အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့

ခံတွင်းပျက်တယ် ဆိုတာက ကလေးရော လူကြီးပါ ကြုံဖူးကြမှာပါ။ ခံတွင်းပျက်ပြီ ဆိုရင် ဘာစားစား အရသာ မတွေ့သလို အရမ်း ကြိုက်တဲ့ အစားအစာတွေကို စားရင်တောင်မှ ဘာမှကို စားမကောင်း သလို ခံစားရတာပါ။ ဒီလိုမျိုး ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်း အချို့ကို ပြောပြပေးမယ် ဆိုရင် စိတ်ဝင်စား မလား! စိတ်ဝင်စားတယ် ဆိုရင် စာလေးကို ဆုံးအောင် ဖတ်ကြည့်လိုက်တော့နော်။  https://hellosayarwon.com/healthy-aging/nutrition-for-aging/loss-of-appetite-in-elderly/ ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့ ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့ ကတော့ -  သံပုရာရည် သောက်ပါ  သံပုရာသီးကို အရည် ညှစ်ပြီး ရေနွေးနွေးလေးနဲ့ သောက်ပေးတာက ခံတွင်းပျက် နေတာကို သက်သာစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်မှာပါ။ ဒါကြောင့် ခံတွင်းပျက်နေပြီ ဆိုရင် မနက်စာ မစားခင်မှာ သံပုရာရည် […]

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

မေ့ဆေးပေးခြင်းနှင့် ခွဲစိတ်ပြီးနောက်ပိုင်းနာကျင်မှု ဆက်စပ်ပုံ

မည်သည့် ဆေးကုသခြင်းမဆို ဘေးထွက်ဆိုးကျိုး အနည်းနှင့် အများ ရှိသည်။ မေ့ဆေးသည်လည်း ဆေးတစ်မျိုးပင်ဖြစ်သည့်အတွက် ဘေးထွက်ဆိုးကျိုးများရှိသော်လည်း ကျန်းမာရေးကောင်းသူများတွင် အလွယ်တကူ သက်သာသွားအောင် ပြုလုပ်နိုင်သည်။ အောက်ပါတို့သည် ခွဲစိတ်ခြင်းမပြုမီ ဖြစ်လေ့ရှိသော ဘေးထွက်ဆိုးကျိုးအချို့ဖြစ်ပါသည်။ ပျို့အန်ခြင်း ခွဲစိတ်ပြီးနောက် ၂၄ နာရီအတွင် အဖြစ်များသော ဘေးထွက်ဆိုးကျိုးဖြစ်ပါသည်။ ၂၀-၃၀ ရာခိုင်နှုန်းသော လူနာများတွင် ဤလက္ခဏာများဖြစ်တတ်သည်။ ဆေးလိပ်သောက်သူများနှင့် လှုပ်ရှားမှုများတွင် မူတတ်သော အမျိုးသမီးလူနာများတွင် ဖြစ်နိုင်ချေပိုများသည်။ နား ခွဲစိတ်ခြင်းနှင့် အူလမ်းကြောင်းခွဲစိတ်ခြင်းတွင် အဖြစ်များသည်။ ဤဘေးထွက်ဆိုးကျိုးများကို ကာကွယ်ရန် သင့်ဆရာဝန်ကို မော်ဖင်းနှင့် ဓါတ်ငွေ့ မပါသော မေ့ဆေးကို အသုံးပြုရန် တောင်းဆိုနိုင်သည်။ လက္ခဏာများ ဆက်ရှိနေလျှင် ခွဲစိတ်ခြင်းမတိုင်မီ အအန်ပျောက်ဆေးကို ကြိုသောက်နိုင်သည်။ လည်ချောင်းနာခြင်း လည်ချောင်းနာခြင်းနှင့် အသံဝင်ခြင်းသည် လူနာ ၄၀ ရာခိုင်နှုန်းတွင် ခွဲစိတ်ပြီး ပထမနာရီအတွင်းတွင် ဖြစ်ကြသည်။ အသက် […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

မေ့ဆေးပေးသူအမျိုးအစားများ

ခွဲစိတ်မှုအတောအတွင်းတွင် လူနာကို မေ့ဆေးဆရာဝန်မှ စောင့်ကြပ်ကြည့်ရှုပြီး မေ့ဆေးပေးပါလိမ့်မည်။ မေ့ဆေးဆရာဝန်မှ မည်သည့်ဆေးကို အသုံးပြုမည်၊ ပမာဏမည်မျှသုံးမည်၊ နှင့် မည်ကဲ့သို့ထိန်းချုပ်မည်ကို ဆုံးဖြတ်ပါလိမ့်မည်။ မေ့ဆေးပေးသူ သုံးမျိုးရှိပါသည်။ မေ့ဆေးအထူးကုဆရာဝန် မေ့ဆေးအထူးကုသည် ဆေးကုသမှုဖြစ်စဉ် အတောအတွင်းတွင် မေ့ဆေးပေးခြင်းကို ကြီးကြပ်ရန်၊ စောင့်ကြည့်ရန် လေ့ကျင့်ထားသော ဆရာဝန်ဖြစ်ပါသည်။ သူတို့သည် မေ့ဆေးပေးခြင်းအတွက် အကျွမ်းကျင်ဆုံးသော ပညာရှင်များဖြစ်ကြပါသည်။ သူတို့သည် လူနာ၏ စိတ်ကျန်းမာရေးနှင့် ကိုယ်ကာယကျန်းမာရေးကို မေ့ဆေးမပေးမီ၊ ပေးနေစဉ်နှင့် ပေးပြီးနောက်ပိုင်းတွင် တာဝန်ယူကြရသည်။ အောက်ပါတို့သည် သူတို့၏ တာဝန်များဖြစ်ပါသည်။ • လူနာ၏ကျန်းမာရေးကို အကဲဖြတ်ရန် ၊ လူ၏အခြေအနေသည် ပြုလုပ်တော့မည့် ခွဲစိတ်မှုအတွက် သင့်တော်၊ မတော်စဉ်စားရန် နှင့် လူနာအတွက် သင့်တော်သော မေ့ဆေးအမျိုးအစားကို ဆုံးဖြတ်ရန်လိုအပ်ပါသည်။ • လူနာကို မေ့ဆေးနှင့်ပတ်သတ်သည့် သတင်းအချက်အလက်များ ပေးရန်လိုပြီး လူနာကို စိတ်သက်သာစေရန် ပြုလုပ်ပေးရပါသည်။ • […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင့်ရဲ့အရေပြားမှာ အနာကိုအကျက်မြန်စေတဲ့ အစားအသောက်များ

လူတိုင်းဟာ သူတို့ရဲ့ဘဝမှာ အကြောင်းအရင်းများစွာကြောင့် ဒဏ်ရာရလေ့ရှိပါတယ်။ ကျွန်ုပ်တို့ ဘယ်လိုပဲဂရုစိုက်စိုက် ဒါကိုရှောင်ရှားနိုင်တဲ့ သူဆိုတာမရှိပါဘူး။ သင့်ရဲ့ဒီလိုဖြစ်လာတဲ့အနာတရတွေကို သန့်သန့် ရှင်းရှင်းထားခြင်း၊ ပိုးမဝင်အောင် ကာကွယ်ထားခြင်း သို့မဟုတ် ပိုဆိုးလာတဲ့ အနာတွေကို ဆေးဝါးကုသမှုခံယူခြင်း စတာတွေကို ပြုလုပ်ပေးရပါမယ်။ ဒါ့အပြင် သင့်ရဲ့ ဒဏ်ရာပိုပြီးမြန်မြန်ကျက်ဖို့ရာ လိုအပ်တဲ့ အာဟာရဓါတ်ကို သဘာဝအတိုင်း များလာစေဖို့အတွက် အစားအစာတွေရဲ့ အခန်းကဏ္ဍ ဟာလည်းအရေးကြီးတဲ့ နေရာမှာပါဝင်တယ်ဆိုတာ သင်သိပါသလား။ ဒီမှာ သင့်အတွက် နည်းလမ်းကောင်းလေးတွေ ညွှန်ပေးထားပါတယ်။   ဗီတာမင်စီဓါတ် ကြွယ်ဝသော အစားအသောက်များ ဗီတာမင်စီဓါတ်များစွာ ပါဝင်တဲ့အစားအသောက်တွေဟာ သင်နေ့စဉ်စားတဲ့ အစားအစာထဲမှာ ဖြည့်စွက်ဖို့လိုအပ်တဲ့ အရာတစ်ခုအဖြစ် ပါဝင်ပါတယ်။ ဗီတာမင်စီဓါတ်ရဲ့ အကူအညီနှင့် သင့်ရဲ့အနာတွေကို ကျက်ဖို့ရာ အချိန်အနည်းငယ်သာ လိုအပ်စေပြီး အရေပြားအလွှာသစ်ဖြစ်စေမယ့် ကော်လဂျင်ဓါတ် ဖန်တီးပေးရာမှာလည်း ကူညီပေးနိုင်ပါတယ်။ အသားဓါတ်ဟာ ကော်လဂျင်ကို […]


အခြေခံကျန်းမာရေး

ဖိအားကြောင့် ဖြစ်သောအနာကို ဘယ်လိုကာကွယ် ကုသမလဲ

ဖိအား သက်ရောက်မှုကြောင့် ဖြစ်ပေါ်လာသော အနာ များကို ကုသဖို့ထက် ကာကွယ်ဖို့က ပိုလွယ်ကူပါတယ်။ ဒီလိုဆိုလို့လည်း ဖြစ်စဉ်က ရိုးရှင်းလွယ်ကူတယ်လို့တော့ မဆိုလိုပါဘူး။ ထိုပြဿနာကို ကာကွယ်ဖို့အတွက်ရော၊ ကုသဖို့အတွက်ရော အဆင့်ဆင့်လိုတယ် ဆိုတာသိဖို့တော့ အရေးကြီးပါတယ်။ ဘယ်လိုကာကွယ်မလဲ ကာကွယ်ဖို့ပဲဖြစ်ဖြစ်၊ ကုသဖို့ပဲဖြစ်ဖြစ် အရေပြားပေါ် သက်ရောက် နေတဲ့ဖိအားကို လျှော့ချဖယ်ရှားပစ်ဖို့က အရေးကြီးဆုံးအချက်ပါ။ တစ်နေရာထဲကို အချိန်အကြာကြီး ဖိထားတာကြောင့် ထိုနေရာကို သွေးလျှောက်မှု နည်းပြီး ဆဲလ်များကို သေစေ၊ ပျက်စီးစေတာကြောင့် အနာဖြစ်ရခြင်း ဖြစ်တယ်။ မကြာခဏ ပုံစံအမျိုးမျိုး ပြောင်းပေးခြင်း အပြင် ပွတ်တိုက်ခြင်း၊ အရှိန်နှင့် ပွတ်မိခြင်း၊ တစ်နေရာတည်းကို တိုက်ရိုက်ဖိမိနေသော အနေအထားတွင် နေခြင်း များကိုရှောင်ရှားခြင်း စသည်ဖြင့် နည်းအမျိုးမျိုးနဲ့ ဖိအားသက်ရောက်ခြင်းကို သက်သာစေနိုင်ပါတယ်။ နောက်တစ်နည်းကတော့ မွေ့ရာ၊ အိပ်ရာခင်း၊ ထိုင်ခုံကူရှင်တွေလို အကာအကွယ် အထောက်အပံ့ […]


အခြေခံကျန်းမာရေး

အသားပုပ်ခြင်း ဖြစ်ပွားစေသည့်အကြောင်းများ၊ လက္ခဏာများ၊ ကုသချက်များ

အသားပုပ်ခြင်းအကြောင်းကိုသေချာမသိရင် ကြောက်စရာကောင်းပါတယ်။ အသားပုပ်ခြင်းဟာကိုယ်ခန္ဓါ ဘယ်အစိတ်အပိုင်းကိုမဆိုထိခိုက်နိုင်တဲ့ ရောဂါဖြစ်ပါတယ်။ အဲ့ဒီရောဂါအကြောင်းသိထားရင် ကြိုတင်ကာကွယ်နိုင်ပါတယ်။ အကြောင်းရင်းများ၊ လက္ခဏာများ၊ ဖြစ်နိုင်ခြေကုသပုံများကိုလေ့လာကြည့်ပါစို့။ ဘယ်အရာတွေကအသားပုပ်ခြင်းဖြစ်သလဲ သွေးဟာကိုယ်ခန္ဓါရဲ့ဆဲလ်တွေကလိုအပ်တဲ့ အောက်ဆီဂျင်၊ အာဟာရဓါတ်နဲ့ ကိုယ်ခံပစ္စည်းတွေကိုသယ်ပေးပါတယ်။ အဲဒီအခါ ဆဲလ်တွေဟာပုံမှန်ကြီးထွားနိုင်ပြီး ရောဂါပိုးဝင်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ သွေးစီးဆင်းမှုမှာ ပြသနာရှိရင်တော့ ဆဲလ်တွေဟာမရှင်သန်နိုင်တော့ပါဘူး။ ရောဂါပိုးဝင်ခြင်းကြောင့် အသားစတွေပျက်စီးပြီးအသားပုပ်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ အသားပုပ်ခြင်းကို ဖြစ်နိုင်ခြေရှိတဲ့အရာတွေကဘာတွေလဲ အောက်ပါအချက်တွေရှိရင် ဖြစ်လာနိုင်ပါတယ်။ • ဆီးချိုရှိတဲ့အခါ သကြားဓါတ်ကိုဖြိုခွဲမယ့် အင်ဆူလင်ကိုမထုတ်နိုင်တာ၊ လုံလောက်စွာမသုံးနိုင်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဆီးချိုကို ထိရောက်စွာမကုရင် သွေးတွင်းသကြားဓါတ်ဟာ မြင့်တက်လာပြီးသွေးကြောတွေကို ပျက်စီးစေတဲ့အခါ အဲဒီသွေးကြောတွေနဲ့ ထောက်ပံ့ပေးထားတဲ့ သက်ဆိုင်ရာ ကိုယ်ခန္ဓါအစိတ်အပိုင်းတွေကို အကျိုးသက်ရောက်စေပါတယ်။ • သွေးကြောပြသနာများဖြစ်တဲ့ သွေးကြောမာကျစ်၍ ကျဉ်းမြောင်းလာခြင်း၊ အရေပြားကိုသွားတဲ့ သွေးကြောကျဉ်းခြင်း၊ သွေးခဲခြင်းစတဲ့ပြသနာတွေဖြစ်ရင် သွေးစီးဆင်းမှုကို ပိတ်ဆို့စေပါတယ်။ • ထိခိုက်ဒဏ်ရာရခြင်း၊ ခွဲစိတ်ကုသမှု ခံယူခြင်းစတာတွေကလည်း အသားပုပ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ တခါတရံမှာသွေးစီးဆင်းမှုကို ထိခိုက်ပြတ်တောက်စေလို့ ဖြစ်ပါတယ်။ • […]


အခြေခံကျန်းမာရေး

သွေးကြောထုံးခြင်းနှင့် ပင့်ကူမျှင်ပုံစံသွေးကြောဖြစ်ပေါ်ခြင်းတို့အတွက် သိသင့်သည့် အကြောင်းအရာများ။

သွေးကြောထုံးခြင်းနဲ့ ပင့်ကူမျှင်သွေးကြော ဖြစ်ပေါ်ခြင်းကို ဘယ်လိုကုသမလဲ။ ကုသမှုရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လက္ခဏာတွေ သက်သာဖို့နဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။ သင့်မှာ လက္ခဏာတွေ အများကြီး မရှိခဲ့ရင် ဆရာဝန်က နေထိုင်ပုံကို ပြောင်းလဲဖို့ အကြံပေးမှာ ဖြစ်ပါတယ်။ နေထိုင်ပုံ ပြောင်းလဲပေမယ့် မသက်သာဘူးဆိုရင် (သို့) ပိုမိုပြင်းထန်တဲ့ လက္ခဏာတွေ ရှိတယ်ဆိုရင် ဆေးကုသမှု ယူသင့်ပါတယ်။ ဖိထားနိုင်တဲ့ ခြေအိတ်များ - ဒီကုသမှုဟာ သွေးကြောတွေပေါ်မှာ ဖိအားသက်ရောက်စေပြီး ရောဂါဖြစ်နေတဲ့ သွေးကြောတွေကို သက်သာစေပါတယ်။ Sclerotherapy - သင့်ဆရာဝန်ဟာ အရည်တစ်မျိုးကို ရောဂါဖြစ်နေတဲ့ သွေးကြောထဲကို ထိုးထည့်ပေးနိုင်ပါတယ်။ ဒါဟာ သွေးကြောတွေကို အမာရွတ်ဖြစ်စေပြီး ဖြည်းညင်းစွာ ပျောက်ကွယ်သွားနိုင်ပါတယ်။ သွေးတွေဟာ ပိုမိုကျန်းမာတဲ့ သွေးပြန်ကြောတွေကနေ စီးဆင်းသွားပါလိမ့်မယ်။ […]


အခြေခံကျန်းမာရေး

အရေပြားအစားထိုးကုသခြင်း ဆိုတာဘာလဲ

အရေပြားအစားထိုးခြင်းဟာ အရေပြား တစ်စိတ်တစ်ပိုင်းကို ဖယ်ရှားပြီး အခြားအစိတ်အပိုင်း တစ်ခုမှာ အစားထိုးခြင်းပဲ ဖြစ်ပါတယ်။ အရေပြားအစားထိုးခြင်းကို ကြီးမားတဲ့ အနာတွေဖြစ်တဲ့ အရေပြားပေါက်သွားတဲ့ အရိုးကျိုးခြင်း၊ မီးလောင်ခြင်းနဲ့ ရောဂါပိုးဝင်ပြီး အနာမကျက်ခြင်းတွေပေါ်မှာ ကပ်ဖို့ အသုံးပြုနိုင်ပါတယ်။ အရေပြားအစားထိုးခြင်း နှစ်မျိုးရှိပါတယ်။ • Split-Level Thickness Grafts ဒီအမျိုးအစားဟာ အရေပြား အပေါ်လွှာ နှစ်လွှာကို ဖယ်ရှားလိုက်ပါတယ်။ Split-Level Thickness Grafts ဟာ ကျက်သွားတဲ့အခါ ကျန်တဲ့အရေပြားတွေနဲ့ ယှဉ်ရင် ပိုပြီး ပြောင်ပါတယ်။ ဒီအရေပြားဟာ ကျန်အရေပြားတွေနဲ့ လိုက်ပြီး ဖွံ့ဖြိုးခြင်းမရှိပါဘူး။ ဒါကြောင့် ဒီလို အရေပြားအစားထိုးမှု လုပ်ထားတဲ့ကလေးတွေဟာ အသက်ကြီးလာတဲ့အခါမှာ နောက်တစ်ခါ ထပ်လုပ်ဖို့ လိုပါတယ်။ • Full-Thickness Grafts ဒီအမျိုးအစားကတော့ အရေပြား အလွှာနှစ်လွှာနဲ့အတူ သွေးကြောတွေနဲ့ ကြွက်သားတွေကို ဖယ်ရှားလိုက်ပါတယ်။ ဒီအစားထိုးခြင်းဟာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ပင်ပန်းနွမ်းနယ်နေမှုကို ဘယ်လိုရင်ဆိုင်မလဲ

ပင်ပန်းနွမ်းနယ်နေမှုကို ဘယ်လိုရင်ဆိုင်မလဲ ...... ပင်ပန်းခြင်း (သို့) စိတ်ဖိစီးခြင်းဟာ အရာရှိတွေအတွက်တင် အဓိက ပြဿနာ ဖြစ်နေရုံမကပဲ လူကြီးတွေနဲ့ ကျောင်းသားတွေအတွက်ပါ ပြဿနာ ဖြစ်ပါတယ်။ ဒါဟာ သင့်ကို စိတ်ရှုပ်ထွေးစေပြီး သင့်အလုပ်တွေကို ထိရောက်အောင် လုပ်နိုင်မှုကို နည်းပါးစေပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ ဘာလုပ်ရမလဲဆိုတာ စိတ်ရှုပ်နေတယ်ဆိုရင် ဒီဆောင်းပါးက သင့်ကို အဖြေအချို့ကို ပေးစွမ်းမှာ ဖြစ်ပါတယ်။ ပင်ပန်းနွမ်းနယ်နေမှုကို ဖြစ်စေတဲ့ အချက်များ အရက်သောက်ခြင်း၊ ဆေးသုံးခြင်း လေယာဉ် အကြာကြီးစီးသောကြောင့် ပင်ပန်းခြင်း ကိုယ်လက် လှုပ်ရှားမှု မရှိခြင်း မအိပ်ခြင်း ပင်ပန်းနွမ်းနယ်နေခြင်းကို ဖြစ်စေတဲ့ ရောဂါလက္ခဏာများ စိတ်ပူခြင်း ဆီးချို အဝလွန်ခြင်း စိတ်ဖိစီးခြင်း နှလုံးရောဂါ စိတ်ကျခြင်း Hyperthyroidism (သိုင်းရွိုက်ဟော်မုန်းများခြင်း) Hypothyroidism (သိုင်းရွိုက်ဟော်မုန်းနည်းခြင်း) ပင်ပန်းနွမ်းနယ်နေမှုကို ဘယ်လိုရင်ဆိုင်မလဲ ပင်ပန်းနွမ်းနယ်နေမှုကို ဘယ်လိုရင်ဆိုင်မလဲ ဆိုတော့ ၁။ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

ခါးဆစ်ရိုးထုံဆေး - မိခင်များမီးဖွားစဉ် လျင်မြန်ဘေးကင်းကာ အနာသက်သာစေသောနည်း

ခါးဆစ်ရိုးထုံဆေးဟာ ခန္ဓာကိုယ်ရဲ့ သီးသန့်နေရာကို နာကျင်ခြင်းမရှိအောင် ပြုလုပ်ပေးတဲ့ ဆေးဖြစ်ပါတယ်။ ကလေးမီးဖွားစဉ် အနာသက်သာအောင် မေ့ဆေးဆရာဝန်ကနေ ထိုးပေးပါတယ်။ ဒီနည်းသုံးရာမှာ ဆေးကို နောက်ကျောဖက် ခါးဆစ်ရိုးနေရာကို ထိုးပြီး သင်ဟာ နိုးကြားနေလျက်နဲ့ပဲ ကိုယ်ခန္ဓာအစိတ်အပိုင်းအများအပြားဟာ နာကျင်မှုကို မခံစားရအေင် ပြုလုပ်ပေးပါတယ်။ ခါးဆစ်ရိုးထုံဆေးဟာ ကလေးမွေးစဉ်တလျှောက်မှာ နာကျင်မှုကို အတော်လေးသက်သာစေပါတယ်။ ဗိုက်ခွဲမွေးဖို့ လိုအပ်လာတိုင်းမှာ အသုံးပြုတာမို့ လူသိများတဲ့ နည်းတစ်ခု ဖြစ်ပါတယ်။ ခါးဆစ်ရိုးထုံဆေးကို ဘယ်လိုပေးမလဲ ကလေးမမွေးခင် ခါးဆစ်ရိုးမထိုးခင်မှာ သွေးကြောထဲကို အရည်များထည့်ပေးဖို့ ဆလိုင်းချိတ်ပေးခြင်း ပြုလုပ်ရပါမယ်။ အနာသက်သာစေမယ့် ဆေးတွေကိုသွေးပြန်ကြော ဒါမှမဟုတ် အသားထဲကိုထိုးပေးရပါမယ်။ ဒီဆေးတွေဟာ နာကျင်မှုကို လုံး၀ ပျောက်မသွားစေပေမယ့် သက်သာစေပါတယ်။ ဘာကြောင့်လဲဆိုရင် အဲဒီဆေးများဟာ သင့်ကိုယ်ခန္ဓာတစ်ခုလုံးကို ထိရောက်စေပြီး သင်ရောသင့်ကလေးကိုပါ အိပ်ငိုက်စေပါတယ်။ ဒီဆေးတွေကို မီးဖွားမှုစစခြင်းမှာသက်သာရာရအောင်၊ အားမကုန်အောင် […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

မေ့ဆေးပေးပြီးနောက်မှာ နို့ရည်ကို ညှစ်ထုတ်စွန့်ပစ်စရာလိုမလား။

တချို့နို့တိုက်မိခင်များဟာ ခွဲစိတ်မှုခံယူရတတ်ပါတယ်။ သူတို့အနေနဲ့ မကြာခဏမေးတတ်တာကတော့ မေ့ဆေးပေးခံရပြီးချိန်မှာ သူတို့ကလေးကို မိခင်နို့ ဆက်တိုက်ဖို့ သင့်မသင့်ပါပဲ။ လူအများ ယုံကြည်ကြတာက မေ့ဆေးများဟာ အာနိသင်ပြင်းပြီး အန္တရာယ်ရှိတဲ့အတွက် မိခင်နို့စို့တဲ့ကလေးမှာပါ အန္တရာယ်ရှိတယ်ဆိုပြီး ဖြစ်ပါတယ်။ ဆရာဝန်တွေ၊ သူနာပြုတွေ၊ သားဖွားဆရာမတွေဟာ မိခင်တွေကို မေ့ဆေးပေးခံပြီး ၂၄နာရီအတွင်း မိခင်နို့တွေကို ညှစ်ထုတ်စွန့်ပစ်ဖို့ အကြံပေးတတ်ကြပါတယ်။ ဒီအကြံဟာ မှန်ကန်ရဲ့လား သေချာ စဉ်းစားကြည့်ဖို့လိုပါတယ်။ မေ့ဆေးပေးပြီး ခွဲစိတ်မှုပြုအပြီးမှာ မိခင်နိုပတိုက်ခြင်းဟာ ဘေးကင်းပါသလား။ နို့ရည်ညှစ်ထုတ် စွန့်ပစ်ခြင်းဆိုတာ ဘာလဲ။ သင်ဟာ ဒီလိုလုပ်ဖို့ဆိုရင် သင့်နို့ရည်ကို ညှစ်ထုတ်ပြီး ကလေးအတွက် သိမ်းမထားဘဲ သွန်ပစ်ခြင်းပဲ ဖြစ်ပါတယ်။ ဘယ်အချိန်မှာ စွန့်ပစ်သင့်သလဲ။ သင်ဟာ ကလေးနားမှာ မရှိချိန်၊ သင့်နို့ရည်ကို သယ်ယူသွားပေးဖို့ မဖြစ်နိုင်ချိန်မှာ နို့ရည်ညှစ်ထုတ်ချင်တတ်ပါတယ်။ သ်င့နို့ရည်ဟာ တစုံတရာကြောင့် ဥပမာ အရက်နဲ့ ဆေးတမျိုးမျိုးကြောင့် […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)