ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ ကို သိထားမယ်ဆိုရင် ဘယ်ရောဂါကို ဘယ်လိုအခြေအနေမှာ ဘယ်လို ကုသနိုင်သလဲဆိုတာ အလွယ်တကူသိနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Mammograms စစ်ဆေးမှု ခံယူဖို့ စိုးထိတ်တဲ့ စိတ်ကို ဒီလို ဖျောက်ပါ

Mammograms ဆိုတာက ရင်သားကင်ဆာကို စစ်ဆေးရှာဖွေရာမှာ အစောပိုင်း အဆင့်တွေမှာတင် သိရှိစေနိုင်မယ့် စစ်ဆေးနည်း တစ်ရပ်ပါ။ အခုနောက်ပိုင်း ရင်သားကင်ဆာကြောင့် အသက်ဆုံးရှုံးမှု နည်းလာရတာကလည်း အခုလို ခေတ်မီလာတဲ့ စစ်ဆေးမှုတွေကြောင့်ပါ။ ဒီစစ်ဆေးမှုတွေက ရောဂါကို စောစော သိရှိစေနိုင်တယ် ဆိုပေမယ့် တော်တော်များများက ဒီစစ်ဆေးမှုကို ခံယူဖို့ ကြောက်နေကြပါတယ်။ ဒီတစ်ခေါက်တော့ Mammograms စစ်ဆေးမှု ခံယူဖို့ စိုးထိတ်တဲ့ စိတ်ကို ဘယ်လို ဖျောက်ရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။  Mammograms ဆိုတာ ဘာလဲ! Mammograms ဆိုတာက ရင်သားကင်ဆာကို စစ်ဆေးပေးတဲ့ နည်းလမ်း တစ်ခုပါ။ ရင်သားဓာတ်မှန် တစ်မျိုးပါ။ ရင်သားကင်ဆာ ရှိမရှိကို ပုံမှန်စစ်ဆေးဖို့ screeningလုပ်တဲ့အခါ Mammogramကို သုံးပါတယ်။ အားသာချက်က ရင်သားကင်ဆာ လက္ခဏာ မပြခင်မှာ ရင်သားမှာ အကျိတ်ရှိမရှိကို […]

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ ကို ရှာဖွေမည်။

အခြေခံကျန်းမာရေး

ထိခိုက်မှုအနည်းဆုံး ခွဲစိတ်မှုနည်းပညာကို သုံးလို့ သိုင်းရွိုက်ပြဿနာကို ဖြေရှင်းလို့ရနေပါပြီ။

လည်ပင်းအရှေ့ဘက်က ရောင်နေတယ်၊ အသံတွေက ဘာ​ကြောင့်မှန်းမသိ ကွဲအက်နေတယ်၊ တော်တော်နဲ့ကို မသက်သာဘူး။ အစာမျိုချရတာ ခက်လာတယ်။ လည်ပင်းတဝိုက်က နာနေတယ်။ လည်ပင်းက ပြန်ရည်ကြော ဂလင်းတွေ ရောင်နေတယ်။ လည်ပင်းလည်း ကြီးလာသလိုပဲ။ ဘာဖြစ်နေတာလည်း မသိဘူးဆိုရင်တော့ ဒီလက္ခဏာတွေရဲ့ ဖြစ်နိုင်ခြေက သိုင်းရွိုက်ပြဿနာရှိနေတာပါ။ အဆိုးဆုံးအနေနဲ့ကတော့ သိုင်းရွိုက်ကင်ဆာဖြစ်နိုင်တာပါ။ သိုင်းရွိုက်ပြဿနာကို ကုသနိုင်မယ့်နည်းလမ်းတွေ ရှိပါ့မလား။ သိုင်းရွိုက် ကင်ဆာ ဖြစ်နေတယ်ဆိုရင်ရော ကုသလို့ ပျောက်ကင်းပါ့ဦးမလား။ သေရတော့မယ်ထင်ပါတယ်လို့ တွေးမိနေပြီလား။ ကင်ဆာဆိုတိုင်း သေရမယ်လို့ မဟုတ်ပါဘူး။ အခုပြောတဲ့ လက္ခဏာတွေ ခံစားနေရပြီဆိုရင် ဆရာဝန်နဲ့ အရင်ပြသလို့ ရောဂါကို အတည်ပြုတာ၊ ရောဂါ အခြေအနေကို အတည်ပြုတာ လုပ်ဆောင်ဖို့ လိုပါမယ်။ ရောဂါ အမျိုးအစားနဲ့ အခြေအနေကို အတည်ပြုပြီးလို့ သိုင်းရွိုက်ကင်ဆာ ဖြစ်နေခဲ့ရင်တောင် ကုသပျောက်ကင်းနိုင်တဲ့ […]


အခြေခံကျန်းမာရေး

သိုင်းရွိုက်အလုပ်လုပ်အားနည်းခြင်းအတွက် သဘာဝကုထုံးများ

သိုင်းရွိုက်ဂလင်း ကောင်းစွာ အလုပ်မလုပ်ခြင်းအတွက် အဓိကကုထုံးကတော့ သိုင်းရွိုက်ဟော်မုန်းများ အစားထိုးကုသခြင်း ဖြစ်ပါတယ်။ ဆေးဝါးကုထုံးဖြစ်တဲ့အားလျော်စွာ ဘေးထွက်ဆိုးကျိုးများ ရှိခြင်း၊ ဆေးသောက်ဖို့ပျက်ကွက်ရင် ရောဂါလက္ခဏာ ပိုဆိုးလာခြင်း စတာတွေ ကြုံနိုင်ပါတယ်။ တခါတရံမှာ သဘာဝကုထုံးများဟာ ဘေးထွက်ဆိုးကျိုးနည်းပြီး အကျိုးလည်း ရှိတာကို တွေ့နိုင်ပါတယ်။ သဘာဝကုထုံးများရဲ့ ရည်ရွယ်ချက်ကတော့ သိုင်းရွိုက်ပြဿနာနဲ့ရင်းမြစ်ကို ထိန်းချုပ်နိုင်ဖို့ ဖြစ်ပါတယ်။ များသောအားဖြင့် စားသောက်ပုံမမှန်ခြင်း၊ စိတ်ဖိစီးခြင်း၊ အာဟာရမပြည့်ဝခြင်း စတဲ့ပြဿနာတွေကြောင့် ဖြစ်တတ်ပါတယ်။ ယခုဆက်လက်ဖော်ပြမယ့် အကြောင်းအရာကတော့ သိုင်းရွိုက်ကောင်းစွာ အလုပ်မလုပ်ခြင်းအတွက် သဘာဝကုထုံးနည်းလမ်းများပဲ ဖြစ်ပါတယ်။ ၁။ ဆီလီနီယံ ဆီလီနီယံဟာ သိုင်းရွိုက်ဟော်မုန်း ဇီဝဖြစ်စဉ်မှာ အရေးပါပါတယ်။ ဆီလီနီယံကြွယ်ဝတဲ့ အားအစာတွေကတော့ - တူနာငါး - ကြက်ဆင်သား - Brazil nut - အမဲသား စတာတွေ ဖြစ်ပါတယ်။ ဟာရှီမိုတို သိုင်းရွိုက်ရောဂါမှာ ကိုယ်ခံအားစနစ်ဟာ သိုင်းရွိုက်ကိုတိုက်ခိုက်ပြီး ကိုယ်ခန္ဓာရဲ့ဆီလီနီယံ ရရှိမှုကို […]


အခြေခံကျန်းမာရေး

လျှပ်စစ်ဓာတ်သုံး၍ နာကျင်မှု သက်သာအောင် ပြုလုပ်ခြင်း (TENS)

ခုခေတ်မှာ နည်းပညာတွေ တိုးတက်လာတာကြောင့် နာကျင်မှုကို အံတုဖို့ နည်းလမ်းတွေ အများကြီး ရှိနေပါပြီ။ အရင်တုန်းက နာကျင်မှု သက်သာအောင် ဆေးထိုး၊ ဆေးသောက်၊ ရေနွေးကပ်၊ ရေခဲအုံ လုပ်ရာကနေ ခု လျှပ်စစ်ဓာတ်သုံးပြီး နာကျင်မှု သက်သာအောင် လုပ်နိုင်ကြပါပြီ။ လျှပ်စစ်ဓာတ်ဆိုလို့ မလန့်သွားပါနဲ့။ လူမထိခိုက်အောင် ဗို့အားနည်းနည်းပဲ သုံးထားတာပါ။ ဒါကို Transcutaneous electrical nerve stimulation (TENS) "အရေပြား မှတစ်ဆင့် လျှပ်စစ်ဓာတ်သုံး၍ အာရုံကြော လှုံ့ဆော်နည်း" လို့ ခေါ်ပါတယ်။ ဒီစက်သေးသေးလေးက အာရုံကြောတွေနားကို လျှပ်စစ်ဓာတ်လွှတ်ပြီး နာကျင်မှုကို မခံစားရအောင် ပိတ်လိုက်တာပါ။ TENS က ဘယ်လို အလုပ်လုပ်လဲ။ TENS က လျှပ်စစ်ဓာတ်သုံးပြီး နာကျင်မှု သက်သာအောင် လုပ်တာပါ။ ဘတ်ထရီနဲ့ အားသွင်းရတဲ့ စက်ဖြစ်ပြီး […]


အခြေခံကျန်းမာရေး

သိုင်းရွိုက်ဟော်မုန်းများတဲ့ပြဿနာကို ဘယ်လိုကုသကြသလဲ ။ ။

သိုင်းရွိုက်ဟော်မုန်းများတဲ့ ပြဿနာဆိုတာ လူတိုင်းနဲ့ စိမ်းတဲ့ ပြဿနာတော့မဟုတ်ပါဘူး။ လည်ပင်းကြီးလာတယ် သိုင်းရွိုက်ဟော်မုန်း လုပ်ဆောင်မှုတွေ ပုံမှန်မဟုတ်တော့ဘူး သိုင်းရွိုက်ဟော်မုန်းများလာတယ်စတဲ့ ပြဿနာတွေက လူအများစုမဟုတ်တောင် လူအနည်းစု ကြုံတွေ့နေရတတ်တယ်လေ။ ဒီလိုပြဿနာတွေ ကြုံလာပြီဆို ဆေးခန်းသွားပြ ဆရာဝန်ပေးတဲ့ ဆေးတွေချည်းသောက် ကုသမှုတွေ ခံယူနေတာထက်စာရင် ကုသနည်းလေးတွေ အကြောင်းပါသိထားတော့ ပိုကောင်းတာပေါ့။ ဒီတော့ သိုင်းရွိုက်ဟော်မုန်းများနေရင် ဘယ်လိုကုသကြမလဲ ။ ။ သိုင်းရွိုက်ဟော်မုန်းများခြင်း ( hyperthyroidism) အတွက် ကုသနည်းတွေ ။ ။ ( ၁ ) beta-blockers Hyperthyroidism ရဲ့ လက္ခဏာတွေထဲမှာ ရင်တုန် နှလုံးတုန် လက်တုန်စတဲ့ လက္ခဏာတွေပါတာဆိုတော့ ဒါတွေကိုအရင်ထိန်းဖို့အတွက် beta-blockers ဆိုတဲ့ သောက်ဆေး က အရေးပါပါတယ်။ သူက များနေတဲ့သိုင်းရွိုက်ဟော်မုန်းကို နည်းသွားအောင် လျှော့ချပေးတာမျိုး မဟုတ်ဘဲ သိုင်းရွိုက်ဟော်မုန်းများခြင်းကြောင့် […]


အခြေခံကျန်းမာရေး

ခွဲစိတ်ကုသမှုမခံယူခင် ကြိုသိထားသင့်တဲ့အချက်တချို့

ခွဲစိတ်ကုသမှုခံယူတယ်ဆိုတာ ဆရာဝန်တွေရဲ့ပညာ၊ စေတနာ၊ ခွန်အားစိုက်ထုတ်မှုနဲ့ လူနာတွေရဲ့အသက်နဲ့ရင်းရတဲ့ အရေးကြီးတဲ့ အခိုက်အတန့် တစ်ခုပါ။ မရေမရာဖြစ်နေတာတွေ၊ ဗဟုသုတမရှိတာတွေ၊ ပွင့်ပွင့်လင်းလင်းသိရှိထားစရာတွေကို မသိသေးတာတွေကြောင့် အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချဖို့ အခက်ကြုံရတတ်ပါတယ်။ ဒါ့ကြောင့် ခွဲစိတ်ကုသရတော့မယ်လို့ စဉ်းစားလာရတဲ့အခါ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ပြင်ပလူနာအကြံပေး တွေနဲ့ စကားပြောဆို တိုင်ပင်ရချိန်မှာ ထည့်သွင်းစဉ်းစားသင့်တဲ့အချက်တချို့ကို အကြံပြုဖော်ပြလိုက်ပါတယ်။  ခွဲစိတ်ဖို့က မဖြစ်မနေလိုအပ်သလား တချို့ဆရာဝန်တွေက ခွဲစိတ်ကုသဖို့ကို ပိုပြီးအားသာနေတတ်ပြီး တခါတရံမှာ ဘယ်နည်းလမ်းက အကောင်းဆုးကုသနည်း ဖြစ်မလဲဆိုတဲ့အပေါ် သဘောကွဲလွဲမှုတွေရှိတတ်ပါတယ်။ တကယ်လို့ ကိုယ်က အရေးပေါ်ခွဲစိတ်ဖို့ လိုအပ်နေတဲ့အခြေအနေမျိုးမဟုတ်ခဲ့ရင် တခြားဆေးရုံ၊ဆေးခန်းမှ ဆရာဝန်တစ်ဦးဦးဆီက ပေးလာတဲ့ ဒုတိယနည်းလမ်းကို စဉ်းစားကြည့်ပါ။ မဖြစ်မနေ ခွဲစိတ်ကုသမှုခံယူရမှာလားဆိုတာကို ဆန်းစစ်နိုင်ဖို့ ဆရာဝန်နှစ်ဦးစလုံးကို သေချာမေးမြန်းကြည့်ပါ။ ဥပမာ - မခွဲစိတ်ဘူးဆိုရင် ဘာအကျိုးဆက်တွေဖြစ်လာနိုင်လဲ တခြားရွေးချယ်စရာနည်းလမ်းတွေနဲ့ အရင်ကုသကြည့်ရင်ရောဖြစ်နိုင်မလား ခွဲစိတ်မှုကြောင့် ဖြစ်လာနိုင်ခြေရှိတဲ့အန္တရာယ်တွေက ဘာတွေလဲ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

ခွဲစိတ်မှုနောက်ပိုင်း အားပြည့်စေဖို့ ဘာတွေစားသင့်လဲ

ခွဲစိတ်ကုသမှုခံယူရတယ်ဆိုတာ အသေးစားပဲဖြစ်ဖြစ်၊ ကြီးမားတာပဲဖြစ်ဖြစ် လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ တစ်နာရီတစ်မနက်နဲ့ ချက်ချင်းနေကောင်းသွားမှာလည်းမဟုတ်တော့ အနားယူဖို့၊ အရင်ထက်ပိုဂရုစိုက်ဖို့လိုအပ်ပါတယ်။ ခန္ဓါကိုယ်ရဲ့ဘယ်အစိတ်အပိုင်းကိုပဲ ခွဲခွဲ၊ ခွဲစိတ်ပြီးကာစမှာ လူကနုနယ်နေတယ်ဆိုတော့ အရင်လို ပြန်အားဖြည့်ဖို့ အချိန်ခဏတော့ယူရပါလိမ့်မယ်။ အဲဒီအတွက် အသင့်တော်ဆုံးအစားအသောက်တွေကို ဦးစားပေး စားသုံးသင့်ပါတယ် - (၁) အမျှင်ဓါတ်များတဲ့ အစားအစာတွေ ခွဲစိတ်မှုခံယူပြီးနောက်မှာ နေ့စဉ်အာဟာရထဲ အမျှင်ဓါတ်ကြွယ်ဝတဲ့အစားအစာတွေပါဝင်ဖို့ အရေးကြီးပါတယ်။ အမျှင်ဓါတ်က အစာခြေစနစ်ကို အထောက်အပံ့ပေးတဲ့ဓါတ်ဖြစ်လို့ ခွဲစိတ်ထားသူတွေမှာဖြစ်လေ့ရှိတဲ့ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။ နာလန်ထကာစမှာ ဝမ်းချုပ်တာက ပင်ပန်းနာကျင်မှုကိုပေးနိုင်တဲ့အပြင်ဆေးရုံပြန်ရောက်သွားစေနိုင်တဲ့ အကြောင်းရင်းတစ်ခုလည်းဖြစ်ပါတယ်။ အမျှင်ဓါတ်ကို ဘယ်ကရမလဲ ဂျုံကြမ်းပေါင်မုန့်(ပေါင်မုန့်ကြမ်း) အုတ်ဂျုံ၊ပြောင်းနှံတွေ အသီးအနှံတွေ ဟင်းသီးဟင်းရွက်တွေကို စားသုံးနိုင်ပါတယ်။ (၂) အဆီနည်းတဲ့ အသား ပရိုတင်းဓါတ်ကိုရနိုင်ဖို့ အဆီမပါတဲ့ ကြက်သား၊ ဝက်သားတွေကိုစားပေးပါ။ ငါးအပါအဝင် ပင်လယ်စာတွေမှာလည်း အဆီမပါတဲ့ ပရိုတင်းကို ရရှိနိုင်ပါတယ်။ အနီရောင်ရှိတဲ့အသားတွေကတော့ပြည့်ဝဆီတွေပါဝင်မှုများလို့ရယ်၊ ဝမ်းချုပ်စေနိုင်တာရယ်ကြောင့် အကြံမပြုချင်ပါဘူး။ တကယ်လို့အသားမစားဘူးဆိုရင်လည်း ပရိုတင်းကို တခြားအရင်းအမြစ်တွေကနေရနိုင်ပါတယ်။ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

ကိုယ့်မှာရှိနေတဲ့အဆီတွေကို စုပ်ထုတ်ပစ်ချင်ပြီလား ။ ။

လေ့ကျင့်ခန်းလုပ်လည်းမကျ အစားအသောက်နဲ့ထိန်းလည်းမရတဲ့ ကိုယ်ပေါ်က အဆီ တွေကို စုပ်ထုတ်ပစ်ဖို့ စဉ်းစားနေပြီလား။ ခုနောက်ပိုင်း ကိုယ်ပေါ်မှာ စုနေတဲ့ အဆီတွေကို စုပ်ထုတ်တဲ့နည်းလေးကလည်း လူပြောများ ခေတ်စားလာတယ်ပြီး စိတ်ဝင်စားတဲ့သူတွေလည်း များလာတယ်လေ။ အဲဒီ စိတ်ဝင်စားတဲ့အထဲမှာ ကိုယ်လည်းပါနေပြီဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ် ။ အဆီစုပ်ထုတ်တယ်ဆိုတာ ဘယ်လိုများလဲ ။ ။ ဆေးပညာအရ အဆီစုပ်ထုတ်တယ်ဆိုတာကို Liposuction လို့ခေါ်ပြီး အစားလျှော့ လေ့ကျင့်ခန်းလုပ်တာတောင် မကျနိုင်တဲ့ အဆီတွေကို ဖယ်ရှားတဲ့ cosmetic procedure( အလှအပ ဆိုင်ရာနည်းပညာ) တစ်ခုပါ။ Liposuction လုပ်မယ့်သူတစ်ယောက်အနေနဲ့ ဘာတွေရှိသင့်လဲ။ Liposuction ဆိုတာ ခွဲစိတ်မှုတစ်ခုဖြစ်တာကြောင့် ခွဲစိတ်မှုဒဏ်ကိုခံနိုင်မယ့်သူဖြစ်ဖို့လိုပါတယ်။ ဒီတော့ liposuction လုပ်တဲ့သူဟာ ပုံမှန် ရှိသင့်တဲ့ ကိုယ်အလေးချိန်ရဲ့ ၃၀ ရာခိုင်နှုန်းအတွင်းမှာရှိရမယ် အသားအရေကလည်း ကျုံ့နိုင် ဆန့်နိုင်အားကောင်းတဲ့ အခြေအနေမှာရှိနေသင့်ပြီးူ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

အသည်းအစားထိုး ကုသခြင်းအကြောင်း သိကောင်းစရာများ ။ ။

ကိုယ့်အသည်းက ခြောက်နေလို့၊ အသည်းကင်ဆြာဖစ်နေလို့၊ အသည်းအလုပ်မလုပ်တော့လို့ဆိုတဲ့ ပြင်းထန်ရောဂါတွေ အကြောင်းကြားဖူးကြမှာပါ။ ရှေးတုန်းကဆို ဒီလို ရောဂါတွေဖြစ်ရင် ခဏလေးနဲ့ အသက်ဆုံးရှုံကြပေမယ့် ခုနောက်ပိုင်း ဆေးပညာတွေတိုးတက်လာတော့ အသည်းအစားထိုးတဲ့ ခွဲစိတ်မှုကြီးကို လူတိုင်းကြားဖူးကြမှာပါ။ ကြားသာကြားဖူးတယ်ဘာလဲဆိုတာ သေချာသိချင်တဲ့သူတွေနဲ့ အသည်းအစားထိုးဖို့လိုအပ်တဲ့လူနာတွေအတွက် အသည်းအစားထိုးတော့မယ်ဆိုရင် ဘာတွေသိသင့်သလဲဆိုတဲ့အကြောင်း ပြောပြပေးတော့မှာပါ။ ။ ဘယ်သူတွေက အသည်းအစားထိုးဖို့လိုအပ်လဲ ။ ။ နာတာရှည်အသည်းရောင် ရောဂါဖြစ်ပြီး အသည်းခြောက်သွားတဲ့အခါ သည်းခြေလမ်းကြောင်း ကျဉ်းတဲ့အခါ အရက်စွဲနေပြီးအသည်းမကောင်းတော့တဲ့အခါ အသည်းကင်ဆာ ဖြစ်တဲ့သူတွေနဲ့ အသည်းလုံးဝအ လုပ်မလုပ်နိုင်တော့တဲ့သူတွေ ဟာ အသည်းအစားထိုးဖို့လိုအပ်တဲ့သူတွေပါ။ အသည်းအစားထိုးတယ်ဆိုတာဘယ်လိုမျိုးလဲ။ ။ အသည်းအစားထိုးတယ်ဆိုတဲ့နေရာမှာ အလှူရှင်နဲ့ လက်ခံသူရှိရပါမယ်။ အလှူရှင်ရဲ့ အသည်းတစ်ခြမ်းကို လှီးပြီး လက်ခံသူကို အဲဒီ တစ်ခြမ်းအစားထိုးပေးတာဖြစ်ပါတယ်။ ဒီနေရာမှာ သက်ရှိအလှူရှင်ဆီက အသည်း အစားထိုးခြင်းနဲ့ သေဆုံးပြီး အလှူရှင်ဆီက အသည်းအစားထိုးခြင်း ဆိုပြီး၂ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

ခွဲစိတ်မှုတွေထဲမှာမှ အရမ်းနာတဲ့ခွဲစိတ်မှုတွေက ဘာတွေလဲ ။ ။

အသားပေါ် ဓါးတင်တဲ့ခွဲစိတ်မှုတိုင်းကတော့ နာကျင်ရတာချည်းပါပဲ။ ဒါပေမယ့် ခုပြောပြမယ့် ခွဲစိတ်မှု ၇ ခုကတော့ ခွဲစိတ်မှု ပြုလုပ်ပြီး အချိန်အတော်ကြာတဲ့အထိ နာကျင်မှု ဝေဒနာမပျောက်တဲ့ ခွဲစိတ်မှုကြီး ၇ခုပါ။ ဘာတွေလဲ ဆိုတာ ဆက်ကြည့်ရအောင်။ ။ နာကျင်မှု ပြင်းထန်စွာ ခံစားရနိုင်တဲ့ခွဲစိတ်မှုများ ။ ။ ( ၁ ) သည်းခြေအိတ်ဖယ်ရှားခြင်း ။ ။ သည်းခြေအိတ်ဖယ်ရှားတဲ့ ခွဲစိတ်မှုမှာ မှန်ပြောင်းနဲ့ ခွဲစိတ်တာနဲ့ ရိုးရိုး ဗိုက်ခွဲပြီး ဖယ်ရှားတဲ့ ခွဲစိတ်မှု ဆိုပြီး ၂ မျိုးရှိပါတယ်။ မှန်ပြောင်းတဲ့ခွဲတဲ့ ခွဲစိတ်မှုက မြန်ဆန်ပြီး နာကျင်မှု လျော့ပါးတယ်ဆိုပေမယ့် ဆရာဝန်တော်တော်များများက ရိုးရိုးဗိုက်ခွဲပြီး သည်းခြေအိတ်ဖယ်တာကိုပဲ စိတ်ဝင်စားပါတယ်။ ရိုးရိုး ဗိုက်ခွဲပြီး သည်းခြေအိတ်ဖယ်တဲ့နည်းက ပိုပြီး နာကျင်မှု ခံစားရနိုင်ပြီး ခွဲစိတ်ပြီး ၁လကနေ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

သားအိမ်ခြစ်တာနဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေ ။ ။

သားအိမ်ခြစ်တာနဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေ ရှိပါတယ်။ ဒါတွေက ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ သားအိမ်ခြစ်တာနဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေ သားအိမ်ခြစ်တာနဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေ ကတော့ သားအိမ်ခြစ်တယ်ဆိုတာဘာလဲ ။ ။ သားအိမ်ခြစ်တယ် ကိုယ်ဝန်ပျက်ကျတဲ့သူ အများစု ခံယူဖူးတဲ့ကုသမှုတစ်မျိုးပါ။ ဆေးပညာအရ သားအိမ်ခြစ်တာကို dilation and curettage D & C လို့ခေါ်ပါတယ်။ dilation ဆိုတာ ချဲ့ထွင်တာလို့ အဓိပ္ပာယ်ရပြီး curettage ကတော့ ဇွန်းပုံသဏ္ဍာန်ရှိတဲ့ ကိရိယာနဲ့ခြစ်တယ်လို့ အဓိပ္ပာယ်ရပါတယ်။ ဒီတော့ dilation and curettage ဆိုတာ သားအိမ်ခေါင်းကို ကျယ်သွားအောင် ချဲ့လိုက်တာဖြစ်ပြီး သားအိမ်ထဲမှာရှိနေတဲ့ တစ်ရှူးအသားစ တွေကို ခြစ်တာဖြစ်ပါတယ်။ သားအိမ်ခြစ်တာ ဟာ အသေးစားခွဲစိတ်မှု တစ်ခုဖြစ်ပြီး ဆေးခန်း၊ ဆေးရုံတွေမှာ သွားပြီး […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း