backup og meta

သစ်သီးစားခြင်း နဲ့ပတ်သက်တဲ့ အကြံပြုချက် (၁၀) ချက်


Dr. Phio Thiha မှ ရေးသားသည်။ · 21/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သစ်သီးစားခြင်း နဲ့ပတ်သက်တဲ့ အကြံပြုချက် (၁၀) ချက်

    သစ်သီးတွေက ကိုယ်ခန္ဓါနဲ့ ဦးနှောက်ရဲ့ လုပ်ငန်းစဉ်တွေကို အထောက်အကူဖြစ်စေတဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ပါဝင်တယ်ဆိုတာ မငြင်းနိုင်ပါဘူး။ ဒါကြောင့် အသီးတွေကို များများစားပေးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် အသီးစားတာ နည်းနေတာမျိုး ဖြစ်နိုင်ပါတယ်။ အခုဖော်ပြသွားမှာကတော့ သစ်သီးတွေကို လွယ်လွယ်ကူကူစားဖြစ်စေမယ့် အချက် ၁၀ ချက်ပဲ ဖြစ်ပါတယ်။

    (၁) မြင်နိုင်တဲ့နေရာမှာထားပါ

    အသီးစားတာကို အစားအသောက်တစ်ခုစားတယ်လို့ တချို့လူတွေက မမြင်တဲ့အတွက် အသီးအစားနည်းကြပါတယ်။ စားပွဲပေါ်မှာ ကောင်တာပေါ်မှာ ရေခဲသေတ္တာထဲမှာ စတဲ့မြင်လွယ်တဲ့နေရာတွေမှာ အသီးအနှံတွေထားရင် သင်အသီးပိုစားဖြစ်မယ်လို့ ထင်ပါတယ်။

    (၂) အချိုအဖြစ် အသုံးပြုပါ

    ကိုယ်ချက်တဲ့ဟင်းတွေထဲမှာ အချိုမှုန့် ဒါမှမဟုတ် သကြားထည့်တာထက်စာရင် ချိုမြတဲ့အရသာရှိတဲ့ အသီးတွေနဲ့ အစားထိုးစမ်းသပ်အသုံးပြုကြည့်ပါ။ သဘာဝထွက်ဇီးသီးက အရမ်းချိုတဲ့အတွက် သင့်ဟင်းလျာထဲမှာ ထည့်တာက ကောင်းတဲ့ ရွေးချယ်မှုတစ်ခုဖြစ်နိုင်ပါတယ်။

    (၃) သစ်သီးအမယ်အသစ် အပတ်တိုင်း စားကြည့်ပါ။

    အပတ်စဉ် အသီးအသစ်တမျိုးမျီုးစားကြည့်တာက ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကို ဖြည့်တင်းပေးနိုင်ရုံသာမက ကိုယ်ကြိုက်တဲ့ အသီးကို ရှာဖွေနိုင်တဲ့ အခွင့်အရေးလည်း ရပါတယ်။

    (၄) အသီးစုံစားပါ။

    လတ်ဆတ်တဲ့ အသီးတွေက ပိုပြီး အဟာရပြည့်ဝ ပါတယ်။ ဒါပေမယ့်လည်း လတ်ဆတ်တာချည်း ရွေးစားဖို့ မလိုအပ်ပါဘူး။ အခြောက်ခံ နေလှမ်းထားတာမျိုး၊ ရေခဲရိုက်ထားတာမျိုး စတာတွေလည်း စားနိုင်ပါတယ်။ တချို့အသီးတွေစားရတာ ကရိကထနိုင်ပေမယ့် သိမ်းဆည်းရ စွန့်ပစ်ရ လွယ်ကူပါတယ်။

    (၅) အမျှင်ဓါတ်ကို မေ့မထားပါနှင့်။

    အသီးကို ဖျော်သောက်တာထက်စာရင် အလုံးလိုက်စားပါ။ ဒါကတဆင့် သင့်ကို အမျှင်ဓါတ်ပိုရစေပါတယ်။

    (၆) မနက်စာမှာ အသီးစားပါ။

    ဂျုံနဲ့ပြောင်းထွက် စားသောက်ကုန်တွေစားမယ့်အစား သစ်သီးကို မနက်စာအဖြစ်စားနိုင်ပါတယ်။ ဒါက ကိုယ်ခန္ဓါအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ရစေပါတယ်။

    (၇) နေ့လယ်စာမှာ သစ်သီးစားပါ။

    အလွယ်တကူရရှိတဲ့ fast food တွေစားမယ့်အစား ငှက်ပျောသီး၊ လိမ္မော်သီးနဲ့ စပျစ်သီး စတာတွေ စားနိုင်ပါတယ်။ ထောပတ်သီးသုတ်ကလည်း သင့်ကျန်းမာရေးအတွက် အလွန်အထောက်အကူဖြစ်ပါတယ်။

    (၈) သွားရည်စာမှာ အသီးစားပါ။

    သကြားလုံးတွေ အသင့်ပြုလုပ်ထားတဲ့ အားလူကြော်တွေ အအေးတွေ သောက်မယ့်အစား အသီးစားနိုင်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓါတ်တွေပိုရလေလေ သင့်ခန္ဓါကိုယ်အတွက် ပိုအကျိုးရှိလေဖြစ်ပါတယ်။

    (၉) ကလေးတွေအတွက် အတုယူစရာဖြစ်ပါစေ။

    ကိုယ်တိုင်အသီးမစားဘဲ ကလေးတွေကို အသီးစားကြပါလို့ ပြောမနေပါနဲ့။ ကိုယ်က အသီးများများစားလို့ ကလေးတွေက အတုယူပြီး လိုက်စားတာမျိုးဖြစ်ပါစေ။

    (၁၀) လတ်ဆတ်သန့်ရှင်းမှု ရှိပါစေ။

    အသီးတွေက လတ်ဆတ်ဖို့ အရေးကြီးပြီး မစားမီ ရေစင်အောင်ဆေးဖို့လည်း လိုအပ်ပါတယ်။ ကြာကြာသိုလှောင်ထားဖို့ကတော့ ရေထဲသေတ္တာထဲမှာ သိမ်းထားနိုင်ပါတယ်။

    အသီးစားတာက ခန္ဓါကိုယ်အတွက် ယေဘုယျ တိုးတက်ဖွံ့ဖြိုးမှုအတွက် ကောင်းပါတယ်။ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ြုဖည့်တင်းပေးနိုင်တဲ့အတွက် ပိုကျန်းမာစေပါတယ်။ ဒါပေမယ့်လည်း ဆီးချိုသမားများနဲ့ သွေးတွင်းအချိုဓါတ်များတဲ့သူတွေအတွက်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Phio Thiha မှ ရေးသားသည်။ · 21/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement