ကိုယ်အလေးချိန်လျှော့ချခြင်း

ကျန်းမာနဲ့ ညီညွတ်စွာ ဝိတ်ကျချင်တယ်ဆိုရင် သင့်တော်တဲ့ အစားအသောက် စားဖို့ လိုပါတယ်။ ပညာရှင်တွေ ညွှန်ကြားထားတဲ့ နည်းလမ်းကောင်းတွေနဲ့ သင့်ရဲ့ ဝိတ်ချခြင်း ခရီးစဉ်ကို ကူညီပေးပါရစေ။

ကျန်းမာရေးဗဟုသုတ

ကိုယ်အလေးချိန်လျှော့ချခြင်း

ကျန်းမာတဲ့ ကိုယ်အလေးချိန် ပိုင်ဆိုင်စေဖို့ ထောက်ကူပေးနိုင်တဲ့ သဘာဝ လက်ဆောင်

လူတစ်ယောက်ကျန်းမာစေဖို့အတွက် အရေးပါတဲ့ အချက် တစ်ချက်ရှိပါတယ်။ ဒါကတော့ ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိဖို့ပါ။ ကိုယ်အလေးချိန်က ရှိသင့်တာထက် များနေမယ်။ အဝလွန်နေမယ်ဆိုရင် နှလုံးရောဂါ၊ အမျိုးအစား -၂ ဆီးချိုရောဂါ၊ လေဖြတ်တာ၊ အရိုးပွတာ၊ အစာခြေစနစ်ပြဿနာ၊ အိပ်စက်မှုဆိုင်ရာ ကျန်းမာရေး ပြဿနာတွေနဲ့ ကင်ဆာရောဂါတွေ ခံစားရနိုင်ပါတယ်။ ဒီတော့ ကျန်းမာပြီး နေ့ရက်တိုင်းကို သွက်လက်တက်ကြွစွာနဲ့ ဖြတ်သန်းချင်တယ်ဆိုရင် ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် မပိုအောင် သေချာလေး ဂရုစိုက် ထိန်းသိမ်းဖို့ လိုပါမယ်။ ဒီလို ထိန်းသိမ်းတဲ့အခါ အစားလျှော့စားတာ၊ လေ့ကျင့်ခန်း လုပ်တာတွေကို သင့်တင့်မျှတအောင် လုပ်ဆောင်ဖို့ လိုပါမယ်။ ကျန်းမာတဲ့ ကိုယ်အလေးချိန် ပိုင်ဆိုင်စေဖို့ မေ့ထားလို့ မရတဲ့အရာတစ်ခု ကျန်းမာတဲ့ ကိုယ်အလေးချိန် ပိုင်ဆိုင်စေဖို့ မေ့ထားလို့ မရတဲ့အရာတစ်ခုကတော့ လေ့ကျင့်ခန်း လုပ်တာပါ။ လေ့ကျင့်ခန်း လုပ်တယ်ဆိုတဲ့နေရာမှာတော့ […]

ကိုယ်အလေးချိန်လျှော့ချခြင်း ကို ရှာဖွေမည်။

ကိုယ်အလေးချိန်လျှော့ချခြင်း

ဝိတ်ချတော့မယ်ဆိုရင် မဖြစ်မနေသိထားရမယ့် Do’s & Don'ts များ

ဒီကနေ့ခေတ်မှာ ကိုယ်အလေးချိန် လျှော့ချဖို့ဆိုတဲ့ ကိစ္စက လူတိုင်းနီးပါး တွေးနေကြတဲ့ ကိစ္စတစ်ခုပါ။ သာမန်ကိုယ်အလေးချိန်ရှိတဲ့လူကနေစလို့ အဝလွန်နေတဲ့လူတွေအထိ ဝိတ်ချမယ်၊ ကိုယ်အလေးချိန်ချမယ်ဆိုပြီး ဆက်တိုက်ပြောနေတတ်ကြတယ်မဟုတ်လား။ Gym တွေသွားမယ်၊ Diet တွေလုပ်မယ်၊ အချိုတွေရှောင်မယ် စသဖြင့် ရည်မှန်းချက်တွေ ရည်ရွယ်ချက်တွေနဲ့ ဝိတ်ချတတ်ကြပေမယ့် တကယ်တမ်းအောင်မြင်သွားတဲ့လူတွေကတော့ လူ ၁၀ ဦးမှာ ၁ ဦးနှုန်းပဲရှိပါတယ်တဲ့။ ဒီမှာ မေးစရာရှိလာတာက ဝိတ်ချရတာ ဒီလောက်တောင် ခက်သလား။ ဒါမှမဟုတ် ဘာကြောင့် ဝိတ်ချရခက်နေကြတာလဲ။ တကယ်တော့ ဝိတ်ချရတာမခက်ပါဘူး။ လိုက်နာသင့်တာတွေကို လိုက်နာပြီး ရှောင်သင့်တာတွေကို ရှောင်မယ်ဆိုရင် ဝိတ်ချတာက တကယ်လွယ်ကူတဲ့ကိစ္စဖြစ်ပါတယ်။ ပြဿနာက လူ့စိတ်ပါပဲ။ ရေရှည် အစီအမံမထားပဲ ကြုံသလို ဝိတ်ချကြတဲ့အခါ ကျတဲ့အချိန်မှာ အတင်းကာရော ပိန်သွားတတ်ပေမယ့် အချိန်တန်တော့ ပြန်ပြီး ကိုယ်အလေးချိန်တက်လာတာမျိုး ကြုံဆုံရပါတော့တယ်။ ဒီလိုမဖြစ်ချင်ဘူး။ စနစ်တကျနဲ့ ဝိတ်ချချင်တယ်ဆိုတဲ့ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

Diet မပါပဲ ဝိတ်ချကြမယ်

Diet လုပ်တာကို “ရှုံးဖို့များတဲ့ဂိမ်း” လို့ တင်စားကြတယ်။ ဆာလောင်မှုဝေဒနာကို တွန်းလှန်ပြီး Diet လုပ်ဖို့ ကြိုးပမ်းကြတဲ့ လူ ၁၀ ယောက်မှာ ၉ ယောက်က မအောင်မြင်တတ်ကြတာမို့ပါ။ ကိုယ်အလေးချိန်ချဖို့ စပြီးစဉ်းစားသူတိုင်းက အစားအသောက်ကို ခြိုးခြံစိစစ်ပြီး Diet ဖို့ အရင်ဆုံး စဉ်းစားတတ်ကြတယ်။ လေ့ကျင့်ခန်းလုပ်ဖို့ထက် အစာလျော့ဖို့က ပိုလွယ်မယ်လို့ ထင်ကြတာကြောင့်ပါ။ ဒါပေမယ့် တကယ်တမ်းမှာတော့ တက်တက်စင်အောင် လွဲတာပါပဲ။ ဒီတော့ တချို့တွေက Diet မလုပ်ရင် ဝိတ်ချလို့ မရတော့ဘူးလားလို့ တွေးရင်း စိတ်ဓာတ်ကျလာကြတယ်။ ဒါမှမဟုတ်လဲ Diet မလုပ်ပဲ ဝိတ်ချနိုင်တဲ့ နည်းလမ်းများရှိနေမလားလို့ မျှော်လင့်မိလာကြမယ်ထင်ပါတယ်။ Diet မပါပဲ ဝိတ်ချလို့ရလား Diet လုပ်တာဟာ ကိုယ်အလေးချိန်လျှော့ချမှုလုပ်ငန်းစဉ်မှာ အဓိက ကျတဲ့ လုပ်ဆောင်ချက်တစ်ခုလို့ လူအတော်များများက မှတ်ယူထားကြပါတယ်။ ဒါက လုံးဝဥဿုံမှန်ကန်တဲ့ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဝမ်းဗိုက်အဆီ ကျစေဖို့

ကိုယ်အလေးချိန်လျှော့ချရာမှာ ဝမ်းဗိုက်အဆီ ချခြင်းဟာ အဓိကကျပါတယ်။ ဝမ်းဗိုက်အဆီများတာက တကယ်တော့ အန္တရာယ်ရှိပါတယ်။ အမျိုးအစား ၂ ဆီးချို၊ နှလုံးရောဂါ စတာတွေနဲ့ ဆက်စပ်နေပါတယ်။ ဒါကြောင့်မို့ ဝမ်းဗိုက်အဆီချဖို့ဆိုတာ အလှအပကိစ္စတင်မဟုတ်ဘဲ ကျန်းမာရေးရှုထောင့်ကပါ အရေးကြီးပါတယ်။ ဝမ်းဗိုက်အဆီ တွေကို တိုင်းတာဖို့အတွက် ခါးပတ်လည်ကို ပေကြိုးနဲ့ တိုင်းနိုင်ပါတယ်။ တကယ်လို့ အမျိုးသားတွေမှာ ၄၀ လက်မ (၁၀၂ စင်တီမီတာ) နဲ့အထက်၊ အမျိုးသမီးတွေမှာ ၃၅ လက်မ (၈၈ စင်တီမီတာ) နဲ့အထက် ရှိနေပြီဆိုရင် အဝလွန်စာရင်း ဝင်နေပြီဖြစ်ပါတယ်။ ကိုယ်အလေးချိန်လျှော့ချတဲ့ အစီအစဉ်အများစုရဲ့ အဓိကရည်မှန်းချက်ဟာလည်း ဝမ်းဗိုက်ကအဆီတွေကို လျှော့ချဖို့ ဖြစ်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ဝမ်းဗိုက်အဆီ တွေကို လျှော့ချဖို့ အခြေခံကျတဲ့ နည်းစနစ်တွေပဲ ဖြစ်ပါတယ်။ ဝမ်းဗိုက်အဆီ ကျစေဖို့ နည်းလမ်းကောင်းများ ၁။ သကြားများသော၊ အချိုကဲသော […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ကိုယ်အလေးချိန် အမြန်လျှော့ချနိုင်မယ့် အဆင့်သုံးဆင့်

ကိုယ်အလေးချိန်ကို မြန်မြန်ဆန်ဆန် လျှော့ချနိုင်မယ့် နည်းလမ်းတွေ များစွာ ရှိပါတယ်။ ဒါပေမယ့် နည်းလမ်းအများစုဟာတော့ ဆာလောင်ခြင်း၊ မတင်းတိမ်ခြင်း စတာတွေကို ကြုံတွေ့စေပါတယ်။ ခိုင်မာတဲ့ စိတ်ဓာတ်မရှိရင် ဆာလောင်မှုဒဏ်ကို မခံနိုင်ဘဲ ကိုယ်အလေးချိန် လျှော့ချတဲ့ အစီအစဉ်တွေကို ကျောခိုင်းသွားတတ်ပါတယ်။ ကိုယ်အလေးချိန်လျှော့ချရာမှာ အဓိကစဉ်းစားရမယ့် အချက်တွေဟာ အောက်ပါအတိုင်း ဖြစ်ပါတယ်။ - အစားအသောက်ကို သိသာစွာ လျှော့ချခြင်း - ဆာလောင်မှုမရှိစေဘဲ မြန်ဆန်စွာ လျှော့ချခြင်း - တစ်ချိန်တည်းမှာ ဇီဝဖြစ်ပျက်မှုဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေခြင်း စတာတွေပဲ ဖြစ်ပါတယ်။ အခုဆက်လက်ဖော်ပြမှာကတော့ ကိုယ်အလေးချိန်ကို မြန်မြန်ဆန်ဆန်နဲ့ ဘယ်လိုလျှော့ချသင့်လဲ ဆိုတဲ့ အဆင့်သုံးဆင့် ဖြစ်ပါတယ်။ ၁။ သကြားဓာတ်၊ ကစီဓာတ်ကို လျှော့ချပါ။ ကိုယ်အလေးချိန်လျှော့ချရာမှာ အရေးကြီးဆုံးအချက်ကတော့ သကြားနဲ့ ကစီဓာတ်ကို လျှော့ချဖို့ပါပဲ။ အဲဒီအခါ ကယ်လိုရီလည်း လျော့နည်းသွားမှာ ဖြစ်ပါတယ်။ ကိုယ်ခန္ဓာရဲ့ စွမ်းအင်အတွက် လောင်ကျွမ်းဖို့ ကစီဓာတ်မရှိရင် […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ထန်းရည်သောက်ရင် ဝိတ်ကျသလား

ငှက်ခါးရောင်တောက်နေတဲ့ ပင်ကျရည်လေး တစ်ခွက်တစ်ဖလား မော့လိုက်ရတဲ့အရသာကို အမျိုးသားထုကြီး ကောင်းကောင်းနားလည်ကြမယ်ထင်ပါတယ်။ နယ်ဒေသတွေ၊ အထူးသဖြင့် အညာဒေသဘက်တွေမှာဆိုရင်တော့ မိုးထိုးနေတဲ့ ထန်းပင်မြင့်ကြီးရဲ့ ခြေရင်းမှာ ပင်ကျထန်းရည်အေးအေးလေးကို ကြက်ကြော်လေးနဲ့ မြည်းရင်း ဇရက်မင်းစည်းစိမ်ခံစားလို့ရနိုင်တယ်လေ။ ထန်းရည်ဆိုတာက မြန်မာ့ကျေးလက်လူနေမှုဘဝနဲ့ ခွဲခြားထားလို့မရတဲ့ သဘာဝ ထုတ်ကုန်တစ်ခုပါ။ မူးယစ်စေတဲ့အတွက် ယမကာတစ်မျိုးအဖြစ်သတ်မှတ်ခံထားရပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သဘာဝဓာတ်စာတစ်ခုအဖြစ်လည်း ရှုမြင်ခံရလေ့ရှိပါတယ်။ တကယ်တော့ ထန်းပင်နဲ့ ထန်းရည်ဆိုတာ မြန်မာနိုင်ငံ တစ်နိုင်ငံတည်းမှာရှိတဲ့အရာမဟုတ်ပါဘူး။ အာဖရိကအလယ်ပိုင်း၊ ဗဟိုအမေရိက၊ အာရှ တောင်ပိုင်းနဲ့ အရှေ့တောင်ပိုင်းဒေသတွေက တိုင်းပြည်တွေမှာ ပေါပေါသီသီ မြင်တွေ့နိုင်ပါတယ်။ အဲ့ဒီဒေသတိုင်းမှာလည်း ထန်းရည်ကို ရိုးရာယမကာတစ်မျိုးအဖြစ် မှီဝဲကြတာခြင်းလည်း တူညီပါတယ်။ မြန်မာပြည်မှာ အသုံးပြုနေတဲ့ ထန်းရည်ဆိုတဲ့ စကားလုံးဟာ အိန္ဒိမြောက်ပိုင်းအခေါ် Taadi ကနေဆင်းသက်လာတာဖြစ်ပါတယ်။ https://hellosayarwon.com/herbals-alternatives/herbal-medicines/%E1%80%91%E1%80%94%E1%80%B9%E1%80%B8%E1%80%9B%E1%80%8A%E1%80%B9%E1%81%BE%E1%80%80%E1%80%AD%E1%80%B3%E1%80%80%E1%80%B9%E1%80%90%E1%80%90%E1%80%B9%E1%80%9E%E1%80%B0%E1%80%B1%E1%80%90%E1%80%BC%E1%80%A1/ ထန်းရည်ကို မှီဝဲကြတဲ့တိုင်းပြည်အများစုမှာ တူညီတဲ့အယူအဆတချို့ရှိပါတယ်။ ဒါကတော့ ထန်းရည်ဟာ အာဟာရဓာတ်ကြွယ်ဝပြီး ကိုယ်အလေးချိန်လျှော့ချရေးကို […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဥပုသ်စောင့်တာ ဝိတ်ကျစေမလား။

ဥပုသ်စောင့်တာ ဝိတ်ကျစေမလား။ ကုသိုလ်လည်းရ ဝိတ်လည်းကျ ဖြစ်မလားပေါ့နော်။ ဝါတွင်းကာလတို့၊ သင်္ကြန်တို့၊ အခါကြီးရက်ကြီးတို့ရောက်ရင် ကုသိုလ်ရအောင်ဆိုပြီး သီလယူ ဥပုသ်စောင့် ကြတယ်နော်။ ဥပုသ်စောင့်တာက မွန်းလွဲညစာ မစားဘဲ ကုသိုလ် ဘာဝနာ ပွားများရတာပါ။ ဒီတော့ သေချာတာက နေ့လယ် ၁၂ နာရီ နောက်ပိုင်း ဘာမှ မစားဖြစ်တော့ဘူး ဆိုတာပါ။ ဝိတ်ချဖို့ဆိုရင် ညနေ ၅ နာရီ နောက်ပိုင်း ဘာမှ မစားနဲ့ဆိုတော့ နေ့လယ်၁၂ နာရီ နောက်ပိုင်း ဘာမှ မစားရတဲ့ ဥပုသ်စောင့်တာက ဝိတ်ကျမလားလို့ မေးစရာ ရှိနေနိုင်ပါတယ်။ ဒီအဖြေလေးကို သေချာ သိစေဖို့ ဒီဆောင်းပါးလေးကနေ ပြောပြပေးပါမယ်။ ဥပုသ်စောင့်တာ ဝိတ်ကျစေမလား။ ဥပုသ်စောင့် ဖို့အတွက် ညနေစာ မစားဘဲနေခြင်းက ကိုယ်အလေးချိန် ကျစေဖို့ အထောက်အပံ့ ပေးနိုင်သလို […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ပိန်ချင်ယောင်ဆောင်ပြီး အဆီဖုံးနေပြီလား

ပိန်ချင်ယောင်ဆောင်ပြီး အဆီဖုံးနေပြီလား ....... တချို့လူတွေက လူပုံက ပိန်ပိန်ပါးပါးရယ်။ မှန်ထဲမှာ ကြည့်ကြည့် ကိုယ်အလေးချိန် ချိန်ကြည့်ကြည့် ဝတယ်လို့ ထင်စရာမရှိတတ်ဘူး။ ဒါကြောင့်မို့ ကိုယ့်ကိုယ်ကို ကံကောင်းလှပြီ။ အဆင်ပြေနေပြီလို့ ထင်ချင်ထင်ရနိုင်တယ်။ ဒါပေမယ့် ဒီအချက်တွေဟာ ကိုယ်အလေးချိန်ဆိုင်ရာ ပြဿနာရဲ့ တစ်စိတ်တစ်ပိုင်းကိုပဲ ညွှန်းဆိုနိုင်တယ်ဆိုတာ သင်သိရဲ့လား။ တခါတလေမှာ ကိုယ်က ပိန်နေပေမယ့် ကျန်းမာရေးနဲ့ မကိုက်ညီသူ၊ အဝလွန်နေသူဖြစ်နိုင်ပါတယ်။ တစ်ခါတစ်လေမှာ ကိုယ်က ပိန်နေပေမယ့် Skinny-fat တစ်ယောက်ဖြစ်နေနိုင်တာကို သတိထားသင့်ပါတယ်။ Skinny-fat ဆိုတာက ကိုယ်အလေးချိန် မမြင့်မားပေမယ့် ကိုယ်တွင်းမှာ အဆီပမာဏ များပြားနေသူမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ သာမန်ကိုယ်အလေးချိန်ရှိတဲ့လူ ၄ ဦးမှာ ၁ ဦးက Skinny-fat ဖြစ်နေတယ်လို့ UC Davis Health System ရဲ့ သုတေသနတစ်ရပ်မှာ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဝိတ်ကျဖို့ အစားလျှော့စားရမယ်ဆိုတာ ဂျင်းသက်သက်ပါ

မိန်းကလေးတွေ ဝိတ်ကျချင်လိုက်တာ၊ ပိန်သွယ်သွယ်လေး ဖြစ်နေမှ လှမှာဆိုပြီး အမြဲ ညည်းနေတတ်ကြတယ်။ အဲ့လို ဝိတ်ကျဖို့ဆိုပြီး ညစာတွေ ရှောင်ရတာနဲ့၊ မနက်စာတွေ ရှောင်ရတာနဲ့ စားရတဲ့သူ တင်မကဘဲ ဘေးနားက လူတွေပါ ကြည့်ရတာ ဝဋ်ဒုက္ခ ကြီးလှပါတယ်။ တကယ်ကတော့ ဝိတ်ကျဖို့ အစားလျှော့စားရမယ်ဆိုတာ ဂျင်းသက်သက်ပါ ..... ဘာကြောင့် ဒီလို ပြောရတာလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ဝိတ်ကျဖို့ အစားလျှော့စားရမယ်ဆိုတာ ဂျင်းသက်သက်ပါ ဝိတ်ကျဖို့ အစားလျှော့စားရမယ်ဆိုတာ ဂျင်းသက်သက်ပါ လို့ ပြောရတာ ဒါတွေကြောင့်ပါ။ အဲ့လို အစားရှောင်လိုက်တော့ ဘာထူးသွားလဲဆိုရင် ခန္ဓာကိုယ်က အာဟာရ ပြတ်လပ်သွားတာပါပဲ။ အာဟာရ ပြတ်လပ်သွားတဲ့အခါ ကိုယ်အလေးချိန် ကျသွားတယ်။ ဒါက ကျန်းမာရေးအတွက် လုံးဝမကောင်းတဲ့ ကိုယ်အလေးချိန် ကျခြင်း ပုံစံပါ။ လူတစ်ယောက်က တစ်နေ့တာအတွက် လိုအပ်တဲ့ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ကီတို အဆီချနည်း ထိရောက်ချင်ရင် သတိပြုသင့်တဲ့ အချက် (၈) ချက်

Keto Diet လို့ ခေါ်တဲ့ အဆီချနည်း ကို အခုဆို မသိတဲ့သူ နည်းပါတယ်။ ကီတို စားသောက်နည်း ဆိုတာ ကာဗိုဟိုက်ဒရိတ်ကို လျှော့ပြီး ပရိုတင်းနဲ့ အဆီဓာတ်တွေ ကနေ ကယ်လိုရီ ပိုရယူတာ ဖြစ်ပါတယ်။ ပိန်ချင်တဲ့သူတွေ အတွက်တော့ ကီတိုနည်းက တခြား အစားလျှော့နည်းတွေ ထက် ပထမ ၃လ ကနေ ၆ လအတွင်း ပိုထိရောက်တယ် လို့ ဆိုကြပါတယ်။ ခန္ဓာကိုယ်က ခွန်အားအဖြစ် ပြောင်းလဲအသုံးပြုရာမှာ ကာဗိုဟိုက်ဒရိတ်တွေ ထက် အဆီကို အသုံးပြုနိုင်ဖို့ ကယ်လိုရီ ပိုလောင်ကျွမ်းစေလို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ငွေကုန်ခံပြီးသာ လုပ်ရတယ်။ ကိုယ့်အတွက် သိပ်မထိရောက်ဘူး၊ ဝိတ်လည်း ကျမလာဘူး လို့ ခံစားရရင် ကိုယ့် အခြေအနေ ကိုယ် ဒီအချက်တွေ နဲ့ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ခန္ဓာကိုယ် ကရေဝိတ်တွေကို ဒီလိုချပါ

တစ်ခါတလေမှာ ကိုယ်အလေးချိန်များနေတာက ဝနေလို့ဆိုတာထက် ခန္ဓာကိုယ် အရေပြားအောက်မှာစုမိနေတဲ့ အရည်တွေကြောင့် ရေဝိတ်တက်နေတာလည်းဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ခန္ဓာကိုယ်မှာ တကယ်ကို ဝိတ်တက်နေတာလား။ ရေဝိတ်တက်နေတာလားဆိုတာကို သိနိုင်စေမယ့်နည်းလမ်းလေးတွေနဲ့ ရေဝိတ်တက်တာကို သက်သာအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးပါရစေ။ ရေဝိတ်တက်တယ်ဆိုတာ ဘာများလဲ...... ခန္ဓာကိုယ်ရဲ့ ၇၀ ရာခိုင်နှုန်းကို ရေတွေနဲ့ ဖွဲ့စည်းထားတာပါ။ ရေက ဆဲလ်တွေအတွင်းမှာ ရှိနေနိုင်သလို ဆဲလ်တွေရဲ့ အပြင်ဘက်မှာလည်း ရှိနေနိုင်ပါတယ်။ ရေဝိတ်တက်တယ်ဆိုတာက ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှုစနစ်၊ တစ်ရှုးတွေ နဲ့ ခန္ဓာကိုယ် အရေပြားအောက်တွေမှာ အရည်တွေစုနေတဲ့သဘောပါ။ ရေဝိတ်တက်တာ ကခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းအမျိုးမျိုးမှာ အကြောင်းအရင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ဘယ်လိုသိနိုင်မလဲ..... ရေဝိတ်တက်တာတဲ့အခါ အရည်တွေစုနေတ့နေရာတွေကို တွေ့ရနိုင်သလို အရေပြားက အရောင်ပြောင်းသွားတာ အရေပြားက ဖောနေပြီး လက်နဲ့ဖိလိုက်တဲ့အခါ နစ်ဝင်သွားပြီး အချိန်တော်တော်ကြာတဲ့အထိ အသားပြန်တက်မလာတာ ခြေလက်တွေ ကိုက်ခဲမယ်။ ခြေလက်တွေက တင်းတင်းကြီးဖြစ်နေတာ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်