backup og meta

Benign Scrotal Lump Surgery

Benign Scrotal Lump Surgery (ကင်ဆာမဟုတ်သော ကပ်ပယ်အိတ်ကြီးခြင်းအား ခွဲစိတ်ကုသခြင်း) ကဘာလဲ။

ကင်ဆာမဟုတ်သော ကပ်ပယ်အိတ်ကြီးခြင်းဆိုတာ ကပ်ပယ်အိတ်ထဲမှာ ကင်ဆာမဟုတ်တဲ့ အဖုအကျိတ် ဖြစ်ပေါ်လာခြင်းကို ဆိုလိုပါတယ်။ များသောအားဖြင့် လက္ခဏာမပြတတ်လို့ ခွဲစိတ်ကုသဖို့ မလိုပါဘူး။ ဒါပေမယ့် တချို့အကျိတ်တွေဟာ လက္ခဏာတွေ ပြလာတတ်ပြီး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ အကျိတ်နှစ်မျိုး ရှိတတ်ပါတယ်။

• ရေမုတ်။ ဝှေးစေ့ကိုဖုံးထားတဲ့ အလွှာမှာ အရည်စုပြီး ကြီးလာခြင်း ဖြစ်ပါတယ်။

• သုတ်လွှတ်ပြွန်အရည်အိတ်ဖြစ်ခြင်း။ သုတ်ရည်ထွက်လာတဲ့ လမ်းကြောင်းမှာ အရည်များစုလာခြင်း ဖြစ်ပါတယ်။

ဘာကြောင့် ကင်ဆာမဟုတ်သော ကပ်ပယ်အိတ်ကြီးခြင်း ခွဲစိတ်ကုသခြင်း လုပ်ဆောင်သလဲ

အကျိတ်ကြီးလာတဲ့အခါ ခွဲစိတ်ကုသမှသာ နေထိုင်ရတာ သက်တောင့်သက်သာရှိမှာ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ကပ်ပယ်အိတ်ကြီးခြင်းဟာ ဒီအတိုင်းထားနိုင်ပေမယ့် အောက်ပါ အခြေအနေတွေကြောင့် ခွဲစိတ်ခြင်း၊ ပြုပြင်ခြင်း ပြုလုပ်ကြပါတယ်။

• နေရထိုင်ရခက်ခြင်း၊ နာကျင်ခြင်း

• မြုံခြင်းဖြစ်နိုင်ခြေကို ပိုဆိုးစေခြင်း

• ရောဂါပိုးဝင်ခြင်း

ကင်ဆာမဟုတ်သော ကပ်ပယ်အိတ်ကြီးမားခြင်းကို ခွဲစိတ်တဲ့အခါ ဖြစ်နိုင်ခြေအန္တရာယ်တွေက ဘာတွေလဲ

ကလေးလိုချင်ရင် သုတ်လွှတ်ပြွန်အရည်စုပြီး ဖြစ်တဲ့ အကျိတ်ကို ဒီအတိုင်းထားတာ ကောင်းပါတယ်။ သုတ်လွှတ်ပြွန်ပိုင်းကို ခွဲစိတ်တာဟာ အမာရွတ်ကို ဖြစ်ပေါ်စေပြီး ကလေးရနိုင်ခြေကို လျော့နည်းစေပါတယ်။

အရည်များကို အပ်နဲ့စုပ်ယူနိုင်ပါတယ်။ ဒါပေမယ့် မကြာခဏ ပြန်ဖြစ်တတ်ပါတယ်။ အရည်ပြန်မစုနိုင်အောင် ဆေးလည်းထိုးနိုင်ပါတယ်။ ဒီခွဲစိတ်မှုကို မခံယူခင်မှာ သတိပြုရမယ့်အချက်တွေနဲ့ သတိပေးချက်တွေကို နားလည်သိရှိထားဖို့ လိုပါတယ်။ သိလိုတဲ့အချက်တွေရှိရင် သင့်ရဲ့ခွဲစိတ်ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးပါ။

Benign Scrotal Lump Surgery (ကင်ဆာမဟုတ်သော ကပ်ပယ်အိတ်ကြီးခြင်း)ကို မခွဲစိတ်မီ ဘာတွေပြင်ထားရမလဲ

ဆရာဝန်ဟာ သင်ပြင်ဆင်ဖို့ အသေးစိတ်ညွှန်ကြား ပါလိမ့်မယ်။ ခွဲစိတ်မှုမတိုင်ခင် နာရီအနည်းငယ်မှာ ဘာတွေစားနိုင်မလဲ အပါအဝင် ပြောပြပါလိမ့်မယ်။ အများအားဖြင့် ၆နာရီကြိုပြီး မစားဘဲနေရပါတယ်။ ခွဲစိတ်ဖို့ နာရီအနည်းငယ်အလိုထိ အရည်တခုခု သောက်နိုင်ပါတယ်။

သင် မကြာသေးမီက ဘာဆေးတွေသုံးတယ်၊ ဘာဓါတ်မတည့်တာတွေရှိတယ်၊ ဘာရောဂါတွေရှိတယ် ဆိုတာ ဆရာဝန်ကိုပြောပြ ဆွေးနွေးသင့်ပါတယ်။ မေ့ဆေးဆရာဝန်နဲ့လည်း ဆွေးနွေးသင့်ပါတယ်။ ခွဲစိတ်မှုမတိုင်ခင် အစာမစားဖို့ အချိန်တွေအတိုင်း လိုက်နာဖို့ အရေးကြီးပါတယ်။

ငါ့ဆီမှာ Benign Scrotal Lump Surgery (ကင်ဆာမဟုတ်သော ကပ်ပယ်အိတ်ကြီးခြင်း) ခွဲစိတ်နေစဉ် ဘာဖြစ်နိုင်လဲ

ခွဲစိတ်မှုမှာ မေ့ဆေးပေးခြင်း ပါဝင်ပြီး မိနစ် ၂၀ ကနေ ၅၀မိနစ်ထိ ကြာနိုင်ပါတယ်။ ခွဲစိတ်ဆရာဝန်ဟာ ကပ်ပယ်အိတ်မှာ အနည်းငယ် ခွဲပါမယ်။ ရေမုတ်အတွက်ကိုတော့ အရည်တွေကို အိတ်ထဲက ခွဲထုတ်ပြီး ပြန်ချုပ်ပေးပါလိမ့်မယ်။ သုတ်လွှတ်ပြွန်အတွက်တော့ အရည်အိတ်ကို ဖယ်ရှားပါလိမ့်မယ်။ တစိတ်တပိုင်း ဒါမှမဟုတ် တစ်ခုလုံးကို ဖယ်ရှားပါလိမ့်မယ်။ သိလိုတဲ့အချက်တွေရှိရင် စိုးရိမ်ပူပန်မှုတွေရှိရင် ပိုသိရအောင် သင့်ရဲ့ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ပါ။

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

ခွဲစိတ်ပြီး ဘာတွေဖြစ်နိုင်သလဲ

ကပ်ပယ်အိတ် ခွဲစိတ်ပြီးတဲ့အခါ ကပ်ပယ်အိတ်ထဲ သွေးယိုတာ စတဲ့ နောက်ဆက်တွဲဆိုးကျိုးတချို့ တွေ့နိုင်ပါတယ်။ ဒါပေမယ့် ရှားပါတယ်။

နောက်ဆက်တွဲပြသနာတွေ ရှိလာရင်လည်း ကုသဖို့ လွယ်ကူပါတယ်။

အတွေ့ရများတာတွေကတော့-

• နာကျင်ခြင်း

• သွေးထွက်ခြင်း စတာတွေပါ။

သီးခြားပြဿနာတွေကတော့

• ဆီးသွားရခက်ခြင်း

• ခွဲစိတ်သည့်ဒဏ်ရာပိုးဝင်ခြင်း

• သုတ်လွှတ်ပြွန်အရည်အိတ်ခွဲပြီးနောက် ကလေးရနိုင်ခြေနည်းသွားခြင်း

ဒါဟာ ဒီခွဲစိတ်မှုကို သိပ်ပြီးမလုပ်ကြတဲ့ အကြောင်းရင်းပဲ ဖြစ်ပါတယ်။ သိပ်ဆိုးရွားလာမှသာ ခွဲစိတ်ကြပါတယ်။

ခွဲပြီးစနေ့ ဒါမှမဟုတ် နောက်တနေ့မှာ အိမ်ပြန်နိုင်ပါတယ်။ ၂ပတ်ကနေ ၄ပတ်လောက်နားပြီးရင် လုပ်ငန်းခွင် ပြန်ဝင်နိုင်ပါတယ်။

ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဟာ နေ့စဉ်လှုပ်ရှားမှုတွေကို ပြန်လည်လုပ်ဆောင်နိုင်ဖို့ အထောက်အကူပြုပါတယ်။ လေ့ကျင့်မှုမပြုခင် ဆရာဝန်နဲ့တိုင်ပင်ပါ။ တချို့ အကျိတ်တွေဟာ ပြန်ဖြစ်တတ်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Pagana, Kathleen D, and Timothy J. Pagana. Mosby’s Manual of Diagnostic and Laboratory Tests. St. Louis, Mo: Mosby/Elsevier, 2010. Printed edition.

ယခုပုံစံ

18/09/2019

Dr. Thant Zin မှ ရေးသားသည်။

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဖျားတဲ့အခါ ရေနဲ့ ဓာတ်ဆားဆုံးရှုံးမှု ပိုဖြစ်ပါတယ်

ခန္ဓာကိုယ်မှာ ရေနဲ့ဓာတ်ဆားဓာတ် လိုအပ်နေကြောင်း ပြသနေတဲ့ လက္ခဏာများ



Dr. Thant Zin မှ ရေးသားသည်။ · 18/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement