ကိုယ်အလေးချိန်လျှော့ချခြင်း

ကျန်းမာနဲ့ ညီညွတ်စွာ ဝိတ်ကျချင်တယ်ဆိုရင် သင့်တော်တဲ့ အစားအသောက် စားဖို့ လိုပါတယ်။ ပညာရှင်တွေ ညွှန်ကြားထားတဲ့ နည်းလမ်းကောင်းတွေနဲ့ သင့်ရဲ့ ဝိတ်ချခြင်း ခရီးစဉ်ကို ကူညီပေးပါရစေ။

ကျန်းမာရေးဗဟုသုတ

ကိုယ်အလေးချိန်လျှော့ချခြင်း

ကျန်းမာတဲ့ ကိုယ်အလေးချိန် ပိုင်ဆိုင်စေဖို့ ထောက်ကူပေးနိုင်တဲ့ သဘာဝ လက်ဆောင်

လူတစ်ယောက်ကျန်းမာစေဖို့အတွက် အရေးပါတဲ့ အချက် တစ်ချက်ရှိပါတယ်။ ဒါကတော့ ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိဖို့ပါ။ ကိုယ်အလေးချိန်က ရှိသင့်တာထက် များနေမယ်။ အဝလွန်နေမယ်ဆိုရင် နှလုံးရောဂါ၊ အမျိုးအစား -၂ ဆီးချိုရောဂါ၊ လေဖြတ်တာ၊ အရိုးပွတာ၊ အစာခြေစနစ်ပြဿနာ၊ အိပ်စက်မှုဆိုင်ရာ ကျန်းမာရေး ပြဿနာတွေနဲ့ ကင်ဆာရောဂါတွေ ခံစားရနိုင်ပါတယ်။ ဒီတော့ ကျန်းမာပြီး နေ့ရက်တိုင်းကို သွက်လက်တက်ကြွစွာနဲ့ ဖြတ်သန်းချင်တယ်ဆိုရင် ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် မပိုအောင် သေချာလေး ဂရုစိုက် ထိန်းသိမ်းဖို့ လိုပါမယ်။ ဒီလို ထိန်းသိမ်းတဲ့အခါ အစားလျှော့စားတာ၊ လေ့ကျင့်ခန်း လုပ်တာတွေကို သင့်တင့်မျှတအောင် လုပ်ဆောင်ဖို့ လိုပါမယ်။ ကျန်းမာတဲ့ ကိုယ်အလေးချိန် ပိုင်ဆိုင်စေဖို့ မေ့ထားလို့ မရတဲ့အရာတစ်ခု ကျန်းမာတဲ့ ကိုယ်အလေးချိန် ပိုင်ဆိုင်စေဖို့ မေ့ထားလို့ မရတဲ့အရာတစ်ခုကတော့ လေ့ကျင့်ခန်း လုပ်တာပါ။ လေ့ကျင့်ခန်း လုပ်တယ်ဆိုတဲ့နေရာမှာတော့ […]

ကိုယ်အလေးချိန်လျှော့ချခြင်း ကို ရှာဖွေမည်။

ကိုယ်အလေးချိန်လျှော့ချခြင်း

ကယ်လိုရီကို ဘယ်လို ရှောင်ရှားမလဲ

ကယ်လိုရီတဖြည်းဖြည်းတက်လာတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် သတိတောင် မထားမိလိုက်တဲ့အချိန်၊ ပုံမှန်အတိုင်းပဲ နေနေတဲ့အချိန်မျိုးမှာ တစ်ပေါင်ပြီးတစ်ပေါင် ကိုယ်အလေးချိန်တိုးလာတာ ဖြစ်ပါတယ်။ သင်စားနေကျ ကျန်းမာတဲ့ အစားအသောက်တွေကနေ ကယ်လိုရီတွေက တိမ်မြုပ်ခိုအောင်းနေတာဖြစ်ပြီး ကြာလာတဲ့အခါမှာ ကယ်လိုရီအစုအဝေး ဖြစ်လာပါတယ်။ အောက်ဖော်ပြပါအချက်တွေကတော့ ကယ်လိုရီတဖြည်းဖြည်းမတိုးစေဖို့ အကြံပြုချက်တွေပဲ ဖြစ်ပါတယ်။ ပန်းကန်အရွယ်အစားကို ချိန်စားပါ။ သုတေသန စစ်တမ်းတွေမှာတော့ လူတွေက ပန်းကန်ကြီးကြီးနဲ့ စားမိရင်တယ်ဆိုရင် ကျန်းမာရေးနဲ့ ညီတာပဲဖြစ်ဖြစ် မညီတာပဲ ဖြစ်ဖြစ် အများကြီး ထည့်စားတတ်မိကြပါတယ်။ ပန်းကန်ပြားအကြီးထဲမှာ အပြည့်ကြီးထည့်မယ် အားလုံးပြောင်အောင်စားမယ်။ တကယ်တော့ အနေတော်ပန်းကန်ပြားလေးနဲ့ ထည့်စားတာက ကယ်လိုရီကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ မသွားခင် စားသွားပါ။ သင်က ပါတီသွားဖို့ရှိတယ်။ ဟိုမှာရှိတဲ့ ကျန်းမာရေးနဲ့ မညီတဲ့ အစားအသောက်တွေ မစားမိဖို့ဆိုရင် မသွားခင်မှာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အဆာပြေလေး စားသွားနိုင်ပါတယ်။ ဒီလိုလုပ်တာက သင့်ခန္ဓါကိုယ်မှာရှိတဲ့ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

အဆီချရာ၌ ပါဝင် စားသုံးပေးသင့်သော အစားအသောက်များ

အဆီချရမှာ အကောင်းဆုံးနည်းလမ်းကတော့ အစားအသောက်နှင့် လေ့ကျင့်ခန်းကိုယှဉ်တွဲပြီး လုံလုံလောက်လောက် ပြုလုပ်ပေးခြင်းဖြစ်ပါတယ်။ သို့သော် အချို့သော လူတွေမှာ အဆီတွေဟာ အရမ်းဖယ်ရှားရ ခက်နေတတ်ပါတယ်။ သင်ဘယ်လောက်ဖယ်ရှားရ ခက်တဲ့ အဆီတွေဖြစ်ပါစေ ကိစ္စမရှိပါဘူး။ ယခုအချိန်ဟာ သင့်ရဲ့ အဆီတွေကိုချဖို့ရာ အသုံးဝင်တဲ့ အခြားသော ပစ္စည်းတွေ၊ အစားအသောက်တွေကို ရှာဖွေရမယ့် အချိန်ဖြစ်ပါတယ်။ အဆီချရာမှာ နည်းလမ်းအားဖြင့် အမျိုးမျိုး ကွဲပြားကြသော်လည်း ရည်ရွယ်ချက်အားလုံးကတော့ တစ်ခုတည်းပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းတွေအားလုံးဟာ အဆီများကို ချေဖျက်ခြင်း၊ ဇီဝကမ္မ ဖြစ်စဉ် ပိုမို မြန်ဆန်လာစေခြင်းနှင့် ဂလူးကို့စ်ဓါတ်ကို လျော့ချခြင်း စတာတွေကို စုပေါင်းဦးတည်ပြီး လုပ်ဆောင်ပေးသောကြောင့် ဖြစ်ပါတယ်။   ကဖင်းဓာတ် ကဖင်းဓာတ်ဟာဆိုရင် အဆီလျှော့ချတဲ့အခါ လူသိအများဆုံး ဖြည့်စွက်ပစ္စည်းပဲ ဖြစ်ပါတယ်။ ကဖင်းဓာတ်ဟာဆိုရင် အဆီရဲ့ ဓာတ်တိုးနှုန်းကို အလွန်မြင့်မားစေပြီး ခန္ဓာကိုယ်မှာ အဆီတွေကို […]


ကိုယ်အလေးချိန်လျှော့ချခြင်း

သင့်ရဲ့အဆီပိုတွေကို ပျောက်ကင်းသွားအောင် ပြုလုပ်ပေးမယ့် အစားအသောက်များ

သင်ဟာအဝလွန်နေသူလည်း မဟုတ်ပဲ ဘာကြောင့် အဆီပိုတွေ၊ အဖုအထစ်တွေ ခန္ဓါကိုယ်မှာ ရှိနေရသလဲ ဆိုတာ အံ့ဩနေပါသလား။ အမှန်မှာတော့ ဒါဟာ ပုံမှန်သဘာဝပဲ ဖြစ်ပါတယ်။ ပိန်သော သူတွေမှာတောင် ဒီလို အဆီပို အဖုအထစ်တွေဟာ ရှိနေနိုင်ပါတယ်။ အဆီပိုဖုတွေဆိုတာ သင့်ရဲ့ အရေပြားအောက်မှာ ကပ်တင်ကျန်ရှိနေတဲ့ ရိုးရိုးအဆီတွေပဲ ဖြစ်ပါတယ်။ အသားအရေ ချောမှု၊ ကြမ်းမှု စတာတွေနဲ့ဆိုင်တဲ့ ပြဿနာအချို့ကြောင့် အသားအရေရဲ့ တွယ်ဆက်တစ်ရှူးတွေကို ဆန့်ကျင်ပြီး အဆီပိုတွေဟာ တွန်းထွက်လာကာ သင့်ရဲ့ အရေပြားပေါ်မှာ ဖုထစ်ဖောင်းထွက်လာပါတယ်။ သင်ဟာ အချို့သောအစားအသောက် အမျိုးအစားတွေကို စားပေးခြင်းအားဖြင့် သူတို့တွေကို ပျောက်ကင်းစေအောင် လုပ်နိုင်ပါတယ်။ ၎င်းအစားအသောက်တွေက ဘာတွေလဲ။ မပြည့်ဝဆီပါဝင်မှုများသော အစားအသောက်များ ဟော်မုန်းပမာဏ ပြောင်းလဲခြင်းဟာ အဆီပိုတွေဖြစ်စေတဲ့ အကြောင်းအရာတစ်ခုထဲမှာ ပါဝင်ပါတယ်။ အိုမီဂါ သရီး […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ကိုယ်အလေးချိန်ချဖို့ ဘယ်လိုအစီအစဉ်ဆွဲမလဲ

ကိုယ်အလေးချိန်ချဖို့ ဘယ်လိုအစီအစဉ်ဆွဲမလဲ ကိုယ်အလေးချိန်ချဖို့ သင်အဆင်သင့်ဖြစ်နေပြီလား။ လက်တွေ့ပြီးမြောက်အောင် လုပ်နိုင်တဲ့ အစီအစဉ်ဆွဲပြီးရင် အောင်မြင်ဖို့ ကြိုးစားရပါမယ်။ လက်တွေ့ကျတဲ့ရည်မှန်းချက် အနည်းငယ်ကို ကျင့်သုံးဖို့ သတိရပါ။ အဲဒါဟာ အစားအသောက် နဲ့ ကိုယ်လက်လှုပ်ရှားမှုမှာ ပြောင်းလဲခြင်းတစ်ခုနဲ့စတင်တာလည်း ဖြစ်နိုင်ပါတယ်။ တစ်ကြိမ်မှာ အဆင့်တစ်ဆင့်လောက်ပဲ လုပ်ဆောင်ပြီး စိတ်ရှည်ရှည်ထားဖို့ သတိရပါ။ အမြဲတမ်း ကိုယ်အလေးချိန်ကျဖို့ တစ်ည တည်းနဲ့လုပ်လို့မရပါဘူး။ အစီအစဉ်ကို တတ်နိုင်သလောက် အသေးစိတ်ဆွဲပါ။ အောက်ပါအချက်များကို လမ်းညွှန်ချက်အနေနဲ့ အသုံးပြုပါ။   အခုအခြေအနေကဘယ်လိုလဲ ဥပမာ။ လိုချင်တဲ့ ကိုယ်အလေးချိန်ထက်လက်ရှိမှာ ပေါင် ၄၀ ပိုနေတယ်။   ကိုယ်အလေးချိန်ချဖို့ ဘာတွေစလုပ်ရမလဲ ဥပမာ--- ၁။ တစ်ပတ်ကို ၅ရက်လောက် နေ့လယ်စာစားပြီးချိန်တွေမှာ နာရီဝက်လောက် လမ်းမြန်မြန်လျှောက်မယ်။ ၂။ ပုံမှန်ဆိုဒါနဲ့ လက်ဖက်ရည်အချိုတွေအစား ကယ်လိုရီမပါသောအချိုရည် နဲ့ ရေကို ပြောင်းသောက်မယ်။ ဘယ်အချိန်မှာ လုပ်မလဲ ဥပမာ။ ၁။ နေ့လည်စာစားချိန်မှာ နာရီဝက်လောက် လမ်းလျှောက်မယ်။ ၂။ အစာစားတိုင်း […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ကိုယ်အလေးချိန် မြန်မြန်ကျအောင် ဘယ်လိုလုပ်ကြမလဲ

ကိုယ်အလေးချိန်မြန်မြန်ကျအောင်ဘယ်လိုလုပ်ရမလဲ။ သင်ဟာဝိတ်ချဖို့အဆင်သင့်ဖြစ်နေပြီလား။ သင့်အနေနဲ့လက်တွေ့အကျဆုံးအထိရောက်ဆုံးအစီအစဉ်တွေနဲ့အောင်မြင်နိုင်ဖို့အခွင့်အရေးကိုမြှင့်တင်နိုင်ပါတယ်။ လက်တွေ့ကျပြီးသင် ပြုလုပ်နိုင်မယ့်ပန်းတိုင်ကိုအရင်သတ်မှတ်ပါ။ဥပမာ - သင့်အစားအသောက်ပုံစံမှာတစ်ခုခုပြောင်းလိုက်တာမျိုး၊သင့်ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုပြောင်းလိုက်တာမျိုးတို့ဖြစ်ပါတယ်။ စိတ်ရှည်ရှည်နဲ့တစ်ကြိမ်ကိုတစ်ဆင့်ချင်းစီပဲသွားပါ။ တစ်ညတည်းနဲ့တစ်သက်လုံးအတွက်ကိုယ်အလေးချိန်ကျအောင်လုပ်နိုင်တာမျိုးမရှိပါဘူး။ သင့်အစီအစဉ်တွေကိုအတတ်နိုင်ဆုံးတိတိကျကျဖြစ်အောင်လုပ်ပါ။ အောက်မှာဖော်ပြထားတာတွေကိုလမ်းညွှန်အဖြစ်အသုံးပြုပါ။   ငါအခုဘယ်အခြေအနေမှာလဲ ဥပမာ -ကျွန်တော်လိုချင်တဲ့ ကိုယ်အလေးချိန်ထက် ပေါင်၄၀များနေတယ်ဆိုပါတော့။ အဲဒါဆိုရင်အောက်မှာပြထားတာတွေကကိုယ်အလေးချိန်ကျဖို့ကျွန်တော်ဘာလုပ်ရမလဲဆိုတာပါပဲ။ ဥပမာ - တစ်ပတ်ငါးရက်နေ့လည်စာစားချိန်တွေမှာမိနစ်၃၀ကျွန်တော်လမ်းလျှောက်မယ်။ ဆိုဒါနဲ့အချို ရည်တစ်ခုခုသောက်မယ့်အစား ကယ်လိုရီမပါတဲ့ ဆိုဒါ နဲ့ရိုးရိုးရေပြောင်းသောက်မယ်။ ကျွန်တော်ဘယ်အချိန်တွေမှာလုပ်မလဲဆိုတော့ ဥပမာ - တစ်ပတ်လုံး နေ့လည်စာစားချိန်မှာမိနစ်၃၀လမ်းလျှောက်မယ်။ အစာစားချိန်တွေကြားမှာ လမ်းလျှောက်မယ်။ ကျွန်တော်အဆင်သင့်ဖြစ်ထားရမှာတွေက ဥပမာ - သက်တောင့်သက်သာရှိစေတဲ့လမ်းလျှောက်ရှူးဖိနပ်တွေလိုပါမယ်။ ကယ်လိုရီမပါတဲ့ဆိုဒါတွေဝယ်ဖို့လိုပါမယ်။ ဒါတွေ ကျွန်တော့အစီအစဉ်ကိုနှောင့်ယှက်နိုင်တယ်။ ဥပမာ - မိုးရွာခဲ့ရင်ကျွန်တော်လမ်းလျှောက်လို့မရတော့ပါဘူး။ ကယ်လိုရီမပါတဲ့ဆိုဒါကုန်ချင်ကုန်သွားနိုင်တယ်။ အဲလိုတွေဖြစ်လာရင်ကျွန်တော် ဒါတွေအစားထိုးလုပ်မယ်။ ဥပမာ - မိုးလုံလေလုံ အပန်းဖြေစင်တာကိုသွားပြီးအထဲမှာလမ်းလျှောက်မယ်။ ကယ်လိုရီမပါတဲ့ ဆိုဒါတွေမကုန်သွားအောင်ကြိုစီစဉ်မယ်ဒါမှမဟုတ်ရေပဲသောက်တော့မယ်။ အခုပြောမှာကကျွန်တော်ဘယ်အချိန်စမလဲဆိုတာပါပဲ။ ဥပမာ - ဒီပန်းတိုင်နှစ်ခုလုံးကိုတနင်္လာနေ့မှာကျွန်တော်စလုပ်မယ်။ ဒီမှာကကျွန်တော့်ကိုကျွန်တော်ဘယ်လိုဆုချမလဲဆိုတာပါပဲ (ဆုချတဲ့ထဲအစားအစာမပါစေပါနဲ့) ဥပမာ - နောက်လအထိဒီအစီအစဉ်အတိုင်းလုပ်နိုင်ရင်ရုပ်ရှင်ရုံသွားမယ်။ သင်ပထမပန်းတိုင်ကိုရောက်တာနဲ့ နောက်ထပ်ပန်းတိုင်အသစ်တွေထပ်လုပ်ပါ။ နောက်ထပ်အဆင့်တွေအတွက်ဥပမာများ တစ်ပတ်ကို ၅ ရက်၊ တစ်ရက်ကိုမိနစ် ၃၀ အစားမိနစ် ၄၀ တိုးလျှောက်မယ်။ နေ့လည်သရေစာကိုကွတ်ကီးအစား သစ်သီးဝလံတွေပြောင်းစားမယ်။   Hello Health Group […]


ကိုယ်အလေးချိန်လျှော့ချခြင်း

သင့်ရဲ့ ကိုယ်အလေးချိန်ကို ဘယ်လောက်မှာ ထိန်းထားမလဲ

သင့်ရဲ့ကိုယ်အလေးချိန်ကို ဘယ်လောက်မှာ ထိန်းထားမလဲ။ DASH စားသောက်မှုပုံစံကကိုယ်အလေးချိန် ကိုလွယ်လွယ်ကူကူကျစေပါတယ်။ အသီးတွေ၊ဟင်းသီးဟင်းရွက်တွေပေါ်မှာအခြေခံထားတဲ့ကျန်းမာတဲ့စားသောက်မှုပုံစံနဲ့ DASH စားသောက်မှုပုံစံဟာသင့်ကိုစိတ်ကျေနပ်စေမှာဖြစ်သလိုအစားလွန်သွားမှာလည်းပူစရာမလိုပါဘူး။ လေ့လာမှုတွေအရကယ်လ်ဆီယမ်ပါဝင်နှုန်းမြင့်တဲ့နို့ထွက်ထုတ်ကုန်တွေကကိုယ်အလေးချိန်ကျစေတာ တွေ့ရပါတယ်။DASH စားသောက်မှုပုံစံကလည်းအလေးချိန်ကျဖို့ သော့ချက်တစ်ခုပါဘဲ။ ကိုယ်အလေးချိန်ကျခြင်းက သွေးတိုးကျစေဖို့အတွက်အရေးအကြီးဆုံးအချက်ဖြစ်ပါတယ်။DASH စားသောက်မှုပုံစံနဲ့ဝိတ်လျှော့ရင်ပိုပြီးကောင်းမွန်တဲ့ ကောင်းကျိုးတွေရနိုင်ပါတယ်။ လေ့လာမှုတွေအရ DASH စားသောက်မှုပုံစံကဝိတ်ကျစေတယ်လို့ဆိုပါတယ်။ ဒီစားသောက်မှုပုံစံမှာအသီးနဲ့အရွက်တွေပါတဲ့အတွက်သင်ဟာကယ်လိုရီတွေအများကြီးစားစရာမလိုဘဲဗိုက်ပြည့်စေပါတယ်။ အဆီပါဝင်မှုနည်းတဲ့အသား၊ငါး နဲ့ကြက်သား၊ ဘဲသား တို့လိုအသားတွေကပရိုတိန်းအများကြီးပါပြီးတခြားအသားတွေနဲ့ယှဉ်ရင်ကယ်လ်လိုရီနည်းပါတယ်။ဥပမာ - ပုစွန်ပြုတ်ရှစ်အောင်စကအမဲသားသုံးအောင်စနဲ့ကယ်လိုရီပါဝင်နှုန်းတူတူဖြစ်ပြီး ဗိုက်ပိုပြည့်စေပါတယ်။ အဆီပါဝင်မှုနည်းတဲ့နို့ထွက်ထုတ်ကုန်တွေကပုံမှန်နို့ထွက်ထုတ်ကုန်တွေထက်ပိုပြီးကယ်လိုရီနည်းပါတယ်။ လေ့လာမှုတွေအရကယ်လ်ဆီယမ်ပါဝင်မှုများပြီးအဆီပါဝင်မှုနည်းတဲ့နို့ထွက်ထုတ်ကုန်တွေကဝိတ်ချရာမှာအထောက်အကူပြုပြီးအထူးသဖြင့်ခါးတစ်ဝိုက်ကအဆီတွေကိုမတက်စေပါဘူး။ အဝလွန်ခြင်းက သွေးတိုးစေတဲ့အဓိကအကြောင်းအရာတွေထဲကတစ်ခုပါ။ ကလေးတွေနဲ့ဆယ်ကျော်သက်တွေမှာအဝလွန်ခြင်းကပိုပြီးကြောက်စရာကောင်းပါတယ်။ သွေးတိုးရှိတဲ့မိဘတွေကသူတို့ကိုယ်တိုင် DASH စားသောက်မှုပုံစံကိုစားလာရတဲ့အတွက်သူတို့ကလေးတွေကိုပါကယ်လ်လိုရီများတဲ့အစားအစာတွေကိုရှောင်ပြီးစနစ်တကျ ကျွေးတတ်လာကြပါတယ်။ မိဘအနေနဲ့ကျန်းမာတဲ့အလေ့အကျင့်တွေကို ဒီလို စံပြ စားသောက်နေထိုင်ပြခြင်းဖြင့်ကလေးတွေဘဝတစ်လျှောက်လုံး သွေးတိုးကိုကြိုတင်ကာကွယ်ပြီးသားဖြစ်သွားပါတယ်။ သင့်ရဲ့အပြုအမူတွေနဲ့ နေထိုင်မှုပုံစံတွေကသင့်တစ်မိသားစုလုံးအတွက်အရေးကြီးတယ်ဆိုတာသိလိုက်ရတဲ့အခါသင့်ကိုစားသောက်မှုပုံစံနဲ့ နေထိုင်မှုပုံစံကို ပြောင်းလဲဖို့အားပေးပါတယ်။   ကျန်းမာတဲ့ကိုယ်အလေးချိန်ဆိုတာဘာလဲ ? သိပ်မကြာသေးခင်က BMI (Body Mass Index, ရှိသင့်တအလေးချိန်နဲ့အရပ်ကိုပြသောအညွှန်းကိန်း) ကကျန်းမာတဲ့ကိုယ်အလေးချိန်ကိုရဖို့အတွက်အရေးကြီးတဲ့ တိုင်းတာမှု တစ်ခုဖြစ်လာပါတယ်။ ခန္ဓါကိုယ်ရှိအဆီပိုရာခိုင်နှုန်းတိုင်းတာခြင်းသည်လည်း ကျန်းမာမှုရှိမရှိကိုပြသောအညွှန်းတစ်ခုဖြစ်ပါတယ်။ ပညာရှင်တွေကကျန်းမာတဲ့ကိုယ်အလေးချိန်ဆိုတာသင့်ကိုကျန်းမာရေးဆိုင်ရာပြဿနာများမဖြစ်စေတဲ့ ကိုယ်အလေးချိန် (သို့) […]


ကိုယ်အလေးချိန်လျှော့ချခြင်း

အဆီပိုများဖြစ်ရခြင်းအကြောင်းရင်း

တချို့လူတွေက Cellulite ဆိုတာ အဆီပဲ လို့ပြောကြတယ်။ အချို့ကတော့ Cellulite မှာ အရေပြားအောက်မှာ ပိုနေတဲ့ ရေတွေနဲ့ ပိတ်မိနေတဲ့ အဆိပ်အတောက်တွေ ပါဝင်တယ်လို့ ဆိုကြတယ်။ အမှန်ကတော့ Cellulite ဟာ အရေပြားရဲ့ ပုံသဏ္ဍာန်ကို ပျက်ပြားစေပြီး အဆီဖုလေးတွေ အရေပြားအောက်မှာရှိနေတာကြောင့် ခွက်နေ၊ အဖုထနေတဲ့ ပုံစံမျိုးဖြစ်တဲ့ အခြေအနေကို ဆိုလိုတာ ဖြစ်ပါတယ်။ အဆီဟာ သူ့ချည်းဆိုရင် Cellulite ရဲ့ဖုထစ်နေတဲ့ ပုံစံမျိုးဖြစ်အောင် မလုပ်ပါဘူး။ မှန်ကန်တဲ့ အခြေအနေမှာဆိုရင် အဆီဟာ လှပစေပါတယ်။ တကယ်တော့ မျက်နှာကအဆီဟာ ငယ်ရွယ်တဲ့လူတွေရဲ့ မျက်နှာမှာတွေ့ရတဲ့ ချောမွေ့လှပတဲ့ ပါးလေးတွေကို ဖြစ်စေပါတယ်။ ပလပ်စတစ် ဆာဂျင်တွေက လူနာတွေရဲ့ မျက်နှာနဲ့ ကိုယ်ခန္ဓါထဲကို အဆီထိုးသွင်းဖို့အတွက် ပိုက်ဆံအများကြီး ယူကြတာဖြစ်ပါတယ်။ တကယ်တော့ အဆီထိုးခြင်းဟာ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ကျန်းကျန်းမာမာနဲ့ မြန်မြန်ဆန်ဆန် ကိုယ်အလေးချိန်ကျစေမည့် နည်းလမ်းကောင်းများ

ယခုပြောမှာကတော့ ရင်းနှီးနေပြီးသား အကြောင်းအရာတစ်ခုပါပဲ။ သင် နေ့စဉ် အစားအသောက်တွေနဲ့ ကယ်လိုရီကို တွက်ချက်လေ့ရှိပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ ရုံးမှာ ကိတ်မုန့်လုံးတွေကို စားခြင်း (သို့) အချိုရည်တွေကို သောက်ခြင်း ပြုလုပ်နေနိုင်ပြီး ဝိတ်လျှော့တာတော့ သွားပြန်ပြီလို့ စဉ်းစားမိမှာပါ။ တစ်ပတ်လောက်ကို စားသမျှထက် ၅၀၀ ကယ်လိုရီပိုပြီး နေ့စဉ် လောင်ကျွမ်းစေနိုင်လျှင် တစ်ပေါင်ကနေ နှစ်ပေါင်အထိ ကျဆင်းနိုင်ပါတယ်။ ကိုယ်အလေးချိန် မြန်မြန်ကျဆင်းချင်ရင်တော့ အစားလျှော့စားပြီး ကိုယ်လက်လှုပ်ရှားမှု ပိုလုပ်ဖို့ လိုအပ်ပါတယ်။ ဥပမာ ။ သင်ဟာ ကိုယ်အလေးချိန် ပေါင် ၂၅၀ ကျော်ခဲ့ရင် တစ်နေ့ကို ၁၀၅၀-၁၂၀၀ ကယ်လိုရီစားပြီး လေ့ကျင့်ခန်း တစ်ရက်ကို တစ်နာရီလုပ်ရင် ပထမ အပတ်မှာ သုံးပေါင်ကနေ ငါးပေါင်အထိ ကျဆင်းနိုင်ပါတယ်။ လိုအပ်တာထက်ပိုတဲ့ ကယ်လိုရီလျှော့ခြင်းဟာ အန္တရာယ် ရှိတာမို့ မပြုလုပ်လုပ်သင့်ပါဘူး။ ဒီဆောင်းပါးမှာ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဘီယာဗိုက်ကို ဘယ်လိုဖယ်ရှားကြမလဲ

လူမှုဆက်ဆံရေးကောင်းဖို့အတွက် တစ်ခါတစ်ရံမှာ ပါတီပွဲတွေနဲ့ ကပွဲတွေကို မဖြစ်မနေတက်ရောက်ရမှာပါ။ အဲ့ဒီမှာ အရက်တွေ ဘီယာတွေကို အလွန်အကျွံသောက်သုံးမိတတ်ပါတယ်။ ဘီယာတွေ အလွန်အကျွံသောက်တဲ့ အကျိုးဆက်အနေနဲ့ ဗိုက်ကြီးပိုပူလာပြီး ပိုပြီးလည်းကြည့်ရဆိုးလာပါတယ်။ ဒါဟာကျန်းမာရေးအတွက်မကောင်းပါဘူး။ လူကြီးဖြစ်လာတဲ့အခါ ပေါင်းသင်းဆက်ဆံရေးအတွက် တက်ရောက်ရမယ့် ပါတီတွေ ကပွဲတွေ တွေ့ဆုံပွဲတွေ ပိုများလာပါတယ်။ ဘီယာတွေ ဝိုင်တွေကိုလည်း အမြဲလိုလို သောက်မိမှာပါ။ ဘီယာပမာဏအများကြီးကို အချိန်အကြာကြီးဆွဲသောက်ပါက ဗိုက်ကလည်းပူသည်ထက် ပိုပူလာမှာပါ။ တစ်နေ့ ကိုယ့်ကိုကိုယ် မှန်ထဲမှာကြည့်မိတဲ့အခါ ဘီယာဗိုက်ကြီးကိုတွေ့ရမှာပါ။ ဒါက အလွန်အန္တရာယ်များပါတယ်။ ဘီယာဗိုက်ကို လူမှုရေးလိုက်စားမှုကြောင့်ဖြစ်တဲ့ နာမကျန်းမှုအဖြစ် မှတ်ယူထားကြပါတယ်။ ဘီယာသောက်သူတိုင်းမှာတော့မဖြစ်ပါဘူး။ ကြည့်ကောင်းချင်လို့ပဲဖြစ်ဖြစ် ကျန်းမာရေးကောင်းချင်လို့ပဲဖြစ်ဖြစ် ဘီယာဗိုက်ကိုလျှော့ချနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဘီယာဗိုက်ဘာကြောင့် ရှိနေတာလဲ။ ဘီယာဗိုက်ဆိုတာ သင့်ရဲ့ဗိုက်က ဘောင်းဘီရဲ့ရှေ့ကို ပြူထွက်နေတာမျိုးပဲဖြစ်ပါတယ်။ သင်ဟာ ကယ်လိုရီတွေအများကြီးစားမိပြီး ပြန်လည်မသုံးစွဲမိတဲ့အခါမျိုးမှာ ဖြစ်တတ်ပါတယ်။ နာမည်နဲ့ဆန့်ကျင်စွာဘဲ ဘီယာဗိုက်က […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဖျော်ရည်ဖြင့် ကိုယ်အလေးချိန်လျှော့ချခြင်း

ကိုယ်အလေးချိန်လျှော့ချဖို့ ထိရောက်တဲ့ နည်းလမ်းကိုရှာရတာဟာလူအတော်များများကြားမှာထင်ရှားတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။ ဒီခေတ်ကြီးမှာလူတွေဟာဖျော်ရည်သောက်ပြီးကိုယ်အလေးချိန်လျှော့ချဖို့ ကြိုးစားလာကြပါတယ်။ သို့သော်ဒါဟာထိရောက်မှု ရှိမရှိကိုတွေဝေနေကြတုံးပါပဲ။ သင့်မှာအလားတူမေးခွန်းရှိနေရင် ဒီဆောင်းပါးဟာအသုံးဝင်တဲ့ အချက်အလက်တွေ ပြောပြမှာဖြစ်ပါတယ်။   အဝလွန်ခြင်းနဲ့ ကျန်းမာရေး ပြဿနာများ ကိုယ်အလေးချိန် တစ်ပေါင် ပိုတက်လာလေလေမတူညီတဲ့ ကျန်းမာရေး ပြဿနာတွေ အခု၅၀လောက် ပိုရင်ဆိုင်ရလာလေလေ ဖြစ်ပါတယ်။ ဟားဗတ် တက္ကသိုလ်မှလေ့လာမှုတစ်ခုအရကိုယ်အလေးချိန်များတဲ့ (သို့) အဝလွန်တဲ့သူတွေဟာ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ကင်ဆာနဲ့ စိတ်ကျရောဂါတို့ကိုပိုမိုခံစားရဖွယ်ရှိတယ်လို့ ဖော်ပြပါတယ်။ ကိုယ်အလေးချိန်နဲ့ စိတ်ကျခြင်း - ၂၀၁၀မှာ ထုတ်ဝေခဲ့တဲ့ စိတ်ကျန်းမာရေးလေ့လာမှုတစ်ခုအရအဝလွန်ခြင်းဟာပုံမှန်ကိုယ်အလေးချိန်ရှိတဲ့သူတွေနဲ့ ယှဉ်ရင် စိတ်ကျရောဂါဖြစ်နိုင်ခြေကို ၅၅ရာခိုင်နှုန်းပိုမိုဖြစ်ပွားနိုင်တယ်လို့ဆိုပါတယ်။ ကိုယ်အလေးချိန်နှင့် ကင်ဆာ - အင်္ဂလန် ဆေးပညာဂျာနယ်တစ်ခုမှာထုတ်ဝေခဲ့တဲ့လေ့လာမှုတစ်ခုကအဝလွန်ခြင်းနဲ့ ကင်ဆာအတော်များများရဲ့ ဆက်နွယ်မှုကိုဖော်ပြခဲ့ပါတယ်။ အမျိုးသားရောအမျိုးသမီးမှာပါ အဝလွန်ခြင်းဟာအစာပြွန်၊ အူမကြီး၊ အစာဟောင်းအိမ်၊ အသည်းနဲ့ ကျောက်ကပ်ကင်ဆာတို့ကို ဖြစ်နိုင်ချေ ပိုမိုများပြားစေပါတယ်။ အမျိုးသားတွေမှာ အစာအိမ် (သို့) ဆီးကျိတ်ကင်ဆာအပြင်းအထန် ခံစားနေရသူတွေဟာ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်