backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သင့်ခန္ဓာကိုယ်အနံ့ဆိုးကို ဖြစ်စေသော အံ့အားသင့်ဖွယ်အချက်(၇)ချက်

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Kaung Thar မှ ရေးသားသည်။ · 18/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သင့်ခန္ဓာကိုယ်အနံ့ဆိုးကို ဖြစ်စေသော အံ့အားသင့်ဖွယ်အချက်(၇)ချက်

သင့်ကိုယ်နံ့ဟာ ရေချိုးခြင်း၊ ဆပ်ပြာဖြင့် သေချာပွတ်တိုက်ခြင်း၊ သင့်ခန္ဓာကိုယ်တစ်ခုလုံးကို ရေမွှေးဆွတ်ခြင်းတွေ ပြုလုပ်နေတာတောင်မှ ဘာကြောင့်အနံ့ဆိုးဆိုးထွက်နေသလဲဆိုတာကို သင်သိချင်မိပါသလား။ ကဲ …. သင့်ခန္ဓာကိုယ်အနံ့ဆိုးကို ဖြစ်စေသော အံ့အားသင့်ဖွယ်အချက်(၇)ချက် အကြောင်း အတူတူ ကြည့်လိုက်ရအောင်နော်။

အောက်ဖော်ပြပါ အချက်များကို ဆက်လက်ဖတ်ရှုကြည့်ရင်းနှင့် သင့်အတွက် အဖြေတစ်ခုကို တွေ့နိုင်မှာပါ။

သင့်ခန္ဓာကိုယ်အနံ့ဆိုးကို ဖြစ်စေသော အံ့အားသင့်ဖွယ်အချက်(၇)ချက်

သင့်ခန္ဓာကိုယ်အနံ့ဆိုးကို ဖြစ်စေသော အံ့အားသင့်ဖွယ်အချက်(၇)ချက် ကတော့

၁။ ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများ

ဆေးဝါးများသည် သင်၏ဖျားနာမှုကို ကုသပေးနိုင်သော်လည်း သင့်ကို ကိုယ်နံ့နံ့အောင် ပြုလုပ်နိုင်ပါသည်။ ဥပမာပြောရလျှင် မော်ဖင်း(Morphine)၊သို့မဟုတ် အဖျားပျောက်စေသောဆေးများသည် သင့်ကို ချွေးထွက်စေပါသည်။

ထိုအပြင် ဓာတ်မတည့်ခြင်းကို သက်သာစေသောဆေးများ၊ နှာစေးပျောက်ဆေးများ၊ ကြွက်သားပြေလျော့စေသောဆေးများသည် သင့်ကို အာခေါင်ခြောက်ခြင်းများ ဖြစ်ပေါ်စေပါသည်။ ထိုအခါ ခံတွင်းနံ့နံ့ခြင်းဖြစ်ပေါ်လာပါသည်။

၂။ အစားအသောက်များ

ကြက်သွန်ဖြူ (သို့) ကြက်သွန်နီကဲ့သို့ အစားအစာများသည် သင်၏ ခန္ဓာကိုယ်ကို ဆာလဖာပါဝင်သော ဓာတ်ငွေ့များထုတ်လွှတ်စေပါသည်။ ထိုပစ္စည်းများသည် သင့်ခန္ဓာကိုယ်သွေးလမ်းကြောင်းတွင် တောက်လျောက်လည်ပတ်နေပြီး ခန္ဓာကိုယ်အနံ့များဖြစ်ပေါ်စေပါသည်။ ပန်းဂေါ်ဖီစိမ်းနှင့် အခြားဟင်းသီးဟင်းရွက်အချို့တို့ကလည်း သင့်ခန္ဓာကိုယ် အနံ့ဆိုးထွက်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါသည်။

၃။ စိတ်ဖိစီးမှုများပြားခြင်း

သင့်ခန္ဓာကိုယ်မှ ထွက်သော ပုံမှန်ချွေးနံ့ထက် စိတ်ဖိစီးမှုများလို့ ထွက်သောချွေးနံ့က ပို၍အနံ့နံ့ပါသည်။ စိတ်ဖိစီးမှုများသောအခါ ထွက်လာသောချွေးဟာ ရေပါဝင်မှု နည်းပါသည်။ ထို့အပြင် ဘက်တီးရီးယားများကို ပိုမိုပေါက်ပွားစေပါသည်။

ထိုအခါမျိုးတွင် သင်ဟာ စိတ်ဖိစီးမှုလျော့ကျစေရန် အနားယူအပန်းဖြေသင့်ပါသည်။ ထို့အပြင် သင်၏ အဝတ်အစားများကို ပုံမှန်လျှော်ခြင်းဖြင့် ဘက်တီးရီးယားများပေါက်ပွားမှုမှ ကာကွယ်နိုင်ပါသည်။

၄။ အရက်သောက်သုံးခြင်း

အရက်သောက်ခြင်းအားဖြင့် သင့်ခန္ဓာကိုယ်ကို တုံ့ပြန်မှုပိုမိုမြန်ဆန်စေပါသည်။ အရက်ဟာ သင့်သွေးကြောတစ်လျှောက်သွားလာနေပြီး သင်၏ခန္ဓာကိုယ်သည် အရက်ကို အဆိပ်တစ်ခုအနေဖြင့် တုံ့ပြန်ပါသည်။

ထို့ကြောင့် သင့်ခန္ဓာကိုယ်ဟာ အရက်ကို ဖြစ်နိုင်သမျှမြန်မြန်ခန္ဓာကိုယ်အတွင်းမှ စွန့်ထုတ်ဖို့ ကြိုးစားပါသည်။ အသည်းဟာ အရက်ကို အဓိကချေဖျက်ပေးပြီး ဆီးမှတဆင့် စွန့်ထုတ်စေပါသည်။

အကယ်၍ အရက်သောက်သုံးသူများသည် အသည်းက ချေဖျက်ပေးနိုင်သည့် ပမာဏထက် ပိုမိုများပြားစွာ သောက်သုံးမည်ဆိုပါက အရက်ကို ချွေးများ၊အသက်ရှူလမ်းကြောင်းများမှတဆင့် စွန့်ထုတ်သောကြောင့် ကိုယ်နံ့နံ့ခြင်း၊ ခံတွင်းနံ့နံ့ခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။

၅။ အတွင်းခံဘရာစီယာကို မလျှော်ဖွပ်ဘဲဝတ်ခြင်း၊ အချိန်ကြာရှည်စွာဝတ်ဆင်ခြင်း

အမျိုးသမီးများသည် အတွင်းခံဘရာစီယာများကို လျှော်ဖွတ်ဖို့နှင့် လဲဝတ်ဖို့အတွက် လျစ်လျူရှူတတ်ကြပါသည်။ တကယ်တော့ ဘရာစီယာတွေသည် အလွယ်အကူချွေးထွက်နိုင်သော ချိုင်းကြား၊ ကျောနှင့် ရင်ဘတ်စသော ခန္ဓာကိုယ်ဧရိယာများကို ဖုံးအုပ်ထားပေးခြင်းဖြစ်ပါသည်။

ဘရာစီယာများသည် အစိုဓာတ်ကို လွယ်ကူစွာ စုပ်ယူပေးနိုင်သောပစ္စည်းများဖြင့် ပြုလုပ်ထားပါသည်။ ထိုအစိုဓာတ်သည် မှိုနဲ့ ဘက်တီးရီးယားများ ပေါက်ပွားစေသော အဓိကနေရာဖြစ်ပြီး မှို၊ ဘက်တီးရီးယားများကို အလွန်လျင်မြန်သော နှုန်းထားဖြင့် ပေါက်ပွားစေပါသည်။

၆။ မျိုးရိုးလိုက်သော ရောဂါများ

အချို့မျိုးရိုးဗီဇပြဿနာရှိသူများသည် ခန္ဓာကိုယ်မှ ထရိုင်မီသိုင်လ်အေမင်း (trimethylamine) ဆိုသော ဓာတုပစ္စည်းကို ထုတ်ပေးပါသည်။ ထိုပစ္စည်းသည် ခန္ဓာကိုယ်အနံ့ကို ငါးညှီနံ့ကဲ့သို့  နံစေပါသည်။

ကျန်းမာရေးအဖွဲ့အစည်းများ၏ ပြောကြားချက်အရ ထရိုင်မီသိုင်လ်အေမင်း (Tirmethylamine) ထုတ်သော ရောဂါရှိသည့်လူများသည် စိတ်ဓာတ်ကျဆင်းမှုနှင့် လူမှုဆက်ဆံရေးအဆင်မပြေမှုများ ဖြစ်ပွားဖို့ ရာခိုင်နှုန်းပိုများပါသည်။

၇။ ဆီးချိုရောဂါသည်များ

မကုဘဲထားသော ဆီးချိုရောဂါသည်များသည် ခန္ဓာကိုယ်၏ စွမ်းအင်လိုအပ်မှုအတွက် အဆီများကို ချေဖျက်စွန့်ထုတ်ကြပါသည်။ အဆီများချေဖျက်စွန့်ထုတ်သောအခါ ခန္ဓာကိုယ်အတွင်း၌ ကီတုန်းများ (ketone) ပမာဏများစွာ ထုတ်လွှတ်လာကြပါသည်။

ဤကဲ့သို့ ကီတုန်းများစုပုံလာခြင်းသည် ခန္ဓာကိုယ်ကို အနံ့ဆိုးစေပါသည်။ ဤပြဿနာကို ဖြေရှင်းနိုင်ရန် အစားအစာထဲတွင် ကာဗိုဟိုက်ဒရိတ်ကို ထိန်းပြီး စားခြင်းဖြင့် ခံတွင်းနံ့ဆိုးကို ကာကွယ်နိုင်ပါသည်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Kaung Thar မှ ရေးသားသည်။ · 18/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement