အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

၁၀ မိနစ်အတွင်း ခွန်အားပြည့်အောင် ဘယ်လိုလုပ်မလဲ

၁၀ မိနစ်အတွင်း ခွန်အားပြည့်အောင် ဘယ်လိုလုပ်မလဲ ..... နေ့ခင်းဘက် ထိုင်းမှိုင်းနေတာမျိုး ခဏခဏဖြစ်နေပါသလား။ ညဘက်က ကောင်းကောင်းအိပ်ပျော်ခဲ့တာတောင်မှ နေ့ခင်းဘက်မှာ အားအင်အပြည့်ရဖို့ ခက်ခဲနေတတ်ပါတယ်။ အဲဒီလို အားအင်ကုန်ခမ်းမှုတွေကို ချန်ထားခဲ့နိုင်ဖို့ ဖြေရှင်းနည်းတစ်ခုတော့ လိုပါတယ်။ ခုပြောမှာကတော့ ကိုယ့်ရဲ့ခံစားချက်တွေကို အသစ်ပြန်လည်လန်းဆန်းစေမယ့် အချက်(၁၀)ချက်ပဲ ဖြစ်ပါတယ်။ ၁၀ မိနစ်အတွင်း ခွန်အားပြည့်အောင် ဘယ်လိုလုပ်မလဲ ၁၀ မိနစ်အတွင်း ခွန်အားပြည့်အောင် ဘယ်လိုလုပ်မလဲ ဆိုတော့ ၁။ မနက်စာစားပါ မနက်စာကို မနက်တိုင်းပုံမှန်စားတတ်သူတွေဟာ ပိုပြီး ဖျတ်လတ်တယ်။ စိတ်ဖိစီးမှုတွေကို ခံနိုင်ရည်ရှိပါတယ်။ အမျှင်များများပါတဲ့ အစာတွေ၊ အဆာခံတဲ့အစားအသောက်တွေက တစ်နေ့တာလုံးမှာ အားအင်တက်ကြွစေပါလိမ့်မယ်။ ၂။ ယောဂကျင့်ပါ တချို့လေ့လာချက်တွေအရ ကိုယ်နေဟန်ထားအမျိုးမျိုးလုပ်ပြီး အသက်ပြင်းပြင်း ရှူရတဲ့လေ့ကျင့်ခန်းတွေ၊ တရားထိုင်တာတွေ စတဲ့ ယောဂကျင့်စဉ်များက မောပန်းမှုများကို ပြေလျော့စေပါတယ်။ ၃။ ကြိုက်နှစ်သက်တဲ့ သီချင်းသံစဉ်များကို သီဆိုပါ သီချင်းဆိုခြင်းက စိတ်ခံစားမှုတွေကို ပေါ့ပါးစေသလို၊ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဆဲဆိုပေါက်ကွဲခြင်းရဲ့ အကျိုးကျေးဇူးများ

တကယ်ဆို ဆဲဆိုပေါက်ကွဲခြင်းဟာ မဖြစ်သင့်တဲ့ အပြုအမူတစ်ခုအဖြစ် ရှုမြင်ကြပါတယ်။ ဒါပေမယ့် အဲဒီလိုဆဲဆိုပေါက်ကွဲခြင်းဟာ ကိုယ့်ကျန်းမာရေးကို အကျိုးပြုနိုင်တယ်ဆိုတာကို သိစေချင်ပါတယ်။ ဆဲဆိုပေါက်ကွဲခြင်းရဲ့ အကျိုးကျေးဇူးများ က ဘာတွေ ဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ https://hellosayarwon.com/healthy-mind/mood-disorder/what-are-rapid-mood-swings/ ဆဲဆိုပေါက်ကွဲခြင်းရဲ့ အကျိုးကျေးဇူးများ ဆဲဆိုပေါက်ကွဲခြင်းရဲ့ အကျိုးကျေးဇူးများ ကတော့ စိတ်ဖိစီးမှုတွေကို ပြေပျောက်စေတယ်။ ဆဲဆိုပေါက်ကွဲခြင်းက သင့်ရဲ့ စိတ်ဖိစီးမှုနဲ့ နာကျင်မှုများကို သက်သာစေပါတယ်။ မကြာသေးခင်က လုပ်ထားတဲ့ လေ့လာချက်အရ ကျိန်တွယ်ခြင်းအားဖြင့် လူတစ်ယောက်ရဲ့ စိတ်ဖိစီးမှုနဲ့ နှလုံးခုန်နှုန်းတွေဟာ သိသာစွာ လျော့ကျသွားတယ် ဆိုတာပါပဲ။ သူတို့ရဲ့ သွေးဖိအားနဲ့ အသက်ရှူမှုကလည်း တည်တည်ငြိမ်ငြိမ် ရှိနေပါတယ်။ နာကျင်မှုကို ခံနိုင်ရည်ရှိစေတယ်။ ရီချက်စတီဖင် ပြုလုပ်ထားတဲ့ စမ်းသပ်ချက်တစ်ခုမှာ ပါဝင်သူတွေဟာ သူတို့ရဲ့ လက်ကို ရေခဲရည်ပုံးထဲ နှစ်ထားပြီး ခံနိုင်ရည်ကို စမ်းသပ်ပါတယ်။ ဆဲဆိုပေါက်ကွဲဖို့ ခွင့်ပြုထားတဲ့ လူအုပ်စုမှာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

စွမ်းအင်မြင့်တင်ဖို့ အမြန်ဆုံးနည်းလမ်းများ

မနက်စောစောမှာ အားအင်အပြည့်နဲ့ ထလာပြီး အီးမေးလ်တွေပို့၊ လုပ်စရာရှိတာတွေလုပ် နောက်ပြီး နှစ်နာရီလောက်လဲကျရော အကုန်လုံးဟာ ပင်ပန်းကုန်ကြတော့ တာပါပဲ။ ဒီ နေ့လည်ပိုင်းအချိန်ဟာ ရုံးမှာ အလုပ်လုပ်ဖို့ မကောင်းဆုံးအချိန်ပါပဲ။ အလုပ်ဆင်းဖို့လဲ သိပ်မလိုတော့တာကြောင့် သင်ဟာ စိတ်လျှော့ချင်တာလဲ ပါပါတယ်။ ဒီဆောင်းပါးမှာ နေ့လည်ပိုင်း လုပ်ကိုင်မကောင်းချိန်ကို ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာ ဖေါ်ပြထားပါတယ်။ အားအင် ပြည့်ဝစေတဲ့ နည်းလမ်းပေါင်း ၁၂ ခုလောက်ရှိပါတယ်။ တစ်ခု၊ နှစ်ခု ဒါမှမဟုတ် ၁၂ ခုလုံးကို ကြိုးစားကြည့်လိုက်ရင် အားအင်တွေ ပြည့်ဝလာတာကို တွေ့ရမှာပါ။ Magnesium စားသုံးမှုကို မြှင့်တင်ပါ။ အစာစားခြင်းဟာ သင့်အားအင်ပမာဏကို မြင့်တက်စေပါတယ်။ အချိုစားခြင်းဟာ အားရှိစေတယ်လို့ သင်ထင်မှာ ဖြစ်ပေမယ့် magnesium ပါဝင်တဲ့ အစာတွေက ပိုအကျိုးရှိပါတယ်။ magnesium ကို အမျိုးသမီးတွေမှာ 300mg နဲ့ အမျိုးသားတွေမှာ […]


အခြေခံကျန်းမာရေး

ဆူညံသံများကြောင့် ဖြစ်ပေါ်လာသည့် ကျန်းမာရေးပြဿနာများ

ဒီခေတ်ကြီးမှာ အပန်းဖြေဖို့ တိတ်ဆိတ်တဲ့နေရာတစ်ခုကို ရှာဖို့တောင် ခက်ခဲပါတယ်။ သင်ဟာ အမြဲတမ်း မော်တော်ဆိုင်ကယ်တွေ၊ စပီကာတွေ၊ လွှသံ၊ လွန်သံ၊ နားကျပ်က ဆူညံသံတွေနဲ့ ဝန်းရံခြင်း ခံနေရပါတယ်။ ဒီလိုအမြဲဆူညံ နေတဲ့ နေရာတွေမှာ အလုပ်လုပ်ခြင်းဟာ သင့်နားကို ပျက်စီးစေပြီး နားပြဿနာတွေဖြစ်တဲ့ tinnitus နဲ့ အကြားအာရုံဆုံးရှုံးခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ အချိန်အကြာကြီး ဆူညံသံတွေ ကြားနေရခြင်းဟာ နားထဲက ဆဲလ်တွေကို ပျက်စီးစေပါတယ်။ ဒါဆို ဘယ်လို ကာကွယ် ကြမလဲ။ Tinnitus Tinnitus ဟာ မဟုတ်တဲ့ အသံတွေကြားခြင်း (သို့) နား၊ ခေါငးထဲမှာ အသံမြည်နေခြင်းတွေ ဖြစ်စေတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ ဒီအသံတွေဟာ ညင်သာတာလဲ ဖြစ်နိုင်ပါတယ်။ ဆူညံတာလည်း ဖြစ်နိုင်ပါတယ်။ high-pitched လဲ ဖြစ်နိုင်သလို low-pitched […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အရက်နဲ့ ကိုဒင်း ဘာလို့ ရောမသုံးရတာလဲ။

အရက်နဲ့ ကိုဒင်း ဘာလို့ ရောမသုံးရတာလဲ။ကိုဒင်း(Codeine) ဟာ ဘိန်း (သို့) မူးယစ်ဆေးဝါး အနွယ်ဝင် ဆေးတစ်မျိုးဖြစ်ပါတယ်။ သူ့ကို မပြင်းထန်တဲ့ နာကျင်မှုကနေ အတော်အသင့် ပြင်းထန်တဲ့ နာကျင်မှုကို သက်သာစေဖို့အသုံးပြုပါတယ်။ ဒါပေမယ့် ကိုဒင်း ကို အများအပြားအသုံးပြုရင် စွဲသွားတတ်တယ်ဆိုတာကိုတော့ သတိပြုသင့်ပါတယ်။ အရက်နဲ့ ကိုဒင်း ဓါတ်ပြုမှုအရက်နဲ့ ကိုဒင်း ဓါတ်ပြုမှု ကိုဒင်း ကိုသောက်သုံးနေရင် အရက်ကို မသောက်ပါနဲ့။ သူတို့နှစ်ခုကို တစ်ပြိုင်နက် သောက်သုံးခြင်းဟာ အာရုံကြောစနစ်ကို အကျိုးသက်ရောက်မှုတွေ ရှိပြီး အိပ်ချင်ခြင်း၊ ခေါင်းမူးခြင်း၊ စိတ်ထဲမှာ ဘာမှ မရှိခြင်း၊ အာရုံစူးစိုက်ရန် ခက်ခဲခြင်းနဲ့ တွေးတောမှုနဲ့ ဆုံးဖြတ်မှု မပြုလုပ်နိုင်ခြင်း အစရှိသည်တို့ကို တိုးမြှင့်စေနိုင်ပါတယ်။ ပိုမို ဆိုးရွားတဲ့ သူတွေမှာ သူတို့နှစ်ခုပေါင်းသောက်ခြင်းဟာ သွေးပေါင်ကျခြင်း၊ အသက်မရှူနိုင်ခြင်း၊ သတိလစ်ခြင်း၊ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ရင်ဝမ်းခြားကြွက်သား ဘယ်လိုအလုပ်လုပ်သလဲ

Thoracic Diaphragm လို့ အသိများတဲ့ Diaphragm ရင်ဝမ်းခြားကြွက်သား ဟာ နံရိုးအိမ်ရဲ့အောက်မှာ အလျားလိုက်ရှိတဲ့ ကြွက်သားအထပ် တစ်ခု ဖြစ်ပါတယ်။ သူဟာ ဖွင့်ထားတဲ့ လေထီးနဲ့ သဏ္ဍာန်တူပြီး နှလုံးနဲ့ အဆုတ်တွေ ရှိတဲ့ ရင်ခေါင်းပိုင်းကို အစာအိမ်၊ အသည်းနဲ့ အခြား အင်္ဂါတွေရှိတဲ့ ဝမ်းဗိုက်ပိုင်းကနေ ခွဲခြားပေးထားတဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။ သူဟာ အသက်ရှူမှုကို ထိန်းညှိပေးပြီး သူ့ရဲ့ ကျုံ့ခြင်း၊ လျှော့ခြင်းတွေဟာ လေတွေကို အဆုတ်အတွင်း ရောက်ရှိခြင်း၊ ထွက်လာခြင်းတွေကို အသီးသီး ဖြစ်စေပါတယ်။ ရင်ခေါင်းရဲ့ အောက်ဘက်နံရံမှာ ခုံးပြီး ဗိုက်ရဲ့ အပေါ်မှာတော့ ကွေးနေပါတယ်။ ဒီကြွက်သားဟာ နေရာအနှံ့အပြားကနေ စတင်ဖြစ်ပေါ်လာပါတယ်။ သူ့အပေါ်ကိုတော့ ရင်ညွန့်ရိုးရဲ့ အပေါ်က Xiphoid process ကနေ စတင်ပါတယ်။ […]


အခြေခံကျန်းမာရေး

သိုင်းရွိုက်ရောဂါနှင့် ပတ်သတ်ပြီး မးခွန်းပေါင်းသောင်းခြောက်ထောင်

သိုင်းရွိုက်ဂလင်းဆိုတာ ညှပ်ရိုးအပေါ်လည်ပင်းမှာခွနေတဲ့ လိပ်ပြာပုံ အင်္ဂါတစ်မျိုးပါ။ ကယ်လိုရီတွေလောင်ကျွမ်းစေဖို့နဲ့ နှလုံးခုန်နှုန်းကို ထိန်းညှိပေးတဲ့ ဟော်မုန်းတစ်မျိုးကို ထုတ်ပေးပါတယ်။ အဲဒါကြောင့် သင့်သိုင်းရွိုက် မှာချို့ယွင်းချက်တစ်ခုခု ဖြစ်နေပြီဆိုရင်တော့ စိတ်မချမ်းသာစရာ အရာအမျိုးမျိုး ကြုံတွေ့ရတော့မှာပါ။   သိုင်းရွိုက်ဂလင်းရဲ့ ချို့ယွင်းချက်တွေဆိုတာဘာလဲ။ သိုင်းရွိုက်ချို့ယွင်းနေတဲ့ လူနာတွေဟာ ပြသနာအမျိုးမျိုးနဲ့ ကြုံတွေ့နိုင်ကြပါတယ်။ ယင်းတို့မှာ · သိုင်းရွိုက်ကင်ဆာ · လည်းပင်းကြီးရောဂါ။ သိုင်းရွိုက်ဂလင်း ကြီးနေခြင်း · သိုင်းရွိုက်ဟော်မုန်းလွန်ကဲခြင်း- သိုင်းရွိုက်ဂလင်းက ဟော်မုန်းကို လိုတာထက် ပိုထုတ်ခြင်း · သိုင်းရွိုက်ဟော်မုန်းချို့တဲ့ခြင်း- လုံလောက်တဲ့ ဟော်မုန်းကို မထုတ်ပေးနိုင်ခြင်း · သိုင်းရွိုက်အကျိတ်ထွက်ခြင်း- သိုင်းရွိုက်တွင် အဖုများထွက်နေခြင်း · သိုင်းရွိုက်ရောင်ရမ်းခြင်း- သိုင်းရွိုက်ဂလင်းဖောင်းကားလာခြင်း တို့ပဲဖြစ်ပါတယ်။ အခြားရောဂါတွေနဲ့ မတူဘဲ သိုင်းရွိုက်ဂလင်းရောဂါဟာ စိတ်မသက်သာစရာ တွေကို ဖြစ်စေပါတယ်။ ဒါပေမဲ့လည်း ရောဂါစဖြစ်ကတည်းက သိရှိကုသမယ်ဆိုရင်တော့ စိုးရိမ်စရာရှိမှာ မဟုတ်လောက်ပါဘူး။ သိုင်းရွိုက် ဂလင်းရောဂါတွေ ကို ဘယ်အရာတွေက ဖြစ်စေတာလဲ။ ဘယ်အရာက ဘယ်လို သိုင်းရွိုက်ရောဂါမျိုးကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင့်အတွက် ရွေးချယ်စရာ အလှအပဆိုင်ရာ ခွဲစိတ်မှုများ

တစ်ချို့လူတွေက သူတို့ပိုကြည့်ကောင်းဖို့ နဲ့ ယုံကြည်မှုပိုရှိစေဖို့ ခန္ဓါကိုယ်အစိတ်အပိုင်းတွေကို ပြန်ပြင်တာ ဒါမှမဟုတ်ပုံဖော်လုပ်ပေးတဲ့ cosmetic surgery( ကော်စမတ်တစ် ဆာဂျရီ) ကိုရွေးချယ်ကြပါတယ်။ တစ်ချို့အရာတွေကအသေးစားဖြစ်ပြီး ခွဲစိတ်စရာမလိုပေမယ့် အချို့တွေကတော့ ရှုပ်ထွေးပြီး ကျန်းမာရေးအတွက်အန္တရာယ်ရှိပါတယ်။ ဒါကြောင့် ခွဲစိတ်မှုမလုပ်ခင်မှာ သေချာလေ့လာဖို့နဲ့ ဆုံးဖြတ်ဖို့လိုပါတယ်။ ဒီဆောင်းပါးကတော့ စာဖတ်သူတို့အတွက် ခွဲစိတ်မှုနဲ့ ပတ်သက်တဲ့အသိပညာတွေ ပေးနိုင်ပါတယ်။ လူတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာအခြေအနေနဲ့ သူ့ရွေးချယ်မှုအရ ခွဲစိတ်ပြုပြင်မှုက အမျိုးမျိုးရှိနိုင်ပါတယ်။ ခွဲစိတ်စရာလိုတာနဲ့ မလိုတာမျိုးပေါ့။ လူတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာအခြေအနေနဲ့ သူ့ရွေးချယ်မှုအရ ခွဲစိတ်ပြုပြင်မှုက အမျိုးမျိုးရှိနိုင်ပါတယ်။ ခွဲစိတ်စရာလိုတာနဲ့ မလိုတာမျိုးပေါ့။   ခွဲစိတ်စရာမလိုတဲ့ ပြုပြင်ကုသနည်း ဆရာဝန်ဖြစ်သူက ခွဲစိတ်မှုမလုပ်ခိုင်းပဲ skin care တွေပဲသုံးပြီး ပြုပြင်ယူတဲ့ ကိစ္စတွေရှိပါတယ်။ လိုချင်တဲ့အခြေအနေပေါ်မူတည်ပြီး နည်းလမ်းတွေကကွခြားမှုရှိနိင်ပါတယ်။ - အရွယ်တင်နုပျိုစေရန် : အသက်အရွယ်ကြောင့် အရေပြားပျက်စီးတာ , အစက်အပြောက်နဲ့ ဝက်ခြံတွေ, […]


အခြေခံကျန်းမာရေး

အလုပ်ကိစ္စနဲ့ ခရီးခဏခဏ သွားရခြင်းရဲ့ ဆိုးကျိုးများ

ကုမ္ပဏီလုပ်ငန်းကိစ္စနဲ့ခရီးအဝေးကြီးခဏခဏသွားရတဲ့သူတွေကို လူနေမှုအဆင့်အတန်းမြင့်မားတဲ့ အထက်တန်းစားတွေအဖြစ် လူတွေက ရှုမြင်ကြလေ့ရှိပါတယ်။ ဒါလည်း မှန်သင့်သလောက် မှန်ပါတယ်။ သူတို့အနေနဲ့လေယာဉ်ကိုပထမတန်းကနေ စီးခွင့်ရမယ်၊ ကမ္ဘာတလွှားကနေရာတွေအနှံ့အပြားကိုလည်ပတ်ခွင့်ရမယ် ဒါမှမဟုတ် လေကြောင်းလိုင်းတွေကပေးတဲ့ အထူးပရိုမိုးရှင်းအစီအစဉ်တွေကိုလည်းခံစားခွင့်ရမယ် စသဖြင့် အင်မတန်မှအားကျဖို့ကာင်းပါတယ်။ ဒါပေမယ့် အင်္ဂလန်မှာရှိတဲ့ University of Surrey ကပြုလုပ်တဲ့စစ်တမ်းအရ ဒီလူတွေကို အားကျမနာလိုစရာအကြောင်းမရှိဖူးလို့ ဆိုပါတယ်။ "အနောက်တိုင်းဝတ်စုံကို စမတ်ကျကျဝတ်ထားတဲ့လူတယောက်က အကောင်းစားသားရေထိုင်ခုံမှာ ထိုင်နေမယ်။ သူရှေ့မှာလည်း လက်တော့ပ်ကွန်ပြူတာကြီး ဖွင့်ထားမှာဖြစ်ပြီး အပြုံးတွေဝေနေတဲ့တောင့်တောင့်ဖြောင့်ဖြောင့်လေယာဉ်မယ်လေးက အအေး ဒါမှမဟုတ် စကော့ခ်ျဝီစကီအကောင်းစားတခွက်ကို ငှဲ့ပေးနေမယ်။ ဒါတွေဟာ တီဗီ ဒါမှမဟုတ် မဂ္ဂဇင်းကြော်ငြာတွေထဲမှာ မြင်ရလေ့ရှိသော business travel လို့ခေါ်တဲ့သူဌေးကြီးတွေလုပ်ငန်းကိစ္စအတွက် ခရီးသွားတဲ့ပုံစံပါ။ ဒါပေမယ့် ဒီခမ်းနားအားကျစရာကောင်းတဲ့ အထက်တန်းစားနေထိုင်မှုပုံစံမှာ (မီဒီယာတွေဒါမှမဟုတ်လူတွေလျစ်လျူရှုထားတဲ့) မကောင်းတဲ့အချက်တွေလည်း ရှိနေပါသေးတယ်" လို့ University of Surrey […]


အခြေခံကျန်းမာရေး

‘Transgender people’ ဆိုတာ ဘယ်သူတွေလဲ

ဒီဘက်နှစ်ပိုင်းတွေမှာ လူ့အဖွဲ့အစည်းဟာ ပိုပြီးပွင့်လင်းလာ၊နားလည်မှုရှိလာ၊သဘောထားအမြင်တွေ ကျယ်ပြန့်လာတာနဲ့အမျှ သူတို့ကိုယ်သူတို့ ‘transgender people’ တွေပါလို့ ကြွေးကြော်လာသူတွေ အရေအတွက်ဟာ ပိုလို့ပိုလို့ များများလာနေပါတယ်။ အခု ဆောင်းပါးမှာ ‘transgender people’ဆိုတဲ့ အသုံးအနှုန်းနဲ့ ပတ်သက်ပြီး ပိုပြီးနားလည်သဘောပေါက်လာအောင် အကြမ်းဖျဉ်း ပြောပြမှာ ဖြစ်ပါတယ်။ လူအများစုအတွက် သူတို့ရဲ့ လက်ရှိဖြစ်တည်နေတဲ့ ကျား၊မ အခြေအနေဟာ ဘာမှအငြင်းပွားစရာမလို အထွေအထူး တွေးနေစရာမလိုတဲ့ ကိစ္စပါ။ တနည်းပြောရရင် သူတို့အနေနဲ့ "ငါဟာ ယောက်ျားဖြစ်တယ်" "ငါဟာ မိန်းမဖြစ်တယ်" ဆိုတဲ့ လက်ရှိ ကျားမလိင်အနေအထားကို လက်ခံသဘောကျပါတယ်၊ လက်ရှိလိင်သဘာဝနဲ့ လိုက်လျောညီထွေပျော်ရွှင်စွာ နေထိုင်ကြပါတယ်။ ဒါပေမယ့် အရှေ့မှာ ပြောခဲ့တဲ့ စကားအတိုင်းပါပဲ။ ဒါဟာ လူအများစုအတွက် ဖြစ်ပါတယ်။ လူအားလုံးအတွက် မဟုတ်ပါဖူး။ တချို့တွေအတွက် လက်ရှိလိင်သဘာဝ ဖြစ်တည်မှုဟာ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း