အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

မိုးရာသီမှာ ခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ

နွေရာသီလိုမျိုး ပူပြင်းတာလည်းမရှိ၊ ဆောင်းတွင်းလိုမျိုး ခရီးသွားတွေ ပြည့်ကျပ်နေတာမျိုးလည်း မရှိတဲ့အတွက် မိုးရာသီမှာ ခရီးသွားရတာ အင်မတန် စိတ်အေးချမ်းရပါတယ်။ ဒါပေမဲ့လည်း မိုး‌ရေတစိုစိုနဲ့ ခရီးသွားရတာ ဖြစ်တဲ့အပြင် ရောဂါပိုးတွေလည်း များတဲ့ရာသီဆိုတော့ မိုးရာသီမှာ ခရီးသွားတဲ့အခါ ဂရုစိုက်ရမယ့် အချက်လေးတွေ ရှိပါတယ်။ မိုးရာသီမှာ ခရီးသွားတဲ့အခါ ဒီလိုကျန်းမာရေးပြဿနာတွေကို မျှော်လင့်ထားပါ မိုးရာသီမှာခရီးသွားတဲ့အခါ ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်မှ တော်ကာကျမှာပါ။ မဟုတ်ရင် ခုလို ကျန်းမာရေးပြဿနာတွေ ကြုံရမှာ ဖြစ်ပါတယ်။ ရာသီတုပ်ကွေး ဝမ်းပျက်ဝမ်းလျှော အရေပြားပြဿနာ ထိခိုက်ရှနာ အင်းဆက်နဲ့ ပိုးကောင်တွေ ကိုက်တာ စတာတွေပဲ ဖြစ်ပါတယ်။ မိုးရာသီမှာခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ မိုးရာသီမှာ ခရီးသွားတဲ့အခါ ကျန်းမာရေးမထိခိုက်ဘဲ ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်လေး ဖြစ်ဖို့ဆိုရင် လိုအပ်တဲ့ ဆေးဝါးတွေ ဆောင်ထားပါ သာမန်ဖျားနာကိုက်ခဲအတွက်ကစလို့ ထိခိုက်ရှနာအတွက် လိမ်းဆေးတွေ၊ ပုံမှန်သောက်နေကျ ဆေးဝါးတွေ အကုန်လုံးကို […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာရေး အာမခံ

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

ဆေးရုံနှင့် ဆရာဝန် အတွေ့အကြုံ

အစိုးရဆေးရုံတက်ရမည် ဆိုလျှင်

မစည်ကားအပ်တဲ့နေရာတွေထဲမှာ ဆေးရုံလည်း တစ်ခု အပါအဝင်ပါ ။ ဒီအတွက် ကံအကြောင်းမလှဘဲ တစ်စုံတစ်ရာကြောင့်များ အစိုးရဆေးရုံတွေ ရောက်ရင် ဘယ်လိုတွေ ကြုံတွေ့ရနိုင်လဲဆိုတာကို ဗဟုသုတအနေနဲ့ တင်ပြပေးလိုက်ရပါတယ်။ ဆေးရုံရောက်ရင် အရေးပေါ်ကုသမှုဌာန Emergency မှာ စာရင်းသွင်း ၊ လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ရပါတယ် ။ ဒီမှာလည်း ဆေးရုံတစ်ခုနဲ့ တစ်ခု မတူညီဘဲ တချို့ဆေးရုံကြီးတွေ (ဥပမာ ရန်ကုန်ဆေးရုံကြီး ၊ မြောက်ဥက္ကလာဆေးရုံကြီး၊ မန္တလေးနဲ့ နေပြည်တော်ဆေးရုံကြီး)မှာ အရေးပေါ် အထူးကု ဆရာဝန်နဲ့ ဆေးကုသမှု အဖွဲ့လိုက်ရှိတတ်ပြီး ရောဂါပြင်းထန်မှုအလိုက် လူနာတွေကို ကြည့်ပေးလေ့ရှိပါတယ်။ ကျန်တဲ့ဆေးရုံတွေမှာတော့ လူအင်အားနည်းတတ်တဲ့အတွက် အရေးပေါ်ဆရာဝန်တစ်ယောက်က တာဝန်ယူပြီး ကြည့်ရှုပေးတတ်ပါတယ်။ ဆရာဝန်က ကနဦးစမ်းသပ်မှုတွေပေါ်လိုက်ပြီး လူနာတက်ရမယ့် အဆောင်တွေ ခွဲပေးတတ်ပါတယ်။ ဆေးကုသဆောင် ၊ ခွဲစိတ်ဆောင်၊ သားဖွားမီးယပ်၊ […]


ဆေးစစ်ချက်များ

ကွန်ပျူတာဓာတ်မှန်(CT Scan)နဲ့ သံလိုက်ဓာတ်မှန် (MRI Scan) ဘာကွာသလဲ

ကွန်ပျူတာဓာတ်မှန် (CT Scan) နဲ့ သံလိုက်ဓာတ်မှန် (MRI Scan)  ၂ မျိုးလုံးဟာ အခုခေတ် ရောဂါရှာဖွေတဲ့နယ်ပယ်မှာ အတော်လေး တွင်တွင်ကျယ်ကျယ်အသုံးပြုလာတဲ့ အဆင့်မြင့်ပုံရိပ်ဖော်နည်းပညာ ၂ ခုဖြစ်ပါတယ်။ သူတို့ ၂ မျိုးက ဘယ်လိုပုံစံနဲ့အလုပ်လုပ်သလဲ၊ တစ်ခုနဲ့တစ်ခု ဘယ်လိုအားသာချက်၊ အားနည်းချက်တွေ ရှိသလဲ၊ ဘယ်ရောဂါတွေရှာဖွေရာမှာ အသုံးပြုနိုင်သလဲဆိုတာ စာဖတ်သူတို့အတွက် ဗဟုသုတရအောင်ဖော်ပြပေးလိုက်ရပါတယ်။ ဆရာဝန်တွေအနေနဲ့  ကွန်ပျူတာဓာတ်မှန်ရော သံလိုက်ဓာတ်မှန်ရောကို ရောဂါမျိုးစုံရှာဖွေရာမှာအသုံးပြုပါတယ်။ တချို့ရောဂါတွေမှာ ၂ မျိုးစလုံးအသုံးပြုနိုင်ပေမဲ့ ဒီစက် တွေရဲ့အလုပ်လုပ်ပုံကတော့ နည်းနည်းလေး ကွဲပြားပါတယ်။ ကွန်ပျူတာဓာတ်မှန်က ပုံရိပ်ဖော်ဖို့ ဓာတ်မှန်လှိုင်းတွေသုံးပြီး သံလိုက်ဓာတ်မှန်ကတော့ အားကောင်းတဲ့သံလိုက်လှိုင်းနဲ့ ရေဒီယိုလှိုင်းတွေကိုသုံးပါတယ်။ ကွန်ပျူတာဓာတ်မှန်က ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ရရှိသုံးစွဲနိုင်သလို ကုန်ကျစရိတ်လည်းပိုသက်သာပါတယ်။ ဒါပေမဲ့ သံလိုက်ဓာတ်မှန်နဲ့ရိုက်တဲ့ ပုံရိပ်တွေက ပိုအသေးစိတ်ကျကျမြင်ရပါတယ်။ ဘယ်နေရာတွေမှာသုံးသလဲ ကွန်ပျူတာဓာတ်မှန်နဲ့ သံလိုက်ဓာတ်မှန် ၂ မျိုးစလုံးက ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေရဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နေခြည်ဖြာမှ နွေးသောကြောင့်

နေခြည်ဖြာမှ နွေးသောကြောင့် လက်ဝဲသုန္နရ အမတ်ကြီးရဲ့ ကဗျာထဲမှာ ကြားဖူးခဲ့ကြမှာပါ။ သစ်ပင်တွေဟာ ကြီးမားတဲ့ စွမ်းအင်ရင်းမြစ် တစ်ခုဖြစ်တဲ့ နေရောင်ခြည်ကို အစာချက်ရာမှာသုံးဖို့ လိုအပ်ကြောင်း အားလုံးသိကြပြီးသားပါ။ သစ်ပင်မှမဟုတ်ပါဘူး။ သက်ရှိအားလုံး နေစွမ်းအင်ကို လိုအပ်ကြပြီး ပုံစံ အမျိုးမျိုးနဲ့ အသုံးချနေကြတာပါပဲ။ လူသားတွေရဲ့ ကျန်းမာရေးရှုထောင့်ကကြည့်ရင်ရော နေရောင်ခြည်က ဘယ်လောက် အရေးပါနေသလဲ ဆိုတာကို ဒီဆောင်းပါးလေးမှာ မျှဝေပေးထားပါတယ်။ https://hellosayarwon.com/health/general-health-knowledge/pros-and-cons-of-sun/ နေခြည်ဖြာမှ နွေးသောကြောင့် နေခြည်ဖြာမှ နွေးသောကြောင့် လို့ ပြောရတာက - ၁။   မနက်ခင်း နေရောင်ခြည်ခံပေးခြင်းဟာ ဇီဝနာရီကို အချိန်မှန် (ပုံမှန်) အလုပ်လုပ်အောင် လှုံ့ဆော်ပေးတယ်။ ဇီဝနာရီက ခန္ဓာကိုယ်မှာ ဘယ်အချိန်တော့ ဘာဓာတ်ထွက်ရမယ်၊ ဘယ်အချိန် ဘယ်ကလီစာက ဘာအလုပ်လုပ်ရမယ်၊ ဘယ်အချိန် ဗိုက်ဆာရမယ် စသဖြင့် ထိန်းညှိပေးနေတာမို့ တစ်နေ့တာမှာ သူသာပုံမှန်ဖြစ်ပြီဆိုရင် ကျန်တဲ့ဇီဝဖြစ်စဉ်တွေဟာလည်း သူ့နေရာနဲ့သူ အစီအစဉ်တကျဖြစ်သွားပြီး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Waist trainer ဝတ်သူတွေအတွက် အကျိုးအကြောင်း အဆိုးအကောင်းလေးတချို့

ဗိုက်ချပ်ဝတ်စုံ သို့မဟုတ် waist trainer လေးတွေ အခုနောက်ပိုင်းခေတ်စားလာတယ်နော်။ အဆီကျ ချပ်ရပ်ချင်တဲ့ပျိုမေတွေကလည်း ဝတ်ထားကြတယ်၊ အဝတ်အစားဝတ်တဲ့အခါ ပုံကျချပ်ရပ်ချင်တဲ့သူတွေကလည်း လိုတဲ့အချိန်ခဏဝတ်ကြတယ်။ တကယ်စွမ်းတယ်ဆိုတဲ့ သတင်းတွေကလည်း မွှေးတယ်ကိုး။ ဒါပေမယ့် တစ်ဖက်မှာလည်း ဘာဆိုးကျိုးများရှိနေမလဲ စိုးရိမ်မှုတွေရှိနေပါတယ်။ ဒါဝတ်ထားလို့ ဘာတွေကောင်းကျိုးရှိမလဲ၊ ဘယ်အချက်တွေကို စိုးရိမ်ဖို့လိုမလဲဆိုတာ ကျန်းမာရေးပညာရှင်တွေ ဘယ်လိုသုံးသပ်ကြလဲ ကြည့်ရအောင်။ Waist trainer ကြောင့် ဖြစ်လာနိုင်တယ်လို့ဆိုကြတဲ့ ကောင်းကျိုးတချို့ ခါးသေးဗိုက်ချပ် ကိုယ်နေဟန်ထား လက်တွေ့သူ့ကိုဝတ်လိုက်တဲ့အခါ ချပ်ရပ်သွားစေတာက အသိသာဆုံးကောင်းကျိုးပေါ့။ အထူးသဖြင့် ကိုယ်လုံးပေါ်စေတဲ့ မြန်မာဝတ်စုံလေးတွေဝတ်မယ်ဆို ကွက်တိပါပဲ။ သီအိုရီအရလည်း ကြာကြာဝတ်ထားရင် တဖြည်းဖြည်းနဲ့ ဒီအတိုင်းအချိုးအစားကျလာမယ်လို့ဆိုပါတယ်။ အမေရိကန်ကျန်းမာရေးဌာနတစ်ခုရဲ့လေ့လာမှုအရတော့ ဗိုက်ချပ်ဝတ်စုံဝတ်ထားတာက ကိုယ်နေဟန်ထားကို သိသိသာသာပြောင်းလဲစေမှာမဟုတ်ဘူးလို့ ဖော်ပြခဲ့ပါတယ်။ ကိုယ့်ခန္ဓာကိုယ်က ခဏတာဒီပုံသဏ္ဍာန်ဖြစ်သွားတယ်ဆိုရင်တောင်မှာ Waist trainer ကြောင့် ဒီအနေအထားကို ကြာရှည်မထိန်းထားနိုင်ဘူးလို့ဆိုပါတယ်။ ဆိုလိုတာက သူ့ကိုအမြဲဝတ်ထားပြီးနောက်ပိုင်း ပြန်ချွတ်ထားလိုက်တဲ့ ခဏတာအတွင်းမှာပဲ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Waist trainer ကို ဆိုးကျိုးကင်းအောင် ဘယ်လိုဝတ်မလဲ

သူ့ကိုဝတ်လိုက်တဲ့အခါ ချပ်ရပ်သွားစေတာကြောင့် ကိုယ်လုံးပေါ်စေတဲ့ မြန်မာဝတ်စုံလေးတွေဝတ်မယ်ဆို ကွက်တိပါပဲ။ သီအိုရီအရလည်း ကြာကြာဝတ်ထားရင် တဖြည်းဖြည်းနဲ့ ဒီအတိုင်းအချိုးအစားကျလာမယ်လို့ ဆိုပါတယ်။ Waist trainer ဝတ်ထားလို့ ကိုယ်အလေးချိန်ကျနိုင်ပါတယ်။ တင်းတင်းကျပ်ကျပ် စည်းထားတဲ့အတွက် အစာအိမ်ကို ညှစ်ထားမှာဖြစ်လို့ အစားနည်းသွားမယ့်အပြင် ရေသောက်လည်းနည်းသွားနိုင်ပါတယ်။ တကယ်တော့ ဒါကိုပဲလုံးဝအားကိုးပြီး တောက်လျှောက်ဝတ်ထားတာထက် သင့်တော်တဲ့အချိန်အပိုင်းအခြားသာ ဝတ်ပြီး လေ့ကျင့်ခန်းနဲ့ အစားဆင်ခြင်နည်း ကိုပါ တွဲဖို့ Waist trainer ရောင်းချတဲ့ကုမ္ပဏီတွေကတောင် အကြံပြုထားတာတွေ့ရပါတယ်။ လေ့ကျင့်ခန်းလုပ်ချိန်မှာပါဝတ်ထားဖို့ တချို့က ပြောကြပေမယ့် အားကစားလုပ်ချိန်မှာ မဝတ်ထားတာကောင်းပါလိမ့်မယ်။ ဒါ့ကြောင့် ကိုယ်စားမိတဲ့ နည်းနည်းလေးက ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါဝင်နေဖို့လိုပါတယ်။ ဒါမှ ကျန်းမာရေးကို ထိန်းထားနိုင်ဖို့ လုံလောက်မှာပါ။ မဟုတ်ရင် အားနည်းလာပါလိမ့်မယ်။ Waist trainer ဝတ်ထားတဲ့အချိန်မှာ နဂိုခါးကိုင်းကိုင်းနေတတ်တဲ့သူတောင် ကျော့ကျော့မတ်မတ်လေး နေဖြစ်သွားပါလိမ့်မယ်။ လူကို ကိုယ်နေဟန်ထား ပုံစံကျသွားစေပါတယ်။ […]


ဆေးစစ်ချက်များ

သွေးပုံမှန်စစ်သင့်တဲ့ အ​ကြောင်းအရင်းက ဘာများလဲ...

ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းအနှံ့ဆီကို စီးဆင်းနေတဲ့ သွေးတွေက အသက်ရှင်နေစေဖို့ပဲမဟုတ်ပါဘူး။ ရောဂါတွေခံစားရနိုင်ခြေ နဲ့ ဘယ်လိုရောဂါတွေကူးစက်ခံထားရပြီလဲဆိုတာကို အဖြေထုတ်ပေးဖို့ပါအထောက်အကူပြုပေးနိုင်ပါသေးတယ်နော်။ ဒီတော့ ခန္ဓာကိုယ်ကျန်းမာပြီး ရောဂါကင်းစေဖို့ သွေးစစ်ကြဖို့တိုက်တွန်းပါရစေနော်။ သွေးစစ်သင့်တယ်လို့ပြောရတဲ့ အကြောင်းအရင်း ရောဂါတော်တော်များများကို သွေးကနေတဆင့်သိနိုင်ပါတယ်။ ကာကွယ်ဖို့အတွက်ဖြစ်ဖြစ် ကုသဖို့အတွက်ဖြစ်ဖြစ် ရောဂါရှိနေတယ်ဆိုတာကို သိမှဖြစ်မှာပါ။ ဒီတော့ ကျန်းမာပြီး ရောဂါကင်းစေဖို့ဆိုရင် ပုံမှန်သွေးစစ်နေဖို့လိုပါမယ်။ သွေးစစ်တာက ကျန်းမာရေးစောင့်ရှောက်ပေးသူတွေကို သင့်ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး အချက်အလက်တွေ အများကြီးပေးနိုင်ပါတယ်။ အချို့အခြေအနေတွေက ကိုယ်တိုင်သိထားပြီး ဂရုစိုက်ဖို့လိုအပ်တဲ့ အခြေအနေတွေဖြစ်တာကြောင့် ပုံမှန်သွေးစစ်တာကို လုပ်သင့်ပါတယ်။ ဘယ်လောက်တစ်ကြိမ် သွေးစစ်သင့်လဲ..... အချို့ရောဂါပိုးတွေက ကူးစက်ခံရပြီးပြီးချင်းမှာ ရောဂါလက္ခဏာမပြတတ်သလို သွေးထဲမှာလည်း ပြမနေတတ်တာမျိုးရှိပါတယ်။ ဒါပေမယ့် အချိန်အတိုင်းအတာတစ်ခုရောက်တဲ့အခါ သွေးထဲမှာ ရောဂါပိုးရှိနေတယ်ဆိုတာကို ပြသလာပါတယ်။ ဒါကြောင့် မိမိသံသယဖြစ်တဲ့ ရောဂါပေါ်လိုက်ပြီး သွေးစစ်သင့်ပါတယ်။ သွေးစစ်တဲ့အမျိုးအစားက တစ်ခုထဲရှိတာလား...... သွေးစစ်တဲ့အမျိုးအစားက တစ်ခုမကရှိပါတယ်။ ဥပမာ ပြောရရင် သွေးဆဲလ်အရေအတွက်ကို စစ်တာ (CBC) […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အပူအအေးမမျှတတဲ့ ရာသီဥတုမှာ လေအေးပေးစက် ကို ဘေးကင်းအောင် ဘယ်လိုသုံးကြမလဲ။

အခုခေတ်မှာတော့ ဘယ်နေရာသွားသွား လေအေးပေးစက် နဲ့ သိပ်မကင်းနိုင်ပါဘူး။ အိမ်မှာမတပ်ထားရင် တောင် ရုံးမှာ၊ ကားပေါ်မှာ၊ စျေးဝယ်စင်တာမှာ စသည်ဖြင့် တစ်နေရာရာမှာတော့ ကြုံရမှာပဲ။ လေအေးပေးစက်နဲ့ဆို နေမကောင်းဖြစ်လွယ်တယ်လို့ စိုးရိမ်တတ်ကြတော့ ဘေးအကင်းဆုံး ဖြစ်အောင် ဘယ်လိုသုံးရမလဲ၊ ဘယ်လိုအန္တရာယ်ကင်းအောင် နေရမလဲဆိုတာ သိထားဖို့သင့်ပါတယ်။ အပူအအေးမမျှတတဲ့ ရာသီဥတုမှာ လေအေးပေးစက် ကို ဘေးကင်းအောင် ဘယ်လိုသုံးကြမလဲ။ အပူအအေးမမျှတတဲ့ ရာသီဥတုမှာ လေအေးပေးစက် ကို ဘေးကင်းအောင် ဘယ်လိုသုံးကြမလဲ။ အပူအအေးမမျှတတဲ့ ရာသီဥတုမှာ လေအေးပေးစက်ကို ဘေးကင်းအောင် ဘယ်လိုသုံးကြမလဲ ဆိုတော့ လေအေးပေးစက် သုံးမယ်ဆို ဘာတွေသတိထားသင့်သလဲ လေအေးပေးစနစ်ကြောင့် ဖျားနာမှု ကင်းဝေးပြီး ကျန်းမာစေဖို့အတွက် လေအေးပေးစက် အပူချိန်ကို ၂၃ ဒီဂရီ စင်တီဂရိတ်နဲ့ ၂၅ ဒီဂရိစင်တီဂရိတ်အကြားမှာပဲထားပါ။ လေအေးပေးစက် ရဲ့ air filter […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ခြေထောက်ကပြောပြနေတဲ့ ကျန်းမာရေး

ခြေထောက်လေးတွေက လမ်းလျှောက်ဖို့၊ ပြေးလွှားဖို့ မတ်မတ်ရပ်ဖို့လောက်ပဲ အသုံးဝင်တာလား။ လိုချင်တဲ့နေရာဆီကို အရောက်လှမ်းသွားနိုင်ဖို့ အထောက်အပံ့ပေးထားတဲ့ ခြေထောက်လေးတွေက ကျန်းမာရေးရဲ့ အချက်ပြအရာလေးတွေအဖြစ်လည်း လုပ်ဆောင်ပေးပါသေးတယ်။ ဘယ်လိုလက္ခဏာတွေများပြတာလဲ! ခြေထောက်ကပြောပြနေတဲ့ ကျန်းမာရေး အကြောင်း သိချင်ရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ ခြေထောက်ကပြောပြနေတဲ့ ကျန်းမာရေး ကဲ ခြေထောက်ကပြောပြနေတဲ့ ကျန်းမာရေး အခြေအနေကို ကြည့်ပြီး ခြေထောက်လေးကို သေချာလေးဆေးလို့ တစ်ချက်ချင်းစီ တိုက်ဆိုင်စစ်ဆေးကြည့်ရအောင်နော်။ ခြေမလေးက အပေါ်ကော့ကော့လေးဖြစ်နေရင် ခြေမကအရင်ကထက် အပေါ်ကို ခပ်ကော့ကော့လေးဖြစ်လာပြီဆိုရင် ပြင်းထန်တဲ့ ကျောက်ကပ်ရောဂါခံစားနေရတာဖြစ်နိုင်သလို နှလုံးရောဂါ၊  အစာအိမ်အူနံရံရောင်တဲ့ရောဂါ ကိုခံစားနေရတာဖြစ်နိုင်ပါတယ်။ ခြေချင်းဝတ်တွေ၊ ခြေဖမိုးတွေရောင်နေရင် တကယ်လို့ သင့်ရဲ့ ခြေချင်းဝတ်တွေ၊ ခြေဖမိုးတွေက ရောင်နေမယ်ဆိုရင်တော့ သွေးတိုးနေတာဖြစ်နိုင်သလို၊ နှလုံးကျန်းမာရေး အားနည်းတာ၊ ကောက်ကပ်ထိခိုက်နေတာ၊ အသည်းထိခိုက်နေတာတွေကိုခံစားနေရတာဖြစ်ပါတယ်။ ခြေဖျားတွေအေးနေရင် ခြေဖျားတွေက အေးစက်နေမယ်ဆိုရင်တော့ သွေးလည်ပတ်မှုသိပ်မကောင်းတာကြောင့်ဖြစ်နိုင်သလို သိုင်းရွိုက်ပြဿနာရှိနေတာလည်းဖြစ်နိုင်ပါတယ်။ ဒီပြဿနာက အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါ။ တကယ်လို့ သင်က […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အသံချဲ့စက်ကပေးတဲ့ ဝေဒနာ (၆) မျိုး

အသံဆိုတာ အမျိုးမျိုးရှိပါတယ်။ ဂီတသံ၊ စကားပြောသံ၊ ဆူညံသံ၊ စက်သံ စတာတွေအပြင် ဂီတသံထဲမှာတောင် သာယာငြိမ့်ညောင်းတဲ့အသံ၊ မြူးကြွတဲ့အသံ၊ ဆူညံပြင်းတဲ့အသံ ဆိုပြီးကွဲပါသေးတယ်။ ခုနေ ဘယ်အသံကို အကြောက်ဆုံးလဲမေးရင် လူ ဆယ်ယောက်မှာ ကိုးယောက်လောက်ဖြေမှာက လော်သံလို့ ပြောကြမလားပဲ။ လော် သို့မဟုတ် လော်စပီကာလို့ ခေါ်ကြတဲ့ အသံချဲ့စက် တွေက ဟိုမှာ ဒီမှာ တပြင်တခွင် ရှိနေတာကိုး။ ပိုဆိုးတာက လော်တင်မက sound box ကြီးတွေပါ တွဲပြီး ကျဲနေကြတာပါပဲ။ သုတေသနတွေအရ အသံချဲ့စက် အပါအဝင် ကားဟွန်းသံ၊ လေယာဉ်သံ၊ စက်မောင်းသံ၊ စတဲ့ ဆူညံသံ တစ်မျိုးမျိုးကို မကြာခဏ သို့မဟုတ် ကြာရှည်ကြားနေရတဲ့သူတွေမှာ ကျန်းမာရေးထိခိုက်မှုတွေ ရှိလာတယ်လို့ သိရပါတယ်။ ဒီဆောင်းပါးမှာတော့ အသံချဲ့စက်ကပေးတဲ့ ဝေဒနာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင့်မှာ ဒီကျန်းမာရေးပြဿနာတွေရှိနေရင် ချင်း (ဂျင်း)ကိုမစားသုံးသင့်ပါဘူး

သဘာဝတရားကြီးက လူသားတွေအတွက်ကျန်းမာရေးဆိုင်ရာ အံ့မခန်းဖွယ်အကျိုးကျေးဇူးတွေပေးထားပါတယ်။ ချင်း (ဂျင်း)ကလည်း သဘာဝကပေးတဲ့ အကောင်းဆုံးသော ဆေးစွမ်းတစ်လက်ပါ။ အရာရာတိုင်းက တန်ဆေးလွန်ဘေးဆိုသလိုပဲ ဆေးဖက်ဝင်တယ်ဆိုတိုင်းလည်း အတိုင်းအဆမရှိစားသုံးတာမျိုးမဖြစ်သင့်ပါဘူး။ မိမိရဲ့ ကျန်းမာရေး အခြေအနေတွေအပေါ်မှာမူတည်ပြီး အတိုင်းအချင့်နဲ့စားသုံးသင့်ပါတယ်။ အောက်ဖော်ပြပါ ရောဂါရှိသူတွေအတွက် ချင်းက တော်တော်လေးကို အန္တရာယ်ကြီးလှပါတယ်။ ဒါကြောင့် သင့်မှာ ဒီကျန်းမာရေးပြဿနာတွေရှိနေရင် ချင်း (ဂျင်း)ကိုမစားသုံးသင့်ပါဘူး ။ ဂျင်း (ချင်း) ကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူး ဂျင်းက ခန္ဓာကိုယ်တစ်ခုလုံးအတွက် အကျိုးပြုပါတယ်။ အစာအိမ်အနာတွေကို ကျက်စေနိုင်သလို ကင်ဆာဆဲလ်​တွေကိုလည်း သေစေနိုင်ပါတယ်။ အမျိုးသားတွေအတွက်လည်း ကျန်းမာရေးကိုကောင်းစေနိုင်ပါတယ်။ ချင်းက ဆေးဖက်ဝင်တယ်ဆိုတာကိုလွန်ခဲ့တဲ့ နှစ်ထောင်ပေါင်များစွာကတည်းက သိရှိခဲ့တာဖြစ်ပါတယ်။ သင့်မှာ ဒီကျန်းမာရေးပြဿနာတွေရှိနေရင် ချင်း (ဂျင်း)ကိုမစားသုံးသင့်ပါဘူး ချင်းက ကျန်းမာရေးအတွက် အကျိုးကျေးဇူးများတယ်ဆိုပေမယ့် လူတိုင်းအတွက် ကောင်းလှတယ်တော့ မဟုတ်ပါဘူး။ သင့်မှာ ဒီကျန်းမာရေးပြဿနာတွေ ရှိနေရင် ချင်း (ဂျင်း)ကိုမစားသုံးသင့်ပါဘူး […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း