မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
သင့်ရဲ့အစားထိုးထားတဲ့ပေါင်ရိုးအဟောင်းကို ထုတ်ပြီး ပေါင်ရိုးအသစ်နဲ့အစားထိုးလဲလှယ်တဲ့ ခွဲစိတ်မှုလုပ်ငန်းစဉ်ပဲ ဖြစ်ပါတယ်။
အောက်ပါအချက်တွေကြောင့် ပေါင်ရိုးအစားထိုးတာ မအောင်မမြင် ဖြစ်တတ်ပါတယ်။
• အစားထိုးထားတဲ့ ပေါင်ရိုးအဆစ်နေရာပျက်စီးခြင်း
• အစားထိုးထားတဲ့ ပေါင်ရိုးမှာပိုးဝင်ခြင်း
• အစားထိုးထားတဲ့ ပေါင်ရိုး နေရာရွေ့ခြင်း၊လွဲခြင်း
• ပေါင်ရိုးကျိုးခြင်း
သင့်အနေနဲ့ပိုပြီးလမ်းကောင်းကောင်း လျှောက်နိုင်မယ်။ နိစ္စဓူဝလုပ်ငန်းဆောင်တာတွေကို ပိုလုပ်လာနိုင်မယ်။
အချိန်ကြာလာတာနဲ့အမျှ ပြန်ပြီးပျက်စီးသွားနိုင်ပါတယ်။
တကယ်လို့ ရောဂါလက္ခဏာတွေက မပြင်းထန်ဖူးဆိုရင် အချိန်အနည်းငယ် စောင့်ကြည့်နိုင်ပါတယ်။
တကယ်လို့ပိုးဝင်တာမျိုးရှိတယ်ဆိုရင် ခွဲစိတ်မှုအောင်မြင်နိုင်ဖို့အတွက် ပဋိဇီဝပိုးသတ်ဆေးတွေသုံးစွဲဖို့လိုပါလိမ့်မယ်။
တကယ်လို့ခွဲစိတ်ထားတဲ့ ပေါင်ရိုးအဆစ်ကအပြင်ကို ပြန်ပြန်ပြီး ထွက်လာနေတယ်ဆိုရင် ပေါင်ကိုထောက်ပံ့ပြီး ပတ်စည်းပေးထားဖို့အပတ်(brace) လိုပါလိမ့်မယ်။
တကယ်လို့သင့်ပေါင်ရိုးကျိုးနေတယ်ဆိုရင် ခဲဆွဲထားဖို့လိုကောင်းလိုပါလိမ့်မယ်။
ခွဲစိတ်မှုကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ၊ အန္တရာယ်တွေအကြောင်းကို ခွဲစိတ်ကုသမှုမခံယူခင်မှာ သင့်အနေနဲ့ကောင်းကောင်းနားလည်သဘောပေါက်ထားဖို့လိုအပ်ပါတယ်။ တကယ်လို့သင့်အနေနဲ့ မရှင်းလင်းတာ၊ မေးချင်တာတွေရှိတယ်ဆိုရင် သင့်ဆရာဝန် ဒါမှမဟုတ် ခွဲစိတ်ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်မေးမြန်းနိုင်ပါတယ်။
သင့်ရဲ့ လတ်တလောသောက်နေတဲ့ ဆေးတွေ၊ ဓါတ်မတည့်တာတွေရှိမရှိနဲ့ရောဂါတစ်ခုခုရှိတာမျိုးစတဲ့ အခြေအနေတွေကို ဆရာဝန်နဲ့ ကြိုတင်ဆွေးနွေးထားရမှာဖြစ်သလို ခွဲစိတ်မှုမခံယူခင်မှာ မေ့ဆေးဆရာဝန်နဲ့ တွေ့ဆုံပြီး အသုံးပြုမယ့် မေ့ဆေးအမျိုးအစားနဲ့ ပုံစံအကြောင်းကို မေးမြန်းဆွေးနွေးရမှာဖစ်ပါတယ်။ ခွဲစိတ်မှုမပြုလုပ်ခင် ဘယ်အချိန်မှာအစာစားတာ၊ ရေသောက်တာရပ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေကို အတိအကျလိုက်နာရပါမယ်။
အမျိုးမျိုးသောထုံဆေး၊ မေ့ဆေးတွေကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ ခွဲစိတ်ဆရာဝန်အနေနဲ့သင့်ရဲ့ ပေါင်မှာ ခွဲကြောင်းပေးပါမယ်။ ပြီးရင် အစားထိုးထားတဲ့စတီးရိုးအဟောင်းကို ဖယ်ထုတ်ပါမယ်(တခြားမလိုအပ်တာတွေကိုလည်းဖယ်ထုတ်ပါမယ်)။ ထို့နောက် စတီးရိုးအသစ်ကို ထပ်ပြီးအစားထိုး တပ်ဆင်ပါလိမ့်မယ်။ အစားထိုးတပ်ဆင်လိုက်တဲ့ စတီးရိုးနဲ့ခန္ဓါကိုယ်ထဲမှာရှိနေတဲ့အရိုးတို့ မြဲမြံစွာကပ်နေဖို့အတွက် acrylic cement လို့ခေါ်တဲ့ ပစ္စည်းတစ်မျိုးကို အသုံးပြုပါမယ်။
သင့်အရိုးကပါးနေရင်၊ ကျိုးနေရင် ဒါမှမဟုတ် ပိုးဝင်နေရင်ခွဲစိတ်မှုလုပ်ရတာ ပိုပြီးရှုပ်ထွေးလက်ဝင်ပါလိမ့်မယ်။
ခွဲစိတ်ပြီးငါးရက်ကနေ ဆယ်ရက်အတွင်းမှာ ဆေးရုံကဆင်းခွင့်ရပါလိမ့်မယ်။ သင့်အနေနဲ့ ရက်သတ္တပတ်အနည်းငယ်လောက် ချိုင်းထောက်အသုံးပြုဖို့လိုမှာ ဖြစ်ပြီး လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးမယ်ဆိုရင်တော့ သင့်ရဲ့ပုံမှန်လှုပ်ရှားသွားလာမှုတွေကို မြန်မြန်ဆန်ဆန် ပြန်လုပ်လာနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းတွေမလုပ်ခင်မှာ သင့်ဆရာဝန်နဲ့အရင်တိုင်ပင်ရပါမယ်။ ပေါင်ရိုးအစားထိုးမှု ထပ်မံပြုလုပ်ခြင်းက လူနာအများစုမှာ ရလဒ်ကောင်းမွန်လေ့ရှိပါတယ်။
ပေါင်ကြွက်သား၊ တင်ပါးကြွက်သားတွေ သန်စွမ်းလာစေဖို့အတွက် သင့်ရဲ့ physiotherapist (ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင် သန်စွမ်းရေးကုထုံး ပညာရှင်) ညွှန်ကြားတဲ့အတိုင်း တစ်သဝေမတိမ်းလိုက်နာဖို့လိုအပ်လှပါတယ်။ တကယ်လို့ သင့်မှာမရှင်းလင်းတာ ဒါမှမဟုတ် စိုးရိမ်ပူပန်မှုတွေရှိနေတယ်ဆိုရင် သင့်ဆရာဝန် ဒါမှမဟုတ် ခွဲစိတ်ဆရာဝန်နဲ့ တွေ့ဆုံမေးမြန်းနိုင်ပါတယ်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ပုံမှန်အားဖြင့် ဒီခွဲစိတ်မှုဟာ အရေးပေါ်မဟုတ်ဘဲ စိတ်ချရတဲ့ခွဲစိတ်မှုတစ်ခုဖြစ်ပါတယ်။ မေ့ဆေးနဲ့ပတ်သက်ပြီး ကြိုတင်တွက်ဆထားလို့မရနိုင်တဲ့ ပြဿနာတွေဥပမာ-အသက်ရှုလမ်းကြောင်း ဒါမှမဟုတ် နှလုံးနဲ့ဆိုင်တဲ့ ပြဿနာတွေတော့ ဖြစ်ပေါ်လာနိုင်ပါတယ်။
ဒါ့အပြင် ပိုးဝင်ခြင်း၊ အာရုံကြောနဲ့ သွေးကြောတွေကို ထိခိုက်မိခြင်း၊ အရိုးကျိုးခြင်း ၊ အားနည်းခြင်း၊ ပေါင်ရိုးဆစ်နေရာကမာတောင့်နေခြင်း၊ မလှုပ်နိုင်ခြင်း ၊ နာခြင်း ဒါမှမဟုတ် ထပ်မံခွဲစိတ်ဖို့လိုအပ်ခြင်းစတဲ့ ပြဿနာတွေကိုလည်း ရင်ဆိုင်ကောင်းရင်ဆိုင်ရနိုင်ပါတယ်။
ပေါင်ရိုးအစားထိုးမှု ထပ်မံပြုလုပ်တာကြောင့် ရင်ဆိုင်တွေ့ကြုံရလာနိုင်တဲ့ နောက်ဆက်တွဲပြဿနာတွေကတော့-
• ပေါင်ရိုးအက်ခြင်း
• ပေါင်ရိုးအနားတစ်ဝိုက်ကအာရုံကြောတွေနဲ့ သွေးကြောတွေထိခိုက်ခြင်း
• ပိုးဝင်ခြင်း
• ချောင်သွားခြင်း
• နေရာလွဲခြင်း
• ခြေထောက်တစ်ချောင်းနဲ့တစ်ချောင်းအရှည်အတိုမတူညီခြင်း
• အသက်ဆုံးရှုံးခြင်းစတာတွေပဲ ဖြစ်ပါတယ်။
ခွဲစိတ်မှုမပြုလုပ်ခင် အစာမစားဖို့ ညွှန်ကြားတာမျိုး ဒါမှမဟုတ် သောက်နေကျဆေးတချို့ကို ရပ်ခိုင်းတာမျိုးအစရှိတဲ့ ဆရာဝန်ရဲ့လမ်းညွှန်ချက်တွေကို အတိအကျလိုက်နာမယ်ဆိုရင် ခွဲစိတ်မှုကြောင့် ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲပြဿနာတွေကို အနည်းဆုံး ဒါမှမဟုတ် လုံးဝမဖြစ်အောင် လျှော့ချလိုက်နိုင်မှာပဲ ဖြစ်ပါတယ်။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။