backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကိုယ်အလေးချိန် မြန်မြန်ကျအောင် ဘယ်လိုလုပ်ကြမလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Kyaw Thura Htun မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကိုယ်အလေးချိန် မြန်မြန်ကျအောင် ဘယ်လိုလုပ်ကြမလဲ

ကိုယ်အလေးချိန်မြန်မြန်ကျအောင်ဘယ်လိုလုပ်ရမလဲ။

သင်ဟာဝိတ်ချဖို့အဆင်သင့်ဖြစ်နေပြီလား။ သင့်အနေနဲ့လက်တွေ့အကျဆုံးအထိရောက်ဆုံးအစီအစဉ်တွေနဲ့အောင်မြင်နိုင်ဖို့အခွင့်အရေးကိုမြှင့်တင်နိုင်ပါတယ်။ လက်တွေ့ကျပြီးသင် ပြုလုပ်နိုင်မယ့်ပန်းတိုင်ကိုအရင်သတ်မှတ်ပါ။ဥပမာ – သင့်အစားအသောက်ပုံစံမှာတစ်ခုခုပြောင်းလိုက်တာမျိုး၊သင့်ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုပြောင်းလိုက်တာမျိုးတို့ဖြစ်ပါတယ်။

စိတ်ရှည်ရှည်နဲ့တစ်ကြိမ်ကိုတစ်ဆင့်ချင်းစီပဲသွားပါ။ တစ်ညတည်းနဲ့တစ်သက်လုံးအတွက်ကိုယ်အလေးချိန်ကျအောင်လုပ်နိုင်တာမျိုးမရှိပါဘူး။ သင့်အစီအစဉ်တွေကိုအတတ်နိုင်ဆုံးတိတိကျကျဖြစ်အောင်လုပ်ပါ။ အောက်မှာဖော်ပြထားတာတွေကိုလမ်းညွှန်အဖြစ်အသုံးပြုပါ။

ငါအခုဘယ်အခြေအနေမှာလဲ

ဥပမာ -ကျွန်တော်လိုချင်တဲ့ ကိုယ်အလေးချိန်ထက် ပေါင်၄၀များနေတယ်ဆိုပါတော့။

အဲဒါဆိုရင်အောက်မှာပြထားတာတွေကကိုယ်အလေးချိန်ကျဖို့ကျွန်တော်ဘာလုပ်ရမလဲဆိုတာပါပဲ။

ဥပမာ –

  • တစ်ပတ်ငါးရက်နေ့လည်စာစားချိန်တွေမှာမိနစ်၃၀ကျွန်တော်လမ်းလျှောက်မယ်။
  • ဆိုဒါနဲ့အချို ရည်တစ်ခုခုသောက်မယ့်အစား ကယ်လိုရီမပါတဲ့ ဆိုဒါ နဲ့ရိုးရိုးရေပြောင်းသောက်မယ်။

ကျွန်တော်ဘယ်အချိန်တွေမှာလုပ်မလဲဆိုတော့

ဥပမာ –

  • တစ်ပတ်လုံး နေ့လည်စာစားချိန်မှာမိနစ်၃၀လမ်းလျှောက်မယ်။
  • အစာစားချိန်တွေကြားမှာ လမ်းလျှောက်မယ်။

ကျွန်တော်အဆင်သင့်ဖြစ်ထားရမှာတွေက

ဥပမာ –

  • သက်တောင့်သက်သာရှိစေတဲ့လမ်းလျှောက်ရှူးဖိနပ်တွေလိုပါမယ်။
  • ကယ်လိုရီမပါတဲ့ဆိုဒါတွေဝယ်ဖို့လိုပါမယ်။

ဒါတွေ ကျွန်တော့အစီအစဉ်ကိုနှောင့်ယှက်နိုင်တယ်။

ဥပမာ –

  • မိုးရွာခဲ့ရင်ကျွန်တော်လမ်းလျှောက်လို့မရတော့ပါဘူး။
  • ကယ်လိုရီမပါတဲ့ဆိုဒါကုန်ချင်ကုန်သွားနိုင်တယ်။

အဲလိုတွေဖြစ်လာရင်ကျွန်တော် ဒါတွေအစားထိုးလုပ်မယ်။

ဥပမာ –

  • မိုးလုံလေလုံ အပန်းဖြေစင်တာကိုသွားပြီးအထဲမှာလမ်းလျှောက်မယ်။
  • ကယ်လိုရီမပါတဲ့ ဆိုဒါတွေမကုန်သွားအောင်ကြိုစီစဉ်မယ်ဒါမှမဟုတ်ရေပဲသောက်တော့မယ်။

အခုပြောမှာကကျွန်တော်ဘယ်အချိန်စမလဲဆိုတာပါပဲ။

ဥပမာ – ဒီပန်းတိုင်နှစ်ခုလုံးကိုတနင်္လာနေ့မှာကျွန်တော်စလုပ်မယ်။

ဒီမှာကကျွန်တော့်ကိုကျွန်တော်ဘယ်လိုဆုချမလဲဆိုတာပါပဲ (ဆုချတဲ့ထဲအစားအစာမပါစေပါနဲ့)

ဥပမာ – နောက်လအထိဒီအစီအစဉ်အတိုင်းလုပ်နိုင်ရင်ရုပ်ရှင်ရုံသွားမယ်။

သင်ပထမပန်းတိုင်ကိုရောက်တာနဲ့ နောက်ထပ်ပန်းတိုင်အသစ်တွေထပ်လုပ်ပါ။

နောက်ထပ်အဆင့်တွေအတွက်ဥပမာများ

  • တစ်ပတ်ကို ၅ ရက်၊ တစ်ရက်ကိုမိနစ် ၃၀ အစားမိနစ် ၄၀ တိုးလျှောက်မယ်။
  • နေ့လည်သရေစာကိုကွတ်ကီးအစား သစ်သီးဝလံတွေပြောင်းစားမယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Kyaw Thura Htun မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement