ကိုယ်အလေးချိန်လျှော့ချခြင်း

ကျန်းမာနဲ့ ညီညွတ်စွာ ဝိတ်ကျချင်တယ်ဆိုရင် သင့်တော်တဲ့ အစားအသောက် စားဖို့ လိုပါတယ်။ ပညာရှင်တွေ ညွှန်ကြားထားတဲ့ နည်းလမ်းကောင်းတွေနဲ့ သင့်ရဲ့ ဝိတ်ချခြင်း ခရီးစဉ်ကို ကူညီပေးပါရစေ။

ကျန်းမာရေးဗဟုသုတ

ကိုယ်အလေးချိန်လျှော့ချခြင်း

ကျန်းမာတဲ့ ကိုယ်အလေးချိန် ပိုင်ဆိုင်စေဖို့ ထောက်ကူပေးနိုင်တဲ့ သဘာဝ လက်ဆောင်

လူတစ်ယောက်ကျန်းမာစေဖို့အတွက် အရေးပါတဲ့ အချက် တစ်ချက်ရှိပါတယ်။ ဒါကတော့ ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိဖို့ပါ။ ကိုယ်အလေးချိန်က ရှိသင့်တာထက် များနေမယ်။ အဝလွန်နေမယ်ဆိုရင် နှလုံးရောဂါ၊ အမျိုးအစား -၂ ဆီးချိုရောဂါ၊ လေဖြတ်တာ၊ အရိုးပွတာ၊ အစာခြေစနစ်ပြဿနာ၊ အိပ်စက်မှုဆိုင်ရာ ကျန်းမာရေး ပြဿနာတွေနဲ့ ကင်ဆာရောဂါတွေ ခံစားရနိုင်ပါတယ်။ ဒီတော့ ကျန်းမာပြီး နေ့ရက်တိုင်းကို သွက်လက်တက်ကြွစွာနဲ့ ဖြတ်သန်းချင်တယ်ဆိုရင် ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် မပိုအောင် သေချာလေး ဂရုစိုက် ထိန်းသိမ်းဖို့ လိုပါမယ်။ ဒီလို ထိန်းသိမ်းတဲ့အခါ အစားလျှော့စားတာ၊ လေ့ကျင့်ခန်း လုပ်တာတွေကို သင့်တင့်မျှတအောင် လုပ်ဆောင်ဖို့ လိုပါမယ်။ ကျန်းမာတဲ့ ကိုယ်အလေးချိန် ပိုင်ဆိုင်စေဖို့ မေ့ထားလို့ မရတဲ့အရာတစ်ခု ကျန်းမာတဲ့ ကိုယ်အလေးချိန် ပိုင်ဆိုင်စေဖို့ မေ့ထားလို့ မရတဲ့အရာတစ်ခုကတော့ လေ့ကျင့်ခန်း လုပ်တာပါ။ လေ့ကျင့်ခန်း လုပ်တယ်ဆိုတဲ့နေရာမှာတော့ […]

ကိုယ်အလေးချိန်လျှော့ချခြင်း ကို ရှာဖွေမည်။

ကိုယ်အလေးချိန်လျှော့ချခြင်း

ရေသောက်ပြီး ဝိတ်လျှော့ကြမယ်

ရေသောက်ပြီး ဝိတ်လျှော့ကြမယ် ဝိတ်ချနေကြတဲ့ Hello ဆရာဝန်ပရိသတ်ကြီးတို့ရေ…ဝိတ်ချနေပေမယ့် ဝိတ်မကျဘူးဖြစ်နေလား။ အစားတွေလည်းလျှော့၊ လေ့ကျင့်ခန်းတွေလုပ်နေပေမယ့် ထင်သလောက်ဝိတ်မကျဘူးဖြစ်နေလား။ ဒါဆိုရင်တော့ ကိုယ်ရဲ့ဝိတ်ချတဲ့နည်းက တစ်ခုခုမှားနေပြီဆိုတာ သေချာနေပြီနော်။ ဝိတ်လျှော့နေတဲ့သူတွေ အများဆုံးမှားလေ့ရှိတဲ့အမှားကတော့ ရေလုံလောက်စွာမသောက်ခြင်းပဲဖြစ်ပါတယ်။ ရေကအမြဲသောက်နေတာပဲ၊ ဘယ်လိုလုပ်အကျိုးကျေးဇူးပေးနိုင်မှာမို့လို့လဲဆိုပြီးတော့ အထင်မသေးလိုက်ပါနဲ့။ ရေဆိုတာက အဆီချဝိတ်လျှော့တဲ့နေရာ၊ အသားအရေလှစေတဲ့နေရာ သဘာဝတရားက လက်ဆောင်ပေးတဲ့ လက်နက်ပုန်းတစ်ခုပါပဲ။ ဘာလို့လဲဆိုတော့ ကယ်လ်လိုရီမပါ၊ သကြားမပါ၊ အဆီတက်စေတဲ့ဓာတ်တွေမပါတဲ့ တစ်ခုတည်းသော အရည်ဖြစ်မို့လို့ပါ။ ဒါကြောင့်မို့လို့ ရေသောက်ပြီး ဝိတ်ချဖို့အတွက် တစ်နေ့ကို ရေများများသောက်ဖြစ်အောင် ဘယ်လိုတွေလုပ်ဆောင်ရမလဲဆိုတဲ့လျှို့ဝှက်ချက်တွေ မျှဝေပေးပါရစေနော်။ ရေသောက်ပြီး ဝိတ်လျှော့ကြမယ် ရေသောက်ပြီး ဝိတ်လျှော့ကြမယ် ဆိုရင် ပထမဆုံးအနေနဲ့ ရေသောက်ဖို့အတွက် ကိုယ်ရေဆာတဲ့အချိန်ကို စောင့်စရာမလိုပါဘူး။ သဘာဝအတိုင်းရေဆာဖို့ဆိုတာ နွေရာသီကလွဲရင် ကျန်တဲ့ရာသီဥတုတွေမှာ ရေဆာဖို့ဆိုတာ ဖြစ်နိုင်ခြေနည်းပါတယ်။ ဘယ်သွားသွား ရေဘူးဆောင်ပါ။ ရေသောက်ပြီး ဝိတ်ချမယ်လို့ဆုံးဖြတ်လိုက်ပါပြီရဲ့….ရေဘူးက ကိုယ့်အနားမှာမရှိရင် ဘယ်လိုလုပ်ရေသောက်ဖြစ်မလဲ။ အဲ့တာကြောင့်မို့လို့ ရေဘူးကို ကိုယ့်အနားမှာထားပြီး […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဒီလောက်လေ့ကျင့်ခန်းတွေလုပ်နေတာတောင် ကိုယ်အလေးချိန်က တိုးနေတုန်းလား ။ ။

ကိုယ်လက် လေ့ကျင့်ခန်း တွေ နေ့တိုင်း ခေါင်းကချွေး ခြေမကျတဲ့အထိ မရပ်မနားလုပ်တယ်။ ၁ လကြာ ပေါင်ပြန်ချိန်တော့ ကိုယ်အလေးချိန် မကျတဲ့အပြင် တိုးတောင်လာသေးတယ်။ ဒီလိုအချိန်မျိုးဆို ပိန်စေရမယ်လို့ ကြုံးဝါးထားတဲ့ စိတ်ဓါတ်တွေ အောက်ဆုံးထိကို ကျသွားတာမျိုး ဖြစ်ဖူးပါသလား။ လေ့ကျင့်ခန်းလည်း အပြင်းအထန် လုပ်နေပါရက်နဲ့ ဘာကြော့င့် ကိုယ်အလေးချိန် မကျရတာလဲ ။ ။ အဆီပို မရှိတဲ့သွယ်လျတဲ့ ကိုယ်ခန္ဓါကို လိုချင်လို့၊ ကြွက်သားတွေ တောင့်ချင်လို့၊ ကိတ်ချင်လို့ ဆိုပြီး လေ့ကျင့်ခန်းတွေ အပြင်းအထန်လုပ်နေပေမယ့် ကိုယ်အလေးချိန်တွေ တိုးတိုးလာလို့ စိတ်ညစ်နေရတဲ့သူတွေ ဒီဆောင်းပါးလေးကို ဖတ်ထားသင့်တယ်နော် ။ ။ သင့်ကို ကိုယ်အလေးချိန်တက်စေတဲ့ အကြောင်းအရင်းပေါင်းများစွာရှိပါတယ်။ ကိုယ်စားတဲ့အစားသောက်တွေ ကိုယ်လက်လှုပ်ရှားနိုင်မှု အတိုင်းအတာတွေ မျိုးရိုးဗီဇနဲ့ အသက်အရွယ် စတာတွေက သ့င်ကိုယ်အလေးချိန် လျှော့ချနေတဲ့ လမ်းခရီးမှာ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ကိုယ်အလေးချိန် ကျချင်တဲ့ ပျိုမေတွေအတွက် Detox Water

ပိန်မှ လှတယ်လို့ ထင်ကြတဲ့ ခေတ်ကြီးထဲမှာ မိန်းကလေးတွေအပြင် ယောက်ျားလေးတွေကပါ ပိန်ဖို့ ကြိုးစားနေကြပါတယ်။ ဒါဟာလည်း ခေတ်ရဲ့ ရေစီးကြောင်းမှာ လိုက်ပါစီးမျောနေကြတဲ့ လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ အရာတွေထဲက တစ်ခုပါပဲ။ ပိန်ချင်တာနဲ့အတူ ထပ်ပြီး ရေပန်းစားလာတာက Detox Water လို့ ခေါ်တဲ့ရေတစ်မျိုးပါ။ အလှအပအနေနဲ့ မကြည့်ပဲ ကျန်းမာရေးအနေနဲ့ ကြည့်မယ်ဆိုရင်လည်း အဝလွန်ခြင်းဟာ နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးတွေ အလွယ်တကူဖြစ်လာစေနိုင်တဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါပဲ။ အဝလွန်ခြင်းရဲ့ နောက်ကွယ်မှာ နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါ၊ ဆီးချို၊ သွေးတိုးအပြင် ကင်ဆာရောဂါ တစ်ချို့ပါ ဖြစ်နိုင်ခြေ မြင့်တက်လာပါတယ်။ အလှအပရေးရာအတွက်ဆိုရင်လည်း ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု၊ ယုံကြည်မှု နည်းလာနိုင်တယ်။ သိမ်ငယ်စိတ်တွေ၊ အားငယ်စိတ်တွေ ဖြစ်လာနိုင်တယ်။ ကိုယ်အလေးချိန် ကျချင်တဲ့ ပျိုမေတွေအတွက် Detox Water ကိုယ်အလေးချိန် […]


ကိုယ်အလေးချိန်လျှော့ချခြင်း

အဆီကျအားကစားမလုပ်ခင် စားမိတတ်တဲ့ အဆိုးဆုံးအရာများ

ခုနေခါ ဝိတ်ချတော့မယ်လို့ အာရုံပြုလိုက်တာနဲ့ခေါင်းထဲတန်းပေါ်တာက ဂျင်မ်သွားကစားမယ်၊ ဂျင်မ်ဝတ်စုံတွေပြေးဝယ်မယ်ဆိုတာပါပဲ။ အဆီကျလှပအောင် ကစားမယ်၊ ဓါတ်ဖမ်းမယ်၊ စိတ်အားတက်ကြွမှုတွေနဲ့ပေါ့။ အစားလည်းလျှော့ကြပါရဲ့။ ဒါပေမယ့် သတိမထားမိကြတာက ဂျင်မ်သွားနေလျက်နဲ့ အဆီချခြင်းကို အနှောင့်အယှက်ဖြစ်စေတဲ့ လုပ်ရပ်မှားတွေလုပ်မိနေတာပါပဲ။ တချို့က ဂျင်မ်သွားနေတာပဲ ပြန်လောင်ကျွမ်းမှာပါဆိုပြီး အစားတွေစားတယ်။ တချို့ကျတော့ အစားရှောင်ပါတယ်၊ ဒါပေမယ့် ရွေးစားလိုက်တာတွေလည်း မှားယွင်းနေတာ မသိကြပါဘူး။ ဒါဆို ဂျင်မ်မသွားခင် ၊ အားကစားမလုပ်ခင်မှာ ဘာတွေမစားသင့်ဘူးလဲ ကြည့်ရအောင်။ အားကစားမလုပ်ခင် စားမိတတ်တဲ့ အဆိုးဆုံးအရာများ အမျှင်ဓါတ်များတဲ့ အသီးအရွက်တွေ ခန္ဓါကိုယ်မှာ အမျှင်ဓါတ်ကိုလိုအပ်တာမှန်ပေမယ့် အားကစားမလုပ်ခင်တော့ မစားသင့်ပါဘူး။ ပန်းဂေါ်ဖီစိမ်း၊ဂေါ်ဖီပန်းတို့လို အမျှင်ဓါတ်များတဲ့ ဟင်းသီးဟင်းရွက်တွေက အစာကြေဖို့မလွယ်သလိုလေ့ကျင့်ခန်းလုပ်တဲ့အခါ အဆင်မပြေဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် အစာကြေလွယ်တာကို စားပါ။ အဆီများတဲ့ စားစရာတွေ အဆီတွေအားလုံးက မကောင်းတာမဟုတ်ပါဘူး။ ကျန်းမာရေးကိုအကျိုးပြုတဲ့အဆီတွေရှိပါတယ်။ ဒါပေမယ့် အားကစားလုပ်ခါနီးဆိုရင်တော့ ဘယ်အဆီဖြစ်ဖြစ် မသင့်တော်ပါဘူး။ အဆီကိုခွန်အားလောင်စာအဖြစ် ပြောင်းလဲလောင်ကျွမ်းဖို့ ခန္ဓါကိုယ်က […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ကိုယ်အလေးချိန် လျှော့နေသူများ နှင့် ထိန်းချင်သူများ အတွက် အသုံးဝင်မည့် စိတ်ပိုင်းဆိုင်ရာ လှည့်စားနည်းလမ်းအချို့

ဝိတ်ချမယ် ဆိုတာနဲ့ လူအများသိထားကြတာတော့ အစားလျှော့စားတာပါပဲ။ ဒါပေမယ့် တကယ်တမ်း လျှော့စားဆိုရင် အရှိန်မသက်နိုင်ဘဲ စားစားမိသွားတတ်တာလည်း တော်တော်များများဆီကနေ ပြန်ကြားနေရပါတယ်။ တကယ်တော့ ဒီလို လျှော့စားဖို့ဆိုတာ psychological approach (စိတ်ပိုင်းဆိုင်ရာ လှည့်စားမှု) တွေ အများကြီးလိုပါတယ်။ ဘယ်လိုမျိုးတွေလဲဆိုတော့ (၁) မနက်စာ၊ နေ့လယ်စာ၊ ညစာ စားတဲ့ အခါ မှာ အနည်းဆုံး ၁၅-၃၀ မိနစ်ကြာအောင် စားပေးပါ။ ဒါမှ ဦးနှောက်က စားတဲ့ အချိန်ကြာလေ ဗိုက်ပြည့်သွားပြီဆိုတဲ့ ခံစားချက်ဖြစ်လေ ဖြစ်တဲ့အတွက် စားစရာ မကုန်သေးခင်မှာပဲ စားချင်စိတ်အလိုလိုပျောက်သွားတတ်ပါတယ်။ ကုန်သွားခဲ့ရင်တောင် တော်ရုံတန်ရုံ ထပ်မယူဖြစ်တော့ပါဘူး။ (၂) ဇွန်း၊ ခက်ရင်း နဲ့ စားတတ်တဲ့ အကျင့် လုပ်ပါ။ ဇွန်း၊ ခက်ရင်း နဲ့ စားတတ်တဲ့ အကျင့်က လည်း ဝိတ်ချတဲ့ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဝိတ်ကျစေဖို့ မနက်တိုင်း ဒီအလေ့အကျင့်တွေကို လုပ်ပေးပါ ။ ။

ဝိတ်ကျစေဖို့ မနက်တိုင်း ဒီအလေ့အကျင့်တွေကို လုပ်ပေးပါ ဝိတ်ကျစေဖို့ လေ့ကျင့်ခန်းလုပ်ရမယ်၊ အစားအသောက်တွေထိန်းစားရမယ်။ ဒါပေမယ့် ဘယ်လောက်ပဲ ဝိတ်ကျအောင် လေ့ကျင့်ခန်းတွေလုပ်လုပ်၊ အစားအသောက်တွေထိန်းစားစား ကိုယ့်အလေးချိန်မကျတာမျိုးတွေ အားလုံးကြုံဖူးကြမယ်လို့ထင်ပါတယ်။ ဘာတွေ လိုနေသေးတာလဲ။ အစားသောက်တွေ လေ့ကျင့်ခန်းတွေကြောင့် ဝိတ်ကျစေနိုင်တာမှန်ပေမယ့် ပိုပြီး နည်းလမ်းမှန်မှန်နဲ့ မြန်မြန် ဝိတ်ကျချင်ရင်တော့ မနက်တိုင်း ခုပြောပြမယ့် အလေ့အကျင့်လေးတွေ လုပ်ပေးဖို့လည်း လိုပါသေးတယ်။ ကိုယ့်ရဲ့နေထိုင်မှုပုံစံဆိုတာ ကိုယ်အလေးချိန်အပေါ်ကို အများကြီးသက်ရောက်မှုရှိတဲ့ အရာတစ်ခုပါ။ ကဲ ဝိတ်ကျပြီး ဘယ်တော့မှ ပြန်မတက်ဖို့ မနက်တိုင်း လုပ်ပေးသင့်တဲ့ အရာတွေ ဘာတွေလဲ။ ဝိတ်ကျစေဖို့ မနက်တိုင်း ဒီအလေ့အကျင့်တွေကို လုပ်ပေးပါ။ ဝိတ်ကျစေဖို့ မနက်တိုင်း ဒါလေးတွေကို ပုံမှန် လုပ်ပေးပါ။ ၁ ။ ပရိုတင်းများများပါတဲ့ မနက်စာကို ရွေးစားပါ။  ဝိတ်တော့ ကျချင်ပါရဲ့။ စားတဲ့မနက်စာက ပလာတာ၊ စမူဆာ၊ နန်းကြီးသုတ်၊ ထမင်းကြော်တွေ ဆိုလို့ကတော့ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

Diet လုပ်ခြင်းနဲ့ပတ်သက်ပြီး မှားယွင်းစွာ သိထားတဲ့အရာတွေ

၂၁ရာစု တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးထဲမှာ မကြာခဏ ကြားနေရတဲ့ စကားတစ်ခွန်းကတော့ “ငါ diet လုပ်တော့မယ်” ဆိုတာပါပဲ။ ကိုယ်အလေးချိန် ကျချင်ပြီး ပိန်သွယ်လျ လှပချင်တဲ့ မိန်းကလေးတွေကြားမှာ အလွန်ရေပန်းစားတာကတော့ Diet လုပ်ခြင်းပါပဲ။ ဒီတော့ Diet ဆိုတာဘာလဲ။ Diet လုပ်တာနဲ့ ပတ်သက်ပြီး လူတွေ မှားသိထားတဲ့ အရာတွေကို ဗဟုသုတအနေနဲ့ ဝေမျှပေးချင်ပါတယ်။ Diet ဆိုတာဘာလဲ။ အလွယ်ပြောရမယ်ဆိုရင်တော့ နေ့စဉ် စားသုံးနေတဲ့ အစာအာဟာရကို ကျန်းမာရေးနဲ့ ပိုပြီး ညီညွတ်အောင် ပြောင်းလဲပစ်ခြင်းလို့ အဓိပ္ပာယ်ဖွင့်လို့ ရပါတယ်။ ကိုယ်အလေးချိန်ကျဖို့ သက်သက် မဟုတ်ပဲ ကျန်းမာတဲ့ ကိုယ်အလေးချိန်တစ်ခုကို ရရှိဖို့ ကိုယ်နေ့စဉ် စားသောက်နေရတဲ့ အစားအစာမှာ ဆီ၊ ဆား၊ သကြား၊ ကယ်လိုရီ၊ ကိုလက်စထရော၊ ကစီဓာတ် များနေလား ဆိုတာ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဝိတ်ချတဲ့အခါ သွေးအမျိုးအစားအလိုက် စားပေးသင့်သည်များ

လေဒီေတာ်တော်များများရဲ့ စိတ်ကူးက ကျစ်လျစ်သွယ်လျလှပတဲ့ ခန္ဓါကိုယ်အချိုးအစားနဲ့မြင်သူငေးလောက်တဲ့ အသားအရေကို ပိုင်ဆိုင်ချင်ကြတာများပါတယ်နော်။ အခုနောက်ပိုင်းမှာ ဒီစိတ်ကူးကို အကောင်အထည်ဖော်ဖို့အတွက်လေဒီလေးတွေက Diet လုပ်တာ၊ Gymဆော့တာတွေကိုလုပ်လာကြပါတယ်။ ဒီလိုတွေလုပ်တဲ့အခါမှာလည်း သူများတွေကျ ပိန်သွားလိုက်တာ ငါ့ကျမှဘာလို့ မပိန်ရတာလဲလို့တွေးနေတဲ့ Hello ဆရာဝန်ရဲ့ ပရိသတ်တွေများရှိနေလား။ ဒါဆိုရင် ဒီနည်းလေးက အသုံးတည့်မယ်ထင်ပါတယ်။ သွေးအမျိုးအစားအလိုက် Diet လုပ်ကြမယ် သွေးအမျိုးအစားအလိုက်လုပ်ရတဲ့ Diet ဆိုလို့ နည်းနည်းများထူးဆန်းသွားလား။ ဒီနည်းလမ်းကို ၁၉၉၆ ခုနှစ်ကPeter D’Adamo ဆိုတဲ့ ဆရာဝန်တစ်ယောက်က ရှာတွေ့ခဲ့ပါတယ်။ လူတွေအနေနဲ့ သူတို့ရဲ့သွေးအမျိုးအစားနဲ့ ကိုက်ညီတဲ့ အစားအစာတွေကို စားသုံးတာက ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်သလို ဝိတ်ကျချင်သူတွေအတွက်လည်း အသုံးတည့်တယ်၊လို့တွေ့ရှိခဲ့တာပါ။ ဒါကြောင့် သူများတွေပိန်ပေမယ့် ကိုယ်မပိန်တာက အများပြောသလို ငါကရေသောက်လည်း ဝ၊လေရှုလည်း ဝဖြစ်နေတာမဟုတ်ပါဘူး။ ကိုက်ညီတဲ့ ဓါတ်စာကို မစားမိသေးတာလည်းဖြစ်နိုင်တာကြောင့် ဒီဆောင်းပါးလေးကနေတဆင့် […]


ကိုယ်အလေးချိန်လျှော့ချခြင်း

မေးနှစ်ထပ် ဖြစ်လို့ စိတ်ညစ်နေပြီလား။ ဒါလေးတွေ လုပ်ကြည့်ပါ ။

V- shaped လိုမျိုး သွယ်လျ အချိုးကျတဲ့ မျက်နှာ လေးတစ်ခု ပိုင်ဆိုင်ချင်ကြတာ တို့မိန်းကလေးတိုင်းပါ။ ခက်တာက လောကကြီးမှာ လိုတာမရ ရတာမလိုဖြစ်နေတာတွေကများတော့ လိုချင်တာက သွယ်လျတဲ့မျက်နှာ ဖြစ်နေတာက မေးနှစ်ထပ် နဲ့ တွဲတွဲကြီးဖြစ်နေတော့ မှန်ထဲ ကြည့်လိုက်တိုင်း စိတ်ညစ်ကြတယ်လေ။ ခုလို ပျိုမေတို့ စိတ်ညစ်နေရတဲ့ မေးနှစ်ထပ်ပြဿနာကို အိမ်တွင်းဆေးနည်းလေးတွေနဲ့ သက်သာအောင် လုပ်လို့ရနေပြီဆိုတာ သိပါသလား။ မသိလိုက်ဘူး မဖြစ်ရလေအောင် ခုပဲ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ကြနော်။ ။ မေးနှစ်ထပ် ကို အပြတ် တိုက်ထုတ်မယ့် အိမ်တွင်းဆေးနည်းလေးများ ။ ။ ကြက်ဥ အကာ ။ ။ ကြက်ဥအနှစ် မပါဘဲ အကာချည်းသက်သက်ကို ပျားရည်၊ သံပရာရည်၊ နို့ စားပွဲတင်ဇွန်း တစ်ဇွန်းဆီနဲ့ ရောခေါက်ပြီး မေးစိနားတစ်ဝိုက်ကိုသုတ်လိမ်းပေးပါ။ မိနစ် […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဗိုက်ပူနေသူတွေ အဆီကျစေမယ့် အကောင်းဆုံးနည်းလမ်းများ

ဝမ်းဗိုက်တစ်ဝိုက် ဗိုက်ပူနေတဲ့သူတွေကို ဘီယာဗိုက်ဆိုပြီး လူတွေက နောက်ပြောင်ကျီစယ်တတ်ကြတာ မကြာခဏ ကြားဖူးကြမှာပါ။ ဝတဲ့သူတွေပဲ ဗိုက်ပူလိမ့်မယ်လို့ ထင်နေရင်တော့ မှားပါလိမ့်မယ်။ ပိန်တဲ့သူတွေမှာလည်း အစာအာဟာရ မမျှတတာကြောင့်ရော၊ ကိုယ်လက်လေ့ကျင့်ခန်း မပြုလုပ်တာ၊ အရက်သေစာ အလွန်အကျွံသောက်စားတာကြောင့်ပါ ဗိုက်ပူနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ် ဆေးလိပ်သောက်ခြင်းဟာ ကလေးအတွက် အဝလွန်စေတာ၊ ဗိုက်ပူစေတာအပြင် တခြားသော ကျန်းမာရေးပြဿနာတွေပါ ကြုံလာရနိုင်ပါတယ်။ ဗိုက်ပူနေတာဟာ အမြင်အားဖြင့်လည်း ကြည့်ရဆိုးစေသလို နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေလည်း ဖြစ်နိုင်ခြေ အလွန်များပါတယ်။ ခန္ဓာကိုယ်အတွက် ဆိုးကျိုးဖြစ်စေတဲ့ သွေးတွင်း ကိုလက်စထရောတွေ၊ သကြားဓာတ်တွေဟာ အမြဲမြင့်တက်နေတဲ့အတွက် နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို၊ အသည်းအဆီဖုံးတာအပြင် စိတ်ကျရောဂါ၊ ကင်ဆာရောဂါ၊ ရုတ်တရက်တက်ခြင်း၊ သတိလစ်တာအထိပါ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဗိုက်ပူတဲ့ သူတွေအတွက် အချိန်တိုအတွင်း အဆီကျစေနိုင်တဲ့ နည်းလမ်းတွေကို ဝေမျှပေးချင်ပါတယ်။ ၁။ အချိုလျှော့စားပါ သကြားအလွန်အကျွံ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်