ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ ကို သိထားမယ်ဆိုရင် ဘယ်ရောဂါကို ဘယ်လိုအခြေအနေမှာ ဘယ်လို ကုသနိုင်သလဲဆိုတာ အလွယ်တကူသိနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Mammograms စစ်ဆေးမှု ခံယူဖို့ စိုးထိတ်တဲ့ စိတ်ကို ဒီလို ဖျောက်ပါ

Mammograms ဆိုတာက ရင်သားကင်ဆာကို စစ်ဆေးရှာဖွေရာမှာ အစောပိုင်း အဆင့်တွေမှာတင် သိရှိစေနိုင်မယ့် စစ်ဆေးနည်း တစ်ရပ်ပါ။ အခုနောက်ပိုင်း ရင်သားကင်ဆာကြောင့် အသက်ဆုံးရှုံးမှု နည်းလာရတာကလည်း အခုလို ခေတ်မီလာတဲ့ စစ်ဆေးမှုတွေကြောင့်ပါ။ ဒီစစ်ဆေးမှုတွေက ရောဂါကို စောစော သိရှိစေနိုင်တယ် ဆိုပေမယ့် တော်တော်များများက ဒီစစ်ဆေးမှုကို ခံယူဖို့ ကြောက်နေကြပါတယ်။ ဒီတစ်ခေါက်တော့ Mammograms စစ်ဆေးမှု ခံယူဖို့ စိုးထိတ်တဲ့ စိတ်ကို ဘယ်လို ဖျောက်ရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။  Mammograms ဆိုတာ ဘာလဲ! Mammograms ဆိုတာက ရင်သားကင်ဆာကို စစ်ဆေးပေးတဲ့ နည်းလမ်း တစ်ခုပါ။ ရင်သားဓာတ်မှန် တစ်မျိုးပါ။ ရင်သားကင်ဆာ ရှိမရှိကို ပုံမှန်စစ်ဆေးဖို့ screeningလုပ်တဲ့အခါ Mammogramကို သုံးပါတယ်။ အားသာချက်က ရင်သားကင်ဆာ လက္ခဏာ မပြခင်မှာ ရင်သားမှာ အကျိတ်ရှိမရှိကို […]

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ ကို ရှာဖွေမည်။

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Vaginal Hysterectomy (မိန်းမကိုယ်မှတဆင့် သားအိမ်ခွဲစိတ်ထုတ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်မိန်းမကိုယ်မှတဆင့် သားအိမ်ထုတ်ခြင်းဆိုတာဘာလဲ။ သင့်ရဲ့သားအိမ်နဲ့သားအိမ်ခေါင်းတို့ကို ဖယ်ထုတ်တဲ့ခွဲစိတ်မှုကို ဆိုလိုတာဖြစ်ပါတယ်။ ဒီခွဲစိတ်မှုကနေ မမျိုးဥအိမ်ကိုပါ ဖယ်ထုတ်နိုင်ပေမယ့် အများအားဖြင့်တော့ ဖယ်ထုတ်လေ့မရှိဘဲ ဒီအတိုင်းပဲထားခဲ့လေ့ရှိပါတယ်။ သားအိမ်ကျွံခြင်း၊ ဓမ္မတာသွေးဆင်းများခြင်း၊ ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲခြင်းနဲ့သားအိမ်အလုံးတည်ခြင်းအစရှိတဲ့အခြေအနေတွေကြောင့် သားအိမ်ထုတ်ပစ်ရတတ်ပါတယ်။ ဘာလို့ဒီခွဲစိတ်မှုကို ပြုလုပ်သင့်တာလဲ။ သားအိမ်ထုတ်လိုက်မယ်ဆိုရင် သင့်ရောဂါလက္ခဏာတွေ သက်သာပျောက်ကင်းသွားပါလိမ့်မယ်။ ဓမ္မတာလာတာမျိုးရှိမှာမဟုတ်တော့ပါဘူး။ ကုသမှုဒီခွဲစိတ်မှုအစားပြုလုပ်နိုင်တဲ့ ကုသမှု နဲ့ ခွဲစိတ်မှု အန္တရယ်တွေက ဘာတွေလဲ တင်ပါးဆုံအောက်ပိုင်းကြွက်သားတွေ သန်စွမ်းလာစေဖို့လေ့ကျင့်ခန်းလုပ်ပေးမယ်ဆိုရင် သားအိမ်ကျွံကျတဲ့ လက္ခဏာတွေကို သက်သာလာစေမှာပါ။ ဆေးသောက်ခြင်း၊ သားအိမ်တွင်းထည့်ပစ္စည်းအသုံးပြုခြင်း ဒါမှမဟုတ် သားအိမ်ရဲ့အပေါ်ယံအလွှာကိုပဲ ဖယ်ရှားပစ်ခြင်းစတဲ့ ကုသမှုတွေလုပ်ပေးခြင်းအားဖြင့်လည်း ဓမ္မတာသွေးအဆင်းများတာကို သက်သာစေနိုင်ပါတယ်။ သားအိမ်အလုံးရဲ့ အရွယ်အစားနဲ့တည်နေရာတို့အပေါ် မူတည်ပြီး ရောဂါလက္ခဏာတွေကို လျော့ပါးသက်သာလာစေဖို့အတွက် သောက်ဆေးတွေသောက်နိုင်ပါတယ်။ သားအိမ်အလုံးကိုပဲ ဖယ်ရှားတာမျိုး ဒါမှမဟုတ် အလုံးကိုသွေးထောက်ပံ့ပေးနေတဲ့ သားအိမ်သွေးကြောကိုပိတ်ဆို့ပစ်တာမျိုးတွေလည်း လုပ်နိုင်ပါတယ်။ ခွဲစိတ်မှုကြောင့် ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲ ပြဿနာတွေ၊ အန္တရာယ်တွေအကြောင်းကို ခွဲစိတ်ကုသမှုမခံယူခင်မှာ သင့်အနေနဲ့ကောင်းကောင်းနားလည်သဘောပေါက်ထားဖို့လိုအပ်ပါတယ်။ တကယ်လို့သင့်အနေနဲ့မရှင်းလင်းတာ၊ မေးချင်တာတွေရှိတယ်ဆိုရင် […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Submandibular Gland Removal (မေးရိုးအောက် တံတွေးဂလင်း ဖယ်ရှားခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်မေးရိုးအောက် တံတွေးဂလင်းတွေဆိုတာ ဘာတွေလဲ။ သူတို့ဟာ တံတွေးထုတ်ပေးနိုင်တဲ့ ဂလင်းတွေပဲ ဖြစ်ကြပါတယ်။ သင့်ရဲ့ မေးရိုးအောက်ဘယ်ညာတစ်ဖက်တချက်စီမှာ ဂလင်းတစ်ခုစီနဲ့စုစုပေါင်းဂလင်းနှစ်ခုရှိပါတယ်။ ပိုးခဏခဏဝင်ခြင်း ၊ တံတွေးလမ်းကြောင်းပိတ်ခြင်း၊ အကြောင်းရင်းခံမသိရဘဲ ဂလင်းကြီးလာခြင်း ဒါမှမဟုတ် တံတွေးအလွန်အကျွံထုတ်ခြင်းတို့ကြောင့် မေးရိုးအောက်တံတွေးဂလင်းကို ဖယ်ရှားပစ်ဖို့လိုလာတတ်ပါတယ်။ ဘာလို့ မေးရိုးအောက်တံတွေးဂလင်းကို ဖယ်ရှားပစ်ဖို့လိုတာလဲ။ မေးရိုးအောက်ဂလင်းမှာ ပြဿနာတစ်ခုခုရှိရင် ရောင်ရမ်းနာကျင်တာနဲ့ သင့်ပါးစပ်ထဲမှာ မူမမှန်ဆိုးရွားတဲ့ အရသာကြီးရနေတာမျိုး ဖြစ်လာတတ်ပါတယ်။ မေးရိုးအောက် တံတွေးဂလင်းကို ဖယ်ရှားလိုက်မယ်ဆိုရင် အဆိုပါလက္ခဏာတွေ သက်သာပျောက်ကင်းသွားမှာဖြစ်သလို ဂလင်းဘာလို့ကြီးရတာလဲဆိုတဲ့အကြောင်းရင်းကိုပါ ရှာဖွေဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ ပြင်ဆင်မှုခွဲစိတ်မှုမပြုလုပ်ခင် ဘာတွေသိထားသင့်သလဲ။ တစ်ခါတလေ ခွဲစိတ်မှုလုပ်စရာမလိုဘဲ ပိတ်ဆို့မှုတွေကို ဖယ်ရှားကုသပေးနိုင်တာမျိုးလည်းရှိပါတယ်။ တံတွေးတွေအများကြီးထွက်နေမယ်ဆိုရင် ဆေးဝါးတွေကို သုံးစွဲပေးခြင်းအားဖြင့်လည်း သက်သာစေနိုင်ပါတယ်။ ခွဲစိတ်မှုကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ၊ အန္တရာယ်တွေအကြောင်းကို ခွဲစိတ်ကုသမှုမခံယူခင်မှာ သင့်အနေနဲ့ကောင်းကောင်းနားလည်သဘောပေါက်ထားဖို့လိုအပ်ပါတယ်။ တကယ်လို့သင့်အနေနဲ့ မရှင်းလင်းတာ၊ မေးချင်တာတွေရှိတယ်ဆိုရင် သင့်ဆရာဝန် ဒါမှမဟုတ် ခွဲစိတ်ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်မေးမြန်းနိုင်ပါတယ်။ ခွဲစိတ်မှုမခံယူခင် […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Termination Of Pregnancy (ကိုယ်ဝန်ဖျက်ချခြင်း)

Termination Of Pregnancy (ကိုယ်ဝန်ဖျက်ချခြင်း) အကြောင်းလေး လေ့လာလိုက်ရအောင်နော်။ Termination Of Pregnancy (ကိုယ်ဝန်ဖျက်ချခြင်း) ဆိုတာဘာလဲ။ Termination Of Pregnancy (ကိုယ်ဝန်ဖျက်ချခြင်း) ဆိုတာက ကိုယ်ဝန်ကို စောစီးစွာဖျက်ချခြင်းကို ဆိုလိုပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် တရားဝင်ကိုယ်ဝန်ဖျက်ချခြင်းပါ။တရားဝင်ကိုယ်ဝန်ဖျက်ချခွင့်ရှိတဲ့နိုင်ငံတွေမှာ အမျိုးသမီးတိုင်းဟာ ကိုယ်ဝန်၂၄ ပတ်မတိုင်ခင်မှာ ဖျက်ချခွင့်ရှိပါတယ်။ ၂၄ပတ်နောက်ပိုင်းမှာ ဖျက်ချတာမျိုးက ရှားတယ်ဆိုပေမယ့် ဒီလိုလုပ်ဖို့လိုအပ်လာပြီဆိုရင် (သင့်ရဲ့လက်ရှိကျန်းမာရေးအခြေအနေ၊ နောက်ပိုင်းမှာကြုံတွေ့လာရမယ့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာ အခက်အခဲ ပြဿနာတွေအပေါ် အခြေခံပြီး) ဆရာဝန်နှစ်ဦးရဲ့ ထောက်ခံချက်နဲ့ဖျက်ချနိုင်ပါတယ်။ (မှတ်ချက်။ မြန်မာနိုင်ငံတွင် တရားဝင် ကိုယ်ဝန်ဖျက်ချခွင့် မရှိပါ။) ဘယ်လိုနည်းလမ်းတွေနဲ့ ဖျက်ချနိုင်သလဲ။ ကိုယ်ဝန်နုစဉ်မှာ ဆေးသောက်တဲ့ နည်းလမ်း (ကိုယ်ဝန် ၉ပတ်အထိ) ဒါဟာ သဘာဝအလျောက် ကိုယ်ဝန်ပျက်ကျတဲ့ ပုံစံကိုတုပထားတာ ဖြစ်ပါတယ်။ ဒီနည်းလမ်းကို ကိုယ်ဝန် ၉ပတ် ဒါမှမဟုတ် […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Thyroidectomy For Goitre (လည်ပင်းကြီးရောဂါကို ကုသရန်အတွက် သိုင်းရွိုက်ဂလင်းကို ဖတ်ထုတ်ခြင်း)

သိုင်းရွိုက်ဂလင်းဆိုတာ ဘာလဲ။ သင့်လည်ပင်းမှာရှိပြီး ခန္ဓါကိုယ်ရဲ့ဇီဝကမ္မ ဖြစ်စဉ်တွေကို ထိန်းညှိပေးတဲ့ သိုင်းရွိုက်ဟော်မုန်းကို ထုတ်ပေးနိုင်သောဂလင်းကို သိုင်းရွိုက်ဂလင်းလို့ ခေါ်ပါတယ်။ ဒီဂလင်း ကြီးလာတာကို လည်ပင်းကြီးတယ်လို့ခေါ်ပါတယ်။ သိုင်းရွိုက်ဂလင်း ဖြတ်ထုတ်ခြင်းဟာ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိသလဲ။ သိုင်းရွိုက်ဂလင်းဖယ်ထုတ်ခြင်းအားဖြင့် လည်ပင်းကြီးခြင်းကြောင့် အရုပ်ဆိုးနေတဲ့ အသွင်အပြင်ကိုပြောင်းလဲတိုးတက်စေပြီး ရောဂါနောက်ဆက်တွဲ ပြဿနာတွေဖြစ်တဲ့ အသက်ရှုရခက်ခြင်း၊ မျိုချရခက်ခြင်းအစရှိတာတွေကိုလည်း ကာကွယ်၊ ပျောက်ကင်းစေနိုင်ပါတယ်။ သိုင်းရွိုက်ဂလင်းကို ဖြတ်ထုတ်လိုက်တာ ဘာအန္တရာယ်တွေများရှိနိုင်သလဲ။ အဖုအလုံးအများကြီးပေါ်လာပြီး ဂလင်းရဲ့လုပ်ငန်းဆောင်တာတွေ ပုံမှန်အတိုင်းသာပြုလုပ်တဲ့ (euthyroidmultinodular goiters) လည်ပင်းကြီးရောဂါအများစုအတွက် ခွဲစိတ်ခြင်း ဒါမှမဟုတ် ဆေးသောက်ခြင်းတွေ ပြုလုပ်ဖို့မလိုပါဘူး။ အဖုအလုံးတစ်ခုချင်းစီရဲ့အရွယ်အစားကို မျက်ခြေမပြတ်သိရှိနေစေဖို့အတွက် သိုင်းရွိုက်ဂလင်းကို အာထရာဆောင်း မကြာခဏရိုက်ရပါမယ်။ အဖုအရွယ်အစား အလွန်ကြီးမားရင်တော့ လေပြွန်ကိုဖိပြီး ပိတ်ဆို့တာမျိုးရှိမရှိ သိနိုင်ဖို့နဲ့ သိုင်းရွိုက်ဂလင်းရဲ့ အရွယ်အစားကိုသိရှိနိုင်ဖို့အတွက် သံလိုက်ဓါတ်မှန် ဒါမှမဟုတ် ကွန်ပျူတာဓါတ်မှန် ရိုက်ရပါမယ်။ အဖုအလုံးတွေ အများကြီးရှိပြီး ဟော်မုန်းတွေပုံမှန်ထက် အများကြီးပိုထုတ်ကာ ရောဂါအရမ်းကြွနေတဲ့ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Anal Fistula Surgery (ဂရင်ဂျီနာ ခွဲစိတ်ကုသမှု)

ဂရင်ဂျီနာခွဲစိတ်ကုသခြင်းဆိုတာ ဘာလဲ မည်သည့်ဂရင်ဂျီနာမဆို ရောဂါပိုးဝင်ပြီး နာကျင်မှု ရှိနိုင်ပါတယ်။ ဒီရောဂါဟာ ခွဲစိတ်မှုမလုပ်ရင် ပိုဆိုးလာနိုင်ပါတယ်။ ဂရင်ဂျီနာအများစုဟာ စအိုလမ်းကြောင်းအတွင်း ပြည်တည်နာ ဖြစ်လာခြင်းကြောင့် ဖြစ်ပွားနိုင်ပါတယ်။ ပြည်တည်တဲ့လမ်းကြောင်းဟာ အရေပြားပေါ်ထိရောက်ပြီး အနာအပေါက်ဖြစ်သွားတဲ့အခါ ဂရင်ဂျီနာဖြစ်နိုင်ပါတယ်။ ပြည်များဟာ အရေပြားပေါ်က အနာပေါက်မှာ သူ့ဖာသာဖြစ်ဖြစ်၊ ခွဲစိတ်ပေးလို့ပဲဖြစ်ဖြစ် စီးထွက်နိုင်ပါတယ်။ ခွဲစိတ်ကုသခြင်းရဲ့ ရည်ရွယ်ချက်ဟာ နောက်ထပ်မနာကျင်စေဖို့၊ ရောဂါပိုးဝင်ခြင်း မရှိဖို့ ဖြစ်ပါတယ်။ ဂရင်ဂျီနာခွဲစိတ်မှုကို ဘယ်အချိန်မှာ ခံယူသင့်သလဲ လက်ရှိကာလမှာတော့ ဂရင်ဂျီနာအတွက် ဆေးပေးရုံနဲ့ ကုသမှုမပြုနိုင်သေးပါဘူး။ ခွဲစိတ်မှုနဲ့ပဲ ကုသနိုင်ပါတယ်။ ခွဲစိတ်မှုကို စအိုနားက အရေပြားမှာ ပြုလုပ်ပေးခြင်းဖြင့် ပြည်များကို စီးထွက်သွားစေပါတယ်။ ဂရင်ဂျီနာကို ခွဲစိတ်ပြီးအပြီးသတ် မကုသနိုင်သေးခင်ထိ လူနာအများဟာ နာကျင်ခြင်း၊ ပြည်ထွက်ခြင်း၊ ခဏတာသက်သာသလိုဖြစ်ပြီး ပြန်ဖြစ်ခြင်းစတဲ့ အခြေအနေတွေ ကြုံနိုင်ပါတယ်။ ဂရင်ဂျီနာမခွဲခင် ဘာတွေသိထားသင့်သလဲ ပြည်ထုတ်နေချိန်မှာပဲ ခွဲစိတ်ကုသမှုကို တချိန်တည်း ပြုလုပ်နိုင်ပါတယ်။ တခါတရံမှာ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Benign Scrotal Lump Surgery

Benign Scrotal Lump Surgery (ကင်ဆာမဟုတ်သော ကပ်ပယ်အိတ်ကြီးခြင်းအား ခွဲစိတ်ကုသခြင်း) ကဘာလဲ။ ကင်ဆာမဟုတ်သော ကပ်ပယ်အိတ်ကြီးခြင်းဆိုတာ ကပ်ပယ်အိတ်ထဲမှာ ကင်ဆာမဟုတ်တဲ့ အဖုအကျိတ် ဖြစ်ပေါ်လာခြင်းကို ဆိုလိုပါတယ်။ များသောအားဖြင့် လက္ခဏာမပြတတ်လို့ ခွဲစိတ်ကုသဖို့ မလိုပါဘူး။ ဒါပေမယ့် တချို့အကျိတ်တွေဟာ လက္ခဏာတွေ ပြလာတတ်ပြီး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ အကျိတ်နှစ်မျိုး ရှိတတ်ပါတယ်။ • ရေမုတ်။ ဝှေးစေ့ကိုဖုံးထားတဲ့ အလွှာမှာ အရည်စုပြီး ကြီးလာခြင်း ဖြစ်ပါတယ်။ • သုတ်လွှတ်ပြွန်အရည်အိတ်ဖြစ်ခြင်း။ သုတ်ရည်ထွက်လာတဲ့ လမ်းကြောင်းမှာ အရည်များစုလာခြင်း ဖြစ်ပါတယ်။ ဘာကြောင့် ကင်ဆာမဟုတ်သော ကပ်ပယ်အိတ်ကြီးခြင်း ခွဲစိတ်ကုသခြင်း လုပ်ဆောင်သလဲ အကျိတ်ကြီးလာတဲ့အခါ ခွဲစိတ်ကုသမှသာ နေထိုင်ရတာ သက်တောင့်သက်သာရှိမှာ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ကပ်ပယ်အိတ်ကြီးခြင်းဟာ ဒီအတိုင်းထားနိုင်ပေမယ့် အောက်ပါ အခြေအနေတွေကြောင့် ခွဲစိတ်ခြင်း၊ ပြုပြင်ခြင်း ပြုလုပ်ကြပါတယ်။ • နေရထိုင်ရခက်ခြင်း၊ နာကျင်ခြင်း • […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Laparoscopic Gastric Bypass (Laparoscopic gastric bypass ဆိုတာ ဘာလဲ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Laparoscopic gastric bypass ဆိုတာဘာလဲ? Gastric bypass ကသင့်ကိုတစ်သက်စာ ကိုယ်အလေးချိန်ကျအောင် ကူညီပေးနိုင်ပါတယ်။ Gastric bypass ကို Roux-en-Y လို့လည်းခေါ်ပြီး အဲဒီခွဲစိတ်မှုမှာ သင့်ရဲ့အစာအိမ်ကို အိတ်အသေးလေးဖြစ်သွားအော င်ကျန်ရှိနေတဲ့အစာအိမ်နဲ့ အူမကြီးတွေကိုရှောင်ပြီးညှပ်ချုပ်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းက အစားစားတဲ့အခါ စောစောဗိုက်ပြည့်စေခြင်းဖြင့် အစားနည်းစေတဲ့အပြင် သင့်ရဲ့အစာထဲက တချို့ကယ်လိုရီတွေနဲ့အာဟာရတွေကို စုပ်ယူခြင်းမှ ကာကွယ်ပါတယ်။ ဒီခွဲစိတ်မှုအောင်မြင်ခြင်းက စားသောက်မှုအစီအစဉ်အသစ်နဲ့ လေ့ကျင့်ခန်းတွေအပေါ်မှာလည်း မူတည်ပါတယ်။ ဘာကြောင့် Laparoscopic bypass ကိုလုပ်ကြလဲ ? တကယ်လို့သင့်ရဲ့ BMI က၄၀ ကျော်နေရင်ဒီခွဲစိတ်မှုက တစ်သက်တာကိုယ်အလေးချိန်ကျစေပါတယ်။ တကယ်လို့သင့်ရဲ့ BMI က၃၅ ကျော်နေတာပဲ ဖြစ်ဖြစ်၊သင့်မှာဆီးချို type 2 ရှိနေတာပဲဖြစ်ဖြစ် သင့်ကို ဒီခွဲစိတ်မှုကကူညီပါလိမ့်မယ်။ သင့်ရဲ့ BMI နဲ့တခြားသော စစ်ဆေးမှုတွေအပေါ် မူတည်ပြီး ဒီခွဲစိတ်မှုကသင့်အတွက်သင့်တော်မှုရှိ၊ မရှိဆုံးဖြတ်မှာဖြစ်ပါတယ်။ သင့်အနေနဲ့ ခွဲစိတ်မှုအပြီး […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Retinal Detachment Surgery (မြင်လွှာကွာခြင်း ခွဲစိတ်ကုသမှု)

အဓိပ္ပါယ်ဖွင့်ဆိုချက်Retinal Detachment Surgery (မြင်လွှာကွာခြင်း ခွဲစိတ်ကုသမှု) ကဘာလဲ။ မျက်စိထဲဝင်လာတဲ့ အလင်းတန်းတွေကို ပုံရိပ်အဖြစ်ပြောင်းပြီး ဦးနှောက်ကိုပို့ပေးတဲ့ မျက်စိအနောက်ဖက်ပိုင်းက အတွင်းပိုင်းအလွှာလေးကို မြင်လွှာ (retina) လို့ခေါ်ပါတယ်။ တစ်ခါတစ်ရံမှာ ဒီမြင်လွှာလေးဟာ ကွာကျပြီး အမြင်ဝေဝါးတာ ဒါမှမဟုတ် ကြည့်တဲ့အခါ အရိပ်တွေထင်နေတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ မျက်စိရဲ့အလယ်ခေါင်နေရာမှာရှိတဲ့ ဂျယ်လီလိုခပ်ပျစ်ပျစ်အရည်လေးတွေကျုံ့ပြီး မြင်လွှာပေါ်ရောက်လာကာဆွဲခွာသလိုဖြစ်တာကြောင့် မြင်လွှာကွာတာအများဆုံးဖြစ်တတ်ပေမယ့် မျက်လုံးကို ထိခိုက်မိတာ ဒါမှမဟုတ် အရင်ကလုပ်ခဲ့ဖူးတဲ့ မျက်စိခွဲစိတ်မှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မြင်လွှာကွာတာကို ခွဲစိတ်ပြုပြင်ဖို့ဘာလို့လိုအပ်တာလဲ။ တကယ်လို့သင့်မြင့်လွှာကွာနေရင် ဒါကိုပြုပြင်ဖို့အတွက် ခွဲစိတ်မှု ပြုလုပ်ဖို့လိုပါတယ်။ လေဆာနဲ့ပစ်ပြီးဒါမှမဟုတ်အေးခဲပစ်ပြီးခွဲစိတ်ပြုပြင်လေ့ရှိကာ ခွဲစိတ်ဆရာဝန်အနေနဲ့ဘယ်လိုအကြံပြုမလဲဆိုတာကတော့ သင့်ရောဂါရဲ့ အသေးစိတ်အနေအထားပေါ်မူတည်ပြီး ကွာခြားပါလိမ့်မယ်။ ဒီခွဲစိတ်မှုကဘာအန္တရာယ်တွေရှိနိုင်သလဲ။ ခွဲစိတ်တယ်လို့ယေဘုယျသုံးနှုန်းပေမယ့် တကယ်တမ်းကျတော့ လေဆာနဲ့ပစ်ပြီး ဒါမှမဟုတ် အေးခဲပစ်ပြီး ပေါက်နေတဲ့နေရာ၊ စုတ်ပြဲနေတဲ့နေရာကို ဖာထေးတာဖြစ်တဲ့အတွက် ဘယ်လိုလှီးဖြတ်ခွဲစိတ်မှုမျိုးကိုမှ ပြုလုပ်တာမဟုတ်ပါဘူး။ တစ်ခါတစ်ရံ ကုသမှုအောင်မြင်ဖို့အတွက် ဒုတိယအကြိမ်ထပ်မံခွဲစိတ်ဖို့တော့ လိုကောင်းလိုတတ်ပါတယ်။ ဒီနေရာမှာသိထားသင့်တဲ့အချက်တွေက […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Revision Total Hip Replacement (ပေါင်ရိုးအစားထိုးမှု ထပ်မံပြုလုပ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်ပေါင်ရိုးအစားထိုးမှုထပ်လုပ်တယ်ဆိုတာဘာလဲ။ သင့်ရဲ့အစားထိုးထားတဲ့ပေါင်ရိုးအဟောင်းကို ထုတ်ပြီး ပေါင်ရိုးအသစ်နဲ့အစားထိုးလဲလှယ်တဲ့ ခွဲစိတ်မှုလုပ်ငန်းစဉ်ပဲ ဖြစ်ပါတယ်။ အောက်ပါအချက်တွေကြောင့် ပေါင်ရိုးအစားထိုးတာ မအောင်မမြင် ဖြစ်တတ်ပါတယ်။ • အစားထိုးထားတဲ့ ပေါင်ရိုးအဆစ်နေရာပျက်စီးခြင်း • အစားထိုးထားတဲ့ ပေါင်ရိုးမှာပိုးဝင်ခြင်း • အစားထိုးထားတဲ့ ပေါင်ရိုး နေရာရွေ့ခြင်း၊လွဲခြင်း • ပေါင်ရိုးကျိုးခြင်း ဒီခွဲစိတ်မှုရဲ့ ကောင်းကျိုးတွေက ဘာတွေလဲ။ သင့်အနေနဲ့ပိုပြီးလမ်းကောင်းကောင်း လျှောက်နိုင်မယ်။ နိစ္စဓူဝလုပ်ငန်းဆောင်တာတွေကို ပိုလုပ်လာနိုင်မယ်။ ဒီခွဲစိတ်မှုကဘာနောက်ဆက်တွဲ ပြဿနာအန္တရာယ်တွေရှိသလဲ။ အချိန်ကြာလာတာနဲ့အမျှ ပြန်ပြီးပျက်စီးသွားနိုင်ပါတယ်။ ခွဲစိတ်မှုအပြင်တခြားရောဘာတွေလုပ်လို့ရသေးလဲ။ တကယ်လို့ ရောဂါလက္ခဏာတွေက မပြင်းထန်ဖူးဆိုရင် အချိန်အနည်းငယ် စောင့်ကြည့်နိုင်ပါတယ်။ တကယ်လို့ပိုးဝင်တာမျိုးရှိတယ်ဆိုရင် ခွဲစိတ်မှုအောင်မြင်နိုင်ဖို့အတွက် ပဋိဇီဝပိုးသတ်ဆေးတွေသုံးစွဲဖို့လိုပါလိမ့်မယ်။ တကယ်လို့ခွဲစိတ်ထားတဲ့ ပေါင်ရိုးအဆစ်ကအပြင်ကို ပြန်ပြန်ပြီး ထွက်လာနေတယ်ဆိုရင် ပေါင်ကိုထောက်ပံ့ပြီး ပတ်စည်းပေးထားဖို့အပတ်(brace) လိုပါလိမ့်မယ်။ တကယ်လို့သင့်ပေါင်ရိုးကျိုးနေတယ်ဆိုရင် ခဲဆွဲထားဖို့လိုကောင်းလိုပါလိမ့်မယ်။ ခွဲစိတ်မှုကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ၊ အန္တရာယ်တွေအကြောင်းကို ခွဲစိတ်ကုသမှုမခံယူခင်မှာ သင့်အနေနဲ့ကောင်းကောင်းနားလည်သဘောပေါက်ထားဖို့လိုအပ်ပါတယ်။ တကယ်လို့သင့်အနေနဲ့ မရှင်းလင်းတာ၊ မေးချင်တာတွေရှိတယ်ဆိုရင် သင့်ဆရာဝန် ဒါမှမဟုတ် ခွဲစိတ်ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်မေးမြန်းနိုင်ပါတယ်။ ပြင်ဆင်မှုခွဲစိတ်မှုမခံယူခင် ဘာတွေကြိုတင် ပြင်ဆင်ထားရမလဲ။ သင့်ရဲ့ လတ်တလောသောက်နေတဲ့ ဆေးတွေ၊ ဓါတ်မတည့်တာတွေရှိမရှိနဲ့ရောဂါတစ်ခုခုရှိတာမျိုးစတဲ့ အခြေအနေတွေကို ဆရာဝန်နဲ့ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Small Toes Surgery (ခြေချောင်းလေးများ ခွဲစိတ်ကုသမှု)

အဓိပ္ပါယ်ဖွင့်ဆိုချက်ခြေချောင်းလေးတွေမှာ ဘာပြဿနာတွေ ဖြစ်လာနိုင်သလဲ။ အဖြစ်များဆုံး ပြဿနာသုံးခုက ခြေချောင်းလေးတွေပုံမမှန်တာ၊ အဆစ်တွေနာတာနဲ့ခြေဖဝါးနာကျင်တာတို့ပဲ ဖြစ်ကြပါတယ်။ သင့်ခြေချောင်းလေးတွေကို လှုပ်ရှားအောင်လုပ်ပေးတဲ့ အရွတ်ကြောလေးတွေတင်းလွန်းတာ ဒါမှမဟုတ် အနေအထားမမှန်တာမျိုးကြောင့် ခြေချောင်းလေးတွေ ပုံမမှန်တာမျိုး ဖြစ်နိုင်ပါတယ်။ ခြေချောင်းအချင်းချင်း ပွတ်တိုက်တာ ဒါမှမဟုတ် ရှူးဖိနပ်အတွင်းပိုင်းနဲ့ပွတ်တိုက်တာတွေကြောင့်လည်း ဒဏ်ဖြစ်ပြီး နာလာစေပါတယ်။ rheumatoid arthritis လို အဆစ်အမြစ်ရောင်ရောဂါတွေကြောင့် သင့်ခြေဆစ်တွေကို ထိခိုက်စေ၊ ဒဏ်ဖြစ်စေပြီးပုံသဏ္ဍာန် မမှန်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ခြေချောင်းလေးတွေ ခွဲစိတ်မှုကဘာတွေအကျိုးဖြစ်စေသလဲ။ သင့်ခြေချောင်းလေးတွေ ပိုပြီးဖြောင့်လာမှာဖြစ်တဲ့အတွက် ရှူးဖိနပ်ထဲမှာ ပိုပြီးနေသားတကျဖြစ်လာတာကြောင့် နာကျင်ရောင်ရမ်းတာတွေကို သက်သာပျောက်ကင်းစေမှာပဲ ဖြစ်ပါတယ်။ ပြင်ဆင်မှုခြေချောင်းခွဲစိတ်မှုက ဘာအန္တရာယ်တွေရှိနိုင်သလဲ။ ရေမြှုပ်ပျော့ပျော့လေးတွေကို ခြေချောင်းလေးတွေကြားထဲ ခံထားမယ်ဆိုရင် နာကျင်တာတွေကို သက်သာစေမှာ ဖြစ်ပါတယ်။ အရည်အသွေးကောင်းပြီး နူးညံ့တဲ့ရှူးဖိနပ်တွေကို အသုံးပြုမယ်ဆိုရင်လည်း အဆင်ပြေသွားနိုင်ပါတယ်။ တကယ်လို့ ဒါတွေနဲ့မလုံလောက်ဖူးဆိုရင်တော့ ဆရာဝန်နဲ့မေးမြန်းတိုင်ပင်ပါ။ အထူးစီမံထားတဲ့ ဖိနပ်အခံပြား ဒါမှမဟုတ် ဖိနပ်တွေကို အသုံးပြုဖို့သင့်ဆရာဝန်ကအကြံပေးပါလိမ့်မယ်။ ခွဲစိတ်မှုကြောင့် ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း