backup og meta

ထန်းရည်သောက်ရင် ဝိတ်ကျသလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 25/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ထန်းရည်သောက်ရင် ဝိတ်ကျသလား

    ငှက်ခါးရောင်တောက်နေတဲ့ ပင်ကျရည်လေး တစ်ခွက်တစ်ဖလား မော့လိုက်ရတဲ့အရသာကို အမျိုးသားထုကြီး ကောင်းကောင်းနားလည်ကြမယ်ထင်ပါတယ်။

    နယ်ဒေသတွေ၊ အထူးသဖြင့် အညာဒေသဘက်တွေမှာဆိုရင်တော့ မိုးထိုးနေတဲ့ ထန်းပင်မြင့်ကြီးရဲ့ ခြေရင်းမှာ ပင်ကျထန်းရည်အေးအေးလေးကို ကြက်ကြော်လေးနဲ့ မြည်းရင်း ဇရက်မင်းစည်းစိမ်ခံစားလို့ရနိုင်တယ်လေ။

    ထန်းရည်ဆိုတာက မြန်မာ့ကျေးလက်လူနေမှုဘဝနဲ့ ခွဲခြားထားလို့မရတဲ့ သဘာဝ ထုတ်ကုန်တစ်ခုပါ။ မူးယစ်စေတဲ့အတွက် ယမကာတစ်မျိုးအဖြစ်သတ်မှတ်ခံထားရပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သဘာဝဓာတ်စာတစ်ခုအဖြစ်လည်း ရှုမြင်ခံရလေ့ရှိပါတယ်။

    တကယ်တော့ ထန်းပင်နဲ့ ထန်းရည်ဆိုတာ မြန်မာနိုင်ငံ တစ်နိုင်ငံတည်းမှာရှိတဲ့အရာမဟုတ်ပါဘူး။ အာဖရိကအလယ်ပိုင်း၊ ဗဟိုအမေရိက၊ အာရှ တောင်ပိုင်းနဲ့ အရှေ့တောင်ပိုင်းဒေသတွေက တိုင်းပြည်တွေမှာ ပေါပေါသီသီ မြင်တွေ့နိုင်ပါတယ်။ အဲ့ဒီဒေသတိုင်းမှာလည်း ထန်းရည်ကို ရိုးရာယမကာတစ်မျိုးအဖြစ် မှီဝဲကြတာခြင်းလည်း တူညီပါတယ်။ မြန်မာပြည်မှာ အသုံးပြုနေတဲ့ ထန်းရည်ဆိုတဲ့ စကားလုံးဟာ အိန္ဒိမြောက်ပိုင်းအခေါ် Taadi ကနေဆင်းသက်လာတာဖြစ်ပါတယ်။

    ထန်းရည်ကို မှီဝဲကြတဲ့တိုင်းပြည်အများစုမှာ တူညီတဲ့အယူအဆတချို့ရှိပါတယ်။ ဒါကတော့ ထန်းရည်ဟာ အာဟာရဓာတ်ကြွယ်ဝပြီး ကိုယ်အလေးချိန်လျှော့ချရေးကို အထောက်အကူပြုတယ်ဆိုတဲ့ အချက်တွေဖြစ်ပါတယ်။

    ထန်းရည်ဟာ သဘာဝထုတ်ကုန်တစ်မျိုးဖြစ်ပြီးတော့ အာဟာရဓာတ်ကြွယ်ဝတာကတော့ အမှန်ပါပဲ။ ထန်းရည်ထဲမှာ အာဟာရဓာတ်အနေနဲ့ ဆူးခရို့စ်၊ ပရိုတင်းAscorbic acid၊ Fibre ဓာတ်၊ Amino Acidဗီတာမင် C နဲ့ ဓာတ်တိုးဆန့်ကျင် အာနိသင်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါကြောင့် ထန်းရည်ဟာ တော်သင့်မျှတစွာ မှီဝဲပေးရင် ကျန်းမာရေးကို အထောက်အကူပြုနိုင်စေပါလိမ့်မယ်။

    ထန်းရည်သောက်ရင် ဝိတ်ကျသလား

    ထန်းရည်သောက်ရင် ဝိတ်ကျသလား ဆိုတာကိုတော့ တစ်ချိန်တုန်းက သက်သေပြသနိုင်ခဲ့ခြင်းမရှိသလို လူအများအကြားမှာ ယုံတမ်းစကားတစ်ခုအနေနဲ့ ယုံကြည်နေခဲ့ကြတဲ့အရာ တစ်ခုဖြစ်နေခဲ့ပါတယ်။

    ဒါပေမယ့် ခုချိန်မှာတော့ လေ့လာချက် အသစ်တွေ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ သုတေသနပြုချက်တွေ အရဆိုရင်တော့ ထန်းရည်ဟာ အမျိုးသားတွေရဲ့ မျိုးပွားမှုဆိုင်ရာ လုပ်ဆောင်ချက် ဖောက်လွဲဖောက်ပြန်မှုတွေကို တားဆီးပေးနိုင်ပေမယ့် အဝလွန်မှုတွေကို တားဆီးနိုင်ချေရှိမနေကြောင်း သိလာရပါတယ်။

    ထန်းရည်မှာပါဝင်တဲ့ ဗီတာမင်နဲ့ သက်စောင့်ဓာတ်တွေဟာ လူ့ခန္ဓာကိုယ်ရဲ့ အလေးချိန်လျှော့ချရေးလုပ်ငန်းစဉ်ကို သိသိသာသာအထောက်အကူပြုစွမ်း မရှိဘူးလို့ နိုက်ဂျီးရီးယားဆေးသိပ္ပံရဲ့ လေ့လာချက်တွေကဆိုပါတယ်။ လက်ရှိမှာ တိရိစ္ဆာန်တွေနဲ့ စတင်စမ်းသပ်ခဲ့တာဖြစ်ပြီးတော့ သိသာထင်ရှားတဲ့ အောင်မြင်မှုတွေ ရရှိထားပါတယ်။

    ဒါ့ပေမယ့်လည်း ထန်းရည်ဟာ ကိုယ်တွင်းက Cell တွေ ပုံမှန်မဟုတ်တဲ့ အခြေအနေနဲ့ ကိုယ်တွင်း တစ်ရှူး ဖွဲ့စည်းပုံပျက်ယွင်းတာတွေကိုတော့ ပြန်လည်ကောင်းမွန်စေနိုင်ပါတယ်။

    ဒါတင်ပဲလားဆိုရင်တော့ မဟုတ်ပါဘူး။ ထန်းရည်ကို မျှတစွာ မှီဝဲခြင်းအားဖြင့် –

    ပင်ကျရည်လေး ချို တစ်ခွက်ရယ်နဲ့

    ပင်ကျရည်ဟာ ကိုယ်အလေးချိန်ကျဆင်းစေတယ်ဆိုတဲ့ တိကျခိုင်မာတဲ့ သက်သေမျိုး မရှိသေးပါဘူး။ ဒါပေမယ့် ထန်းရည်ကို စွဲစွဲမြဲမြဲ မှီဝဲကြတဲ့ တိုင်းပြည်အများအပြားမှာတော့ ဒီလို ယူဆချက်မျိုးကို ခိုင်ခိုင်မာမာ ယုံကြည်နေကြပါတယ်။

    ဒါပေမယ့် ထန်းရည်ဟာ လူ့ကျန်းမာရေးကို အထောက်အကူပြုတာကတော့ အမှန်ပါ။ ထန်းရည် ချိုချိုလေးပဲဖြစ်ဖြစ် နေကျော်သွားလို့ ခက်သက်သက်ဖြစ်သွားတဲ့ ထန်းရည်အခါးလေးပဲဖြစ်ဖြစ်၊ မှီဝဲရာမှာ တန်ဆေးလွန်ဘေး ဆိုတာကိုတော့ သတိထားဖို့ လိုမှာဖြစ်ပါတယ်။

    အလွန်အမင်း မှီဝဲမိရင်တော့ ယမကာမှီဝဲသလို ဆိုးကျိုးတွေ ကြုံရနိုင်တာကို မမေ့ဖို့လည်း သတိပေးပါရစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 25/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement