အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ငလျင်အတွက် အကူအညီများ ရယူရန်

ငလျင်ဆိုင်ရာ သတင်းထုတ်ပြန်ချက်နှင့် သတိပေးချက်များ Mind- Mentoring New Dimensions >> ဖျက်အားပြင်းငလျင်လှုပ်ချိန် ဘာတွေလုပ်ဆောင်သင့်သလဲ..။ https://www.facebook.com/share/14y3krU3DT/?mibextid=wwXIfr Project i >> Red Crosss Guideline အရ ငလျင် မလှုပ်ခင်၊ လှုပ်နေစဉ်နှင့် လှုပ်ပြီး ချိန် များတွင် နေထိုင်ရန် ညွှန်ကြားချက် https://m.facebook.com/story.php?story_fbid=122147447084487413&id=61564622411439&mibextid=wwXIfr My earthquake alert application >> https://www.facebook.com/share/1HWvdy4HRt/?mibextid=wwXIfr ငလျင်လှုပ်ခတ်မှုအတွက် အသိပေးချက်များ စစ်ဆေးနိုင်ရန်် Free အက်ပ် ၅ ခု https://www.facebook.com/share/p/1HczuCdCQT/?mibextid=wwXIfr ငလျင်ပြီးနောက် Afterquake နှင့် လုပ်ထားသင့်သည့် အရေးကြီး ပြင်ဆင်မှုများ https://www.facebook.com/share/p/155N2a8UmV/?mibextid=wwXIfr mental heal >> ငလျင်ဒဏ်နောက်ဆက်တွဲကာကွယ်ရေးအချက်အလက်များ မျှဝေခြင်း https://www.facebook.com/share/p/1NRoRqx8Ao/?mibextid=wwXIfr Dr Yadanar >> ငလျင် လှုပ်ပြီးနောက် ခေါင်းမူး ဝေဒနာ ခံစားနေရလျှင် https://www.facebook.com/share/p/19AAEDqyVm/?mibextid=wwXIfr […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျန်းမာရေး

အရက်၏ အံ့သြဖွယ် ကျန်းမာရေး ကောင်းကျိုးများ

ဒါဟာ အရက်ကြိုက်တဲ့သူတွေအတွက် အံ့သြစရာအကောင်းဆုံး သတင်းတစ်ပုဒ် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ အရက်ဟာ ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ ဒါပေမယ့် ဒါဟာ မှန်လားဆိုတာ ဒီဆောင်းပါးက ဖေါ်ပြလိမ့်မယ်။ ကျန်းမာတဲ့ နှလုံးကို ပိုင်ဆိုင်နိုင်ပါတယ်။ ကြားရတာ ရူးချင်ချင် ဖြစ်သွားမှာ ဖြစ်ပေမယ့် ဘီယာနဲ့ ဝိုင် အမျိုးအစား မှန်သမျှဟာ နှလုံးအတွက် အကျိုးရှိပါတယ်။ ဘီယာရော ဝိုင်မှာပါ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိတဲ့ phenol ပါဝင်ပြီး သူဟာ နှလုံးရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးပြီး သွေးတိုးနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ ဘီယာနဲ့ ဝိုင်ကို မှန်ကန်တဲ့ ပမာဏ သောက်ရင်ပဲ ဆိုလိုတာပါ။   ငှက်ဖျားရောဂါကို သက်သာစေပါတယ်။ ငှက်ဖျားရောဂါဟာ တစ်ကမ္ဘာလုံး ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အနောက်ပိုင်းနိုင်ငံတွေမှာ လူတွေဟာ ဂျင်အရက် နဲ့ အားဆေးတွေကို ငှက်ဖျားရောဂါ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင့်ခန္ဓာကိုယ်အနံ့ဆိုးကို ဖြစ်စေသော အံ့အားသင့်ဖွယ်အချက်(၇)ချက်

သင့်ကိုယ်နံ့ဟာ ရေချိုးခြင်း၊ ဆပ်ပြာဖြင့် သေချာပွတ်တိုက်ခြင်း၊ သင့်ခန္ဓာကိုယ်တစ်ခုလုံးကို ရေမွှေးဆွတ်ခြင်းတွေ ပြုလုပ်နေတာတောင်မှ ဘာကြောင့်အနံ့ဆိုးဆိုးထွက်နေသလဲဆိုတာကို သင်သိချင်မိပါသလား။ ကဲ .... သင့်ခန္ဓာကိုယ်အနံ့ဆိုးကို ဖြစ်စေသော အံ့အားသင့်ဖွယ်အချက်(၇)ချက် အကြောင်း အတူတူ ကြည့်လိုက်ရအောင်နော်။ အောက်ဖော်ပြပါ အချက်များကို ဆက်လက်ဖတ်ရှုကြည့်ရင်းနှင့် သင့်အတွက် အဖြေတစ်ခုကို တွေ့နိုင်မှာပါ။ သင့်ခန္ဓာကိုယ်အနံ့ဆိုးကို ဖြစ်စေသော အံ့အားသင့်ဖွယ်အချက်(၇)ချက် သင့်ခန္ဓာကိုယ်အနံ့ဆိုးကို ဖြစ်စေသော အံ့အားသင့်ဖွယ်အချက်(၇)ချက် ကတော့ ၁။ ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများ ဆေးဝါးများသည် သင်၏ဖျားနာမှုကို ကုသပေးနိုင်သော်လည်း သင့်ကို ကိုယ်နံ့နံ့အောင် ပြုလုပ်နိုင်ပါသည်။ ဥပမာပြောရလျှင် မော်ဖင်း(Morphine)၊သို့မဟုတ် အဖျားပျောက်စေသောဆေးများသည် သင့်ကို ချွေးထွက်စေပါသည်။ ထိုအပြင် ဓာတ်မတည့်ခြင်းကို သက်သာစေသောဆေးများ၊ နှာစေးပျောက်ဆေးများ၊ ကြွက်သားပြေလျော့စေသောဆေးများသည် သင့်ကို အာခေါင်ခြောက်ခြင်းများ ဖြစ်ပေါ်စေပါသည်။ ထိုအခါ ခံတွင်းနံ့နံ့ခြင်းဖြစ်ပေါ်လာပါသည်။ ၂။ အစားအသောက်များ ကြက်သွန်ဖြူ (သို့) ကြက်သွန်နီကဲ့သို့ အစားအစာများသည် သင်၏ ခန္ဓာကိုယ်ကို ဆာလဖာပါဝင်သော […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ရေဓာတ်ဆုံးရှုံးခြင်းနှင့် ပတ်သက်ပြီး သင်သိထားသင့်သော အကြောင်းအရာများ

နေ့စဉ် ကျွန်ုပ်တို့ဟာ ဘာမှမလုပ်ပါဘဲနဲ့ ရေဓာတ် ဆုံးရှုံးနေကြပါတယ်။ တစ်နေ့တာမှာ ချွေးထွက်များတာ မဟုတ်ရင်တောင် ဆီးသွားတာ၊ ဝမ်းသွားတာ၊ အသက်ရှူထုတ်လိုက်တဲ့အခါ ပါသွားတဲ့ ရေငွေ့တွေ၊ ခန္ဓာကိုယ်အပူချိန်ထိန်းဖို့ စတဲ့ အကြောင်းအရာတွေကြောင့် ရေဓာတ်ဆုံးရှုံးနေရပါတယ်။ ဒီတစ်ခေါက်မှာတော့ ရေဓာတ်ဆုံးရှုံးခြင်းနှင့် ပတ်သက်ပြီး သင်သိထားသင့်သော အကြောင်းအရာများ ကို ပြောပြပေးချင်ပါတယ်။ ရေဓာတ်ဆုံးရှုံးခြင်းနှင့် ပတ်သက်ပြီး သင်သိထားသင့်သော အကြောင်းအရာများ ရေဓာတ်ဆုံးရှုံးခြင်းနှင့် ပတ်သက်ပြီး သင်သိထားသင့်သော အကြောင်းအရာများ ကတော့ ၁။ ဘာတွေက ရေဓာတ်ဆုံးရှုံးမှုကို ဖြစ်စေသလဲ။ လူအများအတွက် ရေဓာတ်ဆုံးရှုံးရခြင်းရဲ့ အဓိကအကြောင်းအရာဟာ ရေလုံလုံလောက်လောက် မသောက်တာကြောင့်ပါ။ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်ဟာ ရေဓာတ် ၇၀ ရာခိုင်နှုန်းနှင့် ဖွဲ့စည်းထားပါတယ်။ နေ့စဉ် ကျွန်ုပ်တို့ဟာ ဆီးသွားခြင်း၊ ဝမ်းသွားခြင်း၊ ချွေးထွက်ခြင်းနဲ့ မျက်ရည်ထွက်ခြင်း စတာတွေကနေ ရေဓာတ်ဆုံးရှုံးနေပါတယ်။ ဆုံးရှုံးသွားတဲ့ ရေပမာဏကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ခရီးမသွားခင် လုပ်ဆောင်ရမည့်အရာများ

ခရီးသွားခြင်းဟာ လူတွေအတွက် ပုံမှန် ရှုပ်ထွေးတဲ့ဘဝတွေ ဆီကနေ ခဏတာ လွန်မြောက်ဖို့အတွက် ကောင်းမွန်တဲ့ အချိန်ပဲဖြစ်ပါတယ်။ အခုခေတ်မှာ လူတွေဟာ နိုင်ငံခြားသွားကြပြီး ယဉ်ကျေးမှု အသစ်တွေ၊ လူအသစ်တွေ၊ ဘဝနေထိုင်ပုံအသစ်တွေ အစရှိတာတွေကို လေ့လာကြပါတယ်။ ဒါပေမယ့် နိုင်ငံခြားကို ခရီးသွားခြင်းဟာ သင့်ခရီးစဉ်ကို ပျော်ရွှင်မှု ပျက်ပြားစေမယ့် ထူးဆန်းတဲ့ ဖျားနာမှုတွေကိုလည်း ရရှိစေနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ ခရီးမသွားခင် သင့်ကျန်းမာရေးအတွက် ဘယ်လိုကြိုတင် ပြင်ဆင်ရမလဲဆိုတာကို ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးတွေ ထိုးသွားပါ။ နိုင်ငံခြားမသွားခင်မှာ travel immunisations လို့ ခေါ်တဲ့ ခရီးသွားဖို့အတွက် ကာကွယ်ဆေးတွေ ထိုးသွားသင့်ပါတယ်။ ဒီကာကွယ်ဆေးတွေဟာ သင့်ကို ခရီးနဲ့ ပတ်သက်တဲ့ ပြင်းထန်တဲ့ ရောဂါတွေ ဖြစ်ခြင်းကနေ ကာကွယ်ပေးပါလိမ့်မယ်။ သင့်ကျန်းမာရေး အခြေအနေ၊ ကာကွယ်ဆေး ရာဇဝင်တွေ၊ သင်သွားလည်မယ့်နိုင်ငံ၊ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သွားဆရာဝန်ကို မကြောက်ပါနဲ့

ပုံမှန်အားဖြင့် မည်သူမှသွားဆရာဝန်ဆီမသွားချင်ပါ။ အကြောင်းမှာ သွားဆေးခန်းအနံ့၊သွားလွန်ဖောက်စက်များနဲ့နာကျင်ခြင်းစသည့်အကြောင်းများကြောင့် သွာဆရာဝန်ဆီသွားရန် အမြဲငြင်းဆန်နေခြင်းဖြစ်သည်။ သို့သော် သွားကျန်းမာရေးကိုကာကွယ်ခြင်းသည် အားလုံးအတွက်အရေးပါပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့မသွားချင်ပါသော်လည်း သွားဆရာဝန်ဆီဘာကြောင့်သွားသင့်သည်ဆိုတာကို aအာက်တွင် ဖော်ပြထားပါသည်။ သွားဆရာဝန်သည် ဘာကြောင့်ကြောက်စရာကောင်းနေရသလဲ။ • အနံ့နှင့်အသံကြောင့်ဖြစ်သည်။ ရိုးသားစွာပြောရလျှင် သွားဆေးခန်း၏အနံ့သည် ဆေးရုံအနံ့နှင့်တူနေသောကြောင့် မည်သူမှမကြိုက်ခြင်းဖြစ်သည်။ • နာကျင်ခြင်းသည်လည်း သွားဆရာဝန်ကိုကြောက်ရသည့် အချက်တစ်ချက်ဖြစ်သည်။ ကျွန်ုပ်တို့သွားဆရာဝန်ကို မေးလေ့ရှိသည်မှာ “နာမှာလား”ဟူ၍ဖြစ်သည်။ သွားဆရာဝန်မှ “မနာပါဘူး”ဟု ပြန်ဖြေလေ့ရှိသော်လည်းတကယ့်အဖြေမှာ “နာတယ်” ဖြစ်သည်။ • သွားလွန်ဖောက်စက်သည်လည်း ကျွန်ုပ်တု့ိအတွက် ကြောက်စရာအကောင်းဆုံးဖြစ်သည်။ ၎င်း၏အသံသည် ကျွန်ုပ်တု့ိသွားများဖျက်ဆီးခံရတော့မည်ဟူသောခံစားချက်ကိုပေးသည်။ သို့သော်လည်း သွားဆရာဝန်ဆီသွားရန် တွန်းအားပေးသောအကြောင်းရင်းကောင်းများစွာရှိပါသည်။ • မိမိကိုယ်ကိုတန်ဖိုးခြင်း၊ ယုံကြည်မှုရှိခြင်းတု့ိကိုမြင့်တင်ပေးသည်။ တောက်ပသောအပြုံးနှင့် လှပသောသွားကကျွန်ုပ်တို့ကိုယုံကြည်မှုရှိစေသည်။ • သင် ကျန်းမာပျော်ရွှင်ဖို့အတွက် သွားကျန်းမာရေးသည်လည်းများစွာ သက်ရောက်မှုရှိသည်။ ထို့ကြောင့်သွားကျန်းမာရေးကို ဂရုစိုက်ခြင်းသည် လူတိုင်းအတွက်အရေးကြီးသည်။ • နဲ့နေသောသွားများနဲ့သွားပိုးပေါက်များကိုဂရုတစိုက် ကာကွယ်ပါ။ အကယ်၍ ဤသွားပြဿနာအသေးလေးများကို စိတ်ထဲမထားပါက ဆိုးဝါးသောသွားနှင့်သွားဖုံးဆိုင်ရာရောဂါများဖြစ်လာနိုင်ပါသည်။ သွားဆရာဝန်ကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အစာစားပြီး ချက်ချင်းအိပ်ခြင်းဟာ အန္တရာယ်ရှိပါတယ်

ကျန်းမာစွာ နေထိုင်နိုင်ဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေ စားသုံးဖို့အရေးကြီးပါတယ်။ စားရုံတင်မကပါဘူး။ ကောင်းကောင်းမွန်မွန် ချေဖျက်ပြီး အာဟာရတွေ ရရှိဖို့လည်း လိုပါတယ်။ ဒါပေမယ့် သင်လုပ်မိတဲ့ အလေ့အကျင့်တစ်ခုကတော့ အစာချေဖျက်ခြင်းကို အကျိုးသက်ရောက်မှုရှိနေပါတယ်။ အမှား တစ်ခုကတော့ အစာစားပြီးပြီးချင်း လဲလျောင်းတာပါပဲ။ အစာစားပြီး ချက်ချင်းအိပ်ခြင်းဟာ အန္တရာယ်ရှိပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ အစာစားပြီး ချက်ချင်းအိပ်ခြင်းဟာ သင့်ကျန်းမာရေးကို ဆိုးရွားစေပါသလား။ ဟုတ်ပါတယ်။ သင်စားလိုက်တဲ့အစာတွေကို သင်မတ်မတ်ထိုင်နေမှသာ ကောင်းစွာချေဖျက်နိုင်ပါတယ်။ အစာစားပြီးပြီးချင်း လဲလျောင်းခြင်းဟာ အစာမကြေခြင်းကို ဖြစ်စေတဲ့အတွက် အစားစားပြီး အနည်းဆုံးနှစ်နာရီကြာမှ လဲလျောင်းသင့်ပါတယ်။ အစာစားပြီးပြီးချင်း လဲလျောင်းခြင်းအကျင့်ဟာ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ အက်ဆစ် အထက်ပြန်ဆန်တက်ခြင်း သင့်ရဲ့ ပါးစပ်နဲ့ အစာအိမ်ကို ဆက်ထားတဲ့ အစာပြွန်မှာ ခန္ဓာကိုယ်ရဲ့ အစာခြေစနစ်အတွင်းမှာ ရှိတဲ့ အစာတွေကို […]


အခြေခံကျန်းမာရေး

ပိုမိုကောင်းမွန်သော လူနေမှုဘဝရရှိလာစေရန် ရှောင်ကြဉ်သင့်သောအချက် (၁၅)ချက်

ဘဝတွင် များပြားလှသောလောကဓံအနိမ့်အမြင့် အတက်အကျများနှင့်ကြုံတွေ့ရပြီးတဲ့အခါမှာ ကျွန်မတို့ဟာလေကောင်းလေသန့်အနည်းငယ်ကိုရှူရှိုက်၊ ခေတ္တခဏအနားယူ၍ပြီးမှ ဘဝကိုပြန်လည်ရင်ဆိုင်သင့်ပါသည်။ ကမ္ဘာပေါ်ရှိအအောင်မြင်ဆုံးဆိုသည့် ပုဂ္ဂိုလ်များပင် ချွင်းချက်မရှိစိန်ခေါ်မှုများနှင့် ခလုတ်တံသင်းများကို ကြုံတွေ့ရမြဲဖြစ်သည်။ သို့သော်လည်းအောင်မြင်သူများနှင့် မအောင်မြင်သူများကြားမှ ကွာခြားချက်မှာအခက်အခဲများကိုရင်ဆိုင်ကျော်ဖြတ်စဉ် ထားရှိသည့် ၎င်းတို့၏ သဘောထား နှင့် အမြင်တို့ပင်ဖြစ်သည်။ အောက်ပါအချက် ၁၅ချက်မှာ ပိုမိုကောင်းမွန်သောဘဝတစ်ခုရရှိနိုင်ရန်အတွက် ရှောင်ကြဉ်သင့်သောအချက်များပင်ဖြစ်သည်။   သူတစ်ပါးအပေါ် အပြစ်ပုံချခြင်း မိမိဘဝ၏အမှားအယွင်းများအတွက် အခြားလူများသို့မဟုတ် ကံကြမ္မာကိုပင် အပြစ်ပုံမချသင့်ပါ။ တစ်စုံတစ်ယောက်မှ သင့်ဘဝ၏သေးငယ်သောအစိတ်အပိုင်းတစ်ခုကိုပင်ဖြစ်စေ ကမောက်ကမဖြစ်အောင် လုပ်ဆောင်ခဲ့သည်ဆိုလျှင် ထိုသည်မှာလည်းကမောက်ကမဖြစ်အောင် လုပ်ဆောင်ခွင့်ပြုခဲ့သောသင့်အပြစ်ပင်ဖြစ်သည်။ သင်သည်သာလျှင် သင့်ဘဝ၏ပဲ့ကိုင်ရှင်ဖြစ်သည်။ မိမိဘဝအားမိမိသာလျှင် ထိန်းချုပ်ထားပါ။ ခံစားချက်များအားမျိုသိပ်ထားခြင်း ခံစားချက်များအားမျိုသိပ်ထားခြင်းမှာဆိုးဝါးသောအကျင့်စရိုက်တစ်ခုပင်ဖြစ်သည်။ သင့်ခံစားချက်များကိုမဖော်ပြလျှင်မည်သူမှနားလည်လိမ့်မည်မဟုတ်။ မျိုသိပ်ထားခြင်းသည်မကောင်းသောအတွေးများကို ဖိတ်ခေါ်စေသည်။ အကြောင်းအရာများအပေါ်သင့်၏သဘောထားအမြင်ကိုဖော်ပြ၍ယုံကြည်ရသူများနှင့်ဖွင့်ဟတိုင်ပင်ပါ။   အတင်းပြောခြင်း နောက်ကွယ်တွင် အတင်းပြောခြင်းသည် သင့်အတွက်ကောင်းကျိုးမရှိစေနိုင်။ အတင်းပြောခြင်းကြောင့် သင့်အပေါ်တွင်အခြားလူများထားရှိသည့် ယုံကြည်လေးစားမှုများပျောက်ကွယ်သွားနိုင်ပြီးအခြားလူများအားမရည်ရွယ်ဘဲနာကျင်စေမိသောအခြေအနေများသာ ဖြစ်ပေါ်နိုင်သည်။   အားနာတတ်ခြင်း ရည်မွန်ယဉ်ကျေးလိုသည့်အကြောင်းပြချက်ဖြင့် ငြင်းဆန်ခြင်းမပြုပါက လူအများက သင့်စကားအား လူရာမသွင်းခြင်း၊ သင့်အလုပ်ကို နှောင့်ယှက်ခြင်းနှင့် သင့်အား၎င်းတို့၏ခံစားချက်များပေါက်ကွဲရာနေရာတစ်ခုဟုသတ်မှတ်သွားနိုင်သည်။   ချီးမွမ်းမခံနိုင်ဘဲရှောင်ပြေးခြင်း ချီးမွမ်းစကားအားရှောင်ပြေးခြင်းသည်မိမိကိုယ်ကိုတန်ဖိုးမထားသူများတွင် တွေ့ရလေ့ရှိသောအပြုအမူတစ်ခုပင်ဖြစ်သည်။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အဖြစ်များသော မုတ်သုံရာသီအကူးအပြောင်းရောဂါများအတွက် ကျွမ်းကျင်သူများ၏အကြံပြုချက်များ

ရာသီကူးပြောင်းရောဂါများအတွက် အကြံပြုချက်များမုတ်သုန်ရာသီနီးကပ်လာသည်နှင့်အမျှ အနောက်တောင်လေတိုက်ခတ်၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ ပါရှိလာသည်မှာ ရာသီအကူးအပြောင်းတွင် ဖြစ်တတ်သော ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သည့် ဖျားနာရောဂါ တို့ဖြစ်ပါသည်။ အဖြစ်များသော ရောဂါများမှာ ငှက်ဖျားရောဂါ၊ လည်ချောင်းနာခြင်း၊ အအေးမိဖျားနာခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါတို့ ဖြစ်ကြသည်။ အောက်ပါတို့မှာ ထိုရောဂါများ မဖြစ်အောင်ကူညီပေးမည့် ကျွမ်းကျင်သူတို့၏ အကြံပြုချက်များ ဖြစ်ပါသည်။ (၁)သောက်သုံးရေကိုသန့်ရှင်းအောင်ဂရုစိုက်ပါ မိုးရာသီတွင် ရေအရင်းအမြစ်တို့သည် ညစ်ညမ်းလွယ်ပြီး မသန့်ရှင်းသော ရေမှတစ်ဆင့် အသားဝါရောဂါ၊ အထက်လှန်အောက်လျှောရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါတို့ ဖြစ်ပွားနိုင်သည်။ အန္တရာယ်ကင်းစွာ သောက်သုံးနိုင်ရန် ရေကိုကြိုချက် ၍ သောက်ခြင်း၊ သန့်စင်ထားသော သောက်ရေသန့်တို့ကို သောက်ခြင်းပြုလုပ်ပါ။ (၂)လက်သုတ်ပုဝါကို မိမိတစ်ဦးတည်း အသုံးပြုပါ ဘက်တီးရီးယားပိုးရောဂါများမှ ကင်းဝေးရန် လက်သုတ်ပုဝါကို သီးသန့်အသုံးပြုပါ။ (၃)လက်ကိုင်ပုဝါဆောင်ပါ နှာစေးချောင်းဆိုးလျှင် လက်ကိုင်ပုဝါဖြင့် နှာခေါင်း နှင့် ပါးစပ်တို့ကို အုပ်ပေးပါ။ ထိုသို့ပြုလုပ်ခြင်းဖြင့် သင်သည် ဖျားနာနေပါက ရောဂါပိုးများ ပြန့်ပွားခြင်းမဖြစ်အောင် တားဆီးနိုင်သည်။ (၄)ခြင်မကိုက်အောင်နေပါ ငှက်ဖျားရောဂါပိုး […]


အခြေခံကျန်းမာရေး

၁၀ မိနစ်အတွင်းစွမ်းအင်နိုးကြားစေနိုင်သောနည်းလမ်း ၁၀ မျိုး

-သင်ဟာနေ့လည်ခင်းငိုက်မျဉ်းတတ်ပါသလား? ညဘက်တွင် ကောင်းစွာအိပ်စက်ခဲ့ရသော်လည်း နောက်နေ့တစ်နေ့လုံးစွမ်းအားပြည့် လှုပ်ရှားနိုင်ရန် ခက်ခဲသည်မျိုးသင်ကြုံဖူးလိမ့်မည်။ သင့်အတွက် နှေးကွေးလေးလံမှုကိုကောင်းစွာဟန့်တားနိုင်မည့် ကြာရှည်ခံနည်းလမ်းတစ်ခုလိုအပ်ပေလိမ့်မည်။ အောက်ပါ နည်းလမ်း( ၁၀ ) မျိုးကိုကျင့်သုံးခြင်းဖြင့် ညောင်းညာပင်ပန်းခြင်းကိုသက်သာစေပြီးသင့်ကိုပြန်လည် လန်းဆန်းသွက်လက်စေနိုင်ပါသည်။ ၁.နံနက်စာကိုသေချာစွာစားပေးပါ။ - နံနက်စာကိုပုံမှန်စားသုံးသူများတွင် မစားသူများထက် စိတ်ဖိစီးမှု လျော့ကျခြင်းနှင့် ပင်ပန်းနွမ်းနယ်မှု နည်းခြင်းကိုတွေ့ရသည်။ အုတ်ဂျုံကဲ့သို့သောအမျှင်ဓါတ်ပါအစားအစာများသည် အချိုဓါတ်ကဲသောသရေစာမုန့်တစ်မျိုးထက် ဆာလောင်ခြင်းကိုပို၍ဟန့်တားပေးနိုင်သည်။ ( ဆာလောင်နေချိန်တွင်စွမ်းဆောင်ရည်လည်းကျနေနိုင်သည်။ ) ၂.ယောဂကျင့်စဉ် ပြုလုပ်ပါ။ - ယောဂကျင့်စဉ်တွင် ကိုယ်နေဟန်ထားအမျိုးမျိုးပါဝင်ခြင်း၊ အသက်ပြင်းပြင်းရှုသွင်းရှုထုတ်လုပ်ရခြင်းနှင့် စိတ်တည်ငြိမ်အောင် စုစည်းရခြင်းများ ပါဝင်သည့်အတွက် ပင်ပန်းနွမ်းနယ်မှု ဖြေလျော့ရန်အတွက် အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်သည်။ ၃.နှစ်သက်ရာတေးသီချင်းများကိုသီဆိုပေးပါ။ - သီချင်းဆိုခြင်းသည် မိမိ၏စိတ်ကို မြှင့်တင်ပေးနိုင်သည့်အပြင် စိတ်ဖိစီးမှုနှင့်ဆိုင်သော ဟော်မုန်းများထွက်ရှိမှုကိုလျော့ချပေးသည်။ ထို့ကြောင့် ယခုပင် ခေါင်ဖြီးရင်းသီချင်းဆိုသည့်အကျင့်ကိုစတင်ပါ။ အလုပ်ခွင်တွင် လုပ်ဖော်ကိုင်ဖက်များ၏ စောင့်ကြည့်အကဲခတ်ခြင်းကြောင့် သင်စိတ်ရှုပ်ထွေးနေပြီဆိုလျှင် သင့်ကားထဲဝင်၍ သီချင်းဆိုခြင်း ပြုလုပ်သင့်သည်။ ၄.ရေသောက်ပါ။ - ခန္ဓါကိုယ်မှ ရေဓါတ်ဆုံးရှုံးခြင်းသည် အားယုတ်ခြင်းနှင့် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဆဲဆိုခြင်းမှ ရသော အကျိုးများ

ဆဲဆိုခြင်းမှ ရသော အကျိုးများ သင် အံ့သြသွားပါသလား။ ဆဲဆိုခြင်းသည် မသင့်တော်သောအကျင့်ဟု ထင်စရာဖြစ်သော်လည်း ကျွန်ုပ်တို့၏ကျန်းမာရေးအတွက် အောက်ပါအကျိုးများပေးနိုင်သည်ကိုတော့ သင်သိချင်မှသိပေလိမ့်မည်။ စိတ်ဖိစီးမှုပြေလျော့စေခြင်း ဆဲဆိုခြင်းသည် စိတ်ဖိစီးမှုကိုလျော့ကျစေပြီး နာကျင်ခြင်းကိုပင် သက်သာစေနိုင်ပါသည်။ မကြာသေးခင်ကပြုလုပ်သော လေ့လာချက်တွင် ဆဲဆိုခြင်းက စိတ်ဖိစီးမှုကိုလျော့ကျ၍ နှလုံးခုန်နှုန်းကိုလည်းနှေးစေကြောင်း ဖော်ပြထားသည်။ သွေးပေါင်ချိန်ကိုကျစေ၍ အသက်ရှုခြင်းကိုလည်း ညင်သာစေပါသည်။ နာကျင်မှုကိုပိုမိုခံနိုင်ရည်ရှိခြင်း Richard Stephens ဆိုသူကျွမ်းကျင်ပညာရှင်က စမ်းသပ်မှုတစ်ခုပြုလုပ်ရာတွင် ပါဝင်သူများကို ရေခဲရေဖြည့်ထားသောရေပုံးထဲသို့ လက်ထည့်၍ မည်မျှအထိခံနိုင်ရည်ရှိကြောင်း စမ်းသပ်ခဲ့သည်။ အုပ်စု နှစ်စုခွဲ၍လေ့လာရာတွင် ရေခဲထဲသို့လက်ထည့်ထားစဉ် နှုတ်မှ ဆဲဆိုသောစကားများရွတ်ဆိုနေသောသူများက မဆဲဆိုသောသူများထက် ပိုမိုခံနိုင်ရည်ရှိသည်ကို တွေ့ရသည်။ အချို့သိပ္ပံပညာရှင်များက ယူဆသည်မှာ ဆဲဆိုနေစဉ်တွင် ဦးနှောက်မှ အက်ဒရီနယ်လင်(Adrenaline) ဟော်မုန်းထွက်စေခြင်းကြောင့် နာကျင်မှုကိုလျှော့ချနိုင်ခြင်းဖြစ်သည် ဟုဆိုကြသည်။ ရောဂါအချို့ကိုကုသရာတွင်ကူညီပေးခြင်း ဇီဝစိတ်ပညာဆိုင်ရာလေ့လာမှုတစ်ခုတွင် ဆဲဆိုခြင်းကြောင့် ဦးနှောက်မှနေ၍ ကော်တီစောလ်(Cortisol)ဟော်မုန်းထွက်ရှိမှုကို လျော့ကျစေသည်ဟု ဖော်ပြထားသည်။ ထိုဟော်မုန်းသည် ခန္ဓါကိုယ်ဆဲလ်များ ရုန်းကန်ရှင်သန်ရသောအခြေအနေတွင် ထွက်ရှိပြီး […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း