ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိနိုင်မလဲ။

ကြံ့ခိုင်သန်စွမ်းစေမယ့် လေ့ကျင့်ခန်းတွေက
ဒီလေ့ကျင့်ခန်းက ခန္ဓာကိုယ်ကို သန်မာစေပြီး ကြွက်သားတွေကို ကြံ့ခိုင်သန်စွမ်းစေတာကြောင့် နေ့စဉ်လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်မှာပါ။ အသက်အရွယ်ကြောင့် ကြွက်သားဆုံးရှုံးတာကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
အရိုးတွေကို ကြံ့ခိုင်စေပြီး ကြွက်သားတက်စေတယ်
အသက် ၃၀ ဝန်းကျင် ရောက်လာတဲ့အခါ ကြွက်သားတွေက ၃ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းအထိ ရှိလာပါတယ်။ ကြွက်သားဆုံးရှုံးမှုကို ကာကွယ်ဖို့ဆိုရင် တစ်ပတ်ကို ၂ ကြိမ် တစ်နေ့ကို မိနစ် ၃၀ ခန့် လေ့ကျင့်ခန်း လုပ်ပေးဖို့ လိုပါမယ်။
ဒီလို ပုံမှန် လုပ်ဆောင်ပေးတာက အရိုးသိပ်သည်းဆကို ကောင်းမွန်စေပြီး ကိုယ်နေဟန်ထား မှန်စေသလို သွေးဆုံးချိန်မှာ ခံစားရနိုင်တဲ့ ကြွက်သား ဆုံးရှုံးမှုကို ကာကွယ်ပေးပါတယ်။ အသက်ရလာတဲ့အထိ အရိုးအဆစ် နဲ့ ကြွက်သားတွေကို သန်မာစေမှာပါ။
သန်စွမ်းကြံ့ခိုင်စေတဲ့ လေ့ကျင့်ခန်းတွေ ဖြစ်ကြတဲ့ လမ်းလျှောက်တာ၊ ပြေးတာ၊ စက်ဘီးစီးတာတွေက ကယ်လ်လိုရီ လောင်ကျွမ်းမှုကိုတိုးစေပြီး ပိုနေတဲ့ ကိုယ်အလေးချိန်နဲ့ အဆီတွေကို လျှော့ချပေးပါတယ်။
ဒီလေ့ကျင့်ခန်းတွေက ကိုယ်နေဟန်ထား မှန်စေသလို ခန္ဓာကိုယ်ကို ဟန်ချက်ညီစေပါတယ်။ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ သန်စွမ်း ကြံ့ခိုင်စေပါတယ်။ ကြွက်သားတွေကို သန်မာစေပြီး ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေတာကြောင့် အဆီပိုတွေကိုလည်း လောင်ကျွမ်းစေပါတယ်။
နေ့စဉ် သန်စွမ်းကြံ့ခိုင်စေတဲ့ လေ့ကျင့်ခန်းတွေ လုပ်ပေးတာက အဆစ်ရောင်ရောဂါ ခံစားရနိုင်ခြေကို လျှော့ကျစေပြီး အမျိုးအစား (၂) ဆီးချို၊ အပါအဝင် နာတာရှည်ရောဂါတွေ မဖြစ်စေဖို့ ကာကွ်ယ်ပေးပါတယ်။
သန်စွမ်းကြံ့ခိုင်စေတဲ့ လေ့ကျင့်ခန်းတွေက endorphins ဟောမုန်း တိုးစေတာကြောင့် စိတ်ခံစားမှု ကောင်းမွန်စေပါတယ်။ ညဘက်တွေမျာ ကောင်းကောင်း အိပ်ပျော်စေသလို စိတ်ကူးဉာဏ်ကို ရင့်သန်စေနိုင်ပါတယ်။
ကယ်လ်လိုရီ လောင်ကျွမ်းစေနိုင်တယ်
သန်စွမ်းကြံ့ခိုင်စေတဲ့ လေ့ကျင့်ခန်းတွေက ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်စေတာကြောင့် အဆီတွေကို အထိရောက်ဆုံး လောင်ကျွမ်းစေနိုင်ပါတယ်။ သန်စွမ်းကြံ့ခိုင်စေတဲ့ လေ့ကျင့်ခန်းတစ်ရပ်ဖြစ်တဲ့ အလေးမတာက အလေးမနေစဉ်မှာရော အလေးမပြီးချိန်မှာပါ ကယ်လ်လိုရီတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။
သန်စွမ်းကြံ့ခိုင်စေတဲ့ လေ့ကျင့်ခန်းတွေက သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးတိုး မဖြစ်စေဖို့ ထိန်းညှိပေးသလို နှလုံးရောဂါ ခံစားရနိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။
ကဲ….. သန်စွမ်းကြံ့ခိုင်စေတဲ့ လေ့ကျင့်ခန်းတွေက ဘယ်လောက်ထိ ကျန်းမာရေးကို အထောက်အကူပြုလဲဆိုတာ သိပြီဟုတ်………
Takeaways
သန်စွမ်းကြံ့ခိုင်စေမည့် လေ့ကျင့်ခန်းများ ဟာ စိတ်ရောကိုယ်ပါ ကျန်းမာစေတာကြောင့် နေ့စဉ် မလုပ်နိုင်ရင်တောင် တစ်ပတ်ကို ၂ ကြိမ်လောက် မိနစ် ၃၀ ကနေ ၆၀ လောက်အထိ လုပ်ပေးဖို့ လိုပါမယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။