အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

ဆေးစစ်ချက်များ

Adrenocorticotropic Hormone (အက်ဒရီနို ကော်တီကို ထရိုးပစ် ဟော်မုန်း)

Adrenocorticotropic ဟော်မုန်းဆိုတာဘာလဲ။ Adrenocorticotropic ဟော်မုန်း (ACTH) ကို Pituitary ဂလင်းရှေ့ခြမ်းပိုင်း အလုပ် လုပ်မလုပ်နှင့် Cushing’s Syndrome (Cortisol ဟော်မုန်းများ အများအပြားထုတ်လုပ်သောရောဂါ)၊ Addison ၏ ရောဂါများ ရှိမရှိ စစ်ဆေးရန်အတွက် အသုံးပြုသည်။ ACTH သည် Pituitary ဂလင်းရှေ့ခြမ်းပိုင်းမှထုတ်သော အခန္ဓါကိုယ်အတွက် အရေးပါသည့် ဟော်မုန်းတစ်မျိုးဖြစ်သည်။ ပထမဆုံးအနေဖြင့် corticotrophin releasing ဟော်မုန်း (CRH) အား hypothalamus ဂလင်းမှထုတ်လိုက်၏။ ထိုဟော်မုန်းသည် Pituitary ဂလင်းအား ACTH ထုတ်စေရန် လှုံစော်ပေးသည်။ ထို့နောက် ACTH သည် adrenal cortex အားလှုံ့စော်ပေးပြီး cortisol ကိုထွက်လာစေသည်။ သွေးတွင်း၌ cortisol လယ်ဗယ်မြင့်လာပါက CRH ထုတ်ခြင်းကိုတားလိုက်ပြီး ACTH လဲ […]


ဆေးစစ်ချက်များ

Agglutinins Febrile (ပုံမှန် ခန္ဓါကိုယ်အပူချိန်မှာ သွေးနီဥများကပ်စေသောပဋိပစ္စည်း)

Agglutinins febrile ဆိုတာဘာလဲ။ ပုံမှန်ခန္ဓါကိုယ်အပူချိန်၌ Agglutination စစ်ဆေးခြင်း (febrile antibodies) ကို ကူးစက်ရောဂါများ (ဥပမာ salmonella, rickettsia diseases, brucellosis, tularemia) နှင့် Lymphoma၊ လူကီးမီးယားကဲ့သို့ ကင်ဆာများကို ရောဂါအမည်တပ်နိုင်ရန်နှင့် စောင့်ကြည့်နိုင်ရန်သုံးကြသည်။ ၎င်းသည် hot agglutinins များနှင့်လည်း ဆက်နွှယ်ပါသည်။ ရောဂါပိုးနှင့်သင့်တော်သည့် ပိုးသတ်ဆေးကုထုံးများသည် antibodies များ၏ လုပ်ဆောင်ချက်များကိုကျသွားစေပြီး ပုံမှန်အပူချိန်၌ agglutination ကိုဖြစ်စေပါသည်။ ဒီစစ်ဆေးမှုသည် တိကျသောရောဂါအမည်ကိုထုတ်မပေးနိုင်သလို sensitive လဲမဖြစ်ပါ။ ဒီစစ်ဆေးချက်ကို ကူးစက်ပိုးများအားဖော်ထုတ်ပေးပြီး ရောဂါကုသရာတွင် ပိုပြီးတိကျမှု၊ ပိုပြီး sensitive ဖြစ်မှုကို ရရှိစေပါသည်။ agglutinins febrile စစ်ဆေးမှုကို ဘာကြောင့်လုပ်ရသလဲ။ ဒီ antibodiy စစ်ဆေးမှုအား rickettsia, Salmonella နှင့် Brucella […]


ဆေးစစ်ချက်များ

Alanine Aminotransferase (အယ်လနင်း အမိုင်နိုထရန်စဖာအေ့စ်)

Alanine aminotransferase စစ်ဆေးခြင်းဆိုတာ ဘာလဲ။ alanine aminotransferase (ALT) စစ်ဆေးခြင်းသည် သွေးထဲတွင်ရှိသော ၎င်းအင်ဇိုင်းပမာဏကို တိုင်းတာခြင်းဖြစ်သည်။ ALT ကို အဓိအားဖြင့် အသည်းတွင်တွေ့ရပြီး ကျောက်ကပ်၊ နှလုံး၊ ကြွက်သားများနှင့် မုန့်ချိုအိတ်၌လဲ အနည်းငယ် တွေ့ရှိရပါသည်။ ALT ကို ယခင်က serum glutamic pyruvic transaminase (SGPT) ဟုခေါ်ခဲ့ပါသည်။ ALT အား အသည်းထိခိုက်မှု သို့မဟုတ် အသည်းရောဂါများရှိမရှိ သိနိုင်ရန် တိုင်းတာပါသည်။ ALT ကို ပုံမှန်အားဖြင့် သွေးထဲ၌ ပမာဏအနည်းငယ်သာ တွေ့ရှိရသည်။ သို့သော် အသည်းတွင်ထိခိုက်ခြင်း၊ ရောဂါရှိခြင်းများဖြစ်သည့်အခါ ALT အား သွေးထဲသို့ ထုတ်လွှတ်လိုက်ပါသည်။ ထို့ကြောင့် ALT လယ်ဗယ် တက်လာမည်ဖြစ်သည်။ ALT လယ်ဗယ်တက်ခြင်းအများစုသည် အသည်းထိခိုက်ခြင်းကြောင့်ဖြစ်သည်။ ALT […]


ရောဂါလက္ခဏာများ

Claudication (ခြေသလုံးကြွက်သားနာခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Claudication (ခြေသလုံးကြွက်သားနာခြင်း) ကဘာလဲ။ သွေးလည်ပတ်မှုနည်းခြင်းကြောင့်ဖြစ်သော ခြေသလုံး ကြွက်သား နာကျင်ခြင်းဆိုသည်မှာ လေ့ကျင့်ခန်းလုပ်ပြီး နောက် ခြေထောက်တွင် ဆတ်ဆတ်တုန်၍ စူးရှစွာ နာခြင်း ဖြစ်သည်။ ပိုဆိုးလာပါက နာကျင်ခြင်းသည် အနားယူနေစဉ် တွင် ဖြစ်နိုင်သည်။ ခြေသလုံးကြွက်သားနာခြင်းသည် အဓိက မဟုတ်သော သွေးကြောများ ရောဂါ၏ ရောဂါလက္ခဏာ တစ်ခု ဖြစ်သည်။ ထိုရောဂါ သည် လက် နှင့်ခြေထောက်သို့ သွားသော သွေးကြောများ ကျဉ်းစေကာ ထိုနေရာများသို့ သွေး မရောက်ခြင်းကို ဖြစ်စေသည်။ ခြေသလုံးကြွက်သားသည် အထိခိုက်ခံရဆုံး ဖြစ်ပြီး ခြေ ထောက်၊ ပေါင် နှင့်တင်ပါးတွင်လည်း နာကျင်နိုင်ပါသည်။ နာကျင်ခြင်း သည် လေ့ကျင့်ခန်းလုပ်စဉ်နှင့် လုပ်အပြီးတွင် ဖြစ်လေ့ရှိပြီး အနားယူခြင်းနှင့် အတူ ပျောက်ကင်းသွားသည်။ Claudication (ခြေသလုံးကြွက်သားနာခြင်း) က ဘယ်လောက်အဖြစ်များသလဲ ခြေသလုံးကြွက်သားနာခြင်းသည် […]


ရောဂါလက္ခဏာများ

Hypothermia (ကိုယ်အပူချိန်အလွန်အမင်း ကျဆင်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hypothermia (ကိုယ်အပူချိန်အလွန်အမင်း ကျဆင်းခြင်း) ကဘာလဲ။ ကိုယ်အပူချိန်အလွန်အမင်း ကျဆင်းခြင်းဆိုသည်မှာ ခန္ဓါ ကိုယ်မှ အပူထုတ်နိုင်မှုထက် ပို၍မြန်မြန် အပူများ ဆုံးရှုံးနေ သော အခြေအနေတစ်ခုကို ခေါ်ပါသည်။ ခန္ဓါကိုယ်အပူချိန် သည် ၃၅ ဒီဂရီ စင်တီဂရိတ် (၉၈.၆ ဒီဂရီ ဖာရင်ဟိုက်) အောက် ကျဆင်းသောအခါ ဖြစ်ပွားပါသည်။ ကိုယ်အပူချိန် အလွန်အမင်း ကျဆင်းခြင်း ကိုမကုသဘဲထားပါက အန္တရာယ် ရှိပါသည်။ နှလုံး၊ အာရုံကြောစနစ် နှင့် အခြားကိုယ်အင်္ဂါများ ပျက်စီးစပြုလာပြီး အသက်အန္တရာယ်ပင် စိုးရိမ်ရနိုင်သည်။ Hypothermia (ကိုယ်အပူချိန်အလွန်အမင်း ကျဆင်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ။ ကိုယ်အပူချိန်အလွန်အမင်း ကျဆင်းခြင်းသည် အေးသော ဒေသများတွင် နေထိုင်သော အသက်ကြီးသူများနှင့် ကလေး ငယ်များတွင် အများဆုံးဖြစ်ပွားပါသည်။ အန္တရာယ် ဖြစ်စေ သော အချက်များကို လျော့ချခြင်းဖြင့် ကိုယ်အပူချိန် […]


အခြေခံကျန်းမာရေး

Hyperthyroidism (သိုင်းရွိုက် ဟော်မုန်းများသော ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hyperthyroidism (သိုင်းရွိုက် ဟော်မုန်းများသော ရောဂါ) ကဘာလဲ။ သိုင်းရွိုက် ဟော်မုန်းများသော ရောဂါဆိုသည်မှာ သိုင်းရွိုက် ကလန်း အလုပ် အလွန် လုပ်ခြင်းကြောင့်ဖြစ်သော ရောဂါတစ်မျိုး ဖြစ်ပါသည်။ သိုင်းရွိုက်ဂလန်းသည် လည်ပင်းတွင် ရှိပြီး ခန္ဓါကိုယ်၏ လှုပ်ရှားမှုများစွာကို ထိန်းချုပ်သော သိုင်းရွိုက် ဟော်မုန်းကို ထုတ်လုပ်ပေးပါသည်။ သိုင်းရွိုက်ဂလန်း၏ လုပ်ငန်းအချို့မှာ သွေးတွင်း ကယ်စီယမ်ပမာဏကို ထိန်းချုပ်ခြင်း၊ ဇီဝကမ္မ ဖြစ်စဉ်ကို အားသန်စေခြင်း၊ နှလုံး၊ အာရုံကြောစနစ်ကို နိုးဆွပေးခြင်း နှင့် ခန္ဓါကိုယ်အပူချိန်ကို ထိန်းညှိပေးခြင်းတို့ ဖြစ်သည်။ သို့သော် ဟော်မုန်းများခြင်းသည် လည်ပင်းသိုင်းရွိုက် ဟော်မုန်းများသော ရောဂါ၏ လက္ခဏာများကို ဖြစ်စေသည်။ Hyperthyroidism (သိုင်းရွိုက် ဟော်မုန်းများသော ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ သိုင်းရွိုက် ဟော်မုန်းများသော ရောဂါသည် အဖြစ်များသော ရောဂါတစ်ခုဖြစ်သည်။ အမျိုးသားများထက် […]


ရောဂါလက္ခဏာများ

သယ်လ်ဆီးမီးယား (thalassemia) ရောဂါ အကြောင်းသိကောင်းစရာ

thalassemia ရောဂါဆိုတာဘာလဲ။ thalassemia ဆိုတာ မူမမှန်တဲ့ ဟေမိုဂလိုဘင်တွေ ထုတ်တာကြောင့် ဖြစ်ပေါ်လာတဲ့ သွေးရောဂါတမျိုးပါ။ တကယ်လို့ သင့်ကလေးမှာ thalassemia ရောဂါရှိတယ်ဆိုရင် သူတို့ရဲ့ ခန္ဓါကိုယ်ထဲမှာ ဟေမိုဂလိုဘင်ဓါတ်နဲ့ သွေးနီဥတွေဟာ ပုံမှန်ထက် နည်းနေပါလိမ့်မယ်။ ဒီလိုရောဂါမျိုးကို Mediterranean ဒေသ၊အာဖရိက နဲ့ အာရှဒေသက ကလေးတွေမှာ အများဆုံး တွေ့ရတတ်ပါတယ်။thalassemia ရောဂါ အမျိုးအစား အများကြီးရှိပါတယ်။ တချို့အမျိုးအစားတွေက ဘာရောဂါလက္ခဏာမှ မပြသလို တချို့အမျိုးအစားတွေကလည်း အချိန်မီ ကုသမှုမပေးရင် အသက်ဆုံးရှုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ကိုယ့်ကလေးမှာ thalassemia ရှိနေကြောင်း ဘယ်လိုသိမလဲ။ thalassemia ရောဂါရဲ့ လက္ခဏာတွေက -အားနည်းမယ်။ -ပင်ပန်းနွမ်းနယ်နေမယ်။ -အသားအရေဖြူဖျော့မယ်။ -မျက်နှာကအရိုးတွေငေါလာမယ်။ -အရပ်အမောင်းပုသေးမယ်။ -ဆီးမည်းမယ်။ -ဗိုက်ကြီးဖောင်းလာမယ် စတာတွေပဲဖြစ်ပါတယ်။ ကလေးမှာ ဘာလို့thalassemia ဖြစ်ရတာလဲ။ thalassemia ဟာ ဟေမိုဂလိုဘင်ထုတ်ပေးတဲ့ gene မှာ အပြစ်အနာအဆာပါတာကြောင့် ဖြစ်ရတာပါ။ ဒီလို ပါတာကြောင့် ဟေမိုဂလိုဘင်ဓါတ်ကို ပုံမှန်အတိုင်း […]


ကျန်းမာရေး သတင်းများ

သန်းများကိုမြန်မြန်သေစေမည့် ကုထုံးသစ်

သင့်ကလေးဒါမှမဟုတ် သင့်ကလေး၏အတန်းဖော်တွင် သန်းများရှိကြောင်းတင်ပြသည့်စာကိုကလေးကျောပိုးအိတ်ထဲမှာတွေ့လိုက်ရင်လျှင် မိဘများကြောက်သွားတတ်ကြပါသည်။ အခုတော့ ဆေးနည်းအသစ်တစ်ခုကကြောက်ရွံ့ရမှုကိုလျော့နည်းသွားစေနိုင်ပါပြီ။ ခေါင်းသန်းများသည် ခြေရှစ်ချောင်းပါသည့်အင်းဆက်များဖြစ်ပြီးဦးရေပြားနှင့်လည်ပင်းကိုကုပ်တွယ်ကလူသွေးစုပ်သည့်အကောင်များပင်ဖြစ်သည်။ သန်းတစ်ကောင်စီ၏အရွယ်သည် နှမ်းစေ့တစ်စေ့လောက်သာရှိပြီးသေချာရှာမှသတိထားမိမှာဖြစ်သည်။ သန်းဥများသည် ဦးရေပြားအနီးဆံစများတွင်ကပ်နေတတ်ပြီးရှာတွေ့ရန်ပိုခက်သေး၏။ အသစ်သောလေ့လာချက်တစ်ခုအရSklice (ivermectin)ဆိုသောလိုးရှင်းဆေးသည် တစ်ကြိမ်လိမ်းရုံနှင့် ၁၀ မိနစ်လောက်အတွင်းသုတ်သင်ပေးနိုင်ပါသည်။ ဆိုတော့ ဘီးစိတ်တွေမလိုတော့ပါ။ လေ့လာတွေ့ရှိချက်များအားနယူးအင်္ဂလန်ဆေးပညာဂျာနယ်တွင် ရေးသားဖော်ပြပြီးဖြစ်သည်။ သန်းကူးစက်ခံရခြင်းသည် လူမှုရေးရာတွင်အရှက်ရဖွယ်ဖြစ်နေပြီးမိုးဦးစကျောင်းဖွင့်ကာလတွင် ပိုပေါက်ပွားလေ့ရှိသည်။ ယနေ့ခေတ်တွင်သန်းသတ်ဆေးအများအပြားကိုရရှိနိုင်ပြီးလိုးရှင်းပုံစံခေါင်းလျှော်ရည်ပုံစံတို့ဖြင့် အလွယ်တကူဝယ်ယူနိုင်ပါသည်။ သို့သော်ထိုအရာများသည်သန်းကောင်ကိုသာသတ်နိုင်ပြီးဥများကိုတော့မသတ်နိုင်ပါ။ ထို့ကြောင့် နောက်ထပ်အသစ်ပေါက်မည့်သန်းများကိုပါ ထပ်သတ်ဖို့လိုပါသေးသည်။ အိမ်တိုင်ရာရောက်ဆလွန်းဝန်ဆောင်မှုများက ဒီလိုညစ်ပတ်တဲ့အရာတွေအတွက် သင့်ကိုအကူအညီပေးနိုင်ပါသည်။   သန်းသေဆေးများသော်လည်း အကုန်မစွမ်းပါ ဒီကုသနည်းတွေက ၅၀%လောက်သာ ထိရောက်ပါသည်။ ဆိုလိုသည်မှာမှန်မှန်လေးသုံးစွဲဖို့လို၏။ သုံးလျှင်လဲဆေးမတိုးခြင်းကဖြစ်လာနိုင်သေး၏။ Ivermectinဟာတစ်ကြိမ်းတည်းသုံးရသည့်ကုထုံးဖြစ်ပြီးသုံးပြီးပါကဆံပင်များကိုရှုပ်ထွေးမနေစေပဲပျော့ပျောင်းစေသည်။ လိုရှင်းကို ဆရာဝန်ညွှန်ကြားချက်နှင့်ဝယ်ယူနိုင်ပြီးအာမခံမရှိပါကဒေါ်လာ ၃၀၀ ခန့်ကျသင့်မှာဖြစ်သည်။ လေ့လာမှုအရဘေးထွက်ဆိုးကျိုးအနည်းငယ်အဖြစ် အသားနီခြင်းယားယံခြင်းများရှိနိုင်ပါသည်။ ထို့အပြင် Skliceကိုလဲတခြားသောကုထုံးများနှင့် နှိုင်းယှဉ်၍လဲမရပါ။ သန်းရှိသူအသက်ခြောက်လမှစပြီးကလေးငယ် ၇၆၅ ကိုလိုးရှင်းအသစ်သုံးခိုင်းရာ အစွမ်းထက်ပါဝင်ပစ္စည်းကိုဖယ်သုံးခိုင်းသူများထက် ၂ရက် ၈ ရက် ၁၅ ရက်ခန့် သန်းမရှိသည့်နေ့များကိုပိုရရှိထားပါသည်။ ထပ်မံလေ့လာချက်များအရလိုးရှင်းအသစ်သည် လက်ရှိကုထုံးများနှင့်နှိုင်းယှဉ်လျှင် နောက်ဆုံးမှရွေးချယ်သင့်သည်ဟုသုတေသီများမှ ဆိုထားသည်။ Sklice သန်းကူးစက်ခံရခြင်းသည် ဘယ်သူမှထုတ်မပြောချင်သည့် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မိသားစု ကျန်းမာရေးအတွက် မိနစ်၂၀စာ အိမ်သန့်ရှင်းရေး

အလုပ်ရှုပ်လှသော ခေတ်သစ်လူနေမှုဘဝမှာ ကျွန်တော်တို့ဟာ အလုပ်ရဲ့ စိတ်ဖိအားတွေကို လျော့နည်းစေဖို့ အချိန်နည်းနည်းပဲ ပေးနိုင်ပါတယ်။ အဲဒါတွေကြောင့် ကျွန်တော်တို့ဟာ ထင်ထားတာထက် ကျန်းမာရေးကို ပိုမိုသက်ရောက်နေတဲ့ အိမ်သန့်ရှင်းရေး ကို လျစ်လျူရှုနေကြပါတယ်။ ကလေးတွေ အိမ်မွေးတိရစ္ဆာန်လေးတွေရှိတဲ့ အိမ်တွေက အိမ်သန့်ရှင်းဖို့၊ ရောဂါပိုးရှင်းနေဖို့ ပိုတောင် လိုပါသေးတယ်။ အောက်ပါ ဆောင်းပါးက အိမ်ကို မိနစ်၂၀အတွင်း သန့်ရှင်းသပ်ရပ်နေအာင် ဘယ်လို ထားမလဲ ရှင်းပြပါလိမ့်မယ်။ မိသားစု ကျန်းမာရေးအတွက် မိနစ်၂၀စာ အိမ်သန့်ရှင်းရေး မိသားစု ကျန်းမာရေးအတွက် မိနစ်၂၀ စာ အိမ်သန့်ရှင်းရေး ကတော့ ဘာတွေဖြစ်မလဲ ဆိုတော့ နေရာ(၁) ရေချိုးခန်း ရေပန်း၊ ဘေစင်၊ မှန်တင်ခုံနဲ့ ရေစည်တို့ကို Sprayဖျန်း သန့်စင်ကာ နေရာတကျ ထားပါ။ တစ်ခါတရံကို အိမ်သာကို ပြောင်အောင် ဆေးဖို့ဆိုတာ ခက်ပါတယ်။ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

မေ့ဆေးပေးထားစဉ် သင့်ခန္ဓါကိုယ်တွင် မည်ကဲ့သို့ ဖြစ်ပျက်ပါသနည်း၊

လူအများစုသည် မေ့ဆေးလိုအပ်သော ခွဲစိတ်မှုများကို ပြုလုပ်ကြရသည်။ ထိုသူများမှ အများစုသည် သူတို့၏ ခန္ဓါကိုယ်တွင် မည်ကဲ့သို့ ဖြစ်ပျက်ပြောင်းလဲမည်ကို မသိသောကြောင့် မေ့ဆေးပေးရန် စိုးရိမ်ထိတ်လန့်တတ်ကြသည်။ မေ့ဆေးသည် သင်ခွဲစိတ်ခံနေစဥိအတွင်း နာကျင်မှုမရှိစေရန်၊ စိတ်သက်သာစေရန် ကူညီပေးသည်။ ခွဲစိတ်မှုပြုလုပ်နေစဉ်၊ သင့်ခန္ဓါကိုယ်တွင် ပုံမှန်မဟုတ်သော ဖြစ်စဉ်များဖြစ်ပေါ်သည်။ နာကျင်မှုကို မခံစားရခြင်း နာကျင်မှုမရှိပဲ ခွဲစိတ်နိုင်ရန်သည် မေ့ဆေးပေးခြင်း၏ ရည်ရွယ်ချက်ဖြစ်ပါသည်။ သင့်ခန္ဓါကိုယ်ကို သွင်းလိုက်သော ဆေးများသည် အာရုံကြောများကို ပိတ်လိုက်သောကြောင့် နာကျင်မှုကို ဦးနှောက်သို့ အချက်ပြခြင်းမဖြစ်ပေါ်တော့ပေ။ ထို့ကြောင့် ဆေးအရှိန်ပြယ်သည်အထိ နာကျင်မှုကို ခံစားရမည်မဟုတ်ပေ။ သင်သည် တစိတ်တစ်ပိုင်း သိုမဟုတ် အပြည့်အ၀ သတိလစ်နေမည်ဖြစ်သည်။ ထုံဆေးများ အသုံးပြုလျှင် သင်နိုးနေပြီး သင့်ကို မည်သို့ပြုလုပ်နေသည်ကို သိရှိနေသော်လည်း နာကျင်မှုကို ခံစားရမည်မဟုတ်ပေ။ မေ့ဆေးပေးလျှင်သင်သည် အပြည့်အ၀ သတိလစ်နေနိုင်ပြီး ဆေးအာနိသင်ကြောင့် သင့်စိတ်သည် ပေါ့ပါးနေနိုင်သည်။ သင့်ကြွက်သားများသည် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း