ဒီအလေ့အထတွေက ကျန်းမာရေးကို တကယ်ပဲအကျိုးပြုရဲ့လား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 2 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဒီအလေ့အထတွေက ကျန်းမာရေးကို တကယ်ပဲအကျိုးပြုရဲ့လား

    အချို့ အလေ့အထတွေက ကျန်းမာရေးနဲ့ ညီညွတ်တယ် ထင်လို့ လုပ်မိနေပေမယ့် ကျန်းမာရေးအတွက် အထောက်အကူ မပြုတဲ့အပြင် ဆိုးကျိုး သက်ရောက်မှုတွေတောင် ရှိစေနေပါသေးတယ်။ ဘယ်လိုအလေ့အထတွေလဲ၊ ကိုယ်တိုင်မှာရော ရှိနေလား ဆန်းစစ်ကြည့်လိုက်ပါဦး။ အထူးသဖြင့် လူသိများတဲ့ ဒီအလေ့အထတွေက ကျန်းမာရေးကို တကယ်ပဲအကျိုးပြုရဲ့လား ဆိုတာကိုပေါ့။

    ဒီအလေ့အထတွေက ကျန်းမာရေးကို တကယ်ပဲအကျိုးပြုရဲ့လား

    မနက်စာကို စားတာက တစ်နေ့တာအစမှာ ခွန်အားပြည့်စေပါတယ်။ ဒါပေမဲ့ များများစားကိုစားရမယ်တော့ မဟုတ်ပါဘူး။ အစာတွေအများကြီးစားတာက ခန္ဓာကိုယ်ကို ဝန်ပိစေပြီး အစာခြေစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ ကိုယ်ဝမ်းနဲ့ သင့်ရုံစားပါ။ အာဟာရပြည့်ပြီး အဆာခံနိုင်တာတွေကို ဦးစားပေးပြီး စားပေးပါ။

    • တစ်နေ့ ရေ၈ခွက် သောက်ခြင်း

    ရေသောက်တာက ကောင်းပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်က လိုအပ်သလောက် သောက်တာ အကောင်းဆုံးပါ။ တစ်နေ့ ၈ ခွက် သောက်ရမယ် ဆိုတဲ့ ပုံသေနည်းကြီးအတိုင်း မဖြစ်မနေ မသောက်စေချင်တာပါ။ ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးတဲ့ပေါ် မူတည်ပြီး သောက်တာ အကောင်းဆုံးပါ။ ချွေးထွက်များရင် ရေပိုသောက်ပြီး ချွေးထွက်နည်းရင် ရေလျှော့သောက်နိုင်ပါတယ်။ ရေမဆာဘဲ တစ်နေ့ ၈ ခွက်ပြည့်အောင် သောက်မယ်ဆိုတဲ့ ဆန္ဒနဲ့တော့ မသောက်ပါနဲ့။

    • အဆီတွေမစားခြင်း

    အဆီဆိုတိုင်း အကုန်မကောင်းတာတော့ မဟုတ်ပါဘူး။ HDL ကိုလက်စထရောဆို ကောင်းတဲ့အဆီဖြစ်ပါတယ်။ ဒါကြောင့် HDLကြွယ်ဝတဲ့ အဆီပါတဲ့ငါး၊ ထောပတ်သီး၊ အစေ့အဆန်တွေကို စားပေးလို့ရပါတယ်။ တိရိစ္ဆာန်အဆီ၊ စားအုန်းဆီ စတာတွေကိုတော့ ရှောင်သင့်ပါတယ်။

    နေ့စဉ်ပုံမှန်လုံလောက်တဲ့ အိပ်စက်ချိန်လေးထားပါ။ တစ်ပတ်လုံး အိပ်ရေးပျက်ခံထားပြီး ပိတ်ရက်ကျမှ အတိုးချအိပ်မယ်ဆိုပြီး မလုပ်ပါနဲ့။ ညတိုင်း နောက်အကျဆုံးဆိုရင်တောင် ၁၀ နာရီခွဲမှာ အိပ်ရာဝင်ပါ။ မနက်တိုင်း ၆ နာရီထက်နောက်မကျဘဲထပေးပါ။ ဒါကကျန်းမာရေးနဲ့ ညီညွတ်တဲ့ အိပ်စက်မှုပုံစံတစ်ရပ်ဖြစ်တာကြောင့် အလေ့အထဖြစ်အောင် မွေးမြူပေးပါ။

    နေ့တိုင်းလိုလို လေ့ကျင့်ခန်းလုပ်ဖြစ်တာကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ပြောနေတတ်ကြပါတယ်။ ဒါကအခုနောက်ပိုင်းမှာ ကျန်းမာရေးအလေ့အထတစ်ခုလို့ပြောလာကြပါတယ်။ နေ့တိုင်းလေ့ကျင့်ခန်းလုပ်တာက တကယ်ရော ကျန်းမာရေးညီညွတ်ရဲ့လား။ နေ့တိုင်းလေ့ကျင့်ခန်းလုပ်တာက ပြဿနာ မဟုတ်ပေမဲ့ လိုတာထက် ပိုလုပ်တဲ့အခါ၊ နားရက်မယူဘဲ ဆက်တိုက်လုပ်တဲ့အခါ ကြွက်သားတွေအရိုးအဆစ်တွေကို ထိခိုက်စေနိုင်သလို ကိုယ်လက်ကိုက်ခဲတာ အခန့်မသင့်ရင် ဖျားတာမျိုးအထိဖြစ်နိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 2 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement
    advertisement
    advertisement