မှိုတက်တာမှန်သမျှ အန္တရာယ်ပါ
အစားအစာတင် မကပါဘူး၊ အမှိုက်တွေစုနေတာ၊ မစိုတစို မခြောက်တခြောက် အရာဝတ္ထုတွေ အိမ်ထဲမှာ ရှိနေရင်(အိမ်သန့်ရှင်းရေးပုံမှန်မလုပ်ရင်) အောက်သိုးသိုး မှိုနံ့တွေရနေမှာ သတိထားမိမှာပေါ့။ မြင်ရတာ မမြင်ရတာ ထား၊ အဲဒီ မှိုက ထွက်တဲ့ အမှုန်တွေက အဆုတ်ထဲရောက်တဲ့အခါ နာတာရှည်အဆုတ်ရောဂါ (COPD)လို ရောဂါတွေ ဖြစ်စေနိုင်တယ်၊ ဒါမှမဟုတ် ကိုယ်ခံအားစနစ်ကို အားနည်းစေလို့ တခြား ရောဂါပိုးတွေ ကူးစက်ခံရလွယ် စေနိုင်တယ်။
မှိုကို ထိမိတာ၊ ရှူမိတာနဲ့ ဓာတ်မတည့်တတ်သူ မဟုတ်ရင်တောင် မျက်စိ၊ အရေပြား၊ အသက်ရှူလမ်းကြောင်း၊ လည်ချောင်း၊ အဆုတ်တို့လို ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ထိခိုက်စေတာ အမှန်ပါပဲ။ မှိုကြောင့် ဘာတွေ ဖြစ်လာနိုင်လဲ၊ ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ကြည့်ရအောင် –
ပုံမှန်အားဖြင့် မှိုတွေကြောင့် –
- ချောင်းဆိုးမယ်
- အသက်ရှူသံ တရွှီရွှီ မြည်မယ်
- နှာစေးမယ်
- မျက်စိယား/စပ်မယ်
- အသားတွေ ယားမယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။