backup og meta

အစာစားပြီး ချက်ချင်းအိပ်ခြင်းဟာ အန္တရာယ်ရှိပါတယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 20/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစာစားပြီး ချက်ချင်းအိပ်ခြင်းဟာ အန္တရာယ်ရှိပါတယ်

    ကျန်းမာစွာ နေထိုင်နိုင်ဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေ စားသုံးဖို့အရေးကြီးပါတယ်။ စားရုံတင်မကပါဘူး။ ကောင်းကောင်းမွန်မွန် ချေဖျက်ပြီး အာဟာရတွေ ရရှိဖို့လည်း လိုပါတယ်။ ဒါပေမယ့် သင်လုပ်မိတဲ့ အလေ့အကျင့်တစ်ခုကတော့ အစာချေဖျက်ခြင်းကို အကျိုးသက်ရောက်မှုရှိနေပါတယ်။ အမှား တစ်ခုကတော့ အစာစားပြီးပြီးချင်း လဲလျောင်းတာပါပဲ။ အစာစားပြီး ချက်ချင်းအိပ်ခြင်းဟာ အန္တရာယ်ရှိပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။

    အစာစားပြီး ချက်ချင်းအိပ်ခြင်းဟာ သင့်ကျန်းမာရေးကို ဆိုးရွားစေပါသလား။

    ဟုတ်ပါတယ်။ သင်စားလိုက်တဲ့အစာတွေကို သင်မတ်မတ်ထိုင်နေမှသာ ကောင်းစွာချေဖျက်နိုင်ပါတယ်။ အစာစားပြီးပြီးချင်း လဲလျောင်းခြင်းဟာ အစာမကြေခြင်းကို ဖြစ်စေတဲ့အတွက် အစားစားပြီး အနည်းဆုံးနှစ်နာရီကြာမှ လဲလျောင်းသင့်ပါတယ်။ အစာစားပြီးပြီးချင်း လဲလျောင်းခြင်းအကျင့်ဟာ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

    • အက်ဆစ် အထက်ပြန်ဆန်တက်ခြင်း

    သင့်ရဲ့ ပါးစပ်နဲ့ အစာအိမ်ကို ဆက်ထားတဲ့ အစာပြွန်မှာ ခန္ဓာကိုယ်ရဲ့ အစာခြေစနစ်အတွင်းမှာ ရှိတဲ့ အစာတွေကို အပေါ်ပြန်မတက်အောင်  ကာကွယ်ပေးထားတဲ့ အဆို့ရှင် တစ်ခု ပါဝင်ပါတယ်။ အစာအပြည့်စားပြီး လဲလျောင်းနေခဲ့မယ်ဆိုရင် ၎င်းအဆို့ရှင်ဟာ အစာတွေကို အောက်ပိုင်းမှာ ထားပေးဖို့ အခက်အခဲတွေ့ပါလိမ့်မယ်။ ဒါဟာ သင့်အစာအိမ်ထဲက ပါဝင် ပစ္စည်းတွေနဲ့ အက်ဆစ် နောက်ပြန်စီးဆင်းခြင်းကို ဖြစ်စေနိုင်ပါတယ်။

    • ရင်ပူခြင်း

    သင့်အစာအိမ်မှာ အက်ဆစ်များရင် ရင်ပူခြင်း ဖြစ်စေနိုင်ပါတယ်။ အက်ဆစ်တွေဟာ သင့်အစာအိမ်မှတစ်ဆင့် လည်ချောင်းထဲကို တက်သွားပြီး ပူလောင်ခြင်းကို ရင်ဘတ် (သို့) လည်ချောင်းထဲမှာ ဖြစ်ပေါ်စေပါတယ်။ ဒါဟာ အများအားဖြင့် လေချဉ်တက်ခြင်းနဲ့ တွဲတတ်ပါတယ်။

  • ကိုယ်အလေးချိန်တိုးခြင်း
  • ညအခါ အစာစားနောက်ကျပြီး တန်းအိပ်ရာဝင်ခြင်းကြောင့် အခြား ပြဿနာ တစ်ခုဖြစ်ပွားနိုင်ပါသေးတယ်။ ဒါကတော့ ကိုယ်အလေးချိန်တက်တာပါ။ ကယ်လိုရီလောင်စရာ လှုပ်ရှားမှု မရှိတော့တဲ့အတွက် အဝလွန်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါ့ပြင် အနားယူဖို့ ကြိုးစားနေတဲ့ ကိုယ်တွင်းအင်္ဂါတွေကိုလည်း ဝန်ပိစေနိုင်ပါတယ်။

    • လေဖြတ်ခြင်း

    အစာစားပြီး တန်းအိပ်ခြင်းဟာ သင့်ကို လေဖြတ်ဖို့ အခွင့်အလမ်း ပိုများလာစေပါလိမ့်မယ်။ University of Ioannina, Greece မှာ ပြုလုပ်တဲ့ လေ့လာမှုတစ်ခုရဲ့ တွေ့ရှိချက်တွေအရ အစာစားပြီး တန်းအိပ်တဲ့ အကျင့်ဟာ လေဖြတ်မှုနှုန်းကို ပိုမို မြင့်တက်စေပါတယ်လို့ ဆိုပါတယ်။ ကျန်းမာတဲ့ လူအယောက်ငါးရာ ပါဝင်တဲ့ လေ့လာမှုတစ်ခုမှာ အစာစားခြင်းနဲ့ အိပ်ခြင်းကြား အချိန်အကြာမြင့်ဆုံး ရှိသူတွေဟာ လေဖြတ်ဖို့အခွင့်အရေး အနည်းဆုံးဖြစ်တာကို တွေ့ရှိရပါတယ်။

    ဖြစ်နိုင်တဲ့ သီအိုရီတွေ အများအပြား ရှိကြပေမယ့် သူတို့မှာ အက်ဆစ်အပေါ် ပြန်တက်ခြင်းဟာ လေဖြတ်ခြင်းနဲ့ ဆက်နွယ်နေတဲ့ အိပ်စက်စဉ် အသက်ရှူရပ်ခြင်းကို ပိုမိုဖြစ်ပေါ်စေပါတယ်။ နောက် သီအိုရီ တစ်ခုကတော့ အစာခြေခြင်းနဲ့ သူ့ရဲ့ သွေးဖိအား၊ သွေးတွင်း သကြား ပမာဏနဲ့ ကိုလက်စထရောဓာတ်တွေအပေါ် အကျိုးသက်ရောက်မှုဟာ လေဖြတ်မှုပိုမို ဖြစ်ပေါ်စေပါတယ်။ ဒီအချက်ကို အတည်ပြုဖို့ အခြားလေ့လာမှုတွေ အများအပြား လိုအပ်ပါသေးတယ်။

    အစာစားပြီးချိန် တခြားဘာတွေ ရှောင်ကြဉ်ရမလဲ။

    အစာစားပြီး လဲလျောင်းခြင်းဟာ သင့်ကျန်းမာရေးကို ဆိုးရွားစေပါတယ်။ ဒါပေမယ့် စားသောက်ပြီး တခြားရှောင်ကြဉ်ရန် အချက်တွေလဲ ရှိပါသေးတယ်။

  • အိပ်စက်ခြင်း
  • သင်အိပ်ပျော်ရင် သင့်ခန္ဓာကိုယ်ဟာ နှေးကွေးသွားပါတယ်။ ဒါ့ကြောင့် အစာအိမ်ထဲက အစာတွေကို ချေဖျက်ဖို့ အချိန်ပိုလိုပြီး အစာအိမ်စနစ်ကို ဒုက္ခပေးပါလိမ့်မယ်။ ခုနက ပြောခဲ့သလိုမျိုး ဘေးတစ်စောင်း (သို့) မှောက်အိပ်ခြင်းဟာ သင့်အစာအိမ် အတွင်းမှာရှိတဲ့ အက်စစ်ကို အစာပြွန်ထဲကို ပြန်တတ်စေပါတယ်။ ဒါ့အပြင် အစာအများကြီးစားပြီး အိပ်မယ်ဆိုရင် လေပွပြီး နိုးလာပါလိမ့်မယ်။ အိပ်ရာမဝင်ခင် သင့်ခန္ဓာကိုယ်ကို အစာခြေဖျက်ဖို့ အချိန်အလုံအလောက်ပေးဖို့ လိုအပ်ပါတယ်။

  • ပြင်းထန်တဲ့ လေ့ကျင့်ခန်း
  • ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေဟာ ကောင်းမွန်စွာ အစာချေဖျက်ဖို့ လိုအပ်တဲ့ အစာအိမ်ရဲ့ အရင်းအမြစ်တွေကို အသုံးပြုတာကြောင့် ခန္ဓာကိုယ်က အစာခြေဖျက်ဖို့ကို ခက်ခဲစေပါတယ်။ ဒါ့ကြောင့် အစာစားပြီး လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကြွက်တက်ခြင်း၊ ပျို့ခြင်းနဲ့ ဗိုက်အောင့်တာအထိ ခံစားရနိုင်ပါတယ်။

    • အသီးစားခြင်း

    ဟုတ်ပါတယ်။ အသီးစားခြင်းဟာ ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ ဒါပေမယ့် အစာစားပြီးချင်းတော့ မဟုတ်ပါဘူး။ ဒါဟာ ဘာကြောင့်လဲဆိုတော့ အသီးတွေဟာ မကြာခင်မှာ အချဉ်ပေါက်ပြီး  ဗိုက်ပွခြင်း၊ လေတက်ခြင်းနဲ့ အခြား မသက်မသာဖြစ်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အသီးအနှံတွေ စားမယ်ဆိုရင် အချိန်တစ်ခုလောက် ခြားပြီးမှ စားပါ။

    • ရေအလွန်အကျွံသောက်သုံးခြင်း

    သင့်အစာတွေနဲ့အတူ ရေအနည်းငယ်သောက်သုံးခြင်းက ပြဿနာမရှိပါဘူး။ ဒါပေမယ့် ရေများများသောက်တာ၊ အလောတကြီးသောက်တာကိုတော့ ရှောင်ကျဉ်သင့်ပါတယ်။ ဒါဟာ သင့်အစာအိမ်ကို အစာခြေဖို့ အခက်အခဲဖြစ်စေပါတယ်။

    • ရေချိုးခြင်း

    သင့်ခန္ဓာကိုယ်အပူချိန်ဟာ သင်ရေချိုးတဲ့အခါ မြင့်တက်လာပါတယ်။ ဒါကြောင့် ကိုယ်အပူချိန်ကို ပြန်ထိန်းဖို့ သင့်သွေးတွေကို အရေပြားပေါ်၊ ခြေထောက်နဲ့ လက်တွေဆီကို ပို့ဆောင်ပေးပါလိမ့်မယ်။ ဒါကြောင့် အစာခြေစနစ်ဆီကို သွေးစီးဆင်းမှုနည်းသွားတာကြောင့် လေပွတာ၊ အစာမကြေတာ ဖြစ်တတ်ပါတယ်။

    • အစာစားပြီး လမ်းလျှောက်ခြင်း

    အစာစားပြီး လဲလျောင်းနေသလိုမျိုး အစာစားပြီးပြီးချင်း လမ်းလျှောက်ခြင်းဟာလည်း မကောင်းပါဘူး။ လမ်းလျှောက်လိုက်ရင် သွေးတွေက ခြေထောက်ကို ရောက်သွားတာကြောင့် အစာအိမ်ကို သွေးအရောက်နည်းသွားပါတယ်။ ဒီတော့ အစာမကြေတာ၊ လေပွတာတွေ ဖြစ်တတ်ပါတယ်။ အစာစားပြီးပြီးဆို မတ်မတ်ထိုင်ပြီး ခဏနားပေးပါ။ နာရီဝက်လောက်နေမှ လမ်းလျှောက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 20/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement