ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

ကျန်းမာစွာချက်ပြုတ်ခြင်း

နှလုံးကျန်းမာစေဖို့ သောက်ပေးသင့်တဲ့ဖျော်ရည်တစ်ခု

အသက်ရှင်ဖို့အတွက် အရေးပါတဲ့ အစိတ်အပိုင်းလေးက ဘာများဖြစ်မလဲ။ ပြန်တွေးကြည့်လိုက်လေ ခန္ဓာကိုယ်မှာ ရှင်သန်မှုကို ဖော်ပြနေတဲ့ အစိတ်အပိုင်းလေးတစ်ခုရှိပါတယ်။ ဒီအစိတ်အပိုင်းလေးကတော့ စည်းချက်မှန်မှန်နဲ့ တဒုတ်ဒုတ်ခုန်နေတဲ့ နှလုံးလေးပါ။ နှလုံးကျန်းမာဖို့ အစားအသောက်ဂရုစိုက်ဖို့သလို အနေအထိုင်ကိုလည်း ဂရုစိုက်ဖို့လိုပါမယ်။ အရောင်အသွေးကျတဲ့ နှလုံးကျန်းမာစေမယ့် ဖျော်ရည်တစ်ခု နှလုံးကျန်းမာစေဖို့ သောက်ပေးသင့်တဲ့ ဖျော်ရည်လေးတစ်ခုရှိပါတယ်။ ဒါကတော့ အနီရောင်စိုစိုဖျော်ရည်လေးဖြစ်တဲ့ သလဲသီးဖျော်ရည်ပါ။ သလဲသီးဖျော်ရည် လတ်လတ်ဆတ်ဆတ်လေးမှာ ဗီတာမင် K ပိုတက်ဆီယမ် ဖောလိတ် ဗီတာမင် B6 ဗီတာမင် B5 ဗီတာမင် E ဓာတ်တိုးဆန့်ကျင်အာနိသင် တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ နှလုံးအတွက် သလဲသီးဖျော်ရည်သောက်ပေးသင့်တဲ့ အကြောင်းအရင်း သလဲသီးဖျော်ရည်သောက်ပေးတာကြောင့် သွေးတိုးကျစေနိုင်တယ် သွေးတိုးက သွေးကြောလေးတွေကို ပိတ်ဆို့စေနိုင်သလို သွေး​ကြောလေးတွေကို ပျက်စီးစေနိုင်ပါတယ်။ ဒီလိုသွေးကြောလေးတွေ ပိတ်ဆို့မှုက သွေးစီးဆင်းမှုမကောင်းတာမျိုးဖြစ်ရာကနေတဆင့် လေဖြတ်တာ၊ ရုတ်တရက်နှလုံးရပ်တာတွေကို ခံစားရနိုင်ပါတယ်။ သွေးကြောတွေပိတ်ဆို့မှုက သွေးစီးဆင်းရောက်ရှိမှုကိုတင်အဟန့်အတားဖြစ်စေတာမဟုတ်ပါဘူး။ နှလုံးကို ဝန်ပိစေနိုင်ပါတယ်။ ဒီပြဿနာကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဖားသားကြိုက်ကြလား

စားလို့ရတဲ့ အသားလို့ပြောလိုက်ရင် တော်တော်များများ ပြေးမြင်ကြမှာက ကြက်သား၊ ဝက်သား၊ ဆိတ်သား၊ အမဲသားတို့လို့ထင်ပါတယ်။ ဒီအသားတွေက ပရိုတင်းလိုအပ်ချက်ကို ဖြည့်ပေးသလို ခန္ဓာကိုယ်အတွက် ကောင်းကျိုးများတယ်ဆိုတာကို လူတိုင်းသိထားပြီးဖြစ်မှာပါ။ ဒီတစ်ခေါက်တော့ လူသိပ်မသိသေးတဲ့ ပရိုတင်းကြွယ်ဝတဲ့ အသားတစ်မျိုးအကြောင်းပြောပြပေးပါရစေလား.... ဘာအသားလည်း ဆိုတာကို မေးခွန်းလေး မေးရင်း စလိုက်ရအောင်နော်။ ဖားသားကြိုက်ကြလား ....... လူစားနည်းပေမယ့် ပရိုတင်းကြွယ်ဝတဲ့ ဖားသား ဖားသားကို လူတိုင်းကတော့ မစားကြပါဘူး။ ဖားသားကနူးညံ့သလို အာဟာရဓာတ်လည်း ပြည့်စုံကြွယ်ဝပါတယ်။ ဖားဆတိုင်းကို စားဖို့မရပေမယ့် စားလို့ရတဲ့ ဖားသားကတော့ ကျန်းမာရေးအတွက် တော်တော်လေးအထောက်အကူပြုပေးပါသတဲ့။ ဖားသားမှာ ဘယ်လိုအာဟာရဓာတ်တွေပါလဲ.... ဖားသားမှာ ပရိုတင်း ဗီတာမင် A omega-3 fatty acids ပိုတက်ဆီယမ် ကာဗိုဟိုက်ဒရိတ် အဆီဓာတ် ဇင့် ဗီတာမင် B1 ဗီတာမင် C ကယ်လ်ဆီယမ်တို့ပါဝင်နေပါတယ်။ ဖားသားစားရင်းရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက […]


ကျန်းမာစွာချက်ပြုတ်ခြင်း

အစားအစာတွေကို ငှက်ပျောရွက်နဲ့ထုပ်ပိုးသင့်တဲ့ အကြောင်းအရင်း

ပလပ်စတစ်အိတ်တွေပေါ်မလာခင်မှာ အစားအစာတွေကိုထုပ်ပိုးဖို့အတွက် အဓိကအသုံးပြုခဲ့ကြတာက ငှက်ပျောရွက်ကိုပါ။ ဒီလိုအသုံးပြုမှုက ပတ်ဝန်းကျင်ကိုတင်သန့်ရှင်းစေတာမဟုတ်ပါဘူး။ ကျန်းမာရေးကိုလည်း အများကြီး အထောက်အကူပြု ပေးနိုင်ပါတယ်။ ငှက်ပျောရွက်နဲ့ အစားအစာတွေကို ထုပ်ပိုးတာကြောင့် ဘာတွေထူးခြားသွားလဲသိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ပြောပြပေးမယ်နော်။ ငှက်ပျောရွက်က ထုပ်ပိုးလို့ရရုံ သက်သက်ပဲလား………….. ငှက်ပျောရွက်က အရွက်ဖားဖားနဲ့ မာကျောမှုမရှိတာကြောင့် ထုပ်ပိုးရတာလွယ်တဲ့အတွက် ထုပ်ပိုးဖို့အသုံးပြုခဲ့ကြပေမယ့် ငှက်ပျောရွက်က ထုပ်ပိုးလို့ရရုံဆိုတာထက် အသုံးဝင်တဲ့ အရွက်တစ်မျိုးပါ။ ငှက်ပျောရွက်မှာ လက်ဖက်စိမ်းမှာတွေ့ရတဲ့ EGCG လို့ခေါ်တဲ့ free radicals တွေကိုတိုက်ထုတ်ပေးနိုင်တဲ့ဓာတ်တစ်မျိုးပါဝင်နေပါတယ်။ Free Radical တွေက ခန္ဓာကိုယ်မှာ ကင်ဆာ၊ နှလုံးရောဂါလိုမျိုး ရောဂါတွေကိုဖြစ်စေနိုင်ပါတယ်။ ဒီလိုမျိုး free radical တွေကိုတိုက်ထုတ်နိုင်မှုက ခန္ဓာကိုယ်ကို ကျန်းမာစေနိုင်သလို သွေးသန့်စေပြီး အစားစားချင်စိတ်ကို ဖြစ်စေနိုင်ပါတယ်။ ခံတွင်းအနာကိုသက်သာစေပြီး ဆီးနဲ့ဆိုင်တဲ့ ရောဂါတွေကို ကင်းစေနိုင်သလို ကိုယ်ခံအားကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

စိတ်ကျန်းမာရေးကောင်းစေမည့် အစားအသောက်များ

သက်ရှည်ကျန်းမာဖို့အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို သင့်တင့်မျှတစွာ ရွေးချယ်စားသောက်ပေးဖို့ လိုအပ်ပါတယ်။ ဗီတာမင်၊ သတ္တုဓာတ်အမျိုးမျိုးနဲ့ ပရိုတိန်းစတာတွေ မျှတအောင် လတ်ဆတ်တဲ့ အသီးအရွက်များ၊ သားငါးများ၊ ပဲအမျိုးမျိုးနဲ့ အစေ့အဆန်များ စတာတွေကို ရွေးချယ်စားသုံး ကျန်းမာရေးကို အထောက်အကူပြုစေမှာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုသာမကဘဲ စိတ်ပိုင်းဆိုင်ရာအတွက်လည်း ပါဝင်ပါတယ်။ ဦးနှောက်ဟာ တခြားသော ကိုယ်တွင်းအင်္ဂါတွေလိုပဲ သင်စားသောက်လိုက်တဲ့အရာတွေအပေါ် တုံ့ပြန်မှု ပြုလုပ်ပါတယ်။ ဦးနှောက်ဟာ သူ့ရဲ့လုပ်ငန်းတာဝန်တွေကို အပြည့်အဝထမ်းဆောင်နိုင်ဖို့ ဗီတာမင်အမျိုးမျိုး၊ သတ္တုဓာတ်နဲ့ တခြားအာဟာရမျိုးစုံ နေ့စဉ်လိုအပ်ပါတယ်။ အဆိုပါအာဟာရဓာတ်တွေ ရသင့်သလောက်မရရင်တော့ ဦးနှောက်ရဲ့လုပ်ငန်းတာဝန်တွေ ချို့ယွင်းပြီး စိတ်ကျန်းမာရေး ပြဿနာတွေ ကြုံလာနိုင်ပါတယ်။ ဘာတွေလိုအပ်သလဲ.......... ဗီတာမင်၊ သတ္တုဓာတ်နှင့် ကာဘိုဟိုက်ဒရိတ် ဗီတာမင်နဲ့ သတ္တုဓာတ်တွေကတော့ မရှိမဖြစ်အရေးကြီးပါတယ်။ အထူးသဖြင့် ဗီတာမင် စီ၊ ဗီတာမင် ဒီနဲ့ ဗီတာမင် ဘီအုပ်စုတွေ ပါဝင်ပါတယ်။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဆီရိုတိုနင်ဟော်မုန်းကို မြှင့်တင်ပေးမည့် အစားအစာများ

ပထမဆုံး ဆီရိုတိုနင်ဆိုတဲ့ ဟော်မုန်းအကြောင်း ရှင်းပြလိုပါတယ်။ ဆီရိုတိုနင်ဆိုတာဟာ စိတ်ကိုတည်ငြိမ်စေတဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။ စိတ်ကို တည်ငြိမ်အေးချမ်းစေပြီး ကောင်းစွာအိပ်ပျော်စေပါတယ်။ ဆီရိုတိုနင်ဟာ စိတ်ပိုင်းဆိုင်ရာကိုရော အပြုအမူကိုပါ သက်ရောက်မှု ရှိပါတယ်။ ဆီရိုတိုနင်ပမာဏကို မြင့်တက်လာစေပြီး အမိုင်နိုအက်ဆစ်တမျိုးဖြစ်တဲ့ tryptophan ကို စားသုံးနိုင်ပါတယ်။ tryptophan ကနေ ဆီရိုတိုနင်ကို ဖွဲ့စည်းနိုင်ပါတယ်။ ဒါပေမယ့် သဘာဝအားဖြင့်လည်း ဆီရိုတိုနင်ပမာဏကို မြင့်တက်လာအောင် tryptophan ပါဝင်တဲ့အစာတွေ စားသုံးနိုင်ပါတယ်။ Tryptophan နည်းပါးတဲ့အခါ စိတ်ကျခြင်း၊ စိတ်ပူပန်ခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေနဲ့ ဆက်စပ်နေပါတယ်။ ဒီလိုအခြေအနေမှာtryptophan ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးပြီး ဆီရိုတိုနင်ပမာဏကို မြှင့်တင်ပေးသင့်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ဆီရိုတိုနင်ဓာတ်ကို ပိုမိုကြွယ်ဝစေမယ့် အစားအစာတွေပဲ ဖြစ်ပါတယ်။ ၁။ ဥအမျိုးမျိုး ဥအမျိုးမျိုးမှာ ပါဝင်တဲ့ ပရိုတိန်းဟာ သွေးထဲမှာပါဝင်တဲ့ tryptophan ပမာဏကို မြင့်တက်စေတယ်လို့ သုတေသနစာစောင်တွေမှာ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဘယ်လောက်စားစား ဗိုက်မဝဘဲ အမြဲဆာနေတာ ဘာလို့လဲ

ဗိုက်ဆာတယ်ဆိုတဲ့ ခံစားချက်ဟာ တစ်နည်းအားဖြင့် ကိုယ်ခန္ဓာကနေ အစာလိုအပ်နေတယ်ဆိုတာကို ဖော်ပြနေတဲ့ လက္ခဏာတစ်ခုပါပဲ။ လူက ဗိုက်ဆာလာပြီဆိုရင် ဝမ်းဗိုက်ကထဲကနေ ဂွီဂွီနဲ့ အသံတွေထွက်နေမယ်၊ စိတ်တိုဒေါသဖြစ်မယ်၊ ဘာကိုမှ အာရုံစုစည်းလို့မရတော့ဘဲ ခေါင်းကိုက်နေမှာပေါ့။ ပုံမှန်လူတစ်ယောက်က အစာစားပြီး နောက်တစ်ကြိမ်ထပ်မစားခင်အထိ နာရီတော်တော်များများ နေနိုင်တယ်ဆိုပေမဲ့ တချို့လူတွေမှာတော့ ဘယ်လောက်ပဲစားစား ဗိုက်ကဝသွားတယ်လို့ကို မခံစားရဘဲ တစ်ခုမဟုတ် တစ်ခု ရေခဲသေတ္တာထဲကနေ လိုက်ရှာပြီး ပါးစပ်ထဲထည့်ဝါးလိုက်ရမှ ကျေနပ်တဲ့သူတွေလည်း ရှိပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ ဘယ်လိုအကြောင်းရင်းတွေကြောင့် ခဏခဏဗိုက်ဆာတတ်တာလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ ၁။ ပရိုတင်းဓာတ် လုံလောက်စွာ မစားသုံးခြင်း ပရိုတင်းဓာတ်လို့ ခေါ်တဲ့ အသားဓာတ်ဟာ လူတစ်ယောက်ရဲ့ ကိုယ်ခန္ဓာကြွက်သားထုတည်ဆောက်ခြင်းနဲ့ ကိုယ်ခံအားစနစ်၊ အစာခြေစနစ်၊ တစ်နေ့တာကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်ဆည်ပေးဖို့အတွက် လိုအပ်ပါတယ်။ ဒါ့အပြင် ပရိုတင်းဓာတ်ဟာ ဗိုက်ကိုပြည့်ဝစေပြီး အစာခဏခဏ စားချင်စိတ်ကို ဖြစ်စေတဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဆေးဖက်ဝင်တဲ့ ဖရဲစေ့ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ဖရဲသီးစားတဲ့အခါ အစေ့ကိုထွေးပစ်ကြပါတယ်။ နှမျောစရာကောင်းတာက ဖရဲစေ့ဟာ အံ့အားသင့်လောက်စရာ အကျိုးအာနိသင်တွေပါရှိနေပြီး ကျန်းမာရေးကို အကျိုးပြုနိုင်လို့ပါပဲ။ ကျန်းမာရေးအတွက် အစေ့အဆန်တွေစားရမယ်ဆိုပြီး အွန်လိုင်းကတောင် တကူးတကမှာစားကြတာ ဈေးကြီးပေးပြီးတော့လေ။ ကိုယ့်အနီးအနားမှာပဲ လွယ်လွယ်ကူကူရနိုင်နေတဲ့ သမားရိုးကျအစေ့အဆန်တွေကလည်း တန်ဖိုးမသေးဘူးဆိုတာ မသိကြရော့သလား။ ဖရဲစေ့က စားလို့ရလို့လား ကွာစေ့လို့သိကြတာ ဖရဲစေ့ပါပဲ။ ဖရဲသီးအစေ့ကိုစားတာာက လုံးဝကိုအန္တရာယ်ကင်းတဲ့အပြင် အလုံးစုံကျန်းမာရေးအတွက်ပါ အရမ်းကောင်းပါတယ်လို့ ပညာရှင်တွေက လက်ခံထားကြပါတယ်။ ကလေးတွေစားရင် အစေ့တွေမျိုချမိလို့ သီးမှာ နင်မှာကို မိဘတွေကစိုးရိမ်ကြပေမယ့် ဖရဲစေ့ကို ကြိုက်သလောက်စား ဘေးမရှိပါဘူးတဲ့။ ဆေးဖက်ဝင်ဖို့အတွက်ဆိုရင် သည်အတိုင်းမျိုချတာအပြင် ဖရဲစေ့ကိုစားဖို့ နည်းလမ်းအမျိုးမျိုးရှိပါတယ်။ ဥပမာ- အညှောင့်ဖောက်တာ၊ လှော်တာ၊ အဆီထုတ်တာ တို့ပဲဖြစ်ပါတယ်။ အလွယ်ဆုံးနည်းက လှော်တာဖြစ်ပါတယ်။ ဖရဲစေ့တွေကို ဒယ်အိုးထဲမှာ အပူနည်းနည်းနဲ့ မိနစ် ၃၀ - ၄၅ မိနစ်လောက် ကြွပ်ရွလာတဲ့အထိ လှော်ပါ။ အိုးကို သံလွင်ဆီလေး ဖျန်းပြီးမှလှော်ရင် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ခရမ်းသီး ရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေ

ခရမ်းသီးမှာ ဗီတာမင်တွေ၊ အာဟာရဓာတ်တွေနဲ့ အမျှင်ဓာတ်တို့အပြည့်အဝပါဝင်ပါတယ်။ ခရမ်းသီးက နှလုံး၊ ဦးနှောက်၊ အရေပြားနဲ့ အရိုးကို အကျိုးပြုတဲ့အပြင် အစာချေစနစ်ကိုကောင်းမွန်စေပြီး အမျိုးအစား ၂ ဆီးချိုရောဂါကိုပါ ထိန်းနိုင်တဲ့အစွမ်း ရှိတယ်လို့ သိရပါတယ်။ သူ့ရဲ့ကောင်းကျိုးတွေထဲက တစ်ချက်ကတော့ အဆီဓာတ်မပါရှိတာပဲဖြစ်ပါတယ်။ မီးဖုတ်စားတာပဲဖြစ်ဖြစ်၊ ဟင်းချက်စားတာပဲဖြစ်ဖြစ် မျိုးစုံသုံးလို့ရတဲ့ ခရမ်းသီးဟာ အဆီချအသားကျစ်လျစ်ဖို့အတွက်လည်း အသုံးဝင်မှာဖြစ်ပါတယ်။ ခရမ်းသီး ဆိုတာ ခရမ်းသီး ဆိုတာက ခရမ်းရောင်ရှိတဲ့ အသီးတစ်မျိုးပါ။ အခွံက ခရမ်းရောင် ရှိပြီး အတွင်းသားက အဖြူရောင် ခပ်ပွပွလေးပါ။ အူတိုင်မှာ အစေ့လေးတွေပါပါတယ်။ ရှည်မြောမြောလေးတွေ ရှိသလို ပုလုံးလုံးလေးတွေလည်း ရှိပါတယ်။ အခွံ အစိမ်းရောင်လည်း ရှိပါတယ်။ ခရမ်းသီးမှာ ဘာတွေပါ ခရမ်းသီးမှာ ကာဗိုဟိုက်ဒရိတ် ပရိုတင်း ဗီတာမင်တွေ သတ္တုဓာတ်တွေ များစွာပါဝင်နေပါတယ်။ ခရမ်းသီး ရဲ့ကောင်းကျိုးများ ဘယ်လိုစားစား အရသာရှိတဲ့ ခရမ်းသီးက (၁) နှလုံးရဲ့လုပ်ဆောင်ချက် ကောင်းစေတယ် နှလုံးကျန်းမာရေးအတွက် […]


အာဟာရဆိုင်ရာ အချက်အလက်များ

မက်မန်းသီးရဲ့ အစွမ်းအာနိသင်တွေ သိထားပြီးပြီလား

မက်မန်းသီးဆိုရင် မက်မန်းပေါင်းထုပ်တွေကိုပဲပြေးမမြင်ကြနဲ့ဦး။ အခုဆိုရင် အချဉ်ပေါင်းတင်မကဘူး၊ မှည့်လေချိုလေ မက်မန်းချိုသီးတွေ ခေတ်စားနေပြီ။ လတ်လတ်ဆတ်ဆတ် ချိုအိနေတာ အရသာကောင်းမှကောင်း။ ဘယ်အမျိုးအစားပဲဖြစ်ဖြစ်ပါ မက်မန်းသီးက ကျန်းမာရေးမှာ ဘာတွေအကျိုးပြုနေသလဲ ကြည့်လိုက်ရအောင်။ အဆီကျစေခြင်း မက်မန်းသီးမှာ အဆီဆဲလ်တွေအပါအဝင် အဝလွန်ခြင်းနဲ့ရောင်ရမ်းမှုကိုတားဆီးပေးတဲ့ အာနိသင်ရှိ bioactive compounds တွေ၊ flavonoids တွေပါဝင်ပါတယ်။ ကိုလက်စထရောများခြင်း၊ ဆီးချိုသွေးချိုနဲ့နှလုံးသွေးကြောကျဉ်းရောဂါတွေလိုမျိုး အဝလွန်ခြင်းနဲ့ဆက်နွှယ်တဲံပြဿနာတွေ မဖြစ်အောင်ကာကွယ်တားဆီးပေးနိုင်ပါတယ်။ ဆီးချိုသွေးချိုထိန်းပေးခြင်း သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးတဲ့အာနိသင်ကြောင့် ဆီးချိုရောဂါအတွက်အထောက်အကူပြု နိုင်ပါတယ်။ မက်မန်းမှာပါတဲ့ flavonoids တွေကြောင့် ဆီးချိုဝေဒနာရှင်တွေမှာ အဖြစ်များတဲ့ အင်ဆူလင်မတုံ့ပြန်နိုင်ခြင်းပြဿနာကို ကာကွယ်ပေးပါတယ်။ အရိုးပွရောဂါကာကွယ်ပေးခြင်း မက်မန်းသီးခြောက်ကိုစားသုံးခြင်းဖြင့် အရိုးကျန်းမာရေးအတွက်လည်း အထောက်အကူပြုတယ်လို့ သိရပါတယ်။ caffeic acid နဲ့ rutin တို့လို flavonoids တွေကြောင့် အရိုးတစ်ရှူးတွေမှာယိုယွင်း ပျက်စီးခြင်းကိုတားဆီးပေးပြီး အရိုးပွရောဂါကိုကာကွယ်ပေးပါတယ်။ မက်မန်းသီးခြောက်မှာပါဝင်တဲ့ ပိုတက်ဆီယမ်နဲ့ Polyphenols က အရိုးထုထည်ကိုအားဖြည့်ပေးပါတယ်။ အစာခြေစနစ်ကို ကောင်းစေခြင်း အမျှင်ဓာတ်ကြွယ်ဝတဲ့အပြင် sorbitol နဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကြက်သွန်နီ က အနံ့ဆိုးပေမယ့် ကျန်းမာရေးအတွက်ကောင်းပါတယ်

တစ်ခုခုစားရင် ကြက်သွန်နီ မထည့်နဲ့နော်။ ပါးစပ်နံမှာစိုးလို့ မကြိုက်ဘူးဆိုပြီး ပြောနေမိတာ ကိုယ်တိုင်တောင် အစစ်ပါပါတယ်။ ဒါပေမယ့် ကြက်သွန်နီက မီးဖိုချောင်ရဲ့ ဂမုန်းလို့တောင်တင်စားကြတာပါ။ ကြက်သွန်နီက မွှန်တယ်၊ အနံ့ဆိုးတယ်ဆိုပေမယ့် ကျန်းမာရေးကို တော်တော်လေးအထောက်အကူပြုတာပါ။ ဒီတော့ ကြက်သွန်နီကို မကြိုက်ပေမယ့်လည်း စားသင့်တဲ့အကြောင်းအရင်းလေးတွေကိုပြောပြပေးမယ်နော်။ ကြက်သွန်နီ အခွံက လိမ္မော်ရောင်ခပ်ဖျော့ဖျော့လေးရှိပြီး အထဲမှာ အရည်ရွှမ်းတဲ့အသားလွှာလေးတွေအထပ်ထပ်ပါ။ ဟင်းအနှစ်အတွက် ထုထောင်းပြီး ချက်ပြုတ်လေ့ရှိသလို အသုပ်တွေထဲကိုလည်း ပါးပါးလှီးထည့်ပါတယ်။ ကြက်သွန်နီကို မုန့်နှစ်နဲ့ကြော်ပြီး ကြက်သွန်ကြော်စားလေ့ရှိသလို ဆီချက်လေးချက်ပြီး အသုပ်တွေ၊ မုန့်ဟင်းခါး၊ မုန့်တီတို့ထဲထည့်စားတတ်ကြပါတယ်။ အုန်းနို့ခေါက်ဆွဲထဲကိုလည်း ကြက်သွန်နီပါးပါးလှီးပြီးထည့်တတ်ကြပါသေးတယ်။ ကြက်သွန်နီကပေးတဲ့ အာဟာရ ကြက်သွန်နီမှာ ကယ်လ်လိုရီ ပါဝင်မှုနည်းပြီး ဗီတာမင် B ဗီတာမင် C ပိုတက်ဆီယမ် အမျှင်ဓာတ် ပရိုတင်း သကြားဓာတ် မဂ္ဂနိစ် သံဓာတ် ကယ်လ်ဆီယမ် ကာဗိုဟိုက်ဒရိတ်တို့ ကြွယ်ဝစွာပါဝင်နေသလို ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း