အရွယ်ရောက်ပြီးသား လူတစ်ယောက်က တစ်နေ့ကို ရေ၂လီတာနဲ့ ၃လီတာကြား သောက်ပေးသင့်ပါတယ်။
၄။ ရေဓာတ်ချို့တဲ့ခြင်းအတွက် အရေးပေါ်အခြေအနေတွေက ဘာတွေလဲ။
ရေဓာတ်ဆုံးရှုံးခြင်းက သိပ်ကို ပြင်းထန်လာပြီဆိုရင် ဆေးကုသဖို့ လိုအပ်ပါတယ်။ အရေးပေါ်အခြေအနေလို့ သတ်မှတ်နိုင်တဲ့ ရေဓါတ်ချို့တဲ့ခြင်း လက္ခဏာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
- အလွန်အမင်း ရေငတ်ခြင်း၊
- လှုပ်လှုပ်ရှားရှား လုပ်ပေမယ့် ချွေးမထွက်တော့ခြင်း၊
- မျက်လုံးများ ချိုင့်ဝင်နေခြင်း၊
- အရေပြားခြောက်သွေ့ရှုံ့တွနေခြင်း၊
- အသက်ရှူ မြန်ခြင်း၊
- အဖျားတက်လာခြင်း၊
- အာခံတွင်းခြောက်သွေ့ခြင်း၊
- သွေးပေါင်ကျခြင်း၊
- နှလုံးခုန်မြန်ခြင်း၊
- သတိလစ်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။
ရေဓာတ်ချို့တဲ့ခြင်း အနည်းငယ်ဆိုရင်တောင်မှ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဥပမာအားဖြင့် စိတ်ခံစားမှု ပြောင်းလဲခြင်း၊ အာရုံစူးစိုက်မရခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ ဝမ်းချုပ်ခြင်း စတာတွေကို ဖြစ်နိုင်ပါတယ်။ ဒီလိုပြောင်းလဲမှုတွေ ဖြစ်လာပြီဆိုရင်တော့ ဂရုစိုက်ရမှာ ဖြစ်ပါတယ်။
၅။ သင်ဟာ ရေဓာတ်ချို့တဲ့ခြင်းရဲ့ အန္တရာယ်တွေ မကြုံတွေ့ရအောင် ဘယ်လို ရှောင်ရှားသင့်သလဲ။
- မနက်တိုင်း နိုးတာနဲ့ ရေတစ်ဖန်ခွက်ကို အရင်ဆုံးသောက်ပါ။
- အစာမစားခင်တိုင်းမှာ နောက်ထပ် ရေတစ်ဖန်ခွက်ကို သောက်ပါ။
- အလုပ်မှာရှိတဲ့ သင့်ရဲ့ စားပွဲပေါ်မှာ ရေတစ်ဗူး အမြဲ ရှိပါစေ သို့မဟုတ် သင်ဟာ ကျောင်းသွားမှာဆိုရင် လွယ်အိတ်ထဲမှာ ရေတစ်ဗူးထည့်သွားပါ။ ဒီလိုနည်းနဲ့ ရေမကြာခဏသောက်ဖြစ်ပြီး ရေဓာတ်ဆုံးရှုံးမှာကို ကာကွယ်ပေးပါလိမ့်မယ်။
ရေးသားသူ− Dr Khin Yin Kyay
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။