အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နေပူထဲမှာ အနေကြာပြီး ဖျားတဲ့အခါ

တစ်နေကုန် နေပူထဲ သွားပြီး ပြန်လာမယ်။ ညရောက်တော့ ချမ်းတုန်ပြီး အဖျားတွေ တက်ပါရော။ စိတ်ထဲမှာ အပူလျှပ်တယ်လို့ ထင်ပေမယ့် တကယ်အပူလျှပ်တယ်ဆိုရင် အပူချိန် ၁၀၃ ဒီဂရီဖာရင်ဟိုက်လောက်ရှိပြီး လူက ချွေးမထွက်ဘဲ ပူခြစ်နေတာမျိုးပါ။ ဒါဆိုရင် နေပူထဲမှာ သွားတာကြာရင် သာမန်အဖျားလိုပဲ ဖျားတတ်တာလား။ မဖျားအောင် ဘယ်လို လုပ်ရမလဲဆိုတာပါပဲ။ နေပူထဲမှာ အနေကြာရင် ဘာကြောင့် ဖျားတတ်တာလဲ။ နေပူထဲကို အကာအကွယ်မပါဘဲ ဒါမှမဟုတ် အကာအကွယ်မလုံလောက်ဘဲ ထွက်တဲ့အခါ နေလောင်ပါတယ်။ နေလောင်တဲ့အခါ ဆဲလ်တွေပျက်စီးပါတယ်။ ဒါကြောင့် နေပူထဲသွားပြီး ပြန်လာရင် အသားတွေနီပြီး နာနေတာပါ။ ဒါက အရေပြားတွေ ဆဲလ်တွေ ပျက်စီးပြီး ရောင်ရမ်းတာကြောင့်ပါ။ ဒါက အရေပြားလေးပဲ ကွက်ပြီး ရောင်တာပါ။ တကယ်လို့ တစ်ကိုယ်လုံးသာ နေလောင်ခံရမယ်ဆိုရင် တစ်ကိုယ်လုံးက ဆဲလ်တွေ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကပ်ဘေးရဲ့ မွန်းကျပ်မှုတွေကို Hiking ထွက် ပြီး ဖြေဖျောက်ကြမလား

လူအတော်များများက ပုံမှန်နေ့စဉ်ဘဝမှာ လမ်းလျှောက်ဖြစ်ကြေပေမယ့် ခြေလျှင်ခရီး‌တွေကို ပုံမှန်အားကစားတစ်ခုအဖြစ် ပြုလုပ်ကြတာတော့ နည်းပါတယ်။ ခြေလျှင်ခရီးထွက်တာ တနည်း Hiking ထွက် တာဟာ ကျန်းမာရေးကို အကျိုးကျေးဇူး အမြောက်အများပေးစွမ်းနိုင်ပါတယ်။ သင်ထင်မှတ်ထားတာတွေရော မထင်မှတ်ထားတာတွေရောပါ။ ခုလို COVID-19 ကပ်ဘေးကာလမှာ Camping လုပ်ကြတာတွေခေတ်စားလာကြပေမယ့် ခြေလျှင်ခရီးထွက်တာမျိုးကိုတော့ အလုပ်နည်းကြပါတယ်။ အကြောင်းကတော့ သာယာရှုမောဖွယ်ရှုခင်းမျိုးနဲ့ အေးအေးဆေးဆေးလမ်းလျှောက်နိုင်မယ့်နေရာမျိုးတွေ နည်းပါးနေသေးတာကြောင့်ပါ။ ဒါပေမယ့် ဒီလိုကပ်ဘေးကာလမျိုးမှာ ခြေလျှင်ခရီးတွေ ပိုထွက်သင့်ပါတယ်။ ရောဂါပိုးအန္တရာယ်နဲ့ စိတ်ကျဉ်းကျပ်ဖွယ်ရာတွေပြည့်နေတဲ့ မြို့ပြလူနေမှုဘဝကို စွန့်ခွာပြီး အနီးဝန်းကျင်က ကျေးလက်ဒေသတွေကို ကာလတို လမ်းလျှောက်ခရီးလေးတွေ ထွက်ကြည့်မယ်ဆိုရင် စိတ်ရောကိုယ်ပါ အကျိုးရှိလာမှာကို သင်သိလာပါလိမ့်မယ်။ Hiking ထွက် ပါလို့ ဘာလို့ပြောရတာလဲ တစ်ခုတော့ သတိပေးချင်ပါတယ်။ Hiking က လွယ်ကူတဲ့ နည်းလမ်းတစ်မျိုးတော့ မဟုတ်ပါဘူး။ ပထမဆုံးအကြိမ်မှာဆိုရင် သေမတတ်ပင်ပန်းတယ်လို့ လူအတော်များများက သူတို့အတွေအကြုံတွေကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

လူစုလူဝေးကြားမှာ လူနင်း မခံရစေဖို့

သင်္ကြန်လိုပွဲတော်တွေ၊ EDMပွဲတွေ၊ ဘုရားပွဲစျေးတန်းတွေ စသဖြင့် လူစုလူဝေး လုပ်ကြတဲ့အခါ လူပိခံရဖို့၊ တစ်ခုခုဖြစ်လို့ ထွက်ပြေးကြတဲ့အခါ လူနင်း ခံရဖို့ များပါတယ်။ လူနင်းခံရတာက အရေးကြီးပါတယ်။ အနင်းခံရရုံ သက်သက်နဲ့တင် ကိုယ်တွင်း ကလီစာတွေ ကြေမွပြီး သေနိုင်တဲ့အတွက် မတော်တဆများ လူစုလူဝေးကြားထဲကနေ ပြေးဖို့ လိုလာခဲ့ရင် ဘယ်လို နည်းလမ်းတွေ သုံးသင့်လဲဆိုတာ ပြောပြပါ့မယ်။ လူစုလူဝေးကြားမှာ လူနင်း မခံရစေဖို့ နည်းလမ်းများ မျက်စိရှင်ရှင်ထားပါ။ အရေးကြီးဆုံးက ဒီလူအုပ်ထဲက ထွက်နိုင်ဖို့ပါပဲ။ ပတ်ဝန်းကျင်ကို တစ်ချက်လောက် ကြည့်လိုက်ပါ။ လှည့်ပြေးတာကောင်းသလား၊ ရှေ့ကနေ ဖောက်ထွက်တာ ကောင်းသလား။ ဘယ်ဟာက လွတ်လမ်းနဲ့ နီးနိုင်လဲ။ ဒါကို သိဖို့အတွက်ဆိုရင် ပြဿနာဖြစ်နေတဲ့ ဗဟိုချက် epicentreကို သိဖို့ လိုပါတယ်။ ဘယ်နေရာက လူတွေ အစုလိုက် အပြုံလိုက် ဖြစ်နေလဲ။ လူပါးတဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နေပူ ထဲမှာ အကြာကြီး လမ်းလျှောက်ရမယ်ဆိုရင် ဘာတွေသတိထားသင့်လဲ။

နေပူ ထဲမှာ ဒီတိုင်း နေရင်တောင် ချွေးတွေ ထွက်ပြီး တော်တော်ပင်ပန်းတာ၊ စုဝေးပြီး လမ်းလျှောက်မယ်ဆိုရင် ပိုလို့တောင် ပင်ပန်းမှာပါ။ ဒီလို လမ်းလျှောက်တဲ့အခါမှာ ကျန်းမာရေး မထိခိုက်ဘဲ ကြံ့ကြံ့ခိုင်ခိုင်နဲ့ လမ်းလျှောက်ဖို့ဆိုရင် အောက်က အချက်တွေကို လိုက်နာဖို့ လိုပါတယ်။ နေပူ ထဲမှာ အကြာကြီး လမ်းလျှောက်နိုင်ဖို့ အိပ်ရေးဝဝအိပ်ပါ။ မလျှောက်ခင် တစ်ရက်မှာ အိပ်ရေး ဝဝအိပ်ပါ။ ဒါမှ နောက်ရက်မှာ လန်းလန်းဆန်းဆန်းနဲ့ ကြာကြာလျှောက်နိုင်မှာပါ။ တစ်ခုခု စားထားပါ။ ဘယ်အချိန်ပဲ လျှောက်လျှောက် အစာခံနိုင်ဖို့၊ အားရှိနေစေဖို့ တစ်ခုခု စားထားပါ။ စားတဲ့နေရာမှာလည်း အစာကြေလွယ်တာပဲ ရွေးစားပါ။ ဗိုက်ပြဿနာတက်နိုင်တဲ့ ပူလွန်း၊ စပ်လွန်းတာတွေ မစားပါနဲ့။ ရေများများသောက်ပါ။ ချွေးထွက်ထွက်၊ မထွက်ထွက် မကြာခဏ ရေသောက်ပါ။ ခဏခဏ အာစွတ်ရုံသောက်ပါ။ လှုပ်နေတဲ့အတွက်  ခန္ဓာကိုယ်က အပူတွေ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင့်ကျန်းမာရေးအတွက် အနမ်းတစ်ပွင့်

ချစ်သူရသူတွေ အချင်းချင်းအကြား နှုတ်ခမ်းချင်း နမ်းရှုံ့ပြီး အချစ်တွေ ဖလှယ်ကြတာက ဒီဘက်ခေတ်မှာ ထူးဆန်းလှတဲ့ အပြုအမူတော့မဟုတ်ပါဘူး။ လိင်စိတ်ဆန္ဒကြောင့်ပဲဖြစ်ဖြစ်၊ ချစ်ခင်မြတ်နိုးမှုကို ပြသလိုတဲ့ စိတ်ဆန္ဒကြောင့်ပဲဖြစ်ဖြစ် အနမ်းချင်း ဖလှယ်တတ်ကြပါတယ်။ ဒါပေမယ့် ကျန်းမာဖို့ သင့်ကျန်းမာရေးအတွက် အနမ်းတစ်ပွင့် ပေးပါ လို့ ပြောရင်တော့ အံ့သြသွားကြမယ်မဟုတ်လား။ တကယ်တော့ နမ်းရှုံ့တယ်၊ အကြင်နာပေးတယ်၊ Kissing ပေးတယ်ဆိုတာတွေဟာ အချစ်ကို ကိုယ်စားပြုရုံတင် မဟုတ်ပါဘူး။ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေနဲ့ လူနှစ်ဦးအကြားက ခိုင်မြဲတဲ့ ဆက်ဆံရေးတွေအပေါ်မှာလည်း အကျိုးသက်ရောက်မှုရှိပါတယ်။ သိပ္ပံနည်းကျလေ့လာမှုတွေအရ အနမ်းတစ်ပွင့် ဟာ လူတွေရဲ့ ကျန်းမာရေးကို တိုးတက်စေနိုင်ပါတယ်တဲ့။ ဘယ်လို အကျိုးပြုသလဲ ကြည့်ကြရအောင် … အနမ်းတစ်ပွင့် လိုနေရတဲ့အကြောင်းအရင်း ကိုယ်ခံစွမ်းအားကိုလည်း မြှင့်တင်ပေးနိုင်ပါတယ် နှုတ်ခမ်းချင်း ထိစပ်နမ်းရှုံ့လိုက်တဲ့အခါမျိုးတွေမှာ ဘက်တီးရီးယားတွေ ပါလာနိုင်ပါတယ်။ ဒါကြောင့် နာမကျန်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီအချက်ကြောင့်ပဲ ဘက်တီးရီးယားတွေကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နီးနီးနားနား Camping သွား ဒီအချက်တွေသတိထား

အချိန်များများ မပေးနိုင်ဘူး။ ဒါပေမယ့် အပန်းဖြေ ခရီးလေးတော့ သွားချင်တယ်ဆိုပြီး စိတ်ကူးရလာတော့  ဟိုနားဒီနားမှာ ဘာတွေများ အပန်းဖြေစရာရှိမလဲလို့ စဉ်းစားလာကြပါတယ်။ ဒီတော့ ခေါင်းထဲဝင်လာတာက Camping သွား တာပါ။ သစ်တောလေးတွေနဲ့ အုံ့အုံ့ဆိုင်းဆိုင်း Camp siteလေးတွေက ခရီးဝေးဝေးသွားဖို့ အချိန်မရသူတွေအတွက်တော့ အာသာဖြေစရာ တစ်ခုပါပဲ။ ပိုကောင်းတဲ့အချက်က အချိန် အများကြီးပေးစရာ မလိုဘူး။ နေ့ချင်းပြန်သွားလို့ရတယ်။ သူငယ်ချင်းတွေ၊ မိသားစုတွေ စုပြီး သွားကြတဲ့အခါကျတော့ အနည်းဆုံးတော့ ခရီးသွားသလိုမျိုးလေးတော့ ခံစားရတာပေါ့။ ဒါပေမယ့် ဒီလိုပျော်စရာကောင်းတဲ့ ခရီးစဉ်လေးကြောင့် သင့်ကျန်းမာရေးကို မထိခိုက်ဖို့တော့ လိုပါတယ်။ ဒါကြောင့် Camping သွားတဲ့အခါ ဘယ်လိုကျန်းမာရေး ပြဿနာတွေ ကြုံရနိုင်လဲ။ ဘာတွေ အကာအကွယ်လုပ်သွားမလဲဆိုတာ အကြံပေးချင်ပါတယ်။ Camping သွားမယ်ဆိုရင် Camping သွားမယ်ဆိုရင် အများစုက နေရာကောင်းရဲ့လား၊ ဓာတ်ဖမ်းလို့ လှရဲ့လား၊ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

လူတွေ စိုးရိမ်တတ်ကြတဲ့ လက္ခဏာတိုင်းက အန္တရာယ်ရှိရဲ့လား။

ကျွန်တော်တို့တွေဟာ ကိုယ့်ကျန်းမာရေးနဲ့ ပတ်သက်လာရင် ဘယ်လက္ခဏာကိုမှ လျစ်လျူမရှုသင့်ပါဘူး။ ရောဂါသေးသေးလေးပဲ ဖြစ်နေပါစေ။ သေချာမကုသဘဲ မွေးထားမယ်ဆိုရင် ကြာလာရင် ကျွန်တော်တို့ကို တစ်ချိန်မဟုတ် တစ်ချိန် ဒုက္ခပေးလာမှာပါ။ ဒါဆို ကျွန်တော်တို့က လက္ခဏာတိုင်းကို စိုးရိမ်နေရမှာလား။ ဒီလိုတော့လည်း မဟုတ်သေးပါဘူး။ တချို့လက္ခဏာတွေက အပရိကလို့ ခေါ်တဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ သာမန်လက္ခဏာလေးတွေပါပဲ။ ကျွန်တော်တို့ကို အသက်အန္တရာယ်ဖြစ်လောက်တဲ့အထိ ဒုက္ခမပေးနိုင်ပါဘူး။ ဒါဆိုရင် လက္ခဏာတစ်ခုကို ကျွန်တော်တို့က ဂရုစိုက်ရမှာလား၊ ဒီတိုင်း ကြည့်နေရမှာလား။ ရောဂါကြီးကြီးမားမားလား၊ သာမန်ဝေဒနာ သက်သက်ပဲလား ဘယ်လိုခွဲခြားကြမလဲဆိုတာ ဥပမာလေးတွေနဲ့ ဆွေးနွေးကြည့်ရအောင်။ ကျွန်တော်တို့ ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာများ ရင်ဘတ်အောင့်တာ ကျွန်တော်တို့တွေ ရင်ဘတ်အောင့်ပြီဆိုတာနဲ့ အရင်ဆုံး စတွေးမိတာက နှလုံးရောဂါပါပဲ။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ 'ငါ့မှာ နှလုံးရောဂါများ ရှိနေတာလား'လို့ တွေးလိုက်တတ်ပါတယ်။ တကယ်တော့ လက်တွေ့ဘဝမှာ ရင်ဘတ်အောင့်တဲ့ အကြောင်းရင်းတွေက […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အချစ်ဟိုမုန်းလေး Oxytocin ရဲ့ အံ့အားသင့်ဖွယ် အစွမ်း ၁၀ ခု

Oxytocin ဆိုရင် အတော်များများက အချစ်ဟိုမုန်းလို့ သိကြပါတယ်။ ချစ်ခြင်းမေတ္တာကိုဖြစ်ပေါ်စေပြီး ဆန့်ကျင်ဘက်လိင်အပေါ် ဆွဲဆောင်နိုင်စွမ်းကိုလည်း ဖြစ်ပေါ်စေတဲ့ ဟိုမုန်းတစ်မျိုးပေါ့။ ကျန်းမာရေးပညာရှင်တွေကတော့ Oxytocin ဟာ ကျား/မ မရွေး ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာအပေါ်ပါ ကောင်းကျိုးအထွေထွေသက်ရောက်စေတဲ့ ဟိုမုန်းတစ်မျိုးလို့ ဆိုကြပြန်ပါတယ်။ လူတစ်ယောက်အတွက် အရမ်းကိုအကျိုးပြုတဲ့ ဟိုမုန်းတစ်မျိုးလို့ပဲ ဆိုကြပါစို့။ ဦးနှောက်အတွင်းမှာရှိတဲ့ Hypothalamus ဆိုတဲ့ အစိတ်အပိုင်းကနေ ထွက်ပေါ်လာတဲ့ Oxytocin ဟာ လူ့ရဲ့ ခန္ဓာကိုယ်အပေါ် သက်ရောက်နိုင်စွမ်းကြီးမားတဲ့ ဟိုမုန်းတစ်မျိုးပါ။ သွေးတွင်းထဲကို စီးဝင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးစီကို ပြန့်နှံ့ရောက်ရှိနိုင်တာမို့ တစ်ကိုယ်လုံးကို သက်ရောက်နိုင်တာဖြစ်ပါတယ်။ https://hellosayarwon.com/healthy-mind/healthy-relationships/love-beauty-benefits/ အချစ်ဟိုမုန်းလေး Oxytocin ရဲ့ အံ့အားသင့်ဖွယ် အစွမ်း ၁၀ ခု ဒီလိုအရေးပါလှတဲ့ Oxytocin ဟာ အချစ်စိတ်တစ်မျိုးတည်း လူတွေအပေါ် အကျိုးပြုတာမဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ခံစားချက်အပြင် လူနေမှုဘဝအထိကိုပါ အကျိုးပြုပေးတဲ့အချက်တွေ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သီချင်းနားထောင် ရင်ရမယ့် ကိုယ်စိတ်နှစ်ပါး အကျိုးကျေးဇူးများ

သီချင်းနားထောင် ရတာကို ဝါသနာပါလား၊ ဂီတသံစဉ်တွေကို သဘောကျလား။ ဒါဆိုသင်ဟာ ကျန်းမာတဲ့လူတစ်ယောက်ဖြစ်နိုင်ပါပြီ။ ဂီတသံစဉ်တွေကို နားထောင်တာဟာ သောတအာရုံကို ကြည်နူးချမ်းမြေ့စေရုံသက်သက် မဟုတ်ပါဘူး။ လေ့လာဆန်းစစ်ချက်တွေအရဆိုရင်တော့ တေးသီချင်းနားဆင်မှုဟာ အကြားအာရုံကိုတင်မကပဲ ဦးနှောက်နဲ့ ခန္ဓာကိုယ်တွေကိုပါ အကျိုးရှိစေပါတယ်တဲ့။ တေးသီချင်းတွေကို နားဆင်တဲ့အခါမှာ ဦးနှောက်ကို အကျိုးပြုတဲ့ Dopamine တွေကို ခန္ဓာကိုယ်က ပိုမိုထုတ်လွှတ် ပေးပါတယ်။ အဲဒီ Dopamine တွေဟာ လူ့ရဲ့ စိတ်ကိုရော ခန္ဓာကိုယ်ပါ ရွှင်မြူးစေတဲ့၊ ငြိမ်းချမ်းစေတဲ့ အကျိုးကျေးဇူးကို ရစေပါတယ်။ သာယာငြိမ့်ညောင်းတဲ့ တေးဂီတသံတွေကို ကြာကြာနားဆင်လေလေ ခန္ဓာကိုယ်ငြိမ်းချမ်းမှု ပိုရလေလေလပါတဲ။ Johns Hopkins တက္ကသိုလ်က လေ့လာချက်တွေအရ တေးဂီတလို လူကို တက်ကြွလာစေနိုင်တဲ့ အရာမျိုး သိပ်များများစားစားမရှိလှပါဘူးလို့ဆိုထားပြီး တေးဂီတသံစဉ်တွေကို နားဆင်ခြင်းဖြင့် ဦးနှောက်ကို နုပျိုစေသလို လူကိုလည်း တက်ကြွလန်းဆန်းစေပါတယ်တဲ့။ တကယ်လို့များ ဦးနှောက်ရဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဆေးထိုးရင်နာမှာကြောက်သူတွေ အတွက် နည်းလမ်းလေးတွေ

ဖျားနာ နေမကောင်းလို့ ဆေးထိုးတာပဲ ဖြစ်ဖြစ်၊ ကာကွယ်ဆေးလို ဆေးမျိုး ထိုးနှံတာပဲ ဖြစ်ဖြစ်၊ နာတာရှည်ကျန်းမာရေး အခြေအနေတွေ အတွက် ဆေးဝါး ထိုးနှံနေရတာကြောင့်ပဲ ဖြစ်ဖြစ် ဘယ်လို အခြေအနေမျိုး မှာမဆို ဆေးထိုးရင် များသောအားဖြင့် နာကျင်ခံစားရတတ်ပါတယ်။ ဒီလိုမျိုး ဆေးထိုးရင်နာမှာကြောက်သူတွေ အများကြီးပါ။ ခန္ဓာကိုယ်ထဲကို အပ်ကြီးတစ်ချောင်းလုံး ဝင်သွားတာ မနာပဲ နေမလားနော်။ တချို့တွေဆို နာလို့ အော်ကြတယ်၊ မျက်ရည်ကျကြတာလည်း ရှိတယ်။ အွန်လိုင်းပေါ်မှာ ဆိုရင်လည်း ကလေးတွေကို ကာကွယ်ဆေးထိုးချိန် ငိုနေကြ၊ မဲ့ရွဲ့နေကြတာလေးတွေကို Troll လုပ်ကြတာမျိုးတွေ မကြာခဏ မြင်ရတတ်တယ်။ ဘေးကနေ မြင်ရတာ ရီချင်စရာဆိုပေမယ့် တကယ် ခံစားရတဲ့ သူအတွက်တော့ မသက်သာလှပါဘူး။ ဒါကြောင့်လည်း တချို့တွေက ဆေးထိုးရမှာ သိပ်ကြောက်တတ်ကြပါတယ်။ ဆေးထိုးရင်နာမှာကြောက်သူတွေ ဟာ အဓိကအားဖြင့်တော့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း