အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

မိုးရာသီမှာ ခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ

နွေရာသီလိုမျိုး ပူပြင်းတာလည်းမရှိ၊ ဆောင်းတွင်းလိုမျိုး ခရီးသွားတွေ ပြည့်ကျပ်နေတာမျိုးလည်း မရှိတဲ့အတွက် မိုးရာသီမှာ ခရီးသွားရတာ အင်မတန် စိတ်အေးချမ်းရပါတယ်။ ဒါပေမဲ့လည်း မိုး‌ရေတစိုစိုနဲ့ ခရီးသွားရတာ ဖြစ်တဲ့အပြင် ရောဂါပိုးတွေလည်း များတဲ့ရာသီဆိုတော့ မိုးရာသီမှာ ခရီးသွားတဲ့အခါ ဂရုစိုက်ရမယ့် အချက်လေးတွေ ရှိပါတယ်။ မိုးရာသီမှာ ခရီးသွားတဲ့အခါ ဒီလိုကျန်းမာရေးပြဿနာတွေကို မျှော်လင့်ထားပါ မိုးရာသီမှာခရီးသွားတဲ့အခါ ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်မှ တော်ကာကျမှာပါ။ မဟုတ်ရင် ခုလို ကျန်းမာရေးပြဿနာတွေ ကြုံရမှာ ဖြစ်ပါတယ်။ ရာသီတုပ်ကွေး ဝမ်းပျက်ဝမ်းလျှော အရေပြားပြဿနာ ထိခိုက်ရှနာ အင်းဆက်နဲ့ ပိုးကောင်တွေ ကိုက်တာ စတာတွေပဲ ဖြစ်ပါတယ်။ မိုးရာသီမှာခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ မိုးရာသီမှာ ခရီးသွားတဲ့အခါ ကျန်းမာရေးမထိခိုက်ဘဲ ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်လေး ဖြစ်ဖို့ဆိုရင် လိုအပ်တဲ့ ဆေးဝါးတွေ ဆောင်ထားပါ သာမန်ဖျားနာကိုက်ခဲအတွက်ကစလို့ ထိခိုက်ရှနာအတွက် လိမ်းဆေးတွေ၊ ပုံမှန်သောက်နေကျ ဆေးဝါးတွေ အကုန်လုံးကို […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာရေး အာမခံ

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အသားငါးတွေကိုရေခဲသေတ္တာထဲ ဘယ်လိုသိမ်းထားသင့်လဲ။ ဘယ်လောက်ခံလဲ ။



အခြေခံကျန်းမာရေး

ဘယ်အချိန်မှာ ပေါင်ချိန်တာ အမှန်ဆုံးဖြစ်မလဲ

ဘော်ဒီရှိတ်လေးလှအောင် ဝိတ်ချကြတာတော့ဟုတ်ပါပြီ။ ကိုယ်အလေးချိန် ဘယ်နှပေါင်ရှိလဲ သေချာရောသိကြရဲ့လား။ ပေါင်ချိန်စက်ပေါ် တက်လိုက်တိုင်း ဝိတ်ကတက်လိုက်ကျလိုက်နဲ့ဖြစ်ဖူးလား။ ဟယ် ငါဘယ်နှပေါင်ကျသွားပြီဆိုပြီးပျော်ပျော်ကြီးထပ်စား၊ ပိုဝ။ ဘာမှလည်းမစားရဘဲ ဘယ်နှပေါင်တက်သွားပြီဆိုပြီး ဆိုက်ကိုတွေဖောက်၊ အငတ်တွေခံ။ ဒီနှစ်မျိုးလုံးဖြစ်ကြရတာပေါင်ချိန်တဲ့နည်းနဲ့ အချိန်အခါ မှားနေလို့ပါ။ ပေါင်ချိန်စက်ပေါ်တက်လိုက်တိုင်း ကိုယ်အလေးချိန်အစစ်အမှန်မထွက်လာပါဘူး။ ဘယ်အချိန်မှာပေါင်ချိန်သင့်လဲဆိုတာ ဒီတိုင်းမပြောတော့ဘူး၊ဆောင်းပါးတစ်ခုလုံးဖတ်ပြီးတဲ့အခါ သိလာပါလိမ့်မယ်။ ကိုယ်အလေးချိန်အပေါ် သက်ရောက်နိုင်တဲ့ အချက် (၁၀) ခု (၁) ပေါင်ချိန်စက်အမျိုးအစား ဆေးခန်းကပေါင်ချိန်စက်လား၊ အိမ်မှာဝယ်ထားတဲ့ပေါင်ချိန်စက်လား၊ လမ်းမှာ ဝင်ချိန်ခဲ့တာလား၊ ဂျင်မ်မှာ ချိန်တာလား အမျိုးစုံရှိနိုင်ပါတယ်။ပေါင်ချိန်စက်တွေက အမျိုးအစား၊ အမှတ်တံဆိပ်၊ ထုတ်လုပ်တဲ့နိုင်ငံနဲ့ အရည်အသွေးတွေ အမျိုးမျိုးကွာခြားတာမို့ ကိုယ်သုံးနေတာက တကယ်မှန်တဲ့ပေါင်ချိန်စက်ဖြစ်ဖို့လိုပါတယ်။ ပြောရရင် ဒစ်ဂျစ်တယ်တွေက ပိုမှန်လေ့ရှိတယ်။ (၂) အချိန် မနက်ခင်းအချိန်က ကိုယ်အလေးချိန်ကိုအတိကျဆုံးတိုင်းတာဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာ အိပ်ရေးဝထားတယ်၊ ဘာမှ မစားထား၊ မသောက်ထားသေးဘူးလေ။ တခြားအချိန်တွေလည်းရပေမယ့် အစားစားထားရင်တော့ ကိုယ်အလေးချိန်က တက်နေမှာပဲဆိုတာ […]


ကျန်းမာရေး အာမခံ

အာမခံအကြောင်း ဘာတွေသိထားဖို့လိုမလဲ

အာမခံဆိုတာဘာလဲ...... အာမခံဆိုတာက နှစ်ဦးနှစ်ဖက်ကြားမှာ ထားရှိထားတဲ့ စာချုပ်စာတမ်းဆိုင်ရာသဘောတူညီချက်တစ်ရပ်ပါ။ အာမခံကုမ္ပဏီနဲ့ လူပုဂ္ဂိုလ်တစ်ဦးတို့ကြား ဒါမှမဟုတ် အာမခံကုမ္ပဏီနဲ့ လုပ်ငန်းအဖွဲ့အစည်းတစ်ခုခုကြားမှာထားရှိတဲ့ ပဋိညာဉ်သဘောတူညီချက်ပေါ့။ အာမခံထားတဲ့သူဘက်မှာ ထိခိုက်မှုဆုံးရှုံးမှု တစ်စုံတရာဖြစ်လာမယ်ဆိုရင် စာချုပ်မှာပါတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ သတ်မှတ်ထားတဲ့ ပေးလျော်ရမယ့် ငွေကြေးပမာဏကို အာမခံကုမ္ပဏီဘက်ကထုတ်ပေးမှာပါ။ ဒီလိုထုတ်ပေးဖို့အတွက် အာမခံထားတဲ့သူဘက်က လစဉ်အာမခံကြေးပေးသွင်းရမှာဖြစ်ပါတယ်။ ပရီမီယံကြေးသွင်းတယ်လို့လည်း သိကြပါတယ်။ အာမခံအမျိုးအစား ဘယ်နှစ်မျိုးရှိတာလဲ...... အကြမ်းဖျင်းကတော့ အာမခံအမျိုးအစားက ၂ မျိုးပဲရှိတာပါ။ ဒါကတော့ အသက်အာမခံ နဲ့ အထွေထွေအာမခံဆိုပြီးတော့ပေါ့။ အသက်အာမခံဆိုတာက……. အသက်အန္တရာယ်ထိခိုက်လာနိုင်တဲ့ အခြေအနေတစ်ရပ်ရပ်အတွက် ထားရှိတဲ့အာမခံ အမျိုးအစားပါ။ အာမခံထားသူ သေဆုံးချိန်မှာ အာမခံကုမ္ပဏီက ကျန်ရစ်ခဲ့တဲ့ မိသားစုကို အာမခံကြေးထုတ်ပေးမှာဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူတိုင်း အသက်အာမခံထားနိုင်ပြီး အာမခံကြေးထုတ်ပေးတဲ့မူဝါဒအရ အသက်အာမခံကို တစ်လုံးတစ်ခဲတည်းထုတ်ပေးနိုင်သလို နှစ်စဉ်ကြေးအနေနဲ့ ထုတ်ပေးတာမျိုးလည်းရှိပါတယ်။ Whole life Assurance(တစ်သက်တာ အသက်အာမခံ) - ဒီအာမခံအမျိုးအစားက တစ်သက်လုံးစာထားရှိတဲ့ အာမခံအမျိုးအစားပါ။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သုက်ရည်မျိုချခြင်းနဲ့ ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ

သုက်ရည်မျိုချခြင်းအကြောင်း မပြောခင် အရင်ဆုံး သုက်ရည်ရဲ့ ဖွဲ့စည်းပုံအကြောင်းကို ပြောပြပေးချင်ပါတယ်။ သုက်ရည် (Semen) မှာ သုက်ပိုးကောင် (Sperm) နဲ့ အရည် (Seminal Plasma) တို့ ပါဝင်ပါတယ်။ သုက်ရည်မှာ ပါဝင်တဲ့ သုက်ပိုးကောင်တွေဟာ မျိုးပွားစနစ်အတွက် မရှိမဖြစ်အရေးပါပြီး ပဋိသန္ဓေတည်ခြင်း ဖြစ်စေပါတယ်။ သုက်ရည်ရဲ့ ၈၀ရာခိုင်နှုန်းကတော့ ရေဖြစ်ပြီး ကျန်တဲ့ ၂၀ရာခိုင်နှုန်းက သုက်ပိုးကောင်တွေ၊ အာဟာရဓါတ်အနည်းငယ် ပါဝင်ပါတယ်။ သုက်ရည်မျိုချရင် အန္တရာယ်ရှိနိုင်လား။ ကိုယ့်မှာ ဘာရောဂါမှမရှိဘူးဆိုရင်တော့ သုက်ရည်မျိုချလို့ ဖြစ်စေနိုင်တဲ့ ဆိုးကျိုးတွေ မရှိပါဘူး။ အလွန်ရှားပါးသောအခြေအနေမှာ သုက်ရည်နဲ့ ဓါတ်မတည့်တဲ့သူတွေ သုက်ရည်မျိုချမိရင်တော့ ဓါတ်မတည့်လက္ခဏာတချို့ ပြနိုင်ပါတယ်။ လူတွေပြောသလို သုက်ရည်မှာ ပရိုတင်းဓါတ်ကြွယ်ဝတယ်ဆိုတာ တကယ်လား။ သုက်ရည်မှာ ပရိုတင်းဓါတ်ပါဝင်တယ်ဆိုပေမယ့် ခန္ဓါကိုယ်အတွက် အကျိုးပြုရလောက်တဲ့ ပမာဏလောက် ရှိတာတော့ မဟုတ်ပါဘူး။ အမျိုးသားတစ်ယောက် စွန့်ထုတ်တဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဇီဝကမ္မဖြစ်စဉ်ဆိုတာ ဘာလဲ ။ ။

ဇီဝကမ္မဖြစ်စဉ်ဆိုတာ ကိုယ်ခန္ဓါတွင်းပိုင်းမှာ ဖြစ်ပျက်နေတဲ့ ဖြစ်စဉ်တစ်ုခဆိုပြီး ရှင်းရှင်းလေးသာ သိထားခဲ့ကြပေမယ့ိ ခုနောက်ပိုင်းမှာတော့ ဇီဝကမ္မဖြစ်စဉ် ကို ကိုယ်အလေးချိန် လျှော့ချတဲ့နေရာနဲ့ တွဲပြီး သိလာကြပါပြီ။ တစ်ချို့ပြောတာမျိုးတွေ ကြားဖူးမှာပါ။ ဇီဝကမ္မဖြစ်စဉ်နှေးလို့ ဝိတ်မချလို့ မရဘူးဆိုတာတွေပေါ့။ တကယ်တော့ အစားအသောက်နဲ့ လေ့ကျင့်ခန်းက ကိုယ်အလေးချိန် လျှော့ချတဲ့နေရာမှာ အဓိက ၂ ခုဖြစ်ပေမယ့် ဇီဝကမ္မဖြစ်စဉ် ကိုလည်း ချန်ထားခဲ့လို့မရသေးပါဘူး။ ဒီတော့ ဇီဝကမ္မဖြစ်စဉ်ဆိုတာ ဘာလဲ။ ဇီဝကမ္မဖြစ်စဉ်ဆိုတာ စားလိုက်တဲ့ အစားအသောက်တွေ၊ ကယ်လိုရီ တွေကို ဖြိုခွဲပြီး ကိုယ်ခန္ဓါအတွက် လိုအပ်တဲ့စွမ်းအင်ထုတ်ပေးတဲ့ ဖြစ်စဉ်ကိုပြောတာပါ။ ဒီ ဖြစ်စဉ်ကြီးဟာ လူသားတွေမှာတင်ရှိတာမဟုတ်ပါဘူး။ လှုပ်ရှားသွားလာနေတဲ့ သတ္တဝါတိုင်းမှာ ရှိပါတယ်။ ဇီဝကမ္မဖြစ်စဉ်အပေါ်ဘာတွေက သက်ရောက်မှုရှိလဲ ။ ။ တစ်ချို့ဆေးတွေ ကြောင့် သင့်ဇီဝကမ္မဖြစ်စဉ် နှေးသွားနိုင်သလို အရမ်းကြီးမြန်သွားတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ တစ်နေ့တာမှာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မိုးရာသီမှာ လိုက်နာရမယ့် အခြေခံကျန်းမာရေး ဂရုစိုက်မှု

ရာသီတိုင်းမှာ အရေးအကြီးဆုံးက ကျန်းမာနေဖို့ဆိုရင် လက်ခံလား။ မိုးရာသီ က ဘယ်လောက် ကဗျာဆန်ဆန် နေထိုင်မကောင်းရင် ပျော်စရာ မကောင်းမှာကတော့ အမှန်ပဲလေ။ နေထိုင်မကောင်းရင် ခန္ဓာကိုယ်မှာ ဝေဒနာခံစားရသလို အလုပ်အကိုင်လည်း ပျက်သေးတယ်။ ငွေကုန်ကြေးကျကလည်း များသေးတယ်။ ဒီပြဿနာတွေက ကင်းဝေးစေဖို့ဆိုရင် ဒီအခြေခံကျတဲ့ အချက်လေးတွေကို သိထားမှ ဖြစ်မှာပါ။ ဒီတစ်ခေါက်တော့ မိုးရာသီမှာ လိုက်နာရမယ့် အခြေခံကျန်းမာရေး ဂရုစိုက်မှုတွေက ဘာတွေလဲဆိုတာကို ပြောပြပေးပါမယ်။ မိုးရာသီမှာ လိုက်နာရမယ့် အခြေခံကျန်းမာရေး ဂရုစိုက်မှု စာတောင်ဖွဲ့ရတဲ့ မိုးရာသီမှာ ကျန်းမာနေစေဖို့ဆိုရင် ဒီအခြေခံကျတဲ့ အချက်လေးတွေကို လိုက်နာမှဖြစ်မှာပါ။ ကဲ .... မိုးရာသီမှာ လိုက်နာရမယ့် အခြေခံကျန်းမာရေး ဂရုစိုက်မှု တွေကတော့ တစ်ကိုယ်ရေသန့်ရှင်းရေး တစ်နေ့တာမှာ မမြင်ရတဲ့ ပိုးမွှားတွေများစွာကို ထိတွေ့မိနိုင်တဲ့ အခြေအနေတွေက အများကြီးပါ။ ဒါကြောင့် မိုးရေနဲ့အတူ ပါလာတဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကားမူးမှာစိုးလို့ ခရီးမသွားရဲသူလေးတွေရှိလား

ကားမူးမှာစိုးလို့ ခရီးမသွားရဲသူလေးတွေရှိလား ....... ခရီးသွားတာက ဘဝအမောတွေကိုပြေစေပြီး အသစ်အဆန်းတွေကို ထိတွေ့ခံစားခွင့်ရနိုင်ပါတယ်။ ဒီအသစ်အဆန်းတွေကိုခံစားချင်ပေမယ့် ကားမူးမှာကြောက်လို့ ခရီးဝေးတွေ မပြောနဲ့၊ မြို့ပြင်ကို နည်းနည်းလောက်ပဲ သွားလိုက်ရင်ကို ကားမူးလို့ ဘယ်မှမသွားရဲဘဲဖြစ်နေတဲ့သူတွေများ ရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင်စိတ်ရှုပ်နေရတဲ့ အခက်အခဲကို အကောင်းဆုံး ဖြေရှင်းပေးနိုင်မှာပါ။ ကားမူးမှာစိုးလို့ ခရီးမသွားရဲသူလေးတွေရှိလား ကားမူးမှာစိုးလို့ ခရီးမသွားရဲသူလေးတွေအတွက် နည်းလမ်းကောင်းလေးတွေကို အတူတူ ကြည့်လိုက်ရအောင်နော်။ ကားမူးတယ်ဆိုတာ ဘာလဲ....... ကားမူးတယ်ဆိုတာက မျက်လုံးကမြင်နေရတဲ့အရာနဲ့ နားကကြားနေရတဲ့ အရာကို ဦးနှောက်ကကောင်းကောင်းမချိတ်ဆက်မိတဲ့အခြေအနေတစ်ရပ်ပါ။ အကြားအာရုံကရရှိနေတဲ့ အချက်အလက်တွေနဲ့ အမြင်အာရုံကနေရရှိနေတဲ့ အချက်အလက်တွေကဟန်ချက်မညီဘဲ ဗဟိုအာရုံကြောစနစ်မှာ ကမောက်ကမဖြစ်ရာကနေစလာတဲ့ ခံစားချက်တစ်ခုပေါ့။ ကားမူးတာကို အဓိကခံစားတဲ့ခန္ဓါကိုယ် အစိတ်အပိုင်းတွေက မျက်လုံး၊ အတွင်းနား၊အရေပြားမျက်နှာပြင်ပေါ်က တစ်ရှုးတွေပါ။မြင်တာကို မျက်လုံးကခံစားမယ်။ ခန္ဓါကိုယ်အနေအထားနဲ့ ပတ်ဝန်းကျင်ကရာသီဥတုအခြေအနေကို အရေပြားတစ်ရှုးတွေကခံစားမယ်။ ကြားနေရတာကို အတွင်းနာကခံစားပါတယ်။ ဒီ ၃ ခုဟန်ချက်ညီနေရင် ကားမမူးနိုင်ပေမယ့် တစ်ခုခုက […]


အခြေခံကျန်းမာရေး

ဆီးချိုမရှိဘဲ သွေးတွင်းသကြားဓါတ်ကျဆင်းခြင်းဝေဒနာ

မူးတယ်၊ တုန်တယ်၊ချွေးတွေထွက်တယ်၊မောပန်းနေတယ် ဆိုရင်သွေးတွင်းသကြားဓါတ်များကျနေသလားလို့ ယူဆကြပါတယ်။သွေးတွင်းသကြားဓါတ်ကျတယ်ဆိုရင် ဆီးချိုများရှိနေပြီလားလို့ စိုးရိမ်ရတတ်ပါတယ်။ ဒါပေမယ့် ဆီးချိုလည်းမရှိဘဲ ဒီလက္ခဏာတွေ ခံစားရတာ ဘယ်လိုလုပ်မလဲ။ သွေးတွင်းသကြားဓါတ်အရမ်းကျဆင်းနေတဲ့အခြေအနေကို hypoglycemia လို့ခေါ်ပါတယ်။သွေးတွင်းသကြားဓါတ်ဟာ ခန္ဓါကိုယ်အတွက်အားအင်ပေးတဲ့နေရာမှာ အရေးပါတာကြောင့် အတက်အကျကို ပုံမှန်ထိန်းညှိထားနိုင်ဖို့လိုပါတယ်။ သွေးတွင်းသကြားဓါတ်ကျနေရင် လူကနေလို့မကောင်းတာတော့ သိသာပါတယ်။ သကြားဓါတ်ကျတာက ဆီးချိုရှိတဲ့သူတွေမှာဖြစ်လေ့ရှိပေမယ့် ဆီးချိုမရှိသူတွေမှာလည်းဖြစ်တတ်ပါတယ်။ ဆီးချိုမရှိသူတွေမှာဖြစ်တတ်တဲ့hypoglycemia ကနှစ်မျိုးရှိပါတယ်။ Reactivehypoglycemia - အစာစားပြီး နာရီပိုင်းအတွင်းဖြစ်လာတတ်တယ်။ Fastinghypoglycemia - ဆေးဝါး သို့မဟုတ် ရောဂါတစ်ခုခုနဲ့ ပတ်သက်နေတတ်တယ်။ ဆီးချိုကြောင့်မဟုတ်ဘဲ ဘာကြောင့်ဒီလိုဖြစ်စေတာလဲ သွေးတွင်းသကြားဓါတ်ကျတာက နှစ်မျိုးကွဲပြားသလိုပဲ အကြောင်းရင်းကလည်းမတူကြပါဘူး။ Reactive hypoglycemia ကသွေးတွင်းမှာ အင်ဆူလင်ပမာဏများနေရာကနေဖြစ်လာတတ်ပါတယ်။ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းရင်းတွေက - ဆီးချိုဖြစ်ဖို့အလားအလာရှိနေတဲ့ အနေအထား အစာအိမ်ခွဲစိတ်ထားခြင်း ဖြစ်ခဲတဲ့ အင်ဇိုင်းချို့တဲ့မှုတွေပါဝင်ပါတယ်။ Fasting hypoglycemia ကတော့ - Aspirin နဲ့sulfaဆေးတွေလိုဆေးဝါးတွေ အယ်ကိုဟောသောက်သုံးမှုများခြင်း အသည်း၊ […]


အခြေခံကျန်းမာရေး

ကားမမူးအာင် လေ့ကျင့်လို့ရပါသလား ။ ။

မခံစားဖူးတဲ့သူတွေကတော့ မသိပေမယ့် ခံစားဖူးတဲ့သူတွေအတွက်ကတော့ ကားမူးတယ်ဆိုတာ အတော့်ကိုခံစားရခက်တဲ့ ဝေဒနာတစ်ခုပဲနော်။ တစ်ချို့ဆို ကားမူးတတ်လွန်းလို့ ခရီးသွားရမှာ ကြောက်ပြီး ကိုယ့်မြို့ကနေ အခြားဘယ်ကိုမှ ခရီးမထွက်တဲ့သူတွေရှိပါတယ်။ အိမ်ထဲမှာပဲနေပြီး အခြားကမ္ဘာကြီးရဲ့ လှပတဲ့နေရာကို မရောက်ဖူးရင်တော့ ဘယ်မှာ သွားပြီး လူဖြစ်ရကျိုးနပ်မလဲနော်။ ကားမူးတဲ့ဝေဒနာကိုလည်း ကြောက်တယ် ခရီးတွေလည်း သွားချင်တယ် ဒီတော့ ကားမမူးတတ်အောင်များ လေ့ကျင့်လို့ရမလား။ ။ ကားဘာ့ကြောင့် မူးရတာလဲ ။ ။ ကားမူးတတ်ဆိုတာ ကားရဲ့လှုပ်ရှားမှုနဲ့ လိုက်ပြီး မျက်စိကမြင်ရတဲ့ အချက်ပြစနစ်တွေကို ဦးနှောက်ဆီပေးပို့ချက်နဲ့ ကိုယ်ခန္ဓါရဲ့ဘယ်ညာအရှေ့အနောက် လှုပ်ရှား၊ရွေ့လျားမှုဖြစ်စဉ်ကို နားတွင်းအင်္ဂါအစိတ်အပိုင်းက ပို့လွှတ်တဲ့ပေးပို့ချက်တို့ သဟဇာတမဖြစ်တာကြောင့် မူးဝေ အော့အန်တာဖြစ်ပါတယ်။ ကားမမူးအောင် လေ့ကျင့်လို့ရလား ။ ။ ကိုယ်ခန္ဓါပေါ်မှာရှိတဲ့ ဘယ်အရာမှ လေ့ကျင့်လို့မရဘူးဆိုတာမရှိပါဘူး။ ဒါ့ကြောင့် မျက်စိအမြင်အာရုံနဲ့ နားအတွင်းအဂါၤတို့နဲ့ဆိုင်တဲ့ ကားမူးခြင်းဟာလည်း မမူးအောင် လေ့ကျင့်လို့ရတဲ့အရာတစ်ခုပါ။ ဘယ်လိုလေ့ကျင့်ကြမလဲ ။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဟော်မုန်းဆိုတာဘာလဲ။ သူတို့တွေ ဘယ်ကနေထွက်လာကြတာလဲ ။ ။

လူကစိတ်ကထိန်းချုပ်တယ်၊ စိတ်ကို ဟော်မုန်းကထိန်းချုပ်တယ်တဲ့။ ကိုယ်ခန္ဓါရဲ့ လုပ်ငန်းစဉ်တွေ မှာ ပါဝင်နေတဲ့ ဟော်မုန်းပေါင်းများစွာရှိပါတယ်။ သူတို့ တစ်ခုချင်းဆီက ကိုယ်ခန္ဓါအတွက် အရေးပါလှပြီး သူတို့နည်းချင်း များခြင်းဟာ ပုံမှန် မဟုတ်တဲ့ ပြဿနာတွေကိုဖြစ်စေပါတယ်။ ဒီဆောင်းပါးထဲမှာတော့ ဟော်မုန်း တွေနဲ့ ပက်သက်တဲ့အကြောင်းလေးတွေကို ပြည့်ပြည့်စုံစုံ ပြောပြပေးသွားမှာဖြစ်လို့ ကိုယ့်ကိုယ်ခန္ဓါအကြောင်း စိတ်ဝင်စားတဲ့သူတိုင်း ဖတ်သင့်တယ်နော် ။ ။ ဟော်မုန်းဆိုတာဘာလဲ ။ ။ ဟော်မုန်းဆိုတာ chemical messengers လို့ခေါ်တဲ့ ကိုယ်ခန္ဓါရဲ့ ဓါတုအချက်ပြစနစ်လေးတွေဖြစ်ပြီး သူတို့ကို endocrine glands တွေကနေ ထုတ်လုပ်လေ့ရှိပါတယ်။ ဒီအချက်ပြစနစ်လေးတွေက ကိုယ်ခန္ဓါ ဘက်ညီစွာ လှုပ်ရှားနိုင်ဖို့၊ အခြား အခြေခံအချက်တွေဖြစ်တဲ့ ဗိုက်ဆာတာ၊ အိပ်စက်တာ ကနေ ရှုပ်ထွေးတဲ့အဆင့်တွေဖြစ်တဲ့ မျိုးပွားခြင်း လုပ်ငန်းစဉ်တွေ အထိ သူတို မပါလို့ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း