
ဒီလိုမျိုး မြန်မြန်ဝိတ်ကျရမယ်ဆိုရင် Dietကို တော်တော်ထိန်းထားမှ ရမှာပါ။ အများစုက ဘာမှမစား ဒါမှမဟုတ် အစားတွေ မတရားရှောင်ကြတဲ့အတွက် ကယ်လိုရီအပြင် တခြားလိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်၊ ပရိုတင်းတွေပါ ချို့တဲ့လာပါတယ်။ ဒါကြောင့်
-ဝမ်းချုပ်တာ
-နုံးတာ
-အရိုးအဆစ်တွေ ကိုက်တာ
-ခုခံအားကျပြီး ဖျားနာတာ
-ဆံပင်တွေ ကျွတ်တာ ဖြစ်လာပါတယ်။
ဒါကြောင့် ကယ်လိုရီကို လျှော့လို့ရပါတယ်။ ဒါပေမယ့် တစ်ရက်ကို ၅၀၀ ကယ်လိုရီထက်တော့ ပိုမလျှော့ပါနဲ့။ တခြားလိုအပ်တဲ့ အာဟာရတွေ ပြည့်မီအောင်လည်း စားဖို့ လိုပါတယ်။
ခန္ဓာကိုယ်မှာ ရုတ်တရက် ကိုယ်အလေးချိန်ထိုးကျသွားရင် ကိုယ်ထဲက ဟော်မုန်းတွေ ကမောက်ကမဖြစ်တတ်ပါတယ်။ ရလဒ်အနေနဲ့ အမျိုးသမီးတွေ သားဥမကြွေတာ၊ ရာသီထိမ်တာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကလေးယူဖို့ စီစဉ်ထားရင် မြန်မြန်ဝိတ်မချဖို့ လိုပါတယ်။
ပုံမှန်ဆိုရင် အစာစားလိုက်တဲ့အခါ သည်းခြေအိတ်ကနေ အစာခြေရည်တွေ ထွက်လာပြီး ချေဖျက်ပေးပါတယ်။ အစားရှောင်လွန်း ဒါမှမဟုတ် မစားဘဲ အကြာကြီးနေလွန်းတဲ့အခါ ဒီအစာခြေရည်တွေက သည်းခြေအိတ်ထဲမှာစုပြီး ခဲလာပါတယ်။ ဒီလိုနဲ့ သည်းခြေကျောက်ဖြစ်လာပါတယ်။
ကျန်းမာရေးနဲ့အညီ ဝိတ်ကျစေဖို့
ဆယ်စုနှစ်နဲ့ ချီပြီး စုထားတဲ့ အဆီတွေကို တစ်လ၊ နှစ်လလောက်နဲ့ ချဖို့က လက်တွေ့မကျပါဘူး။ ဝိတ်ချတာက စိတ်တော့ ရှည်ရပါတယ်။ အထူးသဖြင့် ရေရှည်မှာ ကိုယ်အလေးချိန်ကို ကြာကြာ ထိန်းထားနိုင်ဖို့နဲ့ ဘေးထွက်ဆိုးကျိုးမရှိဖို့ဆိုရင် လောဘမကြီးဘဲ ဝိတ်ချသင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။