backup og meta

အစားအစာတွေကို ငှက်ပျောရွက်နဲ့ထုပ်ပိုးသင့်တဲ့ အကြောင်းအရင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အစားအစာတွေကို ငှက်ပျောရွက်နဲ့ထုပ်ပိုးသင့်တဲ့ အကြောင်းအရင်း

ပလပ်စတစ်အိတ်တွေပေါ်မလာခင်မှာ အစားအစာတွေကိုထုပ်ပိုးဖို့အတွက် အဓိကအသုံးပြုခဲ့ကြတာက ငှက်ပျောရွက်ကိုပါ။ ဒီလိုအသုံးပြုမှုက ပတ်ဝန်းကျင်ကိုတင်သန့်ရှင်းစေတာမဟုတ်ပါဘူး။ ကျန်းမာရေးကိုလည်း အများကြီး အထောက်အကူပြု ပေးနိုင်ပါတယ်။ ငှက်ပျောရွက်နဲ့ အစားအစာတွေကို ထုပ်ပိုးတာကြောင့် ဘာတွေထူးခြားသွားလဲသိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ပြောပြပေးမယ်နော်။

ငှက်ပျောရွက်က ထုပ်ပိုးလို့ရရုံ သက်သက်ပဲလား…………..

ငှက်ပျောရွက်က အရွက်ဖားဖားနဲ့ မာကျောမှုမရှိတာကြောင့် ထုပ်ပိုးရတာလွယ်တဲ့အတွက် ထုပ်ပိုးဖို့အသုံးပြုခဲ့ကြပေမယ့် ငှက်ပျောရွက်က ထုပ်ပိုးလို့ရရုံဆိုတာထက် အသုံးဝင်တဲ့ အရွက်တစ်မျိုးပါ။ ငှက်ပျောရွက်မှာ လက်ဖက်စိမ်းမှာတွေ့ရတဲ့ EGCG လို့ခေါ်တဲ့ free radicals တွေကိုတိုက်ထုတ်ပေးနိုင်တဲ့ဓာတ်တစ်မျိုးပါဝင်နေပါတယ်။ Free Radical တွေက ခန္ဓာကိုယ်မှာ ကင်ဆာနှလုံးရောဂါလိုမျိုး ရောဂါတွေကိုဖြစ်စေနိုင်ပါတယ်။ ဒီလိုမျိုး free radical တွေကိုတိုက်ထုတ်နိုင်မှုက ခန္ဓာကိုယ်ကို ကျန်းမာစေနိုင်သလို သွေးသန့်စေပြီး အစားစားချင်စိတ်ကို ဖြစ်စေနိုင်ပါတယ်။ ခံတွင်းအနာကိုသက်သာစေပြီး ဆီးနဲ့ဆိုင်တဲ့ ရောဂါတွေကို ကင်းစေနိုင်သလို ကိုယ်ခံအားကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ ဒီအကျိုးအာနိသင်တွေအပြင် ငှက်ပျောရွက်မှာ ဗီတာမင် A၊ ကယ်လ်ဆီယမ်၊ ကာရိုတင်း နဲ့ Citric အက်ဆစ်တို့ပါဝင်နေပါတယ်။

ငှက်ပျောရွက်ကို ဘယ်လိုအသုံးပြုကြသလဲ……….

အရှေ့တောင်အာရှ နိုင်ငံအများစုမှာ ငှက်ပျောရွက်ကို အစားအစာတွေထုပ်ပိုးဖို့အသုံးပြုကြသလို အစားအသောက်တွေ ချက်ပြုတ်ပြင်ဆင်ရာမှာလည်း အသုံးပြုကြပါတယ်။ အစားအစာတွေကို ငှက်ပျောရွက်နဲ့ ထည့်စားကြတာမျိုးလည်းရှိကြပါတယ်။

ငှက်ပျောရွက်က ကျန်းမာရေးကို အထောက်အကူပြုပေးနိုင်တယ်လို့ ပြောရတဲ့အကြောင်းအရင်း

• ငှက်ပျောရွက်ထဲမှာ အစားအစာတွေကိုထည့်ပြီး စားသုံးပေးတာက အစားအစာရဲ့ အာဟာရကိုတိုးစေနိုင်ပါတယ်။

• ငှက်ပျောရွက်မှာပါတဲ့ ကလိုရိုဖီးက အူအတွင်းမှာဖြစ်တဲ့ အနာတွေကိုသက်သာစေနိုင်သလို အရေပြားရောဂါတွေကိုပါ သက်သာစေနိုင်ပါတယ်။

• ငှက်ပျောရွက်က ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝပြီး သွေးသန့်စေနိုင်ပါတယ်။

• အစားစားချင်စိတ်ကိုတိုးစေနိုင်ပြီး အစာကြေလွယ်စေတဲ့ အာနိသင်လည်းရှိပါတယ်။

အစာအိမ်အတွင်းနံရံအမြှေးပါးတွေကို ကျန်းမာစေနိုင်ပြီး အူနံရံတွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။

ကိုယ်ခံအားကောင်းစေနိုင်ပါတယ်။

ကျောက်ကပ်မှာကျောက်တည်တာကို သက်သာစေနိုင်သလို ဆီးအိမ်နဲ့ဆီးလမ်းကြောင်းပြဿနာတွေကို သက်သာစေနိုင်ပါတယ်။

• ပလပ်စတစ်ကြောင့် ခန္ဓာကိုယ်မှာ အဆိပ်အတောက်ဖြစ်နိုင်ခြေနည်းသွားစေနိုင်ပါတယ်။

• အစားအစာတွေရဲ့ အရသာကိုလည်း တိုးစေနိုင်ပါတယ်။

ငှက်ပျောရွက်ရဲ့ အခြားအာနိသင်တွေကရော ဘာတွေဖြစ်မလဲ

သဘာဝကပေးတဲ့ ငှက်ပျောရွက်က

အနာကျက်စေနိုင်ပါတယ်

ဗောက်သက်သာစေနိုင်တယ်

နေလောင်တာကို သက်သာစေနိုင်တယ်

ဝက်ခြံသက်သာစေနိုင်တယ်

• အဆိပ်ရှိတဲ့အကောင်တွေကိုက်တာကို သက်သာစေနိုင်တယ်

အသားအရေကိုကြည်လင်စေနိုင်တယ် စတဲ့အကျိုးကျေးဇူးတွေကိုလည်းရနိုင်ပါသေးတယ်။ ဒီလိုဆိုတာနဲ့ ငှက်ပျောရွက်ကို စားမယ်လို့တော့ မတွေးလိုက်ပါနဲ့နော်။ ငှက်ပျောရွက်က အစာကြေဖို့ခက်ခဲပါတယ်။ ပေါင်းခံပြီး အရည်ကိုသောက်ပေးတာ အရွက်ကိုကြိတ်ခြေပြီးရလာတဲ့ သတ္တုရည်ကို အရေပြားမှာ လူးပေးရုံနဲ့တင် လုံလောက်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement