အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျန်းမာရေး

ဆီးချိုမရှိဘဲ သွေးတွင်းသကြားဓါတ်ကျဆင်းခြင်းဝေဒနာ

မူးတယ်၊ တုန်တယ်၊ချွေးတွေထွက်တယ်၊မောပန်းနေတယ် ဆိုရင်သွေးတွင်းသကြားဓါတ်များကျနေသလားလို့ ယူဆကြပါတယ်။သွေးတွင်းသကြားဓါတ်ကျတယ်ဆိုရင် ဆီးချိုများရှိနေပြီလားလို့ စိုးရိမ်ရတတ်ပါတယ်။ ဒါပေမယ့် ဆီးချိုလည်းမရှိဘဲ ဒီလက္ခဏာတွေ ခံစားရတာ ဘယ်လိုလုပ်မလဲ။ သွေးတွင်းသကြားဓါတ်အရမ်းကျဆင်းနေတဲ့အခြေအနေကို hypoglycemia လို့ခေါ်ပါတယ်။သွေးတွင်းသကြားဓါတ်ဟာ ခန္ဓါကိုယ်အတွက်အားအင်ပေးတဲ့နေရာမှာ အရေးပါတာကြောင့် အတက်အကျကို ပုံမှန်ထိန်းညှိထားနိုင်ဖို့လိုပါတယ်။ သွေးတွင်းသကြားဓါတ်ကျနေရင် လူကနေလို့မကောင်းတာတော့ သိသာပါတယ်။ သကြားဓါတ်ကျတာက ဆီးချိုရှိတဲ့သူတွေမှာဖြစ်လေ့ရှိပေမယ့် ဆီးချိုမရှိသူတွေမှာလည်းဖြစ်တတ်ပါတယ်။ ဆီးချိုမရှိသူတွေမှာဖြစ်တတ်တဲ့hypoglycemia ကနှစ်မျိုးရှိပါတယ်။ Reactivehypoglycemia - အစာစားပြီး နာရီပိုင်းအတွင်းဖြစ်လာတတ်တယ်။ Fastinghypoglycemia - ဆေးဝါး သို့မဟုတ် ရောဂါတစ်ခုခုနဲ့ ပတ်သက်နေတတ်တယ်။ ဆီးချိုကြောင့်မဟုတ်ဘဲ ဘာကြောင့်ဒီလိုဖြစ်စေတာလဲ သွေးတွင်းသကြားဓါတ်ကျတာက နှစ်မျိုးကွဲပြားသလိုပဲ အကြောင်းရင်းကလည်းမတူကြပါဘူး။ Reactive hypoglycemia ကသွေးတွင်းမှာ အင်ဆူလင်ပမာဏများနေရာကနေဖြစ်လာတတ်ပါတယ်။ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းရင်းတွေက - ဆီးချိုဖြစ်ဖို့အလားအလာရှိနေတဲ့ အနေအထား အစာအိမ်ခွဲစိတ်ထားခြင်း ဖြစ်ခဲတဲ့ အင်ဇိုင်းချို့တဲ့မှုတွေပါဝင်ပါတယ်။ Fasting hypoglycemia ကတော့ - Aspirin နဲ့sulfaဆေးတွေလိုဆေးဝါးတွေ အယ်ကိုဟောသောက်သုံးမှုများခြင်း အသည်း၊ […]


အခြေခံကျန်းမာရေး

ကားမမူးအာင် လေ့ကျင့်လို့ရပါသလား ။ ။

မခံစားဖူးတဲ့သူတွေကတော့ မသိပေမယ့် ခံစားဖူးတဲ့သူတွေအတွက်ကတော့ ကားမူးတယ်ဆိုတာ အတော့်ကိုခံစားရခက်တဲ့ ဝေဒနာတစ်ခုပဲနော်။ တစ်ချို့ဆို ကားမူးတတ်လွန်းလို့ ခရီးသွားရမှာ ကြောက်ပြီး ကိုယ့်မြို့ကနေ အခြားဘယ်ကိုမှ ခရီးမထွက်တဲ့သူတွေရှိပါတယ်။ အိမ်ထဲမှာပဲနေပြီး အခြားကမ္ဘာကြီးရဲ့ လှပတဲ့နေရာကို မရောက်ဖူးရင်တော့ ဘယ်မှာ သွားပြီး လူဖြစ်ရကျိုးနပ်မလဲနော်။ ကားမူးတဲ့ဝေဒနာကိုလည်း ကြောက်တယ် ခရီးတွေလည်း သွားချင်တယ် ဒီတော့ ကားမမူးတတ်အောင်များ လေ့ကျင့်လို့ရမလား။ ။ ကားဘာ့ကြောင့် မူးရတာလဲ ။ ။ ကားမူးတတ်ဆိုတာ ကားရဲ့လှုပ်ရှားမှုနဲ့ လိုက်ပြီး မျက်စိကမြင်ရတဲ့ အချက်ပြစနစ်တွေကို ဦးနှောက်ဆီပေးပို့ချက်နဲ့ ကိုယ်ခန္ဓါရဲ့ဘယ်ညာအရှေ့အနောက် လှုပ်ရှား၊ရွေ့လျားမှုဖြစ်စဉ်ကို နားတွင်းအင်္ဂါအစိတ်အပိုင်းက ပို့လွှတ်တဲ့ပေးပို့ချက်တို့ သဟဇာတမဖြစ်တာကြောင့် မူးဝေ အော့အန်တာဖြစ်ပါတယ်။ ကားမမူးအောင် လေ့ကျင့်လို့ရလား ။ ။ ကိုယ်ခန္ဓါပေါ်မှာရှိတဲ့ ဘယ်အရာမှ လေ့ကျင့်လို့မရဘူးဆိုတာမရှိပါဘူး။ ဒါ့ကြောင့် မျက်စိအမြင်အာရုံနဲ့ နားအတွင်းအဂါၤတို့နဲ့ဆိုင်တဲ့ ကားမူးခြင်းဟာလည်း မမူးအောင် လေ့ကျင့်လို့ရတဲ့အရာတစ်ခုပါ။ ဘယ်လိုလေ့ကျင့်ကြမလဲ ။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဟော်မုန်းဆိုတာဘာလဲ။ သူတို့တွေ ဘယ်ကနေထွက်လာကြတာလဲ ။ ။

လူကစိတ်ကထိန်းချုပ်တယ်၊ စိတ်ကို ဟော်မုန်းကထိန်းချုပ်တယ်တဲ့။ ကိုယ်ခန္ဓါရဲ့ လုပ်ငန်းစဉ်တွေ မှာ ပါဝင်နေတဲ့ ဟော်မုန်းပေါင်းများစွာရှိပါတယ်။ သူတို့ တစ်ခုချင်းဆီက ကိုယ်ခန္ဓါအတွက် အရေးပါလှပြီး သူတို့နည်းချင်း များခြင်းဟာ ပုံမှန် မဟုတ်တဲ့ ပြဿနာတွေကိုဖြစ်စေပါတယ်။ ဒီဆောင်းပါးထဲမှာတော့ ဟော်မုန်း တွေနဲ့ ပက်သက်တဲ့အကြောင်းလေးတွေကို ပြည့်ပြည့်စုံစုံ ပြောပြပေးသွားမှာဖြစ်လို့ ကိုယ့်ကိုယ်ခန္ဓါအကြောင်း စိတ်ဝင်စားတဲ့သူတိုင်း ဖတ်သင့်တယ်နော် ။ ။ ဟော်မုန်းဆိုတာဘာလဲ ။ ။ ဟော်မုန်းဆိုတာ chemical messengers လို့ခေါ်တဲ့ ကိုယ်ခန္ဓါရဲ့ ဓါတုအချက်ပြစနစ်လေးတွေဖြစ်ပြီး သူတို့ကို endocrine glands တွေကနေ ထုတ်လုပ်လေ့ရှိပါတယ်။ ဒီအချက်ပြစနစ်လေးတွေက ကိုယ်ခန္ဓါ ဘက်ညီစွာ လှုပ်ရှားနိုင်ဖို့၊ အခြား အခြေခံအချက်တွေဖြစ်တဲ့ ဗိုက်ဆာတာ၊ အိပ်စက်တာ ကနေ ရှုပ်ထွေးတဲ့အဆင့်တွေဖြစ်တဲ့ မျိုးပွားခြင်း လုပ်ငန်းစဉ်တွေ အထိ သူတို မပါလို့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

လူကို စိတ်ကအုပ်ချုပ်သည်။ စိတ်ကို ဟော်မုန်းက အုပ်ချုပ်သည်။ ။

ကိုယ်ခန္ဓာကို ဘက်ညီအောင် ထိန်းပေးနေတဲ့ ဟော်မုန်း ပေါင်းများစွာရှိပါတယ်။ သူတို့နဲ့ ပတ်သက်ပြီးသိချင်နေကြတဲ့ မေးခွန်းတွေမေးထားကြတာရှိတာကြောင့် သူတို့နဲ့ သက်ဆိုင်တဲ့ စိတ်ဝင်စားစရာ အချက်တွေကို လေ့လာကြည့်ရအောင် ။ လူကို စိတ်ကအုပ်ချုပ်သည်။ စိတ်ကို ဟော်မုန်းက အုပ်ချုပ်သည်။ ။ ဟော်မုန်းတွေက ဗိုက်ဆာတဲ့ ဖြစ်စဉ်မှာရော ပါလား။ ဗိုက်ဆာတယ်၊ ဗိုက်ပြည့်တယ်ဆိုတဲ့ဖြစ်စဉ်မှာလည်း ဟော်မုန်းတို့က ထိန်းချုပ်ထားပြန်ပါတယ်။ ghrelin လို့ခေါ်တဲ့ ဗိုက်ဆာကြောင်း အသိပေးတဲ့ ဟော်မုန်းနဲ့ leptin လို့ခေါ်တဲ့ ဗိုက်ပြည့် ကြောင်း အချက်ပြတဲ့ ဟော်မုန်းတို့ပါ။ အမျိုးသားတွေဟာလည်း အမျိုးသမီးလိုပဲ သွေးဆုံးလေ့ရှိပါသလား။ အမျိုးသားတွေမှာ အမျိုးသမီးတွေလိုမျိုး ဟော်မုန်းပြောင်းလဲပြီး သွေးဆုံးချိန် ဆိုတာ မရှိပါဘူး။ အမျိုးသမီးတွေမှာ သွေးဆုံးသွားပြီဆိုတာနဲ့ ကိုယ်ဝန်လွယ်ဖို့ မဖြစ်နိုင်တော့ပေမယ့် အမျိုးသားတွေမှာ ခုလို သွေးဆုံးတာမျိုး မရှိတဲ့အတွက် သူတို့ ဘယ်လောက် အသက်ကြီးကြီး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

လိင်ဆက်ဆံနေစဉ် လေလည်ဖို့ မရှက်ပါနဲ့

အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ချစ်တင်းနှီးနှောနေတဲ့အချိန်မှာ လေလည်တတ်ပါတယ်။ ဒါဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုသာဖြစ်ပြီး တခြားသော ကျန်းမာရေးပြဿနာတွေကြောင့်တော့ မဟုတ်ပါဘူး။ ကိုယ်က လိင်ဆက်ဆံနေလို့လည်း ဗိုက်ထဲက အစာခြေစနစ်က ငြိမ်နေတာမဟုတ်ပါဘူး။ သူ့အလုပ်သူ လုပ်နေတာဖြစ်ပါတယ်။ ကိုယ်နောက်ဆုံး အစာစားထားတာ ဘယ်အချိန်လဲ၊ ကိုယ်စားလိုက်တဲ့ အစားအစာ၊ နောက်ဆုံး ဝမ်းသွားထားချိန် ဒါတွေပေါ်မှာ မူတည်ပြီး လေလည်နိုင်ပါတယ်။ ဘာလို့ လိင်ဆက်ဆံနေစဉ်မှာ လေလည်တာလဲ။ အမျိုးသမီးတွေမှာ လိင်တံက မိန်းမကိုယ်တွင်း တိုးဝင်လာတဲ့အခါ ဖိအားသက်ရောက်ပါတယ်။ ဒီဖိအားက မိန်းမကိုယ် အတွင်းသားနံရံအပြင် သူနဲ့ နီးကပ်နေတဲ့ စအိုကိုပါ သွားပြီး သက်ရောက်တဲ့အတွက် လေတွေ အပြင်ကို ထွက်လာရတာပါ။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ လေလည်ရခြင်းဟာ လိင်ဆက်ဆံတဲ့ ပုံစံအနေအထားနဲ့တော့ သက်ဆိုင်မှု မရှိပါဘူး။ အထူးသဖြင့် လိင်စိတ်ဆန္ဒ အထွတ်အထိပ်ရောက်ပြီးတဲ့အခါ ခန္ဓါကိုယ်က […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

လူတိုင်းသိသင့်တဲ့ ၊ သိချင်နေကြတဲ့ သွေးအုပ်စု ၄ခုနဲ့ ပက်သက်တဲ့ မေးခွန်းများ ။ ။

ဒီအတိုင်း ကျန်းမာနေတုန်းကတော့ ကိုယ့်သွေးက ဘာသွေးလဲဆိုတာလောက်ပဲ စိတ်ဝင်စားပြီး အခြားသွေးအုပ်စုတွေနဲ့ပက်သက်တဲ့ အကြောင်းအရာတွေကို အမှတ်တမဲ့ ဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် ကျန်းမာရေး အခြေအနေကြောင့် မဖြစ်မနေ သွေးသွင်းရတော့မယ့် ဆိုရင် စိတ်ထဲ ပေါ်လာတတ်တဲ့ မေးခွန်းတွေ အများကြီးရှိပါတယ် ။ ။ ဒါတွေအတွက် အဖြေက ဒီမှာပါ။ ။ Q – သွေးအုပ်စု ဘယ်နှစ်ခုရှိလဲ။ ဘယ်သွေးက အရှားဆုံးနဲ့ ဘယ်သွေးက အပေါဆုံးလဲ။ ။ A B AB O ဆိုပြီးသွေးအုပ်စု ၄ မျိုးရှိပါတယ်။ ဒီထဲမှာ AB သွေးက အရှားဆုံးဖြစ်ပြီး ကမ္ဘာ့လူဦးရေရဲ့ ၄ ရာခိုင်နှုန်းပဲရှိပါတယ်။ O သွေးကတော့ အပေါဆုံးဖြစ်ပြီး ရှေးအကျဆုံး သွေးလို့လည်း သတ်မှတ်ထားကြပါတယ်။ ရှေးအကျဆုံးဆိုတာက သူ့ကို အရင်တွေ့ပြီးနောက်ပိုင်းမှ […]


ရောဂါလက္ခဏာများ

ညပိုင်းတစ်ရေးနိုးတဲ့အခါ ချွေးစေးတွေပြန်နေတာမျိုး ဖြစ်ဖူးလား။ ဒါတွေကြောင့် ဖြစ်ရတာပါ ။ ။

တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ဖြစ်ဖူးကြမှာပါ။ ညတစ်ရေးနိုးတော့ တစ်ကိုယ်လုံးချွေးတွေ ရွဲနစ်နေတာမျိုး။ ဘယ်လိုပဲဖြစ်ဖြစ် အိပ်ချိန်ဆိုတာ ကိုယ်ခန္ဓာအနားယူနေတဲ့ အချိန်ဖြစ်တာကြောင့် ချွေးထွက်စရာအကြောင်းမရှိဘူးလေ။ အဲဒါကို ကိုယ့်ကျမှ ဒီလို ညပိုင်းချွေးတွေရွဲနစ်နေပြီဆိုရင်တော့ ခုပြောပြမယ့်ဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ လိုနေပါပြီ ။ ချွေးထွက်တယ်ဆိုတာ ပုံမှန်ဆိုရင် ကောင်းတဲ့ ကိစ္စတစ်ခုဆိုပေမယ့် အရမ်းများရင်တော့ ကျန်းမာရေးထိခိုက်နိုင်တာတွေ ရှိပါတယ်။ ရာသီဥတုပူလို့ ဒီလိုဖြစ်ရတယ်ဆိုရင်တော့ ကိစ္စမရှိပေမယ့် နွေရာသီလည်း မဟုတ်ဘဲ ညည ချွေးတွေရွဲနစ်နေတယ်ဆိုရင်တော့ ဒါတွေကြောင့်ဖြစ်နိုင်ပါတယ်။ ( ၁ ) အခန်းက ပူနေတာကြောင့်ပါ။ သင့်အခန်း အပူချိန်က ညဘက်မှာ ၂၀ ဒီဂရီထက်ကျော်နေပြီဆိုရင်တော့ ဒါအခန်းအပူချိန် မြင့်နေတယ်လို့ ပြောလို့ရပါတယ်။ ကိုယ့်အခန်းက အဲယားကွန်းလည်းတပ်မထား၊ ပန်ကာလည်းမရှိ၊ လေကလည်း ငြိမ်နေတယ်၊ ပြတင်းပေါက်ဖွင့်ထားဖို့ သူခိုးလည်းကြောက်ကြတယ်ဆိုတော့ ပူပူကြီးနဲ့ အိပ်တတ်ကြတယ်လေ။ ဒီလို အခြေအနေနဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သွေးသွင်းရတော့မယ်ဆိုရင် ဒါလေးတွေ သိထားသင့်တယ်နော် ။ ။

သွေး အုပ်စု ၄ခုရှိတယ်။ သွေးတွေက သူ့သွေးအမျိုးအစားတိုင်း သွင်းမှရတယ်ဆိုတော့ လူတိုင်းလူတိုင်း ကိုယ့်သွေး အမျိုးအစားကို သေသေချာချာ တိတိကျကျ သိထားဖို့ လိုအပ်ပါတယ်။ ဒီဆောင်းပါးထဲမှာတော့ သွေး အမျိုးအစားနဲ့ ပက်သက်ပြီး လူတိုင်း မသိသေးတဲ့အချက်တွေကို ပြောပြပေးသွားမှာ ဖြစ်တာကြောင့် အားလုံး ဖတ်ကြည့်သင့်တယ်နော် ။ ။ သွေးအုပ်စု ကြီး ၄ ခုပဲရှိတယ်ဆိုတာ သေချာလို့လား။ ။ သွေး အမျိုးအစား ၄ မျိုးရှိတယ်ဆိုတာ အားလုံးသိကြမှာပါ။ A B AB O ဆိုတဲ့ လေးမျိုးပေါ့။ ဒီ ၄ မျိုးကိုမှ အပေါင်းသွေး အနှုတ်သွေးလေးပါ ထပ်ထည့်လိုက်ရင် စုစုပေါင်း ၈ မျိုးကွဲသွားပါတယ်။ ဒီတော့ သွေး အုပ်စု ၈ ခုလောက်ရှိတယ်လို့ ပြောရမှာပေါ့။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင့်သွေးက ဘာအမျိုးအစားလဲ။ ဘယ်လိုရောဂါဖြစ်နိုင်ခြေပိုများလဲ ။ ။

လူတိုင်းလူတိုင်း ကိုယ်ပိုင် သွေးအမျိုးအစားတွေရှိပါတယ်။ Aသွေး Bသွေး ABသွေး Oသွေး စတဲ့ ဒီ သွေး ၄ မျိုးထဲက တစ်မျိုးမျိုးကို ပိုင်ဆိုင်ထားကြတဲ့သူတိုင်းပါ။ သွေးအမျိုးအစားပေါ်မူတည်ပြီး ပင်ကိုယ်စရိုက်၊ အိုသွေး ပိုင်ရှင်တွေက ဘယ်လို၊ အေ သွေး ပိုင်ရှင်တွေရဲ့ အကျင့်စရိုက် ဘယ်လိုဆိုပြီး စတဲ့ ဆောင်းပါးတွေကိုဖတ်ဖူးကြမှာပါ။ ဒီဆောင်းပါးမှာကတော့ ေသွး အမျိုးအစားနဲ့ ဆက်စပ်နေတဲ့ အချစ်ရေး၊ စိတ်နေစိတ်ထားတို့အစား ပိုပြီး အရေးကြီးတဲ့ ကျန်းမာရေးဘက်ကို သွားမှာ ဖြစ်ပါတယ်။ ကဲ ဘယ်သွေးပိုင်ရှင်တွေက ဘယ်လိုရောဂါတွေ ဖြစ်နိုင်ခြေ ပိုများလဲ ဆက်ကြည့်ရအောင် ။ ။ သွေးအမျိုးအစားလိုက် ဖြစ်နိုင်ခြေ အများဆုံးရောဂါများ ။ ။ A သွေး ။ ။ A သွေး အမျိုးအစားပိုင်ရှင်တွေအတွက် ကြောက်စရာအကောင်းဆုံးကတော့နဲ့ […]


ရောဂါလက္ခဏာများ

ကိုယ်ခန္ဓါမှာ အရည်တွေစုပြီး ဖောရောင်ခြင်း ဘာတွေကြောင့်ဖြစ်ရတာလဲ ။ ။

ကိုယ်ခန္ဓါမှာ အရည်တွေစုပြီး ဖောရောင်တာမျိုး လူတိုင် မကြုံဖူးကြရင်တောင် ကြားဖူးကြမှာပါ။ ဒီလို ဖောရောင်တယ်ဆိုတာ ကိုယ်တွင်းက အရည်တွေ တစ်ရှူးတွေထဲ ပိတ်မိရာကနေ ဖြစ်လာရတာဖြစ်ပါတယ်။ တဖြည်းဖြည်းကြာမှ အရည်တွေ စုလာတတ်သလို ချက်ချင်း ရုတ်တရက်လည်း ကိုယ်တွင်းမှာ အရည်စုလာတတ်ပါတယ်။ ပုံမှန်ဖြစ်လေ့ရှိတဲ့ပြဿနာတစ်ခုဆိုပေမယ့် တစ်ချို့ ပြင်းထန်တဲ့ကျန်းမာရေး ပြဿနာတွေ ကြောင့် ဖောရောင်တာမျိုးလည်း ရှိတတ်ပါတယ်။ ဒါဆို ဘယ်လို အကြောင်းအရာတွေကြောင်း ဖောရောင်ခြင်းဖြစ်ရသလဲဆိုတာကို ကြည့်ရအောင် ။ ။ ဖောရောင်ခြင်းကိုဖြစ်စေတဲ့ အကြောင်းအရင်းများ ။ ဖောရောင်တယ်ဆိုမှတော့သိသာပါတယ်။ ကိုယ်ခန္ဓါ တစ်နေရာရာမှာ အရည်တွေစုပြီး အဲဒီနေရာက အခြားနေရာနဲ့ ယှဉ်ရင် ပိုကြီးနေတတ်တာ ၊ ဖောင်းနေတတ်တာကို ဆိုလိုတာပါ။ သူ့ကို ဖြစ်စေတဲ့အကြောင်းအရင်း အများကြီးရှိပါတယ်။ ( ၁ ) Albumin ပရိုတင်း ပမာဏ နည်းနေခြင်း […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း