brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

ဇီဝကမ္မဖြစ်စဉ်ဆိုတာ ဘာလဲ ။ ။

ဇီဝကမ္မဖြစ်စဉ်ဆိုတာ ဘာလဲ ။ ။

ဇီဝကမ္မဖြစ်စဉ်ဆိုတာ ဘာလဲ ။ ။

ဇီဝကမ္မဖြစ်စဉ်ဆိုတာ ကိုယ်ခန္ဓါတွင်းပိုင်းမှာ ဖြစ်ပျက်နေတဲ့ ဖြစ်စဉ်တစ်ုခဆိုပြီး ရှင်းရှင်းလေးသာ သိထားခဲ့ကြပေမယ့ိ ခုနောက်ပိုင်းမှာတော့ ဇီဝကမ္မဖြစ်စဉ် ကို ကိုယ်အလေးချိန် လျှော့ချတဲ့နေရာနဲ့ တွဲပြီး သိလာကြပါပြီ။ တစ်ချို့ပြောတာမျိုးတွေ ကြားဖူးမှာပါ။ ဇီဝကမ္မဖြစ်စဉ်နှေးလို့ ဝိတ်မချလို့ မရဘူးဆိုတာတွေပေါ့။ တကယ်တော့ အစားအသောက်နဲ့ လေ့ကျင့်ခန်းက ကိုယ်အလေးချိန် လျှော့ချတဲ့နေရာမှာ အဓိက ၂ ခုဖြစ်ပေမယ့် ဇီဝကမ္မဖြစ်စဉ် ကိုလည်း ချန်ထားခဲ့လို့မရသေးပါဘူး။

ဒီတော့ ဇီဝကမ္မဖြစ်စဉ်ဆိုတာ ဘာလဲ။

ဇီဝကမ္မဖြစ်စဉ်ဆိုတာ စားလိုက်တဲ့ အစားအသောက်တွေ၊ ကယ်လိုရီ တွေကို ဖြိုခွဲပြီး ကိုယ်ခန္ဓါအတွက် လိုအပ်တဲ့စွမ်းအင်ထုတ်ပေးတဲ့ ဖြစ်စဉ်ကိုပြောတာပါ။ ဒီ ဖြစ်စဉ်ကြီးဟာ လူသားတွေမှာတင်ရှိတာမဟုတ်ပါဘူး။ လှုပ်ရှားသွားလာနေတဲ့ သတ္တဝါတိုင်းမှာ ရှိပါတယ်။

ဇီဝကမ္မဖြစ်စဉ်အပေါ်ဘာတွေက သက်ရောက်မှုရှိလဲ ။ ။

  • တစ်ချို့ဆေးတွေ ကြောင့် သင့်ဇီဝကမ္မဖြစ်စဉ် နှေးသွားနိုင်သလို အရမ်းကြီးမြန်သွားတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။
  • တစ်နေ့တာမှာ ဇီဝဖြစ်စဉ် ပထမဦးဆုံးဖြစ်တဲ့ဖြစ်တဲ့အချိန်က မနက်စာစားပြီးတဲ့ အချိန်ပါ။

ကိုယ်အလေးချိန်လျှော့ချနေတဲ့သူတွေအနေနဲ့ ဘာတွေသိထားဖို့လိုသလဲ ။ ။

  • အစားလျှော့လွန်းလေ ဇီဝကမ္မဖြစ်စဉ်နှေးလေလေပါ။ ဘာ့ကြောင့်လဲဆိုတော့ ကိုယ်ခန္ဓါအတွက်လုံလောက်တဲ့ အစားတွေ မစားပေးတဲ့အခါ လိုအပ်တဲ့ ENERGY တွေကို မထုတ်ပေးသေးဘဲ သိုလှောင်ထားဖို့လိုတာကြောင့် ဇီဝကမ္မဖြစ်စဉ်လည်း နှေးသွားပါတယ်။
  • အသက်အရွယ်ကလည်း ဇီဝကမ္မဖြစ်စဉ် ကို နှေးစေတဲ့ အရာတစ်ခုပါ။ ပိုဆိုးတာက အသက်ကြီးလာတဲ့အခါ လှုပ်ရှားမှုတွေလည်း နည်းသွားတတ်ပါတယ်။ ဒါေ့ကြာင့် အသက်ကြီးလာလေလေ အဆီတွေစုလာပြီး ကိုယ်အလေးချိန် တက်လာလေလေဖြစ်တာပါ။
  • ဒါ့ကြောင့် ကိုယ်အလေးချိန်လျှော့ချချင်တဲ့သူတွေ အစားလျှော့ရမယ် လေ့ကျင့်ခန်းလုပ်ရမယ်။ ဒါတွေအပြင် ဇီဝကမ္မဖြစ်စဉ် မြန်အောင်လည်း လုပ်ပေးရပါဦးမယ်။

ဇီဝကမ္မဖြစ်စဉ် မြန်အောင် ဘယ်လိုလုပ်ရမလဲ ။ ။

အချုပ် ပြောရလို့ရှိရင် ကိုယ်အလေးချိန် ကျဖို့ဆို ကိုယ်စားလိုက်တဲ့ အစားအစာရဲ့ ကယ်လိုရီထက် လောင်ကျွမ်းတဲ့ ကယ်လိုရီက ပိုများနေဖို့လိုအပ်ပါတယ်။ ကယ်လိုရီတွေ လောင်ကျွမ်းဖို့ လေ့ကျင့်ခန်း များများလုပ်ပေးရမှာ ဖြစ်သလို ကယ်လိုရီတွေ လောင်ကျွမ်းပေးတဲ့ ဇီဝကမ္မဖြစ်စဉ် မြန်နေဖို့လည်း လိုအပ်ပါသေးတယ်။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Thin Yadanar @ Frances · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။