ကိုယ်အလေးချိန်လျှော့ချခြင်း

ကျန်းမာနဲ့ ညီညွတ်စွာ ဝိတ်ကျချင်တယ်ဆိုရင် သင့်တော်တဲ့ အစားအသောက် စားဖို့ လိုပါတယ်။ ပညာရှင်တွေ ညွှန်ကြားထားတဲ့ နည်းလမ်းကောင်းတွေနဲ့ သင့်ရဲ့ ဝိတ်ချခြင်း ခရီးစဉ်ကို ကူညီပေးပါရစေ။

ကျန်းမာရေးဗဟုသုတ

ကိုယ်အလေးချိန်လျှော့ချခြင်း

ကျန်းမာတဲ့ ကိုယ်အလေးချိန် ပိုင်ဆိုင်စေဖို့ ထောက်ကူပေးနိုင်တဲ့ သဘာဝ လက်ဆောင်

လူတစ်ယောက်ကျန်းမာစေဖို့အတွက် အရေးပါတဲ့ အချက် တစ်ချက်ရှိပါတယ်။ ဒါကတော့ ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိဖို့ပါ။ ကိုယ်အလေးချိန်က ရှိသင့်တာထက် များနေမယ်။ အဝလွန်နေမယ်ဆိုရင် နှလုံးရောဂါ၊ အမျိုးအစား -၂ ဆီးချိုရောဂါ၊ လေဖြတ်တာ၊ အရိုးပွတာ၊ အစာခြေစနစ်ပြဿနာ၊ အိပ်စက်မှုဆိုင်ရာ ကျန်းမာရေး ပြဿနာတွေနဲ့ ကင်ဆာရောဂါတွေ ခံစားရနိုင်ပါတယ်။ ဒီတော့ ကျန်းမာပြီး နေ့ရက်တိုင်းကို သွက်လက်တက်ကြွစွာနဲ့ ဖြတ်သန်းချင်တယ်ဆိုရင် ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် မပိုအောင် သေချာလေး ဂရုစိုက် ထိန်းသိမ်းဖို့ လိုပါမယ်။ ဒီလို ထိန်းသိမ်းတဲ့အခါ အစားလျှော့စားတာ၊ လေ့ကျင့်ခန်း လုပ်တာတွေကို သင့်တင့်မျှတအောင် လုပ်ဆောင်ဖို့ လိုပါမယ်။ ကျန်းမာတဲ့ ကိုယ်အလေးချိန် ပိုင်ဆိုင်စေဖို့ မေ့ထားလို့ မရတဲ့အရာတစ်ခု ကျန်းမာတဲ့ ကိုယ်အလေးချိန် ပိုင်ဆိုင်စေဖို့ မေ့ထားလို့ မရတဲ့အရာတစ်ခုကတော့ လေ့ကျင့်ခန်း လုပ်တာပါ။ လေ့ကျင့်ခန်း လုပ်တယ်ဆိုတဲ့နေရာမှာတော့ […]

ကိုယ်အလေးချိန်လျှော့ချခြင်း ကို ရှာဖွေမည်။

ကိုယ်အလေးချိန်လျှော့ချခြင်း

အာရှ အစားအစာတွေဟာ သင့်ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူပြုပါတယ်။

အခုခေတ်မှာ ကျွန်မတို့ရဲ့ အမြဲအလုပ်ရှုပ်နေတတ်တဲ့ လူနေမှုဘဝပုံစံကြောင့် အပြင်ထွက်စားပြီးအမြန်ရတဲ့ အစားအစာတွေ စားသောက်ခြင်းဟာအလွန်တွေ့ရများပါတယ်။ အကျိုးဆက်အနေနဲ့ကတော့ အဝလွန်ရောဂါ ခံစားရတာပါပဲ။ ဒါပေမယ့် အဝလွန်ရောဂါကိုကုသဖို့ဆိုတာအိမ်နဲ့ အလွန်နီးကပ်ပါတယ်။ အာရှအစားအစာတွေဟာသင့်ကိုယ်အလေးချိန်ကိုထိန်းသိမ်းဖို့အတွက် အထိရောက်ဆုံးနည်းလမ်းလို့ ယူဆကြပါတယ်။ ဆန်ဖြူဟာဆန်ညိုထက်ပိုကောင်းပါတယ်။ ဆန်ညိုဟာဆန်ဖြူကိုအပေါ်ကထူထဲတဲ့ အခွံအုပ်ထားတာဖြစ်ပါတယ်။ သူဟာသစ်ကြားသီးကိုအပေါ်ကအခွံမခွာပဲစားနေခြင်းလိုမျိုးပါ။ အခွံထဲမှာအာဟာရတွေ ပါဝင်ပေမယ့် ၎င်းတို့ဟာဇီဝဆိုင်ရာအကျိုးရှိမှု အလွန်နည်းပါးပါတယ်။ ခန္ဓါကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကို နှေးကွေးသွားစေပြီးစွမ်းအင်းတွေကိုသုံးစွဲပစ်လိုက်တဲ့ အခွံကိုခြေဖျက်ခြင်းက ကျွန်မတို့ ခန္ဓါကိုယ်ကအချိန်တွေ အားအင်တွေကို ဖြုန်းတီးပစ်လိုက်ပါတယ်။ နီမှိုင်းသောအသားအသားအနည်းငယ် စားသင့်ပါတယ်။ လူအတော်များများဟာနီရဲသောအသားအလွန်အကျွံစားသုံးကြပြီးဒါဟာကျန်းမာရေးဆိုင်ရာ ပြဿနာအမြောက်အမြားနဲ့ သိသိသာသာဆက်စပ်မှု ရှိတာတွေ့ရှိရပါတယ်။ သတ်သတ်လွတ်စားသူတွေတော့ ဒီပြဿနာတွေ မခံစားရပေမယ့် သူတို့ကတော့ လိုအပ်တာထက် ပိုပါတယ်။ နီမှိုင်းသောအသားမစားသုံးတော့ခြင်းဟာခဏတာတိုးတက်ခြင်းတွေ ခံစားရနိုင်ပေမယ့် အတော်များများဟာရေရှည်မှာတော့ မလုံလောက်ခြင်းဖြစ်တတ်ပါတယ်။ တရုတ်တွေကတော့ နို့တိုက်သတ္တဝါတွေရဲ့ အသားကိုတစ်ပတ်ကိုနှစ်ကြိမ် နှစ်အောင်စလောက် စားသုံးသင့်တယ်လို့ တိုက်တွန်းထားပါတယ်။ ငါးနဲ့ ကြက် ငှက်သားတို့ဟာကောင်းမွန်ပေမယ့်လည်းနီမှိုင်းသောအသားတွေကိုအလှည့်ကျ စားသုံးသင့်ပါတယ်။ အဖြူရောင် အသားဟာအရောင်ရင့်တဲ့ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

အစားအသောက်ထိန်းစရာမလိုပဲ ကိုယ်အလေးချိန် လျှော့ချနည်း ဆယ်မျိုး

တချို့သူတွေအတွက်တော့ အစားလျှော့တယ်ဆိုတာထင်သလောက်မလွယ်ပါဘူး။ ပီဇာနဲ့ ချိစ်ဘာဂါတွေကို လျစ်လျူရှုဖို့ ဆိုတာခက်ခဲလွန်းပါတယ်။ သို့သော်လည်းသူတို့ဟာထပ်လည်းမဝချင်ပါဘူး။ ဒါဆိုစွဲဆောင်မှု မရှိတဲ့ သွားရည်ယိုစရာမကောင်းတဲ့ အစားအသောက်တွေကိုစားစရာမလိုပဲမဝအောင်နေလို့ ရပါသလား။ တကယ်တော့ နည်းလမ်းဆယ်ခုရှိပါတယ်။ မနက်စာကိုမစားပဲမနေပါနဲ့။ လူအတော်များများဟာမနက်စောစောထပြီးအလုပ်ကိုတန်းသွားရတဲ့အတွက် မနက်စာမစားပဲနေခြင်းဟာကိုယ်အလေးချိန်ကိုလျှော့ချဖို့ နည်းလမ်းကောင်းတစ်ခုလို့ထင်ပြီးတစ်နေ့တာအတွက် အရေးကြီးတဲ့ အစာဖြစ်တဲ့ မနက်စာကိုမစားပဲနေကြပါတယ်။ ဒါပေမယ့်လည်းလေ့လာချက်တွေအရပထမဆုံးအစာဖြစ်တဲ့ မနက်စာကိုမစားပဲနေခြင်းဟာနောက်စားမယ့်အစာတွေကိုပိုစားစေပါတယ်လို့ တွေ့ရှိရပါတယ်။ တကယ်လို့ မနက်စာကိုမစားဘူးဆိုရင် သင်ဟာတစ်နေကုန် ပိုပြီးတော့စားတော့မှာပါ။ ဒီပုံစံနဲ့တော့ ပိန်အောင်လုပ်ဖို့ မလွယ်ဘူးလေ။   ဖြည်းဖြည်းချင်းစားပါ။ လူတွေရဲ့ ဦးနှောက်ဟာအချက်အလက်တွေကိုဆန်းစစ်ဖို့ အချိန်လိုသလိုအစာခြေဖျက်ဖို့အတွက်လည်းအချိန်လိုအပ်ပါတယ်။ ဒါ့ကြောင့် အစားတစ်ခုကိုခပ်မြန်မြန်ပြီးအောင်စားလိုက်ရင် ဗိုက်ဝသွားတယ်လို့မခံစားရပဲနောက်ထပ်ပိုစားမိဖြစ်ပါတယ်။ သုတေသန ၂၃ ခုကိုဆန်းစစ်ချက်အရအတူတူစားရင်းအရင်စားပြီးသူဟာနောက်မှ စားပြီးသူတွေထက် ဝနိုင်ခြေပိုများပါတယ်။ ဒါ့ကြောင့် ဖြည်းဖြည်းစားခြင်းအားဖြင့် သင့်ဦးနှောက်ကိုဘယ်လောက်ဗိုက်ပြည့်နေပြီလဲဆိုတာစဉ်းစားဖို့ အချိန်ပေးသလိုဖြစ်ပြီးတော့ အစားစားတာလျော့နည်းလာပါလိမ့်မယ်။   ညဘက်ကျရင် မီးဖိုချောင်ထဲမသွားပါနဲ့ ညဘက်မှာအစာစားသောက်ခြင်းဟာကိုယ်အလေးချိန်တိုးစေနိုင်ပါတယ်။ ယုံယုံမယုံယုံတစ်နေ့မှာလေးကြိမ် (သို့) ငါးကြိမ်မြောက်စားတဲ့အစာဟာသင်စားနေတဲ့ အစာကိုများပြားစေပြီးသင်လိုချင်တဲ့ ကိုယ်အလေးချိန်ကိုရဖို့ ကူညီတော့မှာမဟုတ်ပါဘူး။   ကျန်းမာရေးနဲ့ မညီတဲ့ အစားအစာတွေကိုနည်းနည်းချင်းစားသောက်ပါ။ တကယ်တော့ မကျန်းမာတဲ့အစားအစာတွေကိုလုံးဝမစားသင့်ပါဘူး။ ဒါပေမယ့် […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ညဘက်အချိန် ကိုယ်အလေးချိန်လျှော့ခြင်း နည်းလမ်းများ

လူအများစုသည်တစ်နေကုန်လုပ်ငန်းခွင်ဝင်ရသဖြင့်လေ့ကျင့်ခန်းပြုလုပ်ရန်အချိန်မရှိတတ်ကြပေ။ ကျွန်ုပ်တို့တွင်ညပိုင်းသာ အားလပ်သဖြင့်ထိုအချိန်တွင်အားကစားခန်းမလည်းပိတ်သွားပြီဖြစ်သည်။ တစ်နေ့ပြီးတစ်နေ့ကိုယ်အလေးချိန်တက်လာသည်ကိုသာထိုင်ကြည့်နေရသည်။ ထိုအချင်းအရာသည်အမျိုးသမီးများကိုအလွန်စိတ်မကောင်းဖြစ်စေသည်။ ကံကောင်း သည်မှာဤဆောင်းပါးတွင်ညဘက်၌ ကိုယ်အလေးချိန်လျှော့ချနိုင်သည့်အံ့သြဖွယ်နည်းလမ်းများကို ဖော်ပြထားခြင်းဖြစ်သည်။ ဆားပါဝင်မှုနည်းသောညစာကိုစားပါ အငန်များသော/ဆားများသောညစာစားပြီးလျှင်နောက်နေ့ မနက်အိပ်ယာထလျှင်ရင်ပြည့်ရင်ကယ်ဖြစ်တတ်သည်။ အစာချေ လမ်းကြောင်းတွင်ဆားဓါတ်ရှိနေပြီးဆားကရေကိုဆွဲထားသဖြင့် ကိုယ်အလေးချိန်မြင့်တက်မည်မှာအထူးပြောစရာပင်မလိုပေ။ ထို့ကြောင့်ရေနွေးနွေးဖြင့်ချက်ခြင်း၊ဟင်းသီးဟင်းရွက်များကိုရေလုံပြုတ်စားခြင်းစသောပေါ့ပါးလွယ်ကူ၍သင် ကိုယ်တိုင်ချက်ပြုတ်နိုင်သောညစာကိုသာစားသင့် ပါသည်။ ညအခါတွင်အားကစားလုပ်ပါ လေ့ကျင့်ခန်းလုပ်၍ချွေးထွက်သောအခါ ကိုယ်အလေးချိန်လျော့ကျနိုင်ကြောင်းကျွန်ုပ်တို့အားလုံးသိပြီးဖြစ်သည်။ ယခင်ကညဘက်လေ့ကျင့်ခန်းပြုလုပ်ပါက အိပ်ပျော်ရန်ခက်ခဲသည်ဟုထင်ခဲ့သော်လည်းအမှန်မှာထိုသို့မဟုတ်ပါ။ အမေရိကန်အမျိုးသားအိပ်စက်ခြင်းဆိုင်ရာဖောင်ဒေးရှင်းကသုတေသနတစ်ခုတွင်ညဘက်၌လှုပ်လှုပ်ရှားရှား နေသူကထိုသို့မနေသူထက်ပိုမိုကောင်းမွန်စွာအိပ်ပျော်သည်ဟုဆိုပါသည်။ အဘယ်ကြောင့်ဆိုသော်ထိုသို့ပြုလုပ်ခြင်းဖြင့် သင်တစ်နေကုန်စိတ်ဖိစီးခဲ့သမျှပြေလျော့သွားခြင်း၊ အားကစားလုပ်ပြီးပင်ပန်းသောကြောင့် နှစ်ခြိုက်စွာအိပ်ပျော်နိုင်ခြင်းဖြစ်ပါသည်။ သင့်နေ့လည်စာကိုပြင်ဆင်ပါ နောက်တစ်နေ့နေ့လည်စာအတွက်ညကတည်းကပြင်ဆင်ပါ။ ထိုသို့ပြုလုပ်ခြင်းဖြင့်ကယ်လိုရီများစွာကိုသုံးစွဲပြီးသားဖြစ်သွားသည်။ ထို့ပြင်အိမ်တွင်ချက်ပြုတ်သောအစားအစာများသည်စားသောက်ဆိုင်မှအစားအစာများနှင့်ယှဉ်ပါကကယ်လိုရီတစ်ဝက်ခန့်သာရှိပါသည်။ ထို့အစားအစာများနှင့်ယှဉ်ပါကကယ်လိုရီတစ်ဝက်ခန့်သာရှိပါသည်။ ထိုရီ တစ်ဝက်ခန့်သာရှိပါသည်။ ထို့ကြောင့်တစ်ချက်ခုတ်လျှင်နှစ်ချက် ပြတ်နိုင်သည်ဟုဆိုချင်ပါသည်။ ရေများများသောက်ပါ ရေများများသောက်ခြင်း၏အကျိုးကျေးဇူးကိုလူတိုင်းသိသည်။ ရေသောက်ခြင်းသည်ကိုယ်အလေးချိန်လျော့ချရာ၌ကူညီပေးသည့်အပြင်အရေပြားကိုလည်းကောင်းမွန် လှပစေသည်။ သို့သော်လည်းညဘက်ခဏခဏဆီးထမသွားရန်မအိပ်ခင် တစ်နာရီအလို လောက်ထိသာရေသောက်ပေးပါ။ အိပ်ခန်းကိုအလင်းရောင်မှောင်မှောင်သာထားပါ လူတစ်ဦးကလုံးဝမှောင်နေသောနေရာကိုရောက်လျှင်ခန္ဓါကိုယ်က မယ်လယ်တိုနင်ဟုခေါ်သောဟော်မုန်းကိုထုတ်ပေးသည်။ ထိုဟော် မုန်းသည်ကယ်လိုရီ လောင်ကျွမ်းမှုကိုအားပေးသည်။ ထို့ကြောင့်ကိုယ်အလေးချိန်မြန်မြန်လျှော့ချနိုင်ရန်သင့်အိပ်ခန်းကိုမှောင်နိုင်သမျှမှောင်ပါစေ။ အေးမြသောအိပ်ခန်းတွင်အိပ်ပါ အေးသောပတ်ဝန်းကျင်တွင်ခန္ဓါကိုယ်ကိုနွေးထွေးရန်စွမ်းအင်ပိုမို သုံးစွဲရသည်။ ထိုအခါကယ်လိုရီကိုလောင်ကျွမ်းစေပြီးကိုယ်အလေးချိန်ကိုလျော့ကျစေသည်။ ကိုယ်အလေးချိန်လျော့ချခြင်းသည် "မဖြစ်နိုင်သောစစ်ဆင်ရေး" ဟုပြော၍မရတော့ပါ။ အဆင်ပြေသည့်အချက်မှာညဘက်တွင်ပင်ကိုယ်အလေးချိန်လျော့ကျနိုင်ခြင်း ဖြစ်သည်။ အထက်ပါအချက်များကိုလိုက်နာခြင်းဖြင့်လာမည့် ပျော်ပွဲစားရာသီအတွက် သင်၏သွယ်လျသောခန္ဓါကိုယ်ကအဆင်သင့်ဖြစ်နေနိုင်ပါပြီ။ Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


ကိုယ်အလေးချိန်လျှော့ချခြင်း

အစားမလျှော့ဘဲကိုယ်အလေးချိန်လျှော့ချရန်နည်းလမ်းများ

- အချို့လူများအတွက်ကိုယ်အလေးချိန်လျှော့ချရန်အစား လျှော့စားခြင်းသည်နားထောင်ရသလောက်မလွယ်ကူပါ။ ပီဇာနှင့် ဒိန်ခဲသွပ်ထားသောဘာဂါတို့ကိုမစားမိအောင်လုပ်ဖို့ အတော်ခက်သည်။ သို့သော်လည်းထိုသူတို့သည်သူတို့၏ခါးကိုခပ်ဝဝခပ်တုတ်တုတ် လည်းမဖြစ်လိုကြပါ။ သို့ဆိုလျှင်စားမကောင်းသော၊ခံတွင်း မလိုက်သောအစားအစာများကိုမစားရဘဲအခြားနည်းလမ်းများ ရှိပါသေးသလား။ အောက်ပါအချက်(၁၀) ချက်ကိုလေ့လာကြည့်ပါ။ (၁) နံနက်စာစားဖို့မမေ့ပါနှင့် - လူအတော်များများသည်နံနက်စာမစားဘဲနေခြင်းက ကိုယ်အလေးချိန်လျော့ချဖို့အတွက်ကောင်းသည်ဟုထင်နေတတ် ကြသည်။ မနက်စောစောတွင်အလုပ်မီဖို့ပြေးလွှားသွားရတတ်ကြရာအရေးပါသောနံနက်စာကိုစားဖို့မေ့နေတတ်ကြသည်။ သို့သော်လည်းလေ့လာချက်များ၏အဆိုအရနံနက်စာကိုမစားဘဲနေလိုက်သည့်အတွက်နောက်ထပ်စားရမည့် ထမင်းအနပ်များကိုပမာဏများပြားစွာပိုမိုစားဖြစ်စေနိုင်သည်ဟု ဆိုပါသည်။ သို့ဆိုလျှင်သင်၏ဝဖိုင့်သောခါးကိုလျော့ရန်လွယ်ကူပါ တော့မည်လား။ (၂) အစာကိုဖြည်းဖြည်းစားပါ - ကျွန်ုပ်တို့၏ဦးနှောက်ကအချက်အလက်များစုစည်းရန်အချိန်လိုအပ်သကဲ့သို့အစာချေခြင်းသည်လည်းထိုနည်းတူဖြစ်သည်။ ထို့ကြောင့်မြန်၂စားလေဗိုက်ပြည့်ဖို့ခက်လေ ဖြစ်သည်။ ထို့ကြောင့်ပိုမိုစားဖြစ်သွားသည်။ သုတေသီ ၂၃ဦးတို့၏မကြာသေးခင်ကသုံးသပ်ချက်အရ အစားစောစောစားပြီးတတ်သူများသည်ဖြည်းဖြည်းမှန်မှန်စားသူများထက်ကိုယ် အလေးချိန်ပိုများနေတတ်သည်ဟုဖြစ်သည်။ ထိုကြောင့် ဖြည်းဖြည်းစားပါ။ သင့်ဦးနှောက်ကသင်ဗိုက်ဝပြီဖြစ်ကြောင်း သိရှိပြီးနောက်ထပ်မစားမိအောင်သတိပေးပါလိမ့်မည်။ (၃) ညဘက်တွင်မီးဖိုချောင်နှင့်ဝေးဝေးနေပါ - လူအများစုကညဘက်အစားစားလျှင်ကိုယ်အလေးချိန်မြင့်တက် နိုင်သည်ဟုယုံကြည်ကြသည်။ သင်ယုံသည်ဖြစ်စေ၊မယုံသည်ဖြစ်စေ လေးနပ်မြောက်(သို့မဟုတ်)ငါးနပ်မြောက်ညဘက်အစားစားခြင်းကသင်လိုချင်နေသည့်ကိုယ်အလေးချိန်လျော့ချရေးကိုမကူညီနိုင်သည့်အပြင်ပိုမိုသာအလေးချိန်တိုးစေမည်ဖြစ်ပါသည်။ (၄) ကျန်းမာရေးနှင့်မညီညွတ်သောအရာများကိုအနည်းငယ်သာစားပါ - ကျန်းမာရေးနှင့်မညီညွတ်သည်များကိုအနည်းငယ်သားစားသုံးသင့်သည်။ သို့သော်ထိုအစားအစာများသည်အရသာပိုမိုရှိ၍စွဲဆောင်မှုပိုကောင်းသည့်အတွက် သင်မည်သို့ပြုလုပ်မည်နည်း။ ပန်းကန်သေးသေးဖြင့်သာစားပါ။ ထိုအစားအစာများကိုပန်းကန်ထဲသို့အနည်းငယ်သာထည့်ပါ။ အကယ်၍သင်ကပန်းကန်ပြားကြီးကြီးနှင့်စားပါကသင့်ဦးနှောက်ကထိုအစားအစာများကိုနည်းနည်းသာစားရသေးသည်ဟုထင်မှတ်ပြီးအများကြီးစားမိ သွားတတ်သည်။ (၅) ရေများများသောက်ပါ - ရေသောက်ခြင်းကဗိုက်ခဏပြည့်စေသဖြင့်အစာမစားမီ ရေသောက်ပါ။ ထိုအခါအဆာပြေသွားသဖြင့်နည်းနည်းသာစားမိတော့မည်။ ရေအစားဆိုဒါနှင့်အခြား ကယ်လိုရီဓါတ်ပေးသောအချိုရည်များလည်းသောက်ပေးနိုင်ပါသည်။ (၆) အစားစားစဉ်အာရုံစိုက်ပါ - အစားစားစဉ်တီဗီကြည့်ခြင်းနှင့် […]


ကိုယ်အလေးချိန်လျှော့ချခြင်း

အစားလျှော့တဲ့အခါ လိုက်နာစရာ မလိုတဲ့စည်းကမ်းတွေကဘာတွေလဲ

အစားလျှော့တဲ့အခါ လိုက်နာစရာ မလိုတဲ့ စည်းကမ်းတွေ ကိုယ်အလေးချိန် လျှော့ချချင်တဲ့သူတိုင်းဟာ အစားအသောက်ဆင်ခြင်ဖို့ ပြင်ဆင်တတ်ကြပါတယ်။ တချို့သော အဓိပ္ပါယ်မရှိတဲ့ စည်းကမ်းတွေကို သင့်အနေနဲ့ ကြားဖူးလိမ့်မယ်။ လိုက်လုပ်ကောင်းလည်း လုပ်ဖူးပါလိမ့်မယ်။ အစားအသောက်ထိန်းခြင်းနဲ့ ပတ်သက်ပြီး သင်အများဆုံးကြားဖူးထားတဲ့ နည်းအချို့ဟာ တကယ်တမ်းမှာ သင့်ကိုယ်အလေးချိန်ကို လျှော့ချဖို့ ကူညီမပေးနိုင်ကြပါဘူး။ ဒီနည်း(၈)ခုကတော့ သင့်အနေနဲ့ လိုက်မလုပ်လည်း ရတဲ့ နည်းတွေ ဖြစ်ပါတယ်။ ၁။ ညဘက်မှာ အစာစားခြင်းက သင့်ကို ဝစေတယ်။ တကယ်တော့ အဆီတက်တယ်ဆိုတာဟာ ၂၄နာရီအချိန်အတွင်းမှာ သင်ဘယ်လောက်စားသောက်နေသလဲ ဆိုတာနဲ့ အဓိကဆိုင်ပါတယ်။ သင်ဘာတွေ စားတယ်၊ ဘယ်လောက်ပမာဏစားတယ်၊ သင်ဘယ်လောက် လှုပ်ရှားမှုရှိတယ် ဆိုတာတွေက သင်ဘယ်အချိန်စားတယ် ဆိုတာထက် ပိုအရေးကြီးပါတယ်။ ၂။ ပုံမှန်အချိန်သတ်မှတ်ပြီး တစ်နေ့ကို ၅ကြိမ်စားပါ အကောင်းဆုံးကတော့ နာရီက သင့်ကို အစားစားချိန်ရောက်ပြီလို့ ပြောတာထက် ဗိုက်ဆာတဲ့အချိန် စားလိုက်တာပါပဲ။ တစ်ယောက်နဲ့တစ်ယောက်ရဲ့ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်