ကိုယ်အလေးချိန်လျှော့ချခြင်း

ကျန်းမာနဲ့ ညီညွတ်စွာ ဝိတ်ကျချင်တယ်ဆိုရင် သင့်တော်တဲ့ အစားအသောက် စားဖို့ လိုပါတယ်။ ပညာရှင်တွေ ညွှန်ကြားထားတဲ့ နည်းလမ်းကောင်းတွေနဲ့ သင့်ရဲ့ ဝိတ်ချခြင်း ခရီးစဉ်ကို ကူညီပေးပါရစေ။

ကျန်းမာရေးဗဟုသုတ

ကိုယ်အလေးချိန်လျှော့ချခြင်း

ကျန်းမာတဲ့ ကိုယ်အလေးချိန် ပိုင်ဆိုင်စေဖို့ ထောက်ကူပေးနိုင်တဲ့ သဘာဝ လက်ဆောင်

လူတစ်ယောက်ကျန်းမာစေဖို့အတွက် အရေးပါတဲ့ အချက် တစ်ချက်ရှိပါတယ်။ ဒါကတော့ ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိဖို့ပါ။ ကိုယ်အလေးချိန်က ရှိသင့်တာထက် များနေမယ်။ အဝလွန်နေမယ်ဆိုရင် နှလုံးရောဂါ၊ အမျိုးအစား -၂ ဆီးချိုရောဂါ၊ လေဖြတ်တာ၊ အရိုးပွတာ၊ အစာခြေစနစ်ပြဿနာ၊ အိပ်စက်မှုဆိုင်ရာ ကျန်းမာရေး ပြဿနာတွေနဲ့ ကင်ဆာရောဂါတွေ ခံစားရနိုင်ပါတယ်။ ဒီတော့ ကျန်းမာပြီး နေ့ရက်တိုင်းကို သွက်လက်တက်ကြွစွာနဲ့ ဖြတ်သန်းချင်တယ်ဆိုရင် ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် မပိုအောင် သေချာလေး ဂရုစိုက် ထိန်းသိမ်းဖို့ လိုပါမယ်။ ဒီလို ထိန်းသိမ်းတဲ့အခါ အစားလျှော့စားတာ၊ လေ့ကျင့်ခန်း လုပ်တာတွေကို သင့်တင့်မျှတအောင် လုပ်ဆောင်ဖို့ လိုပါမယ်။ ကျန်းမာတဲ့ ကိုယ်အလေးချိန် ပိုင်ဆိုင်စေဖို့ မေ့ထားလို့ မရတဲ့အရာတစ်ခု ကျန်းမာတဲ့ ကိုယ်အလေးချိန် ပိုင်ဆိုင်စေဖို့ မေ့ထားလို့ မရတဲ့အရာတစ်ခုကတော့ လေ့ကျင့်ခန်း လုပ်တာပါ။ လေ့ကျင့်ခန်း လုပ်တယ်ဆိုတဲ့နေရာမှာတော့ […]

ကိုယ်အလေးချိန်လျှော့ချခြင်း ကို ရှာဖွေမည်။

ကိုယ်အလေးချိန်လျှော့ချခြင်း

BMI (ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း)ဆိုတာဘာလဲ။ ဘယ်လိုအသုံးဝင်လဲ။

တစ်နေ့တာလုံး ကွန်ပျူတာရှေ့ထိုင်အလုပ်လုပ်၊ အိမ်ပြန်ရောက်တော့လည်း ပင်ပန်းလာတယ်ဆိုပြီး ထိုင်ပြီး စာအုပ်ဖတ်တယ်၊ တီဗွီကြည့်တယ်၊ ဂိမ်းဆော့တယ်လုပ်ရင်း ခန္ဓာကိုယ်ကပြည့်ပြည့်လာတယ်။ ထိုင်ရ၊ထရလေးလာတယ်။ ငါအရမ်းများဝလွန်းနေပြီလား၊ ကျန်းမာရေးထိခိုက်လောက်တဲ့အထိများ ဝနေပြီလားလို့ တွေးနေလား။ ဝနေလားမဝနေဘူးလားဆိုတာကို သူများတွေကိုလျှောက်မမေးဘဲ စမ်းသပ်ကြည့်လို့ရတဲ့ နည်းလမ်းလေးတစ်ခုရှိပါတယ်။ BMI( ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း) ဆိုတာ BMI (ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း) ဆိုတာက လူတစ်ယောက်ရဲ့ ကိုယ်အလေးချိန် အရပ်အမြင့်​ပေါ်မှာ အခြေခံပြီး ခန္ဓါကိုယ်မှာရှိနေတဲ့ အဆီပမာဏကို တွက်ချက်ဖို့ လုပ်ဆောင်ထားတဲ့ ပုံသေနည်းတစ်ခုပေါ့။ ဒါပေမယ့် BMI (ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း) က ခန္ဓါကိုယ်ကအဆီပမာဏကို အတိအကျမတွက်ချက်နိုင်ပါဘူး။ ၁၉ ရာစုနှစ်အစောပိုင်းကာလမှာပေါ်ပေါက်လာခဲ့တဲ့ ဒီပုံသေနည်းမှာ ခန္ဓာကိုယ်အလေးချိန်ကို အရပ်အမြင့်ရဲ့ နှစ်ထပ်ကိန်းနဲ့စားပြီး ထွက်လာတဲ့အဖြေနဲ့ အဝလွန်နေတာလား၊ ပုံမှန်ပဲလား၊ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်နည်းနေလားဆိုတာကို ဆုံးဖြတ်ရတာပါ။ ဒီလိုတွက်ချက်ခြင်းဖြင့် ကိုယ်အလေးချိန်များနေရင် ကျန်းမာရေးနဲ့ ညီတဲ့ကိုယ်အလေးချိန်ရအောင် […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဗိုက်အဆီချဖို့ ကြိုးစားနေတယ်ဆိုရင် ဒါတွေ လုံးဝမလုပ်မိပါစေနဲ့။

ဗိုက်အဆီချဖို့ ကြိုးစားနေတယ်ဆိုရင် ဒါတွေ လုံးဝမလုပ်မိပါစေနဲ့။ သွယ်လျကျစ်လျစ်တဲ့ ကိုယ်ခန္ဓာတစ်ခု ကြည့်ကောင်းတဲ့ ကိုယ်ခန္ဓာတစ်ခုမှာ ပြားချပ်ချပ်ဗိုက်ကလေးက အရေးအကြီးဆုံးမလား။ ဘယ်လောက်ပဲ ပိန်နေနေ ဗိုက်ကလေးမှာ အဆီစုနေရင် လုံးဝ ကြည့်မကောင်းဘူးလေ။ ပြီးတော့ လူတစ်ယောက်စပြီး ဝလာပြီဆိုတာနဲ့ ဗိုက်ကစထွက်လာတာမလား။ ဒီတော့ ကိုယ်ခန္ဓာအလှကိုဖျက်ဆီးနေတဲ့ ပူနေတဲ့ ဗိုက်ကို နည်းမျိုးစုံနဲ့ ကြိုးစားချကြတယ်လေ။ ဒီလို ဗိုက်အဆီချတဲ့နေရမှာ လေ့ကျင့်ခန်းလုပ် အစားလျှော့ရုံနဲ့တင် မပြီးသေးပါဘူး။ ခုပြောမယ့် အမှားတွေ မသိလိုက်ဘဲ လုပ်နေတာမျိုး မဖြစ်ဖို့တော့ လိုပါတယ်။ ဒီတော့ ကိုယ်ကြိုးစားသမျှ အရာထင်စေဖို့အတွက် လူတိုင်းလုပ်နေမိတတ်တဲ့ အမှားလေးတွေအကြောင်းပြောပြပေးချင်ပါတယ်။ ဗိုက်အဆီချဖို့ ကြိုးစားနေတယ်ဆိုရင် ဒါတွေ လုံးဝမလုပ်မိပါစေနဲ့။ ဗိုက်အဆီချဖို့ ကြိုးစားနေတယ်ဆိုရင် ဒါတွေ လုံးဝမလုပ်မိပါစေနဲ့။ ဘာတွေလဲဆိုတော့ ( ၁ ) ဗိုက်အဆီချဖို့ အိပ်ထမတင် တစ်မျိုးတည်း ဇောက်ချလုပ်ခြင်း။ အိပ်ထမတင်လေ့ကျင့်ခန်းဟာ ဗိုက်ကြွက်သားတွေကို […]


ကိုယ်အလေးချိန်လျှော့ချခြင်း

အချိုရည် က ကိုယ်အလေးချိန်တက်စေသလား

အချိုရည် က ကိုယ်အလေးချိန်တက်စေသလား ဆိုတာလေးကို ပြောပြပေးချင်ပါတယ်။ " ငါကတော့ ရေသောက်တာတောင် ဝတယ်။ ဘာမှမစားလည်းဝ နေတာ ပဲ ...... ပေါင်ချိန်တွေလည်း တက်လာတယ်" သူငယ်ချင်းပျိုမေတော်တော်များများညည်းညူကြတာတွေ  ကြားဖူးနေပါရဲ့။ တကယ်လည်း weight လျှော့နေတာဆိုပြီး ထမင်းဟင်း ဟုတ်တိပတ်တိ မစားကြ။ " ဘာမှမစားဘဲတော့ ဘယ်ဝပါ့မတုန်းဟ။ တစ်ခုခု မှားနေလို့ နေမှာပါ" လို့ ဖြေသိမ့်ရင်း သေချာမေးကြည့်တော့ သူတို့က အချိုရည်သိပ်သောက်တယ်။ ထမင်းမစားဖြစ်ဘူး … နည်းနည်းဆာချင်ပြီဆိုရင် အချိုရည် တစ်ဘူးလောက်ဝယ်သောက်လိုက်တာပဲ တဲ့ ။ တစ်ခါတလေ သိပ်ဆာရင် တစ်ဘူးတောင် မကဘူး ဆိုပဲ။ “ ဟယ်…. အဲတော့ ဘာထူးမှာလဲ…. ပိုတောင်ဆိုးဦးမယ် “ ဆိုတော့မှ မျက်လုံးလေး ကလယ်ကလယ်နှင့် …။ အချိုရည် က ကိုယ်အလေးချိန်တက်စေသလား အချိုရည် က […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ကမ္ဘာကျော် လေ့ကျင့်ခန်း နည်းပြ တစ်ဦးရဲ့ ဝိတ်ကျစေမယ့် နည်းလမ်းတွေ

Jillian Micheals ဆိုတာ အမေရိကန်လူမျိုး ကမ္ဘာကျော် လေ့ကျင့်ခန်း နည်းပြ တစ်ယောက်ဖြစ်ပြီး စာရေးဆရာ၊ အားကစား တီဗီအစီအစဉ်တွေမှာလည်း အစီအစဉ်တင်ဆက်သူတစ်ဦးအဖြစ် ရပ်တည်နေတဲ့သူဖြစ်ပါတယ်။ သူမဟာ The Biggest Loser လို့ခေါ်တဲ့ ဝိတ်ကျတာကို ယှဉ်ပြိုင်ကြတဲ့ တီဗီအစီအစဉ်ရဲ့ နည်းပြဖြစ်ပြီး သူမရဲ့ ဝိတ်အများဆုံးကို အမြန်ဆုံးကျစေတဲ့နည်းလမ်းတွေဟာ ကမ္ဘာကျော်ခဲ့ပါတယ်။ သူမရဲ့ နည်းလမ်းတွေက သိပ္ပံနည်းကျ ဆေးစစ်ချက်တွေနဲ့ပါ စမ်းသပ်ထားပြီးတော့ ဝိတ်ကျပြီးရင်လည်း အချိန်ကြာကြာဆက်ထိန်းထားနိုင်တဲ့ နည်းလမ်းတွေဖြစ်တယ်။ ဒါကြောင့် သူမရဲ့ ဝိတ်ကျစေတဲ့ နည်းလမ်းတွေထဲက တချို့ကို ကျန်းမာရေးလိုက်စားသူ ကိုကိုမမတို့အတွက် ဖော်ပြပေးလိုက်ပါတယ်။ ၁။ ပူစပ်တဲ့ အစားအစာတွေ မာလာရှမ်းကော၊ ဟော့ပေါ့၊ အသုပ်တွေ ကြိုက်တဲ့သူတွေ အတွက်တော့ သတင်းကောင်းပါပဲ။ ဒါပေမဲ့ အဲဒီလို အစားအစာတွေမှာတော့ ဆီများတဲ့အတွက် ကယ်လိုရီတွေများနေနိုင်ပါတယ်။ သဘာဝဟင်းခပ်အမွှေးအကြိုင်တွေနဲ့ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဝမ်းဗိုက်အဆီကို အမြန်ဆုံးချနိုင်မယ့် နည်းလမ်းတွေ

၀မ်းဗိုက်အဆီဆိုတာ ကျန်းမာရေးအတွက် အလွန်အန္တရာယ်များတဲ့ အဆီမျိူးပါ။ ဆီးချိုနဲ့ နှလုံးရောဂါတွေအဓိက ဆောင်ကြဉ်းပေးတတ်တဲ့အရာဖြစ်ပြီး အ၀တ်အစား၀တ်တဲ့နေရာမှာလဲ ကြည့်ရဆိုးစေပါတယ်။  ဒီလိုဆို၀မ်းဗိုက်အဆီတွေကို ဘယ်လိုအနိုင်ယူတိုက်ထုတ်နိုင်မလဲကြည့်လိုက်ရအောင်။ (၁) အမျှင်ဓာတ်များများစားပါ။ ရေမှာပျော်၀င်နိုင်တဲ့အမျှင်ဓာတ်ကြွယ်၀တဲ့ အစားအသောက်တွေ ဥပမာ ထောပတ်သီး၊ ဖရဲသီး၊ပဲပင်ပေါက်၊ ဘလက်ဘယ်ရီသီးစတာတွေကို စားသုံးပေးတဲ့အခါ ၀မ်းဗိုက်အဆီကိုလျော့ကျစေတာကို တွေ့ရှိရပါတယ်။ (၂) Trans fat ကိုလုံးဝရှောင်ကြဉ်ပါ။ Trans fat ဆိုတာ မပြည့်၀ဆီတွေကို ဟိုက်ဒရိုဂျင် ဓာတ်ငွေ့ရောက်တဲ့အခါဖြစ်ပေါ်လာတာပါ။ ထောပတ်နဲ့ တာရှည်ခံအောင်လုပ်ထားတဲ့အစားအသောက်တွေမှာ trans fat ပါ၀င်နိုင်တာမို့လို့ သတိထားရှောင်ရှားသင့်ပါတယ်။ (၃) အရက်ကို အလွန်အကျွံမသောက်ပါနဲ့။ အရက်ဟာ အသည်းခြောက်ခြင်း၊ အသည်းရောင်ခြင်းတွေကိုဖြစ်စေတဲ့အပြင် ၀မ်းဗိုက်အဆီကိုတိုးပွားစေတဲ့ အဓိကတရားခံထဲကတစ်ဦးမို့ အရက်ကို အလွန်အကျွံမသောက်သင့်ပါဘူး။ (၄)အသားဓာတ်ကြွယ်၀တဲ့ အစာများများစားပါ။ အသားဓာတ်လုံလောက်စွာရရှိခြင်းဟာ ကိုယ်အလေးချိန်ထိန်းသိမ်းတဲ့နေရာမှာ အင်မတန်အရေးပါပါတယ်။ အသားအမျိုးမျိုး၊ ဥအမျိုးမျိုး၊ နို့နဲ့နို့ထွက်ပစ္စည်းတွေအပါအ၀င် ပဲအမျိုးမျိုးကနေလဲ အသားဓာတ်ကိုရရှိနိုင်ပါတယ်။ (၅) စိတ်ဖိစီးမှုကို တတ်နိုင်သမျှလျှော့ချပါ။ သုသေတနတွေအရ စိတ်ဖိစီးမှုကြောင့် ထွက်တဲ့ကော်တီဇောဟာ အစာစားချင်စိတ်ကိုမြင့်တက်စေပြီး ၀မ်းဗိုက်မှာအဆီစုတာကိုလည်း အားပေးပါတယ်။ ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်းတွေက စိတ်ဖိစီးမှုကိုလျော့ကျစေပါတယ်။ (၆) သကြားဓာတ်၊ အချိုလျှော့စားပါ။ သကြားမှာ fructose လို့ခေါ်တဲ့ဓာတ်ပါပါတယ်။ အလွန်အကျွံစားမိတဲ့အခါနှလုံးရောဂါ၊ အမျိူးအစားနှစ် ဆီးချိူရောဂါ အ၀လွန်ခြင်းနဲ့ အသည်းအဆီဖုံးရောဂါတွေကို ဖြစ်စေပါတယ်။သကြားကို တတ်နိုင်သရွေ့လျှော့စားပါ။ ဖြူဖွေးအောင်အရောင်ချွတ်ထားတဲ့ သကြားတွေအစား သကြားညို၊ ပျားရည်စတာတွေကိုအစားထိုးသုံးစွဲသင့်ပါတယ်။ (၇) Cardio (အေရိုးဗစ်) လေ့ကျင့်ခန်းလုပ်ပါ။ အေရိုးဗစ်ကစားခြင်းဟာ ကယ်လိုရီအမြားအပြားကိုလောင်ကျွမ်းစေပြီး ကျန်းမာရေးကိုထိထိရောက်ရောက်တိုးတက်စေပါတယ်။ တစ်ပတ်ကို အေရိုးဗစ်လေ့ကျင့်ခန်း ငါးနာရီလုပ်နိုင်ရင် သင့်၀မ်းဗိုက်အဆီတွေကို ထိထိရောက်ရောက်ကျဆင်းစေပါတယ်။ (၈)ကာဗိုဟိုက်ဒရိတ်ဓာတ်ကို လျှော့ချပါ။ ထမင်း၊ဆန်နဲ့လုပ်တဲ့မုန့်၊ ကောက်ညှင်း၊ အာလူး၊ ဂျုံ၊ ပြောင်း စတာတွေမှာ ပါတဲ့ ကာဗိုဟိုက်ဒရိတ်ကိုလျှော့ချခြင်းဟာ ၀မ်းဗိုက်အဆီကို သိသိသာသာကျဆင်းစေပါတယ်။


ကိုယ်အလေးချိန်လျှော့ချခြင်း

သင့်ကိုယ်ခန္ဓာမှ အဆီပိုများကိုဖယ်ရှားဖို့ နည်းလမ်းကောင်းများ

သင့်ကိုယ်ခန္ဓာမှာ အဆီပိုများ စုဝေးပြီး လှုပ်ရှားသွားလာရတာ လေးလံနေသလို ခံစားရပါသလား။ ဒီအဆီပိုတွေကို ဖယ်ရှားဖို့ အားထုတ်ပါ။ အဆီပိုများရှိနေခြင်းဟာ ကိုယ်ခန္ဓာရဲ့ အလှတရားကို ထိခိုက်စေတဲ့အပြင် ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။ ဒီဆောင်းပါးမှာ ဆက်လက်ဖော်ပြထားတဲ့ အကြောင်းအရာတွေကတော့ ကိုယ်ခန္ဓာကနေ အဆီပိုတွေကို ဖယ်ရှားရာမှာ ဘယ်အချက်တွေကို လိုက်နာသင့်သလဲဆိုတာပါပဲ။ အောက်ပါအချက်အလက်တွေကို လေ့လာပြီး လိုက်နာဆောင်ရွက်ကြည့်ပါ။ ပရိုတင်းကြွယ်ဝတဲ့ စားစရာတွေစားပါ။ ပရိုတင်းကြွယ်ဝတဲ့ အစားအစာတွေဟာ အာဟာရဖြစ်စေတဲ့အပြင် အဆီတွေကို ပိုမိုလောင်ကျွမ်းစေပါတယ်။ ပရိုတင်းဟာ ခါးမှာ အဆီဓာတ်တွေစုဝေးနိုင်ခြေကို လျော့နည်းစေပါတယ်။ ကယ်လ်လိုရီများကို လျော့ကျစေပြီး ကြွက်သားများတည်ဆောက်ရာမှာ အထောက်အကူပြုပါတယ်။ အသား၊ ပင်လယ်စာ၊ ပဲတောင့်ရှည်နှင့် ပဲအမျိုးမျိုး၊ နို့ထွက်ပစ္စည်းများ စတာတွေဟာ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်ပါတယ်။ ပုံမှန်ထက်အနည်းငယ်ပိုအိပ်ပါ။ အိပ်ရာကို နည်းနည်းစောစောဝင်ပြီး ပုံမှန်ထက် အနည်းငယ်နောက်ကျပြီးမှ အိပ်ရာထခြင်းဟာ အဆီများလောင်ကျွမ်းပြီး ကိုယ်အလေးချိန်တက်ခြင်းကို ကာကွယ်နိုင်ပါတယ်။ သုတေသနပြုချက်များအရ […]


ကျန်းမာစွာ စားသောက်ခြင်း

အစာ စောစောစားတာ ဝိတ်ချရာမှာအထောက်အကူဖြစ်စေနိုင်

အစာ စောစောစားတာ ဝိတ်ချရာမှာအထောက်အကူဖြစ်စေနိုင် ပါတယ် ဆိုတာကို သိပြီးပြီလား! မသိသေးဘူးဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ပြောပြပေးထားတာမို့ ကိုယ်တိုင် ဖတ်ကြည့်လိုက်ပါလို့ တိုက်တွန်းချင်ပါတယ်။ အစာ စောစောစားတာ ဝိတ်ချရာမှာအထောက်အကူဖြစ်စေနိုင် ဝိတ်ချမယ် ဆိုရင် အစာ လျှော့စားရမယ်လို့ လူသိများ ကြပေမယ့် အစာ စောစာစားတာက ဝိတ်ချဖို့ အထောက်အကူပြု ပေးနိုင်တယ် လို့တော့ သိသူ ရှားဦးမှာပါ။ အဆီချမယ်ဆို အစားလျှော့စားဖို့ပဲ နည်းလမ်း ရှိတာ မဟုတ်ပါဘူး။ စားသောက်မှုပုံစံကို ထိန်းလိုက်ရုံ နဲ့ အငတ်ခံစရာ မလိုဘဲ အဆီကျနိုင်တယ်လို့ရော သင်သိပါသလား။ တစ်နေ့တာအတွင်း အစားစောစောစားခြင်းက ဆာလောင်မှုကို မဖြစ်စေတော့ဘဲ အဆီကျခြင်းကို မြန်စေတယ်လို့ သုတေသနကတွေ့ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်း လူတော်တော်များများက ညနေစာမစားတာ၊ diet plan အတိုင်း စားသောက်တာတို့ကိုပဲ ကြိုးစားခဲ့ကြပါတယ်။ Intermittent fasting ဆိုတာ အချိန်ကြာကြာ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

အဆီချခြင်း နဲ့ ငှက်ပျောသီး

ငှက်ပျောသီးက အမျှင်ဓါတ်ကြွယ်ဝတဲ့ အသီးတစ်မျိုးပါ။ ခပ်လတ်လတ်အရွယ်အစားရှိတဲ့ ငှက်ပျောသီးတစ်လုံးမှာ အမျှင်ဓါတ် ၃ ဂရမ်ကျော် ပါဝင်ပါတယ်။ လူတစ်ယောက်ရဲ့တစ်နေ့တာအတွက် စားသုံးသင့်တဲ့အာဟာရထဲမှာ အမျှင်ဓါတ်က ၂၅ ဂရမ်လောက် ပါဝင်သင့်ပါတယ်။ အမျှင်ဓါတ်များများစားသုံးခြင်းနဲ့ ကိုယ်အလေးချိန်ကျခြင်းတို့ရဲ့ ဆက်နွှယ်မှုကို သုတေသနကတွေ့ရှိထားပါတယ်။ အမျင်ဓါတ်ကသွေးတွင်းသကြားဓါတ်ကိုလည်းလျော့ကျစေတယ်၊ ပုံမှန်ထိန်းညှိပေးနိုင်တယ်။ အမျှင်ဓါတ်ကြောင့် လူကိုဗိုက်ပြည့်တင်းတိမ်စေပြီး ကယ်လိုရီစားသုံးမှုကိုလျော့နည်းစေနိုင်ပါတယ်။ ကိုလက်စထရောပမာဏကိုလည်း ကျစေပြီး နှလုံးရောဂါအန္တရာယ်လည်းလျော့နည်းစေပါတယ်။ ပိုတက်စီယမ် ခပ်လတ်လတ်အရွယ် ငှက်ပျောသီးတစ်လုံးမှာ ပိုတက်စီယမ် ၄၂၂ မီလီဂရမ်ပါဝင်ပြီး ဒီပမာဏဟာနေ့စဉ်လိုအပ်တဲ့ပမာဏရဲ့ ၁၂ ရာခိုင်နှုန်းနဲ့ ညီမျှပါတယ်။ ပိုတက်စီယမ်က ခန္ဓါကိုယ်အတွင်း ဆိုဒီယမ်ပမာဏကို ထိန်းညှိပေးလို့သွေးတိုးကိုကျစေပြီး နှလုံးရောဂါနဲ့လေဖြတ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ကျောက်ကပ်ကျန်းမာရေးအတွက်လည်း အရေးပါတဲ့အပြင်ကျောက်မတည်အောင်လည်း ကာကွယ်ပေးပါတယ်။ မဂ္ဂနီဆီယမ် ငှက်ပျောသီးမှာ မဂ္ဂနီဆီယမ်ပမာဏလည်း ပါဝင်မှုမနည်းပါဘူး။ ငှက်ပျောသီးတစ်လုံးမှာ ပျမ်းမျှအားဖြင့် မဂ္ဂနီဆီယမ် ၃၂ မီလီဂရမ်လောက်ပါဝင်ပြီးဒီပမာဏဟာနေ့စဉ်လိုအပ်တဲ့ပမာဏရဲ့ ၈ ရာခိုင်နှုန်းလောက်ဖြစ်ပါတယ်။ မဂ္ဂနီဆီယမ်က ခွန်အားဖြစ်ပေါ်မှု၊ အာရုံကြောစနစ်လုပ်ဆောင်ချက် နဲ့သွေးဖိအားထိန်းညှိမှု၊သွေးတွင်းသကြားဓါတ်ထိန်းညှိမှုတို့အတွက် မရှိမဖြစ်အရေးပါနေတာပါ။ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဝိတ်ကျစေမယ့် ဗီတာမင်နဲ့သတ္တုဓါတ်တွေကဘာတွေဖြစ်မလဲ

ဝိတ်ချတယ်ဆိုရင် အများစုကတွေးမိတာက အစားလျှော့စားလိုက်ဖို့ပါ။ တကယ်တော့ တစ်ခါတလေမှာ အစားလျှော့စားတိုင်းလည် ဝိတ်ကျစေတာတော့မဟုတ်ပါဘူး။ ကျန်းမာစွာနဲ့ ဝိတ်ကျချင်ရင် အခုပြောတဲ့ ဗီတာမင်နဲ့သတ္တုဓါတ်လေးတွေကို အားကိုးကြည့်ဖို့ပြောပါရစေနော်။ ဝိတ်ချဖို့ ဗီတာမင်တွေသောက်သင့်လား..... ဝိတ်ချတယ်ဆိုတာကပြောသလောက်လွယ်တဲ့ ကိစ္စတော့မဟုတ်ပါဘူး။ဆေးလေးသောက်လိုက်ရုံ၊ အစားလေးလျှော့လိုက်ရုံ၊လေ့ကျင့်ခန်းလေးလုပ်လိုက်ရုံတင်လားဆိုတော့ မဟုတ်ပါဘူး။ အားလုံးကို မျှတအောင်လုပ်မှ ကျန်းမာစွာနဲ့ ကိုယ်အလေးချိန်ကျလို့ ကျစ်လျစ်သွယ်လျသွားမှာပါ။ ဝိတ်ချနေချိန်မှာမေ့ထားလို့မဖြစ်တာက ကျန်းမာရေးနဲ့ညီညွတ်စွာဝိတ်ကျစေဖို့အတွက် ခန္ဓါကိုယ်မှာ လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေပြည့်ဝနေစေဖို့ပါ။ ဒါမှလည်း ကျန်းမာစွာနဲ့ ကိုယ်အလေးချိန်ချနိုင်တော့မှာပေါ့။နောက်တစ်ခုက အချို့ဗီတာမင်နဲ့ သတ္တုဓါတ်တွေက ဝိတ်မတက်စေဘဲ ကျန်းမာရေးနဲ့ညီညွတ်လို့ မလိုအပ်တဲ့ အဆီပိုတွေကို ထိထိရောက်ရောက်ဖယ်ရှားပေးနိုင်တယ်ဆိုတာပါ။ ဝိတ်ကျစေဖို့ ကူညီပေးမယ့် ဗီတာမင်တွေက ဘာတွေဖြစ်မလဲ ဒီဗီတာမင်တွေ ဝိတ်ကျစေဖို့ တကယ်ကို အထောက်အကူပြုနိုင်မှာပါ။ (၁) ဗီတာမင် B - ဗီတာမင် B ဆိုတဲ့နေရာမှာ ဗီတာမင် B အုပ်စုဝင်တွေဖြစ်တဲ့ သီရာမင်း (ဗီတာမင် […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ချပ်ရပ်နေတဲ့ ခါးဆိုဒ်လေးဖြစ်ဖို့ ပျိုမေဘာတွေလုပ်မလဲ

တစ်ကိုယ်လုံးက အဆီတွေထဲ အဆိုးဆုံးက ဗိုက်နားတဝိုက်ကအဆီတွေပါပဲ။မြန်မာဝတ်စုံလှလှလေးဝတ်မယ်ဆိုရင်ပဲကြည့်၊ ခါးတုတ်နေတာ ဒါမှမဟုတ် ဗိုက်အဆီရှိနေတာဆို ကိုယ့်စိတ်ကြိုက်လှနိုင်ပါ့မလား။ အဆီပိုမရှိ ချပ်ရပ်နေတဲ့ခါးဆိုဒ်လေးကို ပျိုမေတွေ အားလုံးဆန္ဒရှိကြမှာပဲလေ။ ဒါဆို ဘာလေးတွေသတိထားရမလဲ ဆိုတာ ဒီဆောင်းပါးမှာ အကြံပေးချင်ပါတယ်။ အမျှင်ဓါတ်များများစားပါ အစိမ်းရောင်ရှိတဲ့အသီးအရွက်တွေ၊ ဂျုံကြမ်း၊ အစေ့အဆန်တွေ၊ ပဲတောင့်ရှည်တို့လို အမျှင်ဓါတ်များတာတွေ စားပေးလို့ရတယ်။ ဗိုက်အဆီဆိုတာ အသည်း၊ ပန်ကရိယနဲ့ကျောက်ကပ်အပါအဝင် အရေးပါတဲ့ကိုယ်တွင်းအင်္ဂါတွေအနားတဝိုက်မှာရှိနေတာမို့ အန္တရာယ်များတဲ့အဆီတွေဖြစ်ပါတယ်။ ဒီနှစ်ချက်ကို သတိရပါ ဗိုက်အဆီတွေကိုလောင်ကျွမ်းစေပြီး ဖတ်ခနဲဗိုက်ချပ်သွားစေမယ့် စူပါအစားအစာဆိုတာ မရှိပါဘူး။ အခုလုပ် အခုချက်ချင်းဗိုက်ချပ်စေမယ့်လေ့ကျင့်ခန်းလည်းမရှိပါဘူး။ စားသောက်ပုံအမူအကျင့်နဲ့ လှုပ်ရှားမှုတွေအတွက် အချိန်နည်းနည်းပေးရပါမယ်။ဖြတ်လမ်းနည်းနဲ့လုပ်တဲ့ဆေးတွေ၊နည်းတွေက ဆိုးကျိုးများပါတယ်။ တစ်ပတ်စာချင်း တွက်ချက်ပြီး စားသောက်၊လှုပ်ရှားပါ။ အဆီနဲ့ပတ်သက်ရင် ရွေးချယ်တတ်ပါစေ အဆီပါသမျှကို လုံးဝရှောင်စရာမလိုပါဘူး။ ဒါပေမယ့် တိရစ္တာန်အဆီတွေလိုပြည့်ဝဆီတွေ၊ အဆီပြည့်နို့ထွက်ပစ္စည်းတွေကို ကန့်သတ်စားပါ။ ပုံမှန်စားလေ့ရှိတာထက်လျှော့စားလိုက်ပါ။ ကိုယ်စားမယ့်အစားအစာမှာ ကယ်လိုရီဘယ်လောက်၊ အဆီဘယ်လောက်ပါလဲ label မှာအရင်ကြည့်ပါ။ ဆယ်လမွန်၊တူနာ တို့လို အကျိုးပြုအဆီomega-3 […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်