အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ငလျင်အတွက် အကူအညီများ ရယူရန်

ငလျင်ဆိုင်ရာ သတင်းထုတ်ပြန်ချက်နှင့် သတိပေးချက်များ Mind- Mentoring New Dimensions >> ဖျက်အားပြင်းငလျင်လှုပ်ချိန် ဘာတွေလုပ်ဆောင်သင့်သလဲ..။ https://www.facebook.com/share/14y3krU3DT/?mibextid=wwXIfr Project i >> Red Crosss Guideline အရ ငလျင် မလှုပ်ခင်၊ လှုပ်နေစဉ်နှင့် လှုပ်ပြီး ချိန် များတွင် နေထိုင်ရန် ညွှန်ကြားချက် https://m.facebook.com/story.php?story_fbid=122147447084487413&id=61564622411439&mibextid=wwXIfr My earthquake alert application >> https://www.facebook.com/share/1HWvdy4HRt/?mibextid=wwXIfr ငလျင်လှုပ်ခတ်မှုအတွက် အသိပေးချက်များ စစ်ဆေးနိုင်ရန်် Free အက်ပ် ၅ ခု https://www.facebook.com/share/p/1HczuCdCQT/?mibextid=wwXIfr ငလျင်ပြီးနောက် Afterquake နှင့် လုပ်ထားသင့်သည့် အရေးကြီး ပြင်ဆင်မှုများ https://www.facebook.com/share/p/155N2a8UmV/?mibextid=wwXIfr mental heal >> ငလျင်ဒဏ်နောက်ဆက်တွဲကာကွယ်ရေးအချက်အလက်များ မျှဝေခြင်း https://www.facebook.com/share/p/1NRoRqx8Ao/?mibextid=wwXIfr Dr Yadanar >> ငလျင် လှုပ်ပြီးနောက် ခေါင်းမူး ဝေဒနာ ခံစားနေရလျှင် https://www.facebook.com/share/p/19AAEDqyVm/?mibextid=wwXIfr […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ထိုင်းမှိုင်း မှုတွေကို မောင်းထုတ်ကြရအောင်

ထိုင်းမှိုင်း နေရင် အလုပ်တွေ လုပ်ရတာ ပုံမှန်ထက် ပိုကြာနေသလို အချို့သော အရာတွေကို အလွယ်တကူ နားမလည်တာမျိုး ခံစားရနိုင်ပါတယ်။ အိပ်ချင်နေတာ လိုလို ခေါင်းထဲ နောက်ကျိကျိ ဖြစ်နေတာ လိုလို တစ်ခုခု လိုနေသလို ဘာရယ်လို့ ရေရေရာရာ မသိရတဲ့ ခံစားရမှုကြီးက အတော်လေး နေရထိုင်ရ မသက်မသာ ဖြစ်စေတာပါ။ဒီလို ဖြစ်နေတဲ့အခါ ထိုင်းမှိုင်းမှုတွေကို အဝေးကို မောင်းထုတ်ချင်ပေမယ့် ဘယ်လို လုပ်လို့ လုပ်ရမှန်း မသိဘူး ဖြစ်နေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပြီး ထိုင်းမှိုင်းမှုတွေကို မောင်းထုတ်လိုက်ကြရအောင် လား။ ထိုင်းမှိုင်း မှုတွေကို မောင်းထုတ်ကြရအောင် လုပ်ဆောင်နိုင်စွမ်းတွေကို ကျဆင်းစေတဲ့ ထိုင်းမှိုင်းမှုကြီးကို ဒီနည်းလမ်းလေးတွေ သုံးပြီး မောင်းထုတ်လိုက်ရအောင်လား ........ ရေချိုး လိုက်ပါ ထိုင်းထိုင်းမှိုင်းမှိုင်း ခံစားနေရပြီဆိုရင် မြန်နိုင်သမျှ မြန်မြန် ရေချိုးလိုက်ပါ။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဘိုထိုင် အိမ်သာ လား၊ မြန်မာထိုင်လား။

အိမ်ဆောက်ပြီးလို့ အိမ်သာ ရွေးရင်ပဲ ဖြစ်ဖြစ်၊ အပြင်သွားလို့ အိမ်သာသွားချင်ရင်ပဲ ဖြစ်ဖြစ် ဘိုထိုင်လား မြန်မာထိုင်လားဆိုလား ကြည့်ရပါတယ်။ တချို့ကလည်း ဘိုထိုင်အိမ်သာက သက်သောင့်သက်သာသွားရတယ်။ မြန်မာထိုင်က ညောင်းတယ်ပေါ့။ တချို့ကျလည်း သူများထိုင်ပြီးသားကြီး မထိုင်ချင်ပါဘူး။ မြန်မာထိုင်ဆို ဘာနဲ့မှထိစရာ မလိုပါဘူး စသဖြင့်ပေါ့။ ဒီအိမ်သာနှစ်မျိုးလုံးမှာကတော့ သူ့ဟာနဲ့သူ ကောင်းကျိုး ဆိုးကျိုးလေးတွေ ရှိပါတယ်။ ဘိုထိုင် အိမ်သာ ကောင်းကျိုး သန့်ရှင်းရေး လုပ်ရလွယ်ပါတယ်။ ကိစ္စပြီးတဲ့အခါ နောက်ကနေ ရေဆွဲချလိုက်ရုံပါပဲ။ ဒူးနာသက်သာပါတယ်။ အထူးသဖြင့် အဝလွန်တဲ့သူတွေ၊ အသက်ကြီးတဲ့သူတွေကျ ဆောင့်ကြောင့်ထိုင်ဖို့ ခက်ပါတယ်။ သူတို့အတွက် အဆင်ပြေပါတယ်။ ချော်လဲမှာ မစိုးရိမ်ရပါဘူး။ မြန်မာထိုင်က အကြာကြီး ဆောင့်ကြောင့်ထိုင်ပြီး ပြန်အထမှာ မူးတာ၊ ခြေမခိုင်ဘဲ ချော်လဲတာ ဖြစ်တတ်ပါတယ်။ ဘိုထိုင်အိမ်သာက သာမန်ကုလားထိုင်ကနေ ထသလို ဖြစ်တဲ့အတွက် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အဝတ်အစားတွေ ဆီစွန်း သွားရင်

အဝတ်အစားတွေမှာ ဆီစွန်း သွားတာက အဝတ်အစားတွေကို ပျက်စီးစေတာ တစ်မျိုးပါပဲ။ စားတဲ့ဆီ ဒါမှမဟုတ် စက်ဆီတွေ အဝတ်အစားကို စွန်းသွားလို့ ဘယ်လို လုပ်ရမလဲဆိုပြီး စိတ်ညစ်နေပြီလား။ ဒါဆိုရင်တော့ အကြိုက်ဆုံး အဝတ်အစားလေးတွေ ဆီစွန်းသွားတဲ့အခါ ပျက်စီးမှုတွေ မဖြစ်စေဖို့ စွန်းသွားတဲ့ ဆီတွေကို ဘယ်လို ချွတ်ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ အဝတ်အစားတွေ ဆီစွန်း သွားရင် အဝတ်အစားတွေ ဆီစွန်း သွားရင် အရင်ဆုံး လုပ်မိတာက တစ်သျှူးစ ဒါမှမဟုတ် အဝတ်စကို ယူပြီး သုတ်လိုက်တာဟုတ်။ ဒါက အဆီတွေကို စုပ်ယူပေးနိုင်တယ်ဆိုပေမယ့် ကုန်စင်အောင်တော့ မဟုတ်ပါဘူး။ အဝတ်အစားမှာ စွန်းသွားတဲ့ အဆီတွေကို အကုန်လုံးဖယ်ရှားနိုင်ဖို့ဆိုရင် ဒီမည်းလေးတွေက အသုံးတည့်မှာပါ။ သနပ်ခါး သနပ်ခါးကတော့ မြန်မာနိုင်ငံက အိမ်တိုင်းလိုလိုမှာ ရှိတဲ့အရာပါ။ အဝတ်အစားတွေမှာ ဟင်းဆီတွေ၊ စက်ဆီတွေ စွန်းသွားတဲ့အခါ အရင်ဆုံး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ညတစ်ရေးနိုး ရေသောက်တာက ကျန်းမာရေးကို ထိခိုက်စေသလား........

ညဦးကတော့ အိပ်ရင်း ဆီးသွားချင်မှာ စိုးလို့ ရေသိပ်မသောက်ဘဲ အိပ်လိုက်တယ်။ ညတစ်ရေးနိုး လာတော့ အာခေါင်တွေက ခြောက်ပြီး ရေတအား ငတ်လာလို့ ရေတွေ တဝ သောက်လိုက်မိတယ်။ ရေသောက်လိုက်မှပဲ ကောင်းကောင်း အိပ်ပျော်သွားတော့တယ်။ ဒီလိုမျိုး တစ်ကြိမ်၊ နှစ်ကြိမ် လုပ်မိစဉ်က ဘာရယ်လို့ မတွေးမိပေမယ့် ရက်တွေ ဆက်တိုက်လို ဖြစ်လာတဲ့အခါကျတော့ ခေါင်းထဲမှာ တွေးမိလာတာက ဒီလိုမျိုး ညတစ်ရေးနိုး ရေသောက်တာက ကောင်းရဲ့လား။ ကျောက်ကပ်တွေ ဘာတွေများ ထိခိုက်မလား။ အခြားရော ဘယ်လိုတွေ ထိခိုက်နိုင်သေးလဲဆိုပြီး စိတ်ပူနေတဲ့သူလေးတွေများ ရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ညတစ်ရေးနိုး ရေသောက်တာက ကျန်းမာရေးကို ထိခိုက်စေသလား........ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းမွန်စွာ လုပ်ဆောင်နိုင်စေဖို့အတွက် နေ့စဉ် ရေကို ပြည့်ပြည့်ဝဝ သောက်ဖို့ လိုပါမယ်။ တစ်နေ့လုံးရော အိပ်စက်နေစဉ်မှာပါ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဘာတွေကများ အိမ်တွင်းလေထု ကို ညစ်ညမ်းစေတာလဲ………

လေထု ညစ်ညမ်းတာက ပြင်ပ ပတ်ဝန်းကျင်မှာပဲ ဖြစ်တာ မဟုတ်ပါဘူး။ နေအိမ်ထဲမှာလည်း ဖြစ်ပါတယ်။ အများစုက လေထုညစ်ညမ်းတယ်လို့ ပြောလိုက်ရင် ပြင်ပ ပတ်ဝန်းကျင်မှာပဲဖြစ်တာပါ။ အိမ်ထဲအထိတော့ မဖြစ်ပါဘူးလို့ တွေးမိတတ်ကြပါတယ်။ တကယ်ကတော့ လေထုညစ်ညမ်းမှုက နေရာတိုင်းလိုလိုမှာ ဖြစ်နိုင်ပါတယ်။ အိမ်တွင်းလေထု ကလည်း  ညစ်ညမ်းနိုင်ပါတယ်။ လေထုညစ်ညမ်းတာက လူသားတွေနဲ့ သက်ရှိတွေရဲ့ သက်တမ်းကို တိုစေပြီး ရောဂါတွေကို ခံစားရစေနိုင်ပါတယ်။ လေထုညစ်ညမ်းတာက အရှေ့တောင်အာရှဒေသမှာ တတိယအကြီးဆုံး အသက်တိုစေတဲ့ အကြောင်းအရင်းပါ။ အဓိကကတော့ ပတ်ဝန်းကျင် လေထုညစ်ညမ်းလို့ မဟုတ်ဘဲ နေအိမ်ထဲမှာတင် လေထုညစ်ညမ်းနေတာကြောင့်လို့ စစ်တမ်းတွေအရ သိရပါတယ်။ ဒါဆို မေးစရာရှိလာနိုင်တာက လေထုကို အဓိက ညစ်ညမ်းစေတာက စက်တပ်ယာဉ်တွေနဲ့ စက်ရုံတွေကြောင့် မဟုတ်ဘူးလားလို့ပေါ့။ တကယ်ကတော့ အိမ်ထဲမှာလည်း လေထုညစ်ညမ်းစေတဲ့အရာတွေ ရှိနေပါတယ်။ ဒါတွေက ဘာတွေများလဲ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အရေးပေါ်ကာလမှာ ကျန်းမာရေး အတွက် ဒါတွေ ပြင်ထားပါ။

မုန်တိုင်းတိုက်တာကစလို့ ရေကြီးတာ၊ ငလျင်လှုပ်တာ၊ နောက်ဆုံး စစ်ပွဲတွေ ဖြစ်တာအထိ အစုလိုက် အပြုံလိုက် ဒုက္ခရောက်ကြတဲ့အချိန်မှာ ကျန်းမာရေး ကို ဘယ်လိုဆက်ပြီး စောင့်ရှောက်မလဲဆိုတာက အရေးကြီးလာပါပြီ။ အထူးသဖြင့် ရောဂါအခံရှိတဲ့သူတွေ၊ ဆေးစွဲသောက်နေရတဲ့သူတွေဆို ပိုပြီး အရေးကြီးပါတယ်။ အရေးပေါ်ကာလဟာ ဘယ်လောက်ထိ ကြာမလဲ မသိနိုင်တဲ့အတွက် မိမိကျန်းမာရေးအတွက် ဒါတွေကို ကြိုတင်ပြင်ဆင်ထားပါ။ အရေးပေါ်ကာလမှာ ကျန်းမာရေး အတွက် ဒါတွေ ပြင်ထားပါ။ ဆေးရုံဆေးခန်း ရက်ချိန်းတွေ ပြန်ညှိပါ။ တတ်နိုင်သမျှ အပြင်မထွက်ရအောင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ရက်ချိန်းတွေကို ခပ်ခွာခွာ ချိန်းပါ။ နယ်ကနေ မြို့ပေါ်တက်ပြတဲ့ လူနာတွေ နယ်မှာပဲ ဆက်ပြလို့ အဆင်ပြေမပြေ ဆရာဝန်နဲ့ တိုင်ပင်ပါ။ လူကိုယ်တိုင် ထွက်ရမယ့်အစား ဆရာဝန်နဲ့ အွန်လိုင်းကနေ ပြသနိုင်အောင် ပြင်ဆင်ပါ။ ဆေးရုံဆေးခန်း ဖုန်းနံပါတ်တွေ၊ အရေးပေါ်ဌာနတွေ၊ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်ရင် ဘာတွေ အကျိုးရှိနိုင်မလဲဆိုတာ ပြောပြချင်ပါတယ်။ လုပ်နေကျ အလုပ်တွေကို လုပ်ဖို့တောင် ခက်ခဲလာပြီ။ နာရီဝက်လောက်နဲ့ ပြီးရမယ့် အလုပ်ကို ၁ နာရီ ကျော်ကြာတဲ့အထိတောင် မပြီးသေးဘူး ဖြစ်နေပြီ။ ခေါင်းထဲမှာလည်း မကြည်ဘူး။ ဖတ်တဲ့စာတွေကိုလည်း သေချာ နားမလည်တော့ဘူး။ ပြောနေတဲ့ စကားတွေကို နားလည်ဖို့ မနည်း နားထောင်နေရပြီဆိုရင် သေချာတာ ပင်ပန်းနေလို့ ခန္ဓာကိုယ်က အနားတောင်းနေတာပါ။ ဒီအချိန်မှာ လုပ်ရမယ့် အကောင်းဆုံး နည်းလမ်းကတော့ ဘာကိုမှ မတွေးဘဲ အိပ်လိုက်တာပါ။ ပင်ပန်းလာရင် အိပ်သာအိပ်လိုက်ပါ။ ပင်ပန်းလာရင် အိပ်သာအိပ်လိုက်ပါ လို့ ပြောရတာက အိပ်စက်မှုက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုရော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ အကောင်းဆုံး အားဖြည့်နိုင်လို့ပါ။ ပြည့်ဝတဲ့ အိပ်စက်မှုက တီထွင်ဖန်တီးနိုင်စွမ်း ကောင်းစေတယ် ပြည့်ဝတဲ့ အိပ်စက်မှုက ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။ […]


အခြေခံကျန်းမာရေး

New Year’s goals တွေ ပျက်စီးသွားပြီလား၊ စိတ်မပူပါနဲ့

နှစ်သစ်ကူးမှာ ချမှတ်ထားတဲ့ New Year’s goals လို့ခေါ်တဲ့ နှစ်သစ်ကူးရည်မှန်းချက် ဆိုတာမျိုးက ပျက်ယွင်းလွယ်တဲ့ ရည်မှန်းချက်မျိုးပါ။ ပျက်ယွင်းအလွယ်ဆုံးလို့တောင် ဆိုလို့ရပါတယ်။ အကြောင်းပြချက် အမျိုးမျိုးကြောင့် New Year’s goals တွေ ပျက်ယွင်းသွားတတ်ပြီးတော့ များသောအားဖြင့်တော့ ကိုယ်တိုင်လိုက်နာရခက်ခဲပြီး လက်တွေ့မကျတဲ့ ရည်မှန်းချက်တွေ ဖြစ်နေတတ်တာကြောင့်ပါပဲ။ ဒါပေမယ့် လက်တွေ့ကျနေလျက်နဲ့ အကောင်အထည်ပေါ်မလာတာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။ ခုလို ကပ်ဘေးကာလနဲ့ ကြုံတွေ့နေရတာမျိုး၊ တိုင်းရေးပြည်ရေး အကျပ်အတည်းတွေကြောင့် ရည်မှန်းချက်တွေ အကောင်အထည်ဖော်ဖို့ ခက်ခဲသွားတာမျိုး၊ ကျန်းမာရေး ပြဿနာတွေ ရင်ဆိုင်ရတာမျိုးကြောင့် မျှော်လင့်ထားသလို မလုပ်ဆောင်နိုင်တော့တာမျိုးတွေလည်း ဖြစ်တတ်တယ်လေ။ နှစ်သစ်ရည်မှန်းချက်တွေ အကောင်အထည်ပေါ်မလာလို့ စိတ်ပျက်မနေပါနဲ့။ ဒီရည်မှန်းချက်တွေကို ပြန်ပြီးအဖတ်ဆည်နိုင်စေမယ့် နည်းလမ်းတွေ ရှိထားပြီးသားပါ။ ကိုယ့်ရဲ့ နှစ်သစ်ကူးရည်မှန်းချက်တွေကို ပိုပြီးလက်ရှိအခြေအနေနဲ့ ကိုက်ညီအောင် ဖန်တီးပြုပြင်ယူနိုင်မယ်ဆိုရင် နှစ်သစ်ကူး ရည်မှန်းချက် တွေ လုံးဝပျက်ယွင်းသွားတာမျိုးမဟုတ်ပဲ ပြန်ပြီး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အကျပ်အတည်းကာလဆိုပြီး ပိုသောက်မိနေပြီလား

ကိုယ်လက်ရှိရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေ၊ ကပ်ဘေးတွေကြောင့် စိတ်တွေညစ်လိုက်တာ၊ စိတ်တွေပင်ပန်းလိုက်တာဆိုပြီး နေ့စဉ်ရက်ဆက် ပိုသောက်မိနေပြီလား။ စိတ်ပင်ပန်းမှုကို ယမကာလေးနဲ့ ဖြေဖျောက်ချင်တတ်ကြတာ သဘာဝမဟုတ်လား။ နိုင်ငံတကာ လေ့လာချက်တွေအရလည်း ခုလို ကိုဗစ်ကပ်ဘေးအပါအဝင် အကျပ်အတည်းပေါင်း သောင်းခြောက်ထောင် ရင်ဆိုင်နေရတဲ့ကာလမှာ လူအများစုရဲ့ အရက်သေစာမှီဝဲနှုန်းဟာ ပုံမှန်ထက်ပိုမို မြင့်တက်လာနေတယ်လို့ ဆိုပါတယ်။ အကျပ်အတည်းကာလမှာ အလုပ်လက်မဲ့ဖြစ်သွားလို့၊ ဝင်ငွေထိခိုက်သွားလို့၊ ချစ်ခင်ရသူတွေ ဆုံးရှုံးသွားလို့ စတဲ့ အကြောင်းပြချက်အမျိုးမျိုးနဲ့ အရွယ်ရောက်ပြီး အမျိုးသားတွေရဲ့ အရက်သေစာမှီဝဲနှုန်းဟာ ယခင်ကထက်ပိုပြီး မြင့်တက်လာနေတာပါ။ https://hellosayarwon.com/health/general-health-knowledge/mixing-alcohol-with-soft-drinks/ ပိုသောက်မိနေပြီလား ကိုဗစ်ကြောင့် Lockdown ကာလတွေ စတင်ချိန်ကတည်းက အိမ်ထောင်ဦးစီးအမျိုးသားတွေဟာ သူတို့ရဲ့ စိတ်ပင်ပန်းနေမှုတွေ၊ စိတ်ဖိစီးမှုတွေကို လျှော့ချဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ အရက်ကို ပိုမှီဝဲလာကြပါတယ်။ အများစုဟာ နေ့စဉ်ရက်ဆက် သောက်သုံးလာကြတယ်လို့ အရီဇိုးနားတက္ကသိုလ်က ပြုလုပ်တဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ အထူးသဖြင့် အသက်လတ်ပိုင်းအရွယ် အမျိုးသားတွေမှာ အရက်သောက်သုံးမှုနှုန်း ပိုမိုမြင့်တက်လာနေပြီး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နေပူထဲမှာ အနေကြာပြီး ဖျားတဲ့အခါ

တစ်နေကုန် နေပူထဲ သွားပြီး ပြန်လာမယ်။ ညရောက်တော့ ချမ်းတုန်ပြီး အဖျားတွေ တက်ပါရော။ စိတ်ထဲမှာ အပူလျှပ်တယ်လို့ ထင်ပေမယ့် တကယ်အပူလျှပ်တယ်ဆိုရင် အပူချိန် ၁၀၃ ဒီဂရီဖာရင်ဟိုက်လောက်ရှိပြီး လူက ချွေးမထွက်ဘဲ ပူခြစ်နေတာမျိုးပါ။ ဒါဆိုရင် နေပူထဲမှာ သွားတာကြာရင် သာမန်အဖျားလိုပဲ ဖျားတတ်တာလား။ မဖျားအောင် ဘယ်လို လုပ်ရမလဲဆိုတာပါပဲ။ နေပူထဲမှာ အနေကြာရင် ဘာကြောင့် ဖျားတတ်တာလဲ။ နေပူထဲကို အကာအကွယ်မပါဘဲ ဒါမှမဟုတ် အကာအကွယ်မလုံလောက်ဘဲ ထွက်တဲ့အခါ နေလောင်ပါတယ်။ နေလောင်တဲ့အခါ ဆဲလ်တွေပျက်စီးပါတယ်။ ဒါကြောင့် နေပူထဲသွားပြီး ပြန်လာရင် အသားတွေနီပြီး နာနေတာပါ။ ဒါက အရေပြားတွေ ဆဲလ်တွေ ပျက်စီးပြီး ရောင်ရမ်းတာကြောင့်ပါ။ ဒါက အရေပြားလေးပဲ ကွက်ပြီး ရောင်တာပါ။ တကယ်လို့ တစ်ကိုယ်လုံးသာ နေလောင်ခံရမယ်ဆိုရင် တစ်ကိုယ်လုံးက ဆဲလ်တွေ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း