အစာအိမ်နဲ့အူလမ်းကြောင်းမှန်ပြောင်းကြည့်တယ်ဆိုတာဘာလဲ။
ပျော့ပြောင်းတဲ့မှန်ပြောင်းပိုက်လေးကိုသုံးပြီး အစာရေမြို၊ အစာအိမ်နဲ့အူသိမ်အရှေ့ပိုင်းတို့ရဲ့အတွင်းပိုင်းကိုကြည့်ရှုစစ်ဆေးတာကို ဆိုလိုပါတယ်။ အစာအိမ်မှန်ပြောင်းကြည့်တာလို့လည်း အလွယ်ခေါ်တတ်ကြပါသေးတယ်။