backup og meta

မေ့ဆေးသည် ခန္ဓာကိုယ်ထဲတွင်မည်မျှ ကြာကြာရှိနေနိုင်ပါသနည်း။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Su Sandy မှ ရေးသားသည်။ · 27/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မေ့ဆေးသည် ခန္ဓာကိုယ်ထဲတွင်မည်မျှ ကြာကြာရှိနေနိုင်ပါသနည်း။

    မေ့ဆေးသည် နာကျင်မှုကို သက်သာစေရန်နှင့် ခွဲစိတ်နေစဉ်တွင် မသက်မသာဖြစ်ခြင်းကို လျော့နည်းစေရန် အသုံးပြုသော ဆေးများကို ပေါင်းစပ်ထားခြင်းဖြစ်ပါသည်။ ၎င်း၏ အာနိသင်သည် အချိန်အနည်းငယ်ထိ ရှိနေနိုင်ပြီး ခွဲစိတ်ပြီးနောက်ပိုင်းတွင် ပျောက်သွားပါလိမ့်မည်။

    ခွဲစိတ်မှုပြီးဆုံးလျှင် ဆေးပေးခြင်းကို ရပ်လိုက်ပါလိမ့်မည်။ မေ့ဆေး သင့်ခန္ဓာကိုယ်ထဲတွင် အချိန်မည်မျှကြာကြာရှိနေခြင်းသည် သင့်ကို အသုံးပြုသော ဆေးအမျိုးအစား၊ အခြားအသုံးပြုသောဆေးများ၊ ဆေးပမာဏနှင် သင့်ကျန်းမာရေးအခြေအနေများပေါ်တွင် မူတည်ပါသည်။

    ထုံဆေး

    ထုံဆေးသည် သင့်ခန္ဓာကိုယ်၏ တစ်နေရာရာတွင် ထုံနေစေရန် အသုံးပြုသောဆေး ဖြစ်ပါသည်။ ဆေးထိုးခြင်း သို့မဟုတ် လိမ်းခြင်းအားဖြင့် ထုံသွားစေရန် ပြုလုပ်နိုင်ပါသည်။ ခွဲစိတ်ခြင်း ပြီးဆုံးပြီးနောက် မိနစ်အနည်းငယ်အကြာတွင် ထိုခံစားမှုပျောက်သွားနိုင်ပါသည်။ သိပ်မကြာခင် သင်သည် ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိသွားနိုင်ပါသည်။

    Regional anesthesia

    Regional anesthesia သည် သင့်ခန္ဓာကိုယ်၏ အစိတ်အပိုင်းနေရာကြီးကြီး (ဥပမာ လက်မောင်း၊ ခြေထောက် စသည်ဖြင့်) ထုံနေစေရန် အသုံးပြုသောဆေးဖြစ်သည်။ သင်သည် ခွဲစိတ်နေစဉ်အတွင်း သတိရှိနေမည်ဖြစ်သည်။ အဓိကအားဖြင့် နှစ်မျိုးရှိသည်။

    • ခါးအောက်ပိုင်းထုံဆေး

    ကျောရိုးအာရုံကြောမထဲသို့ ဆေးကို ထိုးသွင်းပြီး ထုံစေရန် ပြုလုပ်သည်။ ထုံဆေး အရှိန်ပြယ်သည်အထိ သင့် ခြေထောက်များ လှုပ်နိုင်မည်မဟုတ်ပေ။ ဆေးအာနိသင်သည် ချက်ချင်းရတတ်ပြီး နာရီအနည်းငယ် အကြာတွင် ပြန်ပျောက်သွားပါလိမ့်မည်။

    • Epidural anesthesia

    ဤအမျိုးအစားသည် ခါးဆစ်ရိုးကြားဟုခေါ်သော နေရာသို့ ပိုက်သွင်း၍ ဆေးထိုးပြီး ထုံစေရန် ပြုလုပ်ခြင်းဖြစ်သည်။ ခွဲစိတ်ပြီးနောက်တွင် ပိုက်သည် ဆက်ရှိနေပြီး အနာသက်သာစေပါသည်။ ၎င်းသည် နာရီအနည်းငယ် သို့မဟုတ် နာရီများစွာ သို့မဟုတ် ရက်အနည်းငယ် အထိ ထားနိုင်ပါသည်။

    မေ့ဆေးဆရာဝန်သည် ဆေးပမာဏကို ချိန်ဆနိုင်ပြီး အလိုအလျောက်ပိတ်နိုင်သော စက်ဖြင့် ပိုက်ကို ဆက်သွယ်ထားပြီး ဆေးသွင်းနိုင်ပါသည်။ ဆရာဝန်မှ ဆေးပေးခြင်းကို ရပ်လိုက်ပြီး နာရီအနည်းငယ် အကြာတွင် ဆေးအာနိသင်ပြယ်ပြီး သင့်တွင် ပုံမှန်ခံစားသိရှိမှု ပြန်ရနိုင်ပါသည်။

    မေ့ဆေး

    မေ့ဆေးပေးထားလျှင် သင်သည် လုံး၀ သတိမေ့နေမည်ဖြစ်ပါသည်။ ရှုပ်ထွေးပြီး ကြာရှည်သော ခွဲစိတ်မှုများအတွက် ဤအမျိုးအစားကို အသုံးပြုကြသည်။ လူနာအား ဆေးကို နှစ်နည်းအားဖြင့် ပေးနိုင်ပါသည်။ ဆေးအရည်ကို ပိုက်မှတဆင့် သွင်းဖြင်းအားဖြင့်လည်းကောင်း၊ အငွေ့ကို ရှူခြင်းအားဖြင့်အားဖြင့်လည်းကောင်း ပေးနိုင်ပါသည်။

    ဆေးအာနိသင်သည် ခန္ဓာကိုယ်ထဲသို့ ရောက်ပြီး မကြာခင် အာနိသင်စပြပြီး နာရီအနည်းငယ်အကြာတွင် ပြယ်သွားပါလိမ့်မည်။ ဆေးရပ်လိုက်ပြီး မကြာခင် သင်ပြန်လည်သတိရလာပြီး ရက်အနည်းငယ် အကြာတွင် အပြည့်အ၀ ဆေးအရှိန်ပြယ်ပါလိမ့်မည်။ ၎င်းသည် သင်၏ကျန်းမာရေးအခြေအနေနှင့် ဆေးပမာဏပေါ်တွင် လည်း မူတည်ပါသည်။

    မေ့ဆေးအများစုသည် စိတ်ချရပါသည်။ ဆေးအာနိသင်သည် ဆေးပေးပြီး သိပ်မကြာခင် စတင်တတ်ပြီး ဆေးရပ်လိုက်ပြီး နာရီအနည်းငယ် သို့မဟုတ် ရက်အနည်းငယ်တွင် ဆေးအရှိန်ပြယ် နိုင်ပါသည်။ ၎င်းသည် အသုံးပြုသော ဆေးအမျိုးအစား၊ ပမာဏနှင့် သင့်ကျန်းမာရေးအခြေအနေပေါ်တွင် မူတည်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Su Sandy မှ ရေးသားသည်။ · 27/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement