၅။ ချော်လဲ၊ ထိမိခိုက်မိတာတွေအတွက်။
ခရီးသွားရင်း ချော်လဲတာ၊ အသေးစား ခြစ်ရာ၊ ပွန်းပဲ့ရာ တွေအတွက် ပိုးသတ်ဆေးရည်၊ အနာကပ်ပလာစတာ၊ အရက်ပြန်၊ ဂွမ်းတို့ကိုလည်း သယ်သွားသင့်ပါတယ်။
၆။ ပုံမှန်သောက်နေကျဆေးတွေ။

ဆီးချို၊ သွေးတိုးရောဂါဖြစ်နေသူတွေအတွက် ကိုယ်သောက်နေကျဆေးတွေကိုလည်း ကိုယ်ရောက်နေတဲ့ခရီးမှာ ဝယ်လို့မရတာတွေလည်းဖြစ်နိုင်ပါတယ်။ ဒီလိုနာတာရှည်ရောဂါတွေဟာ ဆေးနဲ့ထိန်းထားရတာဖြစ်တဲ့အတွက် ခရီးသွားမယ့်ရက်ကို ကြိုတွက်ပြီး ဆေးကဒ်တွေ ကြိုဝယ်ကြိုဆောင်ထားသင့်ပါတယ်။
ကိုယ်ဝန်တားဆေးသောက်နေတဲ့ မိန်းကလေးတွေကလည်း ခရီးသွားချိန်မှာ သောက်နေကျဆေးကဒ်ကို မပြတ်စေဖို့သတိထားပါ။ သုံးလခံထိုးဆေးထိုးတဲ့သူတွေဆိုလည်း ထိုးရမယ့်ရက်ရောက်ခါနီးပြီးဆိုရင် ကြိုထိုးသွားသင့်ပါတယ်။
ရာသီလာခါနီး သို့မဟုတ် ရာသီလာနေတဲ့အချိန် ခရီးသွားမယ်ဆိုရင် ဗိုက်အောင့်တာသက်သာစေမယ့် အကိုက်အခဲပျောက်ဆေး၊ အားဆေး၊ လစဉ်သုံးပစ္စည်း (Sanitary napkins, tampons) တွေကို အလုံအလောက်ယူသွားဖို့လည်း မမေ့ပါနဲ့ဦး။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။