖိုးနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို မသိဘူးဖြစ်နေတယ်ဆိုရင် ဒီကဏ္ဍလေးကနေ သိလိုတဲ့ အစားအစာလေးရဲ့ အာဟာရဆိုင်ရာ အချက်အလက်လေးတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အာဟာရဆိုင်ရာ အချက်အလက်များ

ခရမ်းသီးအခွံကို စားပေးရင် ကျန်းမာမှာလား!

ခရမ်းသီးကို ကြော်စား နှပ်စား ချဉ်ရည်ဟင်းထဲ ထည့်ချက်စား စသဖြင့် အမျိုးမျိုး စားကြပါတယ်။ ဒီလို စားကြရာမှာ ခရမ်းသီးကို အခွံနွှာပြီး စားကြတာမျိုး ရှိသလို အခွံမနွှာဘဲ အခွံကိုပါ ထည့်ချက်စားကြတာမျိုးလည်း ရှိကြပါတယ်။ ဒီလို စားတဲ့အခါ အခွံကို စားပေးရင် ဘာတွေ ဖြစ်နိုင်မလဲ! ခရမ်းသီးအခွံကို စားပေးရင် ကျန်းမာမှာလား! ဆိုတာကို ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။  ခရမ်းသီးခွံကို စားလို့ရလား! ခရမ်းသီးခွံကို စားလို့ရလား! ဆိုတော့ အားလုံးလည်း သိထားပြီးတဲ့အတိုင်း စားလို့ ရပါတယ်။ ခရမ်းသီးခွံကလည်း အာဟာရ ကြွယ်ဝသလို ကျန်းမာရေးအတွက်လည်း ကောင်းကျိုးများပါတယ်။ ခရမ်းသီးခွံမှာ အဆီဓာတ်၊ ကစီဓာတ်နဲ့ ဆိုဒီယမ် ပါဝင်မှု ကင်းပြီး ဗီတာမင် A၊ ဗီတာမင် C နဲ့ ဗီတာမင် B6၊ […]

အာဟာရဆိုင်ရာ အချက်အလက်များ ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ဝဥ ကျန်းမာစေဖို့ ထောက်ကူပေးသလား!

ဝဥဆိုတာကို ကန်စွန်းဥလို ဥအနေနဲ့ထက် ဝဥကို ကျို၊ အခဲခံထားတဲ့ ဝဥ အတုံးလေးတွေကိုတော့ မြင်ဖူးကြမှာပါ။ ဝဥကို ပါးပါးလေး လှီးပြီး ကင်စားစား၊ ခရမ်းချဉ်သီး ငရုတ်သီးစိမ်းလေးတွေနဲ့ ချဉ်ချဉ်စပ်စပ်လေး ချက်စားစား စားလို့ ကောင်းသလို ရေနွေးဖျောပြီး သုပ်စားရင်လည်း အတော်လေး စားကောင်းပါတယ်။ ဒီလို စားကောင်းတဲ့ ဝဥ ကျန်းမာစေဖို့ ထောက်ကူပေးသလား! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ဝဥ ဆိုတာ ဝဥ ဆိုတာက အာဟာရ ပြည့်ဝတဲ့ သစ်ဥသစ်ဖု တစ်ခုပါ။ ပီလောပီနံဥတွေနဲ့ မျိုးရင်း ခပ်ဆင်ဆင်ပါ။ ဒီအပင်က အာရှဒေသမျိုးရင်းပင် ဖြစ်ပြီး သီရိလင်္ကာ၊ ဖိလစ်ပိုင်၊ တောင်တရုတ် နဲ့ နယူးဂီနီတို့မှာ ပေါက်ရောက်ကြပါတယ်။ အပူပိုင်းနဲ့ သမပိုင်းဒေသတွေမှာ ပေါက်ရောက်ကြပါတယ်။ အာဟာရ တန်ဖိုးများသလို ကျန်းမာရေးအတွက်လည်း […]


အာဟာရဆိုင်ရာ အချက်အလက်များ

လက်ပံပွင့်လေး စားကောင်းသလို ကျန်းမာရေးအတွက်လည်း ကောင်းစေပါတယ်

နွေဦးမှာ လေရူးတသုန်သုန်နဲ့ ကြွေကျပြီး မြေပြင်မှာ ပြန့်ကျဲနေတတ်တဲ့ လက်ပံပွင့်နီနီလေးက မြင်ရတာ လှသလို လက်ပံပွင့်ကို ရခိုင်သုပ်လေး သုပ်စားတာမျိုး ဖြစ်ဖြစ်၊ အညာသုပ်လေးလို ဆီချက်လေး မြေပဲလေးနိုင်နိုင်နဲ့ သုပ်စားတာကလည်း အတော်လေး စားကောင်းတာပါ။ နောက်ပြီး လက်ပံခေါင်းကို ချဉ်ရည်ချက်စားကြသလို ငပိလေးနဲ့ အတို့အမြှုပ်အဖြစ်လည်း စားကြပါတယ်။ ဒီလိုမျိုး ဘယ်လိုပြင်ဆင် စားစား လက်ပံပွင့်လေး စားကောင်းသလို ကျန်းမာရေးအတွက်လည်း ကောင်းစေပါတယ် …. ဘယ်လိုမျိုး ကျန်းမာရေး ကောင်းစေတာလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ လက်ပံပွင့် ဆိုတာ လက်ပံပွင့်ဆိုတာက လက်ပံပင်ရဲ့ အပွင့်ပါ။ ပွင့်ချပ်လေးတွေက အနီရောင်ရဲရဲလေးနဲ့ လိမ္မော်ရောင်လေးတွေ ရှိနိုင်ပါတယ်။ အပွင့်ရဲ့ အညှာက အညိုရောင်မာမာလေးပါ။ ပွင့်ဆံလေးတွေနဲ့ ဝတ်ဆံတိုင်လေးတွေလည်း ပါပါတယ်။  https://hellosayarwon.com/herbals-alternatives/herbal-medicines/%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%B2%E1%80%B7-%E1%80%80%E1%80%94%E1%80%BA%E1%80%85%E1%80%BD%E1%80%94%E1%80%BA%E1%80%B8%E1%80%9B/ လပ်ပံပွင့်မှာ ဘယ်လို အာဟာရတွေ ပါဝင်နေတာလဲ! လက်ပံပွင့်မှာ  ပရိုတင်း  ရေဓာတ် […]


အာဟာရဆိုင်ရာ အချက်အလက်များ

အညာစာ ပဒုမ္မာကြာဖူး ကျန်းမာရေးအတွက် ကောင်းသလား!

အညာစာ ပဒုမ္မာကြာဖူး လေးက ကြော်စားစား၊ ကြော်ချက်လေး ချက်စားစား စားလို့ကောင်းသလို ထမင်းလည်း မြိန်စေပါတယ်။ ဒီလို စားလို့ကောင်းတဲ့ အညာစာလေးကို တကူးတက မှာစားရတာလည်း အမောနော်။ ဒီလိုမျိုး စားလေ့ရှိတဲ့ ပဒုမ္မာကြာဖူးက ကျန်းမာရေးအတွက် ဘယ်လို ကောင်းကျိုးလေးတွေ ပေးစွမ်းနိုင်လဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ အညာစာ ပဒုမ္မာကြာဖူး ဆိုတာ ပဒုမ္မာကြာဖူး ဆိုတာက ကြာပင်ရဲ့ အဖူးအငုံလေးကို ဆိုလိုချင်တာ မဟုတ်ပါဘူး။ ရေရှားတဲ့ အညာဒေသ လွင်ထီးခေါင်ပြင်မှာ ပေါက်ရောက်ကြတဲ့ ဆူးတွေပါတဲ့ ကန္တာရဆူးပင် တစ်မျိုးရဲ့ အဖူးအငုံလေးတွေပါ။ အပြင်က ပွင့်ခံဖတ်လေးတွေက အစိမ်းရောင်လေးတွေ ဖြစ်ကြပြီး အထဲက ပွင့်ချပ်လေးတွေက အဖြူရောင်လေးပါ ဝတ်ဆံလေးတွေကတော့ ဝါဖန့်ဖန့် ဖြူနှစ်နှစ်လေးတွေပါ။  ပဒုမ္မာကြာဖူးမှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ! အညာစာ ပဒုမ္မာကြာဖူး မှာ  သံဓာတ် […]


အာဟာရဆိုင်ရာ အချက်အလက်များ

သင်္ဘောအဖိုပွင့် ကျန်းမာရေးကို ထောက်ကူပေးသလား!

မိခင် သဘာဝတရားကြီးက သက်ရှိတွေအတွက် များစွာသော ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ဖန်တီးပေးထားပါတယ်။ ဒီလို ဆေးဖက်ဝင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာလေးတွေထဲက အချို့က ပုံမှန် စားသုံးမှုမှာ ပါတတ်ပေမယ့် အချို့သော အစားအသောက်တွေကတော့ နေ့စဉ် စားသုံးမှုမှာ ပါဝင်ဖို့ ခဲယဉ်းလှပါတယ်။ ဒီတစ်ခေါက်တော့ နေ့စဉ် စားသောက်မှုမှာ ပါဝင်ခဲတဲ့ စားစရာလေး တစ်မျိုးဖြစ်တဲ့ သင်္ဘောအဖိုပွင့် ကျန်းမာရေးကို ထောက်ကူပေးသလား! ဆိုတာကို ဆောင်းပါးလေးထဲမှာ ဆက်ကြည့်လိုက်ရ အောင်နော်။  သင်္ဘောအဖိုပွင့် ဆိုတာ သင်္ဘောအဖိုပွင့်က သင်္ဘောသီးလိုပဲ ကျန်းမာရေး အကျိုးကျေးဇူးတွေ  ရှိပါတယ်။ သင်္ဘောပင်မှာ အဖိုပင်ရယ်၊ အမပင်ရယ်ဆိုပြီး ရှိပါတယ်။ သင်္ဘောအဖိုပွင့်ဆိုတာက သင်္ဘောအဖိုပင်ရဲ့ အပွင့်ပါ။  သုပ်စားလို့ ရသလို ကြော်စားလို့လည်း ရပါတယ်။ နည်းနည်း ခါးသက်သက် အရသာ ရှိတာကြောင့် […]


အာဟာရဆိုင်ရာ အချက်အလက်များ

လယ်ပတူ ဆေးဖက်ဝင်သလား!

လယ်ပတူကို မန်ကျည်းမှည့်လေးနဲ့ ပြုတ်လို့ တို့စားလို့ ရသလို ပြုတ်ပြီးသားကို ဆီချက်၊ ကြက်သွန်နီ၊ မြေပဲထောင်၊ ပုစွန်ခြောက်ထောင်း၊ သံပုရာရည်လေးတွနဲ့ အချိုအငန်ထည့်လိူ့ သုပ်စားလို့လည်း ရပါတယ်။ ဒီလိုမျိုး ပြုတ်တို့တို့ သုပ်စားစား စားလို့ကောင်းတဲ့ လယ်ပတူ ဆေးဖက်ဝင်သလား! ဆိုပြီး သိချင်နေပြီလား…. ဒါဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ လယ်ပတူ ဆိုတာ လယ်ပတူ ဆိုတာက ကနဖော့လိုမျိုး အရိုးပျော့ပျော့ အရွက်ဖားဖားလေးနဲ့ အပင်ပျော့လေး တစ်မျိုးပါ။ ပန်းလေးတွေ ပွင့်သလို ရေငန်တိုးတဲ့ နေရာလေးတွေ ရေမြောင်းစပ် ချောင်းစပ်လေးတွေမှာလည်း ပေါက်ရောက် ကြပါတယ်။ ပန်းပွင့်လေးတွေကတော့ ခရမ်းရောင် ခပ်ဖျော့ဖျော့လေးတွေပါ။ အပင်ရဲ့ ပင်စည်ကိုရော အရွက်တွေကိုပါ စားသုံးပေးလို့ ရပါတယ်။ လယ်ပတူမှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ လယ်ပတူမှာ အခုလို အာဟာရတွေ ပါဝင်နေပါတယ်။ ပရိုတင်း […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကဆစ်သီး ကျန်းမာရေးကောင်းကျိုးများ

ကဆစ်သီး ဆိုတာက အညာစာလေး တစ်မျိုးပါ။ မျက်စိထဲ မြင်သာအောင် ပြောပြရရင် ဖရဲသီး သေးသေးလေးတွေနဲ့ တူပါတယ်။ ကြော်စားလို့ ရသလို သုပ်စားတာ၊ ဖျော်သောက်တာ၊ တို့စားတာလိုမျိုး အမျိုးမျိုးလုပ်စားလို့ ရတဲ့  ကဆစ်သီး ကျန်းမာရေးကောင်းကျိုးများ က ဘာတွေများ ဖြစ်မလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ကဆစ်သီး ဆိုတာ ကဆစ်သီး ဆိုတာက အသီး တစ်မျိုးပါ။ အနီးစပ်ဆုံး ပြောပြရမယ်ဆိုရင် ကင်းပုံသီးလေးနဲ့ တူပါတယ်။ ကင်းပုံပင်၊ ဖရဲပင်၊ သခွားပင်တို့လိုမျိုး နွယ်ပင်ရဲ့ အသီးမျိုးပါ။ အခွံပါးပါးလေးနဲ့ အရည်ရွှမ်းပါတယ်။ အရသာကတော့ ချဉ်တင်တင်လေးပါ။  ကဆစ်သီးမှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ! ကဆစ်သီးမှာ  ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အမျှင်ဓာတ် ဗီတာမင် C ဗီတာမင် E ဗီတာမင် K ပိုတက်ဆီယမ်တို့ ပါဝင်နေပါတယ်။ […]


အာဟာရဆိုင်ရာ အချက်အလက်များ

သစ်တိုသီးစေ့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

သစ်တော်သီးကို လူတိုင်း သိကြပေမယ့် သစ်တိုသီးကိုတော့ သိသူ ခပ်ရှားရှား ဖြစ်မယ် ထင်ပါတယ်။ သစ်တိုသီးကို ငါးနဲ့ ချဉ်ရည် ချက်စားတာမျိုး ရှိသလို အသီးကို ထောင်းပြီး ငပိ၊ ငံပြာရည်တွေနဲ့ ကြော်စားတာမျိုးလည်း ရှိပါတယ်။ ဒီတစ်ခေါက် ပြောပြပေးချင်တာက သစ်တိုသီးရဲ့ ကျန်းမာရေးကို မဟုတ်ပါဘူး။ အသီးရဲ့ အလယ်ထဲမှာပါတဲ့ သစ်တိုသီးစေ့ရဲ့  ကျန်းမာရေး အကျိုးကျေးဇူးများ အကြောင်းပါ။ သစ်တိုသီးစေ့ ဆိုတာ သစ်တိုသီးစေ့ ဆိုတာက သစ်တိုသီးရဲ့ အလယ်က အစေ့ပါ။ အစေ့က အမွှာလိုက် ရှိပြီး မင်းဂွတ်သီးနဲ့ တူပါတယ်။ ခွာခွာစမှာ  အဖြူရောင် ရှိပြီး ကြာရင်တော့ ညိုတိုတိုလေး ဖြစ်သွားပါတယ်။ အရသာက ချိုတာမျိုး ရှိသလို ချဉ်ပြုံးပြုံးလေးလည်း ရှိပါတယ်။ အသားကတော့ ကနစိုးသီးလိုလို မင်းဂွတ်သီးလိုလိုပါ။ ဘယ်လို အာဟာရဓာတ်တွေ […]


အာဟာရဆိုင်ရာ အချက်အလက်များ

မာလကာသီးဖျော်ရည် (သို့မဟုတ်) နွေပူပူမှာ သောက်ပေးသင့်တဲ့ ဖျော်ရည်တစ်ခု

နွေရာသီမှာ ရာသီဥတုပူမှာကတော့ မလွဲပါပဲ။ ဒီလို ရာသီဥတု ပူနေချိန်မှာ အစားအသောက် အနေအထိုင်ကို သေသေချာချာ ဂရုစိုက်ရတာက ထွေထွေထူးထူး ပြောနေစရာ မလိုအောင်ပါပဲ။ အခုတစ်ခေါက်တော့ နွေပူပူမှာ အပူလည်း သက်သာ၊ ကျန်းလည်း ကျန်းမာစေမယ့် သောက်စရာလေး တစ်ခုအကြောင်း ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ဒါက ဘာလဲဆိုတော့ နွေပူပူမှာ ရင်အေးစေမယ့် မာလကာသီးဖျော်ရည် လေးပါ။ မာလကာသီးဖျော်ရည် ဆိုတာ မာလကာသီးဖျော်ရည် ဆိုတာက မာလကာသီးကို အစေ့ထုတ်ပြီး ဖျော်ထားတဲ့ ဖျော်ရည်ပါ။ မာလကာသီးကို ဖျော်သောက်တာကတော့ ရှားပါတယ်။ အစိမ်းလိုက် ဆားလေးနဲ့ စားတာမျိုး ရှိသလို ငံပြာရည် ငရုတ်သီးမှုန့်တွေနဲ့ သုပ်စားတာမျိုးလည်း ရှိပါတယ်။ မာလကာသီးမှည့်ကိုတော့ သကြားလေးနဲ့ တို့စားကြပါတယ်။ မာလကာသီးက ရေဓာတ် ကြွယ်ဝပြီး အဆီပါဝင်မှု နည်းတာကလည်း ကျန်းမာရေးနဲ့ ညီညွတ်စေတာပါ။ […]


အာဟာရဆိုင်ရာ အချက်အလက်များ

အချဉ်စိမ်ထားတဲ့ ဂေါ်ဖီထုပ် (သို့မဟုတ်) အကျိုးပြုဘက်တီးရီးယား ကြွယ်ဝတဲ့ အစားအစာ တစ်မျိုး

အကျိုးပြု ဘက်တီးရီးယား ကြွယ်ဝတဲ့ အစားအစာတွေ စာရင်းထဲမှာ တွေ့ရလေ့ရှိတဲ့ sauerkraut လို့ သိကြတဲ့ အချဉ်စိမ်ထားတဲ့ ဂေါ်ဖီထုပ် စားပေးရင် အစာခြေစနစ် ကျန်းမာတာအပြင် ခန္ဓာကိုယ်အတွက် ဘယ်လိုတွေများ အကျိုးကျေးဇူးတွေ ရရှိနိုင်ဦးမလဲဆိုပြီး သိချင်နေတဲ့သူလေးတွေ ရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက အဖြေထုတ်ပေးနိုင်မှာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော်။ အချဉ်စိမ်ထားတဲ့ ဂေါ်ဖီထုပ် (သို့မဟုတ်) sauerkraut ရေစင်အောင်ဆေးလို့ ရိတ်ရိတ်လှီးပြီး ရေစစ်ထားတဲ့ ဂေါ်ဖီထုပ်ကို နုတ်နုတ်စဉ်းထားတဲ့ ကြက်သွန်ဖြူ၊ ရိုးရိုးဆားကြမ်းနဲ့ ဗီနီကာတို့နဲ့ စိမ်ပြီး လေလုံအောင် ဖန်ပုလင်းလေးနဲ့ ပိတ်ထားပါ။ ဒီလို အချဉ်စိမ်ထားတဲ့ ဂေါ်ဖီထုပ်ချဉ်က အကျိုးပြုဘက်တီးရီးယား ကြွယ်ဝတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေသလို အခြားသော ကျန်းမာရေး အကျိုးကျေးဇူးတွေကိုလည်း ရရှိစေနိုင်ပါတယ်။ ဘယ်လို အကျိုးကျေးဇူးတွေလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်စို့နော်။ အချဉ်စိမ်ထားတဲ့ ဂေါ်ဖီထုပ် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဆူရှီနဲ့ တွဲစားတတ်တဲ့ ဂျင်းချဉ် ကျန်းမာရေးအတွက် ကောင်းသလား

ချင်း (ဂျင်း) ဆိုတာက ဆေးဖက်ဝင်တယ်လို့ တစ်ကမ္ဘာလုံးက လက်ခံထားတဲ့ သဘာဝ အစားအစာ တစ်မျိုးပါ။ ချင်း (ဂျင်း) ပင်က ကျန်းမာစေဖို့ရော ဖျတ်လတ်တက်ကြွစေဖို့ရော ထောက်ကူပေးနိုင်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေပါတယ်။ ဟင်းလျာတွေထဲမှာ အညှီပျောက်စေဖို့ ထည့်သုံးကြသလို ချင်း(ဂျင်း) ချဉ်ထည့်ပြီး သုပ်စားတာလည်း ရှိပါတယ်။ နောက်တစ်နည်းကတော့ ချင်း( ဂျင်း) နုနုလေးကို ရှာလကာရည်နဲ့ စိမ်ထားပြီး ဆူရှီနဲ့ တွဲစားတဲ့ ချင်း (ဂျင်း) ချဉ်ပါ။ ချင်း (ဂျင်း) ချဉ်က ဆူရှီနဲ့ တွဲစားစား သူ့အတိုင်းစားစား စားလို့ ကောင်းသလို ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပေးနိုင်ပါတယ်။ ဒီတော့ အဝါရောင်ဖျော့ဖျော့ ဒါမှမဟုတ် ပန်းရောင်နုနုလေး ရှိတဲ့ ချင်း (ဂျင်း) လွှာလေးတွေက ကျန်းမာရေးအတွက် ဘယ်လို ထောက်ကူပေးနိုင်လဲ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း