အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မိုးရာသီမှာ ခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ

နွေရာသီလိုမျိုး ပူပြင်းတာလည်းမရှိ၊ ဆောင်းတွင်းလိုမျိုး ခရီးသွားတွေ ပြည့်ကျပ်နေတာမျိုးလည်း မရှိတဲ့အတွက် မိုးရာသီမှာ ခရီးသွားရတာ အင်မတန် စိတ်အေးချမ်းရပါတယ်။ ဒါပေမဲ့လည်း မိုး‌ရေတစိုစိုနဲ့ ခရီးသွားရတာ ဖြစ်တဲ့အပြင် ရောဂါပိုးတွေလည်း များတဲ့ရာသီဆိုတော့ မိုးရာသီမှာ ခရီးသွားတဲ့အခါ ဂရုစိုက်ရမယ့် အချက်လေးတွေ ရှိပါတယ်။ မိုးရာသီမှာ ခရီးသွားတဲ့အခါ ဒီလိုကျန်းမာရေးပြဿနာတွေကို မျှော်လင့်ထားပါ မိုးရာသီမှာခရီးသွားတဲ့အခါ ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်မှ တော်ကာကျမှာပါ။ မဟုတ်ရင် ခုလို ကျန်းမာရေးပြဿနာတွေ ကြုံရမှာ ဖြစ်ပါတယ်။ ရာသီတုပ်ကွေး ဝမ်းပျက်ဝမ်းလျှော အရေပြားပြဿနာ ထိခိုက်ရှနာ အင်းဆက်နဲ့ ပိုးကောင်တွေ ကိုက်တာ စတာတွေပဲ ဖြစ်ပါတယ်။ မိုးရာသီမှာခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ မိုးရာသီမှာ ခရီးသွားတဲ့အခါ ကျန်းမာရေးမထိခိုက်ဘဲ ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်လေး ဖြစ်ဖို့ဆိုရင် လိုအပ်တဲ့ ဆေးဝါးတွေ ဆောင်ထားပါ သာမန်ဖျားနာကိုက်ခဲအတွက်ကစလို့ ထိခိုက်ရှနာအတွက် လိမ်းဆေးတွေ၊ ပုံမှန်သောက်နေကျ ဆေးဝါးတွေ အကုန်လုံးကို […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျန်းမာရေး

နှာချေခြင်းနှင့် ပတ်သက်သော စိတ်ဝင်စားဖွယ်ရာအချက်များ

အဓိပ္ပါယ်ဖွင့်ဆိုချက်နှာချေခြင်း ဆိုတာဘာလဲ နှာချေခြင်းကို လူတိုင်းကြုံဖူးကြပါတယ်။ တကယ်တော့ နှာချေတယ်ဆိုတာ လူရဲ့ နှာခေါင်းထဲမှာ ပုံမှန်အနေအထား ပြန်ဖြစ်အောင်လို့ လုပ်လိုက်တဲ့ဖြစ်စဉ်တစ်ခုပါပဲ။ ခန္ဓါကိုယ်ထဲကို ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားပိုးတွေ မဝင်အောင် အာရုံကြောစနစ်က ပြုလုပ်တဲ့ အလိုအလျောက် တုံ့ပြန်မှုတစ်ခုလည်း ဖြစ်ပါတယ်။ သင့်ရဲ့ အဆုတ်နဲ့ နှာခေါင်းကို တခုခုက လှုံ့ဆော်ပြီဆိုတာနဲ့ ဦးနှောက်ကနေ အာရုံကြောစနစ်ဆီ လည်ချောင်း၊ မျက်စိနဲ့ ပါးစပ်တို့ကိုညှစ်ဖို့ အချက်ပြပါတယ်။ အဲဒီနောက် ရင်ဘတ်ကြွက်သားတွေ ကျုံ့သွားပြိး နှာခေါင်းကတစ်ဆင့် အသက်ပြင်းပြင်းရှူထုတ်လိုက်တာကို နှာချေတယ်လို့ ခေါ်တာပါ။ လေနဲ့အတူ တံတွေး၊ ချွဲတွေကိုလည်း ထုတ်ပစ်လိုက်တာဖြစ်ပါတယ်။ အဲဒီချွဲထဲမှာ ပိုးမွှား၊ ဖုန်နဲ့ တခြားအညစ်အကြေးတွေ ပါသွားပါတယ်။ အေးမြတဲ့လေ၊ အိမ်မွေးတိရစ္ဆာန်တွေနဲ့ ဖုန်မှုန်တွေက နှာချေစေပြီး အံသြစရာအနေနဲ့ နေရောင်ကလည်း တချို့လူတွေကို နာချေစေပါတယ်။ အလင်းရောင်ကို တုံ့ပြန်မှုလွန်ကဲတာကြောင့်ပါ။ […]


အခြေခံကျန်းမာရေး

သင့်ခန္ဓါကိုယ်ပုံသဏ္ဍာန်ကို ဘယ်လိုဆုံးဖြတ်မလဲ

သင့်ခန္ဓါကိုယ်ပုံသဏ္ဍာန်ကို ဘယ်လိုဆုံးဖြတ်မလဲ။ အဓိက ခန္ဓါကိုယ်ပုံစံ ၅မျိုးကတော့ သဲနာရီ၊ ပေတံ၊ သစ်တော်သီး ၊ ပန်းသီး နှင့် တြိဂံပြောင်းပြန် ပုံစံတွေဖြစ်ကြပါတယ်။ အထက်ဖော်ပြပါပုံစံတွေထဲ မဝင်တဲ့ အမျိုးသမီးတွေလည်းရှိနိုင်ပါတယ်။ ဒါဆိုရင် သင်က ပိန်သွယ်သွယ်ပုံစံ သို့မဟုတ် Plus size ဖြစ်နေလို့ပါပဲ။ အရိုးအဆစ်သေးတာနဲ့ အရိုးအဆစ်ကြီးတာ၊ ရင်သားကြီးတာ သို့မဟုတ် ရင်သားသေးငယ်တာ ၊ ခါးသိမ်တာ၊ ပိန်တာ၊ ကောက်ကြောင်းတွေပေါ်တာ၊ ဝကစ်ကစ်လေးဖြစ်နေတာ သို့မဟုတ် အရမ်းဝနေတာ စသဖြင့် ပုံစံတွေကတော့အမျိုးမျိုးရှိနေမှာပါ။ အထက်ပါခန္ဓါကိုယ်ပုံစံတွေက သင့်ခန္ဓါကိုယ်ပေါ်မြင်တဲ့အမြင်တွေကိုပြောင်းလဲပစ်နိုင်ပါတယ်။ သင့်ကိုယ်သင် ပုံစံတစ်ခုထဲထည့်ဖို့က ပိုပြီးခက်ခဲစေပါတယ်။   သင့်ခန္ဓါကိုယ်ပုံသဏ္ဍာန်ကိုဘယ်လိုဆုံးဖြတ်မလဲ။ ကိုယ်လုံးပေါ်မှန်မှ အနည်းငယ်ကွာဝေးသောနေရာကနေ သင့်ခန္ဓါကိုယ်ပုံစံကို လေ့လာပါ။ အတွင်းခံလေးဝတ်ထားကတောင်မှ ဘယ်နေရာဘာရှိလဲဆိုတာကိုကြည့်တဲ့အခါ အနှောက်အယှက်ဖြစ်နိုင်တာကြောင့် ကိုယ်လုံးတီးသာလုပ်ပါ။ ဥပမာ- ဘောင်းဘီတိုအပွတွေဝတ်တာက သင့်ခါးကို ပိုသိသာထင်ရှားစေပြီး အောက်ပိုင်းတုတ်သလိုမြင်နေရပါလိမ့်မယ်။ အခု သင့်ကိုယ်ပိုင်းကိုပဲအာရုံစိုက်ပါ။ ပခုံးကနေ ခါးထိ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Down Syndrome (ဒေါင်းဆင်ဒရုန်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Down Syndrome (ဒေါင်းဆင်ဒရုန်း) ကဘာလဲ။ ဒေါင်းဆင်ဒရုန်း ရောဂါ ဆိုတာမျိုးရိုးဗီဇ ပြောင်းလဲမှုကြောင့်ဖြစ်သော ရုပ်ပိုင်းဆိုင်ရာ နှင့်စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု အခြေအနေတစ်ရပ်ကို ခေါ်ပါတယ်။ အဆိုပါအခြေအနေကြောင့် ကလေးဟာ စာသင်ကြားရာမှာ ခက်ခဲသွားနိုင်ပြီး အချို့သော ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကိုလည်း တွေ့ရပါတယ်။ ဒီလိုအခြေအနေဟာ ဘဝတစ်လျှောက်လုံး ဖြစ်သွားပါတယ်။ သို့သော် သေချာဂရုစိုက်မယ်ဆိုရင် ဒေါင်းဆင်ဒရုန်း ရောဂါ ခံစားနေရတဲ့ လူတွေဟာ ကျန်းမာစွာ နဲ့ကြီးထွားလာနိုင်ပြီး ပျော်ရွှင်စွာ နေထိုင်နိုင်ပါတယ်။ ဒါ့အပြင် ပတ်ဝန်းကျင်ကိုလည်း အကျိုးပြုနိုင်ပါတယ်။ Down Syndrome (ဒေါင်းဆင်ဒရုန်း) က ဘယ်လောက်အဖြစ်များသလဲ ဒေါင်းဆင်ဒရုန်း ဆိုတာ အဖြစ်အများဆုံး မျိုးရိုးဗီဇဆိုင်ရာ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီရောဂါရှိတဲ့သူတွေဟာ မွေးကတည်းက ခံစားရတာဖြစ်ပါတယ်။ လက္ခဏာများDown Syndrome (ဒေါင်းဆင်ဒရုန်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ဒေါင်းဆင်ဒရုန်းရောဂါ ရဲ့ အဖြစ်အများဆုံးရောဂါ လက္ခဏာတွေကတော့ • မျက်နှာပြားခြင်း • ဦးခေါင်း အရွယ်အစား […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Dyslexia (စာရေးစာဖတ်ခက်ခဲသောရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Dyslexia (စာရေးစာဖတ်ခက်ခဲသောရောဂါ) ကဘာလဲ။ Dyslexia ဆိုတာ စာဖတ်ခြင်း၊ စာရေးခြင်းနှင့် စာလုံးပေါင်းခြင်းများ သင်ကြားရာ၌ အခက်အခဲတွေ့ခြင်းကို ဖြစ်ပေါ်စေတဲ့ ဦးနှောက်ရောဂါ တစ်မျိုးဖြစ်ပါတယ်။ ၎င်းရောဂါဟာ ဉာဏ်ရည်ကိုတော့ ထိခိုက်မှု မရှိပါဘူး။ Dyslexia (စာရေးစာဖတ်ခက်ခဲသောရောဂါ) က ဘယ်လောက်အဖြစ်များသလဲ Dyslexia ရောဂါဟာ ကလေးအများစုမှာ ဖြစ်လေ့ရှိပါတယ်။ ဒါ့အပြင် စာသင်အရွယ်မရောက်မချင်း ရောဂါ ရှိမှန်းမသိပဲ ဖြစ်နေနိုင်ပါတယ်။ လက္ခဏာများDyslexia (စာရေးစာဖတ်ခက်ခဲသောရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ Dyslexia ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ စာလုံးပေါင်းရာ၊ စကားပြောရာနှင့် စာဖတ်ရာတွင် နှေးကွေးခြင်း သို့မဟုတ် အခက်အခဲတွေ့ခြင်း၊ ကဗျာ ကာရန်များသင်ကြားရာတွင် သို့မဟုတ် ကဗျာ ကာရန်နဲ့ ဆိုင်သော ဂိမ်းများ ကစားရာတွင် အခက်အခဲတွေ့ခြင်း၊ သူ/ သူမကြားလိုက်သည့် အရာကိုတွေးခေါ်နိုင်စွမ်း၊ မှတ်မိနိုင်စွမ်း နှင့်နားလည်နိုင်စွမ်း ဆိုင်ရာတို့၌ ပြသနာတက်ခြင်း၊ စကားလုံးများ သို့မဟုတ် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Tapeworm Infection (တိပ်ပြားသန်ကောင်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Tapeworm Infection (တိပ်ပြားသန်ကောင်) ကဘာလဲ။ tapeworm infection (တိပ်ပြားသန်ကောင်ရောဂါ) ဆိုတာ တိပ်ပြားသန်ကောင်က အူတွင်းဝင်ရောက်တွယ်ကပ်ရှင်သန်နေတဲ့ ရောဂါဖြစ်ပါတယ်။ တိပ်ပြားသန်ကောင် ဆိုတာ ခန္ဓါကိုယ် အပြားသဏ္ဍာန်ရှိတဲံ ကပ်ပါးကောင် cestodal အမျိုးအစားဖြစ်ပြီး ဝက်၊ကျွဲ၊သိုးနှင့် ငါးအစရှိတဲ့ တိရာစ္ဆာန်တော်တော်များများမှာ ရှိနေတတ်ပါတယ်။ သန်ပြားအမျိုးအစားကို သူတို့တွယ်ကပ်ရာ တိရာစ္ဆာန်ပေါ်လိုက်ပြီး နာမည်ပေးကြပါတယ်။ ဥပမာ အမဲသားမှာ taenia saginate (နွား တိပ်ပြားသန်ကောင်) ၊ ငါးမှာ Diphyllobothrium (ငါး တိပ်ပြားသန်ကောင်) ၊ ဝက်မှာ taenia solium (ဝက် တိပ်ပြားသန်ကောင်) ဆိုပြီး အမျိုးမျိုးရှိပါတယ်။ တိပ်ပြားသန်ကောင် တွေဟာ လူကိုယ်ထဲ ဝင်နိုင်ပြီး အှူမှာ တွယ်ကပ်နေနိုင်ပါတယ်။ လူတွေဟာ မသန့်တဲ့ အစားအစာ သို့ ရေတို့ကို စားသောက်ရာကနေ သန်ကောင်ဥတွေ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Rhabdomyolysis (ကြွက်သားထိခိုက်ပျက်စီးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Rhabdomyolysis (ကြွက်သားထိခိုက်ပျက်စီးခြင်း) ကဘာလဲ။ Rhabdomyolysis (ကြွက်သားထိခိုက်ပျက်စီးခြင်း)ဆိုတာ ကြွက်သားတွေ ထိခိုက်ပျက်စီးတဲ့ ရောဂါဖြစ်ပါတယ်။ ဒီထိခိုက်မှုဟာ ကြွက်သားမှာ ရှိတဲ့ ရောင်ခြယ်ပရိုတင်း myoglobin (မိုင်ရိုဂလိုဘင်)ကို သွေးထဲကို ပို့လိုက်ပါတယ်။ ကျောက်ကပ်က ပုံမှန်အားဖြင့် ဒီပရိုတင်းဓါတ်ပစ္စည်းကို သွေးထဲကနေ စွန့်ထုတ်ပေးပါတယ်။ သို့သော် ကြွက်သားပျက်စီးခြင်းမှ ထွက်လာတဲံ့ပစ္စည်းတွေက ကျောက်ကပ်ရဲ့ စစ်ထုတ်ပေးတဲ့လုပ်ငန်းကို ပိတ်ဆို့ပြီး ကျောက်ကပ်ကို ထိခိုက်နိုင်ပါတယ်။ ကျောက်ကပ် စွမ်းရည်ကျဆင်းပြီး သွေးထဲကို အဆိပ်အတောက်တွေ ရောက်ကုန်ပါတယ်။ Rhabdomyolysis (ကြွက်သားထိခိုက်ပျက်စီးခြင်း) က ဘယ်လောက်အဖြစ်များသလဲ rhabdomyolysis (ကြွက်သားထိခိုက်ပျက်စီးခြင်း) က လူကြီးတွေမှာ အဖြစ်များပါတယ်။ မွေးကင်းစ၊ ကလေးငယ် နှင့် မွေးရာပါ ကစီနှင့် အဆီဓါတ်ကို ဖြိုခွဲပေးတဲံ့ အင်ဇိုင်းများ မပါသောသူ သို့မဟုတ် မွေးရာပါ ကြွက်သားရောဂါရှိတဲ့ သူတွေမှာ ဖြစ်နိုင်ပါတယ်။ လက္ခဏာများRhabdomyolysis (ကြွက်သားထိခိုက်ပျက်စီးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဓိက […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Triglycerides (အဆီဓါတ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Triglycerides (အဆီဓါတ်) ကဘာလဲ။ Triglycerides ဆိုတာ သင့်ရဲ့ ခန္ဓါထဲမှာ စွမ်းအင် သိုလှောင်ဖို့ လိုအပ်တဲ့ အဆီတစ်မျိုးဖြစ်ပါတယ်။ ဒီအဆီမျိုးကို အသား၊ နို့ထွက် ပစ္စည်းများ၊ ဟင်းရွက်ဆီနှင့် တိရိစ္ဆာန်ဆီတွေထဲ မှာ ပါဝင်ပါတယ်။ အသည်းမှ လည်း triglyceride အဆီကို ထုတ်ပေးပါသေးတယ်။ ဒီအဆီတွေ အရမ်းများလာလျှင် အမျိုးသမီးတွေမှာ မုန့်ချိုအိတ်ရောင်ခြင်း နှင့် တခြား နှလုံးသွေးကြောရောဂါတွေ ဖြစ်လာနိုင်ဖို့ များစေပါတယ်။ Triglycerides (အဆီဓါတ်) က ဘယ်လောက်အဖြစ်များသလဲ လေ့လာတွေ့ရှိချက်တွေ အရ ကိုယ်အလေးချိန်များနေသူတွေ နှင့် အဝလွန်နေတဲ့ သူတွေမှာ တစ်ပတ်မှာ မိနစ် ၁၅၀ ခန့်လေ့ကျင့်ခန်းလုပ်ဖို့ပျက်ကွက်တာကြောင့်၊ ဆေးလိပ်သောက်ခြင်းတွေ ကြောင့် Triglycerides ပမာဏမှာ 200mg/dl သို့ ပိုများနေနိုင်ပါတယ်။ သက်ကြီးရွယ်အိုတွေမှာ လဲ Triglycerides များနေတတ်ပါတယ်။ Triglycerides များတာက […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Rabies (ခွေးရူးပြန်ရောဂါ)

Rabies (ခွေးရူးပြန်ရောဂါ) အကြောင်းလေး လေ့လာလိုက်ရအောင်နော်။ အဓိပ္ပါယ်ဖွင့်ဆိုချက် Rabies (ခွေးရူးပြန်ရောဂါ) ကဘာလဲ။ ခွေးရူးပြန်ရောဂါဆိုတာ Rabies အမည်ရှိ ဗိုင်းရပ်စ်တစ်မျိုးကြောင့် ဖြစ်တဲ့ ဆိုးရွားတဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ခွေးရူးပြန်ခြင်း ရောဂါပိုး ကူးစက်ထားတဲ့ ရှဉ့်၊လင်းနို့၊မြေခွေးနဲ့ လေလွင့်ခွေး (စွန့်ပစ်ခံ)တွေ ကိုက်ခံရခြင်းဖြင့် ကူးစက်နိုင်ပါတယ်။ ခွေးရူးပြန်ခြင်း လက္ခဏာတွေ စပြလာပြီး ကုသမှုမခံလျှင် ထိုသူသည် သေဖို့များပါတယ်။ ထို့ကြောင့် ခွေးရူးပြန်ခြင်း ဖြစ်နေပြီလို့ သံသယရှိနေလျှင် အရေးပေါ် ကုသမှုခံယူ သင့်ပါတယ်။ Rabies (ခွေးရူးပြန်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ဝေးလံတဲ့အရပ်ဒေသတွေမှာ နေတဲ့သူတွေမှာ အကိုက်ခံရလျှင် အရေပေါ်ထိုးရန် ကာကွယ်ဆေး မရရှိနိုင်ကြပါဘူး။ ခွေးရူးပြန်ခြင်း ဟာအသက်အရွယ်မရွေးဖြစ်နိုင်သော်လည်း ၁၅နှစ်အောက် ကလေးတွေ၊ ခွေးရူးပြန် virus ထိတွေ့မှုများတဲ့ ဓါတ်ခွဲခန်းတွေမှာ အလုပ်လုပ်သူတွေမှာ အဖြစ်များပါတယ်။ ဒါ့အပြင် အဖြစ်များနိုင်တဲ့ သူတွေထဲမှာ ခွေးရူးပြန် virus […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Varicose Veins (သွေးကြောထုံးရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Varicose Veins (သွေးကြောထုံးရောဂါ) ကဘာလဲ။ varicose veins ဆိုတာ သင့်ခြေထောက်မှာရှိတဲ့ ဖောင်းကားပြီး တွန့်လိမ်နေတဲ့ သွေးကြောထုံးလေးတွေကို ဆိုလိုပါတယ်။ ဒီလိုဖြစ်တာဟာ မျိုးရိုးလိုက်လေ့ရှိပြီး ကိုယ်ဝန်ဆောင်တဲ့အချိန်တွေနဲ့ မတ်တပ်ကြာကြာရပ်ရတဲ့ အလုပ်လုပ်ကိုင်သူတွေမှာ ပိုဆိုးလေ့ရှိပါတယ်။ ခြေထောက်ကသွေးတွေကို နှလုံးဆီပြန်ပို့ပေးတာကို ကူညီပေးနိုင်ဖို့အတွက် ခြေထောက်က သွေးကြောတွေမှာ တဖက်တည်းကိုပဲ ပွင့်တဲ့ အဆို့ရှင်လေးတွေ များစွာ ပါရှိပါတယ်။ ဒီအဆို့ရှင်လေးတွေ ကောင်းကောင်းအလုပ်မလုပ်နိုင်တော့တဲ့ အခါ သွေးတွေဟာ နှလုံးဆီကို ဖြောင့်ဖြောင့်တန်းတန်း မတက်နိုင်တော့ဘဲ အောက်ကိုပြန်စီးလာကာ ခြေထောက်သွေးကြောတွေမှာ စုပုံပြီး ဖောင်းကားလာပါတော့တယ်။ varicose veins (သွေးကြောဖောင်းတွေ) ကို ဘာလို့ခွဲစိတ်သင့်သလဲ။ ရောဂါလက္ခဏာတွေကို သက်သာပျောက်ကင်းစေတဲ့အပြင် နောက်ဆက်တွဲ ပြဿနာတွေကိုလည်း ကာကွယ်ပေးနိုင်တဲ့အတွက် ခွဲစိတ်မှုကို ပြုလုပ်သင့်ပါတယ်။   ခွဲစိတ်မှု အန္တရာယ်varicose veins ဒီခွဲစိတ်မှုကနေ ဘာအန္တရာယ်တွေ ရှိနိုင်မလဲ။ ခြေအိတ်ခပ်ကျပ်ကျပ် စွပ်ပေးထားခြင်းအားဖြင့်လည်း သွေးကြောဖောင်းတာကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါလက္ခဏာတွေကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Lymphangitis (ပြန်ရည်ကြောရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Lymphangitis (ပြန်ရည်ကြောရောင်ခြင်း) ကဘာလဲ။ ပြန်ရည်ကြော ရောင်ခြင်းသည် ပြန်ရည်ကြောများ ရောင် ရမ်းခြင်း ဖြစ်သည်။ ၎င်းသည် ဘတ်တီးရီးယားကူးစက်ခြင်း ၏ အဖြစ်များသော ဆိုးကျိုးတစ်ခုဖြစ်သည်။ ပြန်ရည်ကြောစနစ် သည် ကိုယ်ခံအားစနစ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ခန္ဓါ ကိုယ် တစ်လျှောက် အင်္ဂါများ၊ ဂလန်းများ၊ ပြွန်များ၊ နှင့် သွေးကြောများ ပါဝင်သည်။ ၎င်းသည် ပြန်ရည်ဟုခေါ်သော အရည်များကို ထုတ်လုပ်ပြီး တစ်ရှူးမှ သွေးကြောများဆီသို့ ပို့ပေးသည်။ ပြန်ရည်ကြောရောင်ခြင်း သည် ရောဂါပိုးကူးစက်မှုက လျင် မြန်စွာ ဆိုးရွားလာနိုင်သော လက္ခဏာတစ်ခု ဖြစ်နိုင်သည်။ ရောဂါ သည် သွေးစီးကြောင်းတွင်း ရောဂါပိုးပျံ့ခြင်း နှင့် အခြား ရောဂါပိုးကူးစက်မှုများ ကို ဖြစ်စေပြီး အသက်အန္တရာယ် စိုးရိမ် ရပါသည်။ Lymphangitis (ပြန်ရည်ကြောရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ပြန်ရည်ကြောရောင်ခြင်း သည် […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း