အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

ဆေးစစ်ချက်များ

Bilirubin Test (သွေးတွင်းအဝါဓါတ်စစ်ခြင်း)

Bilirubin test ဆိုသည်မှာအဘယ်နည်း။ Bilirubin test ကို သွေးထဲတွင် ဘီလီရူဘင်ပမာဏကို စစ်ရန် သုံးပါသည်။ ဘီလီရူဘင် ဆိုသည်မှာ သွေးနီဥများပြိုကွဲသည့်အခါ ထွက်လာသော လိမ္မော်ဝါရောင်ရှိသော စွန့်ပစ်ပစ္စည်းတစ်မျိုးဖြစ်သည်။ ဘီလီရူဘင်သည် အသည်းကို ဖြတ်သန်းပြီး ဝမ်းသွားသည်မှ တဆင့်စွန့်ထုတ်သည်၊ ဆီးထဲတွင် လည်း အနည်းငယ်ပါဝင်သည်။ အသည်းသို့ မရောက်မီ ဘီလီရူဘင်သည် အခြားအရာများနှင့် မပေါင်းစပ်ရသေးပါ။ အသည်းတွင် ဘီလီရူဘင်သည် သကြားနှင့် ပေါင်းပြီး ရေတွင် ပျော်ဝင်နိုင်သော ဘီလီရူဘင်အမျိုးအစားဖြစ်သွားသည်။ ထိုအမျိုးအစားသည် အသည်းကို ဖြတ်သန်းပြီး အူမကြီးထဲသို့ ရောက်ရှိပြီး မူရင်းပုံစံသို့ ပြန်ပြောင်းကာ ခန္ဓါကိုယ်မှ စွန့်ထုတ်သည်။ ဓါတ်ခွဲခန်းအများစုသည် ရေတွင် ပျော်ဝင်နိုင်သော ဘီလီရူဘင်ကို စစ်ဆေးသည့် စစ်ဆေးမျှုများကို ပြုလုပ်ကြသည်။ စုစုပေါင်းပမာဏထဲမှ ထိုအမျိုးအစားကို နှုတ်လိုက်သော် ရေတွင် မပျော်ဝင်သော အခြားအမျိုးအစား […]


ဆေးစစ်ချက်များ

Biophysical Profile (ကိုယ်ဝန်ဆောင်ချိန်အတွင်း သင့်ကလေး၏ ကျန်းမာရေးကို စစ်ဆေးခြင်း)

Biophysical Profile ဆိုသည်မှာအဘယ်နည်း။ Biophysical Profile ဆိုသည်မှာ ကိုယ်ဝန်ဆောင်ချိန်အတွင်း သင့်ကလေး၏ ကျန်းမာရေးကို စစ်ဆေးခြင်းဖြစ်သည်။ Biophysical Profile စစ်ဆေးမှုတွင် ကလေး၏နှလုံးခုန်သံကို တိုင်းတာခြင်းနှင့် အာထရာဆောင်းရိုက်ခြင်းတို့ပါဝင်သည်။ ထိုစစ်ဆေးချက်တွင် ကလေး၏ ကြွက်သားတင်းအား၊ လှုပ်ရှားမှု၊ နှလုံးခုန်နှုန်း၊ အသက်ရှူခြင်းနှင့် ရေမွှာရေ မည်မျှရှိသည်ကို စစ်ဆေးခြင်းတို့ပါဝင်သည်။ ထိုစစ်ဆေးမှုသည် ကိုယ်ဝန်နောက်ဆုံးသုံးလထဲတွင် စစ်ဆေးလေ့ရှိသည်။ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း သင့်ကလေးတွင် ကျန်းမာရေးပြသနာများရှိနိုင်ပါက စစ်ဆေးမှုကို ၃၂ ပတ်မှ ၃၄ ပတ်အတွင်းတွင် စောစီးစွာ ပြုလုပ်နိုင်သည်။ အချိ့တွင် အန္တရာယ်များသောကိုယ်ဝန်ဖြစ်လျှင် ကိုယ်ဝန်နောက်ဆုံးသုံးလတွင် BPP ကို တစ်ပတ်လျှင် တစ်ခါ သို့မဟုတ် နှစ်ခါ စစ်ဆေးနိုင်ပါသည်။ BPP ကို ဘာအတွက် လုပ်ပါသနည်း။ အထူးဆေးကုသမှုလိုအပ်ပြီး အာရုံစိုက်စောင့်ကြည့်ရန်လိုအပ်သော မိခင်နှင့် ကလေးများတွင် BPP ကို ပြုလုပ်ရန်လိုအပ်ပါသည်။ […]


ဆေးစစ်ချက်များ

Blood Chemistry Screen (သွေးတွင်း ဓါတုဓါတ်များ စစ်ဆေးခြင်း )

Blood Chemistry Screen ဆိုသည်မှာအဘယ်နည်း။ ဓါတုဗေဒ စစ်ဆေးခြင်းသည် သွေးထဲတွင် ပါဝင်သော electrolytes ကဲ့သို့သော ပစ္စည်းအမျိုးမျိုးကို တိုင်းတာရန် စစ်ဆေးသော သွေးစစ်ချက်ဖြစ်ပါသည်။ ထိုသို့ စစ်ဆေးခြင်းဖြင့် သင်၏အထွေထွေ ကျန်းမာရေးကို စစ်ဆေးနိုင်ပြီး အချို့သော ပြသနာရှိနေလျှင် သိရှိနိုင်သည့်အပြင်၊ လက်ရှိကုသနေသော ကုသမှုများ အကျိုးရှိ၊ မရှိလည်း သိနိုင်ပါသည်။ ထိုစစ်ဆေးမှုသည် သွေးထဲတွင်ရှိသော အရေးကြီးသော electrolytes များကို တိုင်းတာနိုင်ပြီး၊ အောက်ပါအတိုင်း အခြားသော ဓါတုပစ္စည်းများကို လည်း စစ်ဆေးနိုင်ပါသည်။ • သွေးထဲရှိ သကြားဓါတ်သည် စွမ်းအင်ကို ထုတ်လုပ်ရန် ဆဲလ်များထဲတွင် ပြိုကွဲရသည်။ သကြားဓါတ်တက်နေခြင်းသည် စတီးရွိုက်ကဲ့သို့သော ဆေးများနှင့် ကုသနေခြင်း သို့မဟုတ် ဆီးချိုရောဂါဖြစ်ခြင်းကြောင့် ဖြစ်နိုင်သည်။ • ဆိုဒီယမ်ဓါတ် သည် ရေနှင့်ဆားဓါတ် အဝင်အထွက် မျှတမှုကို ပြနိုင်သည်။ […]


ဆေးစစ်ချက်များ

Blood Smear (သွေးစစ်ခြင်း)

Blood Smear ဆိုသည်မှာအဘယ်နည်း။ ကျွမ်းကျင်သော ပညာရှင်မှ သေချာစွာပြင်ဆင်ပြီး အနုကြည့်မှန်ပြောင်းအောက်တွင် စစ်ဆေးပါက သွေးနမူနာသည် သွေးစစ်ချက်အများစုအတွက် ကောင်းစွာ သတင်းအချက်အလက်များရနိုင်ပါသည်။ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဆဲလ်မွှားများ အားလုံးကို စစ်ဆေးနိုင်ပါသည်။ သွေးဖြူဥတွင် neutrophils, eosinophils, eosinophil alkaline, lymphocytes, and leukocytes mono ဟူ၍ ငါးမျိုးပါဝင်ပြီး ပထမသုံးမျိုးကို granulocyte ဟုခေါ်သည်။ အနုကြည့်မှန်ပြောင်းအောက်တွင် သွေးနီဥများ၏ အရွယ်အစား၊ ပုံစံ၊ အရောင်၊ နှင့် မျက်နှာပြင်အသားကို တွေ့မြင်နိုင်ပါသည်။ သွေးဆဲလ်များ၏ ပြောင်းလဲမှုအရ သွေးအားနည်းခြင်းနှင့် အခြားသော ရောဂါများကို သတ်မှတ်ရာတွင် အထောက်အကူဖြစ်စေနိုင်ပါသည်။ သွေးဖြူဥတွင် စုစုပေါင်းအရေအတွက်၊တစ်မျိုးစီအတွက် အရေအတွက်၊ ပြောင်းလဲခြင်း၊နှင့် အရွယ်ရောက်မှု အနေအထားတို့ကို စစ်ဆေးပါသည်။ အရွယ်မရောက်သေးသော သွေးဖြူဥများအရေအတွက် များနေလျှင် သွေးကင်ဆာ သို့မဟုတ် […]


ဆေးစစ်ချက်များ

Bone Turnover Makers (အရိုးဖွဲ့စည်း၊ပျက်စီးမှု အင်ဇိုင်းများ)

Bone turnover makers ဆိုသည်မှာအဘယ်နည်း။ အရိုး၏သိပ်သည်းဆကို တိုင်းတာသော စက်ကိရိယာများ ခေတ်စားလာသည်နှင့် အမျှ၊ ယခုအခါတွင် အရိုးပွခြင်းကို လွယ်ကူသောနည်းများဖြင့် ရောဂါရှာဖွေနိုင်ပြီဖြစ်သည်။ အရိုးသည် အရိုးဆဲလ်များ ဖြစ်ပေါ်ခြင်း၊ပျက်စီးခြင်း အားဖြင့် အမြဲပြောင်းလဲနေသည်။ အရိုးပွခြင်းသည် သွေးဆုံးပြီးနောက် အမျိုးသမီးများတွင် အဖြစ်များသော ရောဂါတစ်မျိုးဖြစ်ပြီး ၎င်းသည် အရိုးဆဲလ်များ ပျက်စီးခြင်းများပြီး ဖြစ်ပေါ်ခြင်းနည်းသောကြောင့်ဖြစ်သည်။ ထို့နောက် အရိုးသည် ပါးပြီး အားနည်းလာပြီး ကျိုးလွယ်သည့် အခြေအနေသို့ရောက်လာခြင်းဖြစ်သည်။ ယခုခေတ်တွင် အရိုးပွခြင်းသည် အမျိုးသားများတွင်လည်း ဖြစ်နိုင်ကြောင်း တွေ့ရှိရသည်။ ကြိုတင်သိရှိခြင်းသည် ကာကွယ်မှုများပြုလုပ်နိုင်သောကြောင့် အရိုးပွခြင်းကို ကာကွယ်နိုင်သည်။ အရိုး၏ သိပ်သည်းဆကို တိုင်းတာခြင်းသည် အရိုးပွခြင်းကို သိရှိနိုင်ရန် များစွာအထောက်အကူပြုသည်။ သို့သော် သမားတော်များသည် အရိုး၏ ဇီဝဖြစ်စဉ်ပြောင်းလဲမှုတွင် အသေးစား ပြောင်းလဲမှုများကို သတိမပြုမိကြပေ။ အရိုးသိပ်သည်းဆကို စစ်ဆေးခြင်းကို ကုသမှုတွင် […]


ဆေးစစ်ချက်များ

Ca-125 Tumor Marker (ကင်ဆာအမှတ်အသား)

CA-125 ကင်ဆာအမှတ်အသားဆိုတာဘာလဲ။ CA-125 ဆိုတာ မမျိုးဥအိမ်ကင်ဆာကျိတ်ကို ညွှန်ပြနိုင်သော အလွန်တိကျတဲ့ အမှတ်အသားတစ်ခုဖြစ်ပါတယ်။ မမျိုးဥအိမ်ကင်ဆာဖြစ်နေသာ အမျိုးသမီး ၈၀ ရာခိုင်နှုန်းလောက်မှာCA-125 တက်လေ့ရှိတယ်။ မျိုးဥအိမ်ကင်ဆာအတွက် အလွန်တိကျပြီး အလွယ်တကူချက်ခြင်းသိနိုင်တာကြောင့် ဆေးကုသရာမှာ အထောက်အပံ့ကောင်းပေးပါတယ်။ သွေးရည်ကြည်ထဲရှိ CA-125 ပမာဏကို ကုသမှုအပေါ် လူနာဧ။်တုံ့ပြန်မှုအခြေအနေကိုသိရန်လည်း သုံးနိုင်တယ်။ ကုသမှုကိုကောင်းကောင်းတုံ့ပြန်နိုင်သောလူနာတွင် CA-125 ပမာဏကျသွားပါတယ်။ ဒါ့အပြင် CA-125 ကို ကင်ဆာကျိတ်ခွဲစိတ်ဖယ်ထုတ်ပြီးသော လူနာတွင် နောက်တစ်ကြိမ်ခွဲရန်လိုမလိုသိရန်အတွက်လည်း သုံးနိုင်တယ်။ CA-125 ၃၅ ယူနစ်ထက်များသော လူနာများ၏ ၉၇ရာခိုင်နှုန်းမှာ နောက်တစ်ကြိမ် ခွဲစိတ်ဖယ်ထုတ်ရန်လိုပြီး ၃၅ ယူနစ်အောက်နည်းသော လူနာများတွင် ၅၆ ရာခိုင်နှုန်းသာ ကင်ဆာကျိတ်ကျန်နေသေးမှာဖြစ်တယ်။ ကင်ဆာဆေးနှစ်ကြိမ်သွင်းပြီးချိန် CA-125 ကျသွားပါက ကင်ဆာဆေးကို ကောင်းကောင်းတုံ့ပြန်ကြောင်း ဖော်ပြသောတိကျသည့်လက္ခဏာဖြစ်တယ်။ ဒါ့အပြင် ကုသပြီးသော မမျိုးဥအိမ်ကင်ဆာ ဝေဒနာရှင်များတွင် ရောဂါအခြေအနေ […]


ဆေးစစ်ချက်များ

Albumin (အယ်လဗြူမင်)

Albumin စစ်ဆေးခြင်း ဆိုတာဘာလဲ။ Albumin စစ်ဆေးခြင်းသည် သွေးတွင်း၌ရှိသော ပရိုတင်း Albumin များခြင်းကို အသည်းရောဂါရှိမရှိသိရန်အတွက် စစ်ဆေးခြင်းဖြစ်သည်။ Albumin သည် ပရိုတင်းတစ်မျိုးဖြစ်ပြီး အသည်းတွင်း၌ ဖြစ်ပေါ်ပါသည်။ ခန္ဓါကိုယ်တစ်ခုလုံးတွင်ရှိသော ပရိုတင်းအားလုံး၏ ၆၀ % သည် Albumin ဖြစ်သည်။ သွေးထဲ၌ရှိသော Albumin ၏ အဓိကအသုံးသည် colloidal osmotic ဖိအားကိုထိန်းပြီး သွေးကြောများအတွင်း၌ ရေများတည်မြဲစေရန် လုပ်ဆောင်ခြင်းဖြစ်သည်။ ထို့အပြင် Albumin သည် ဆေးများ၊ ဟော်မုန်းများနှင့် အင်ဇိုင်းများတို့ကဲ့သို့ ခန္ဓါကိုယ်အတွက်အရေးကြီးသည့် ပစ္စည်များအား သယ်ယူပို့ဆောင်ရန်အတွက်လဲ ဆောင်ရွက်ပါသေးသည်။ Albumin အားအသည်းမှထုတ်သောကြောင့် အသည်း၏လုပ်ငန်းအားစစ်ဆေးရန်အတွက် စံပင်ဖြစ်သည်။ အသည်းဆဲလ်များအား ရောဂါများမှ ထိခိုက်စေသည့်အခါ အသည်းဆဲလ်များသည် Albumin ထုတ်လုပ်နိုင်စွမ်းပျောက်သွားလေ၏။ သွေးထဲမှ Albumin လယ်ဗယ်သည်လည်း များစွာကျသွားမည်။ သို့သော် […]


ဆေးစစ်ချက်များ

21-Hydroxylase Antibodies (21 - Hydorxylase ပဋိပစ္စည်း)

21-hydroxylase antibody ဆိုတာဘာလဲ။ 21-hydroxylase antibody သည် မိမိကိုယ်ခံအားမှမိမိကိုပြန်တိုက်သည့်ရောဂါဖြစ်သော အက်ဒီဆင် (Addison disease) ရောဂါရှိနေသလား သို့မဟုတ် ဖြစ်ပွားနိုင်ချေမြင့်စေသည့် အချက်များရှိနေသလားဆိုသည်ကို သေချာစေရန်အတွက် စမ်းသပ်သော စစ်ဆေးမှုတစ်ခုဖြစ်ပါသည်။ (အက်ဒီဆင် ရောဂါ ဆိုသည်မှာ အက်ဒရီနယ်ဂလင်းမှ စတီးရွိုက်ဟော်မုန်း အလုံအလောက်မထုတ်ပေးနိုင်သော ရောဂါ) ။adrenal cortex ဆိုသည်မှာ ကျောက်ကပ်တစ်ခုချင်းစီ၏ အပေါ်တွင် ကပ်ရပ်ရှိနေပြီး စတီးရွိုက်ဟော်မုန်းများကို ထုတ်ပေးသော အက်ဒရီနယ် ဂလင်း အပြင်ပိုင်း ဖြစ်သည်။ 21-hydroxylase antibody သည် adrenal cortex အလုပ်ကောင်းကောင်း မလုပ်နိုင်သောအခါတွင် သွေးထဲတွင်ပါလာသော adrenal cortex ပဋိပစ္စည်းများဖြစ်သည်။ မိမိကိုယ်ခံအားမှ မိမိကိုပြန်တိုက်သည့်ရောဂါဖြစ်သော အက်ဒီဆင် ရောဂါ (Addison disease) ကို အက်ဒရီနယ် ဂလင်း […]


ဆေးစစ်ချက်များ

Acetylcholine Receptor Antibody (အက်စီတိုင်းကိုလင်း ပေါင်းစည်းခြင်းကို တားသော ပဋိပစ္စည်း)

Acetylcholine receptor antibody ဆိုတာဘာလဲ။ Acetylcholine receptor antibody သည် ကြွက်သားဆဲလ်များတွင်ပါရှိသော Acetylcholine receptor များအား ပေါင်းစပ်မရအောင် တားဆီနိုင်သော ပစ္စည်းတစ်မျိုးဖြစ်သည်။ Acetylcholine သည် ကြွက်သားကျုံ့ခြင်းကိုဖြစ်စေပြီး Acetylcholine receptor antibodies များသည် ကြွက်သားမကျုံ့နိုင်တော့အောင် တားနိုင်၏။ ဒီဖြစ်ရပ်သည် myasthenia gravis (MG) ဆိုသည့်ရောဂါ၏ ဝိသေသလက္ခဏာပင်ဖြစ်သည်။ Acetylcholine receptor antibodies များကို ၈၅%သော myasthenia gravis (MG) ရောဂါသည်များတွင် တွေ့ရ၏။ အမြင်ဆိုင်ရာ myasthenia ဖြစ်နေသောလူနာများတွင်မူ antibodies မြင်ရသည့်နှုန်း ပိုနည်းသည်။ Acetylcholine receptor antibodies များသည် myasthenia gravis (MG) ရောဂါအမည်တပ်နိုင်ရန်အတွက် စစ်ဆေးချက်များတွင် တန့်ပြန်မှုအကောင်းဆုံးဖြစ်သည်။ ထို့အပြင် ACHR […]


ဆေးစစ်ချက်များ

Acid Phosphate (အက်ဆစ်ဖော့စဖိတ်)

Acid Phosphate ဆိုတာဘာလဲ။ Acid Phosphate အင်ဇိုင်းကို တစ်ရှူးအများအပြားတွင်တွေ့ရသည်။ (အသည်း၊ သွေးနီဥဆဲလ်များ၊ ခြင်ဆီ၊ သွေးမွှားဥဆဲလ်များ) ၎င်းအင်ဇိုင်းများသည် prostate-isoenzyme (photphattuyen pure acid paralysis) များတွင် အများဆုံးပါဝင်ပါသည်။ များသောအားဖြင့် (အမြဲတမ်းမဟုတ်ပါ) အင်ဇိုင်းပမာဏသည် ဆီးကြိတ်ကင်ဆာရှိပြီး ထိုမှ တခြားသောအင်္ဂါများ အထူးသဖြင့် အရိုး ဆီသို့ ပျံ့နှံ့သည့်အခါတွင် မြင့်တက်လေ့ရှိပါသည်။ အင်ဇိုင်းမြင့်တက်လျှင် ကင်ဆာပျံ့သည့်လယ်ဗယ်တိုးနေကြောင့် ပြသခြင်းဖြစ်ပါသည်။ ထို့အပြင် Acid Phosphate သည် သုက်ရည်တွင်လဲမြင့်တက်စွာပါဝင်သောကြောင့် မုဒိန်းမှုများတွင် မိန်းမကိုယ်အတွင်းမှလဲ စမ်းသပ်တွေ့ရှိနိုင်ပါသည်။ Acid Phosphate ပမာဏအများအပြားသည် သွေးဆဲလ်များတွင်တည်ရှိပြီး အထူးသဖြင့် mono leukocytes (immature phenotype of macrophages) များတွင်ပေါများစွာပါရှိပါသည်။ ၎င်းတို့အား သွေးဖြူဥဆိုင်ရာရောဂါများနှင့် hairy cell leukemia ရောဂါများရှိမရှိဆုံးဖြတ်ရာတွင်လဲ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း