backup og meta

မနက်ခင်းလေးကို လေ့ကျင့်ခန်း လုပ်ခြင်းဖြင့်စတင်ပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 01/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မနက်ခင်းလေးကို လေ့ကျင့်ခန်း လုပ်ခြင်းဖြင့်စတင်ပါ

    မနက်ခင်းလေးကို လေ့ကျင့်ခန်း လုပ်ခြင်းဖြင့်စတင်ပါ လို့ ဘာကြောင့်ပြောရတာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ကြည့်စေချင်ပါတယ်။

    တစ်နေ့တာအတွက် အရေးကြီးဆုံး အချိန်က မနက်ခင်း ပါ။ မနက်ခင်းကို ကျက်သရေ ရှိရှိလေး နိုးထမှုက တစ်နေ့တာကို စိတ်ကြည်လင်စေနိုင်ပါတယ်။ ဒီတော့ မနက်ခင်းကို ကောင်းမွန်စွာ စတင်နိုင်ဖို့ ဒီ အလေ့အထလေးကို မွေးမြူကြည့်ဖို့ တိုက်တွန်းပါရစေ။

    မနက်ခင်းလေးကို လေ့ကျင့်ခန်း လုပ်ခြင်းဖြင့်စတင်ပါ

    မနက်ခင်း အလင်းရောင်ပျို့ချိန်မှာ လေ့ကျင့်ခန်း လုပ်တာက စိတ်ရောကိုယ်ပါ လန်းဆန်းစေနိုင်ပါတယ်။ ဒါတင်လား ဆိုတော့ မဟုတ်သေးပါဘူး။ မနက်ခင်းမှာ လေ့ကျင့်ခန်း လုပ်တာက အခုလို အကျိုးကျေးဇူးတွေလည်း ရရှိစေနိုင်ပါသေးတယ်။

    အာရုံစူးစိုက်မှု ကောင်းစေတယ်

    မနက်ခင်းမှာ လေ့ကျင့်ခန်း လုပ်တာက စိတ်ပိုင်းဆိုင်ရာကို လန်းဆန်းတက်ကြွစေပြီး တစ်နေ့တာလုံးမှာ အာရုံ မစူးစိုက်နိုင်တာကို ကင်းဝေးချင်ရင်တော့ မနက်ခင်းမှာ အနည်းဆုံး ၁၅ မိနစ်လောက် လေ့ကျင့်ခန်း လုပ်ပါ။

    စိတ်ကြည်လင်လန်းဆန်းစေတယ်

    အိပ်ရာက နိုးနိုးချင်း လေ့ကျင့်ခန်း လုပ်တာက ချွေးထွက်စေပြီ ကိုယ်တွင်းသွေးလည်ပတ်မှုကောင်းစေသလို ဦးနှောက်ဆီကို လိုအပ်တဲ့သွေးစီးဆင်းမှုနဲ့အောက်ဆီဂျင်ကိုရောက်ရှိစေတာကြောင့် စိတ်ကြည်လင်လန်းဆန်းစေနိုင်ပါတယ်။ တစ်နေ့တာလုံး ထိုင်နေရတာကြောင့် စိတ်ညစ်ညူးမှု ဖြစ်တာကို သက်သာစေချင်ရင် မနက်ခင်းမှာ လေ့ကျင့်ခန်း လုပ်ပါ။ အလုပ်တာဝန်တွေကို အကောင်းဆုံး လုပ်နိုင်စေမှာ အသေအချာပါ။

    ခန္ဓာကိုယ်ကျန်းမာစေနိုင်တယ်

    ကျန်းမာဖို့က တစ်နေ့ထက် တစ်နေ့ ပိုအရေးကြီးလာတဲ့ အခြေအနေမှာ နေ့ရက်တိုင်း ကျန်းမာနေစေဖို့ မနက်ခင်းမှာ သွေးပူလေ့ကျင့်ခန်းလေး လုပ်ဖို့ မမေ့ပါနဲ့။ တစ်နေ့တာမှာ ကျန်းမာရေးနဲ့ ညီညွတ်တာရော မညီညွတ်တာရော စားမိနိုင်ပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အပြုအမူတွေလည်း လုပ်မိနိုင်ပါတယ်။ ဒါတွေကြောင့် ကျန်းမာရေး မထိခိုက်စေဖို့ မနက်ခင်း အိပ်ရာက ထတာနဲ့ လေ့ကျင့်ခန်း လုပ်ပေးပါ။

    ဇီဝတွင်းဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေနိုင်တယ်

    လေ့ကျင့်ခန်း လုပ်တာက ဇီဝတွင်းဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေနိုင်တယ် ဆိုတာ သိပြီးဖြစ်မှာပါ။ ဒါပေမယ့် လေ့ကျင့်ခန်း လုပ်တယ်ဆိုတဲ့ နေရာမှာ မနက်ခင်း စောစော လေ့ကျင့်ခန်း လုပ်တာက ဇီဝတွင်းဖြစ်စဉ်ကို အကောင်းဆုံး လှုံ့ဆော်ပေးနိုင်ပြီး ကျန်းမာရေးအတွက် အကောင်းဆုံး အထောက်အကူ ပြုပေးနိုင်ပါတယ်။

    ကောင်းကောင်းအိပ်ပျော်စေနိုင်တယ်

    လေ့ကျင့်ခန်း လုပ်တာက ကိုယ်တွင်း ဟော်မုန်းတွေကို ထိန်းညှိပေးပြီး ခန္ဓာကိုယ်ရဲ့ စနစ်ကို ဟန်ချက် ညီစေနိုင်ပါတယ်။ ဒီ အချက်အလက်တွေ ပြည့်စုံမှုက သင့်ကို ကောင်းကောင်း အိပ်ပျော်စေဖို့ အထောက်အကူ ပြုပေးနိုင်မှာပါ။ ညဘက်မှာ ကောင်းကောင်း အိပ်ပျော်တဲ့အတွက် မလိုအပ်ဘဲ ကိုယ်အလေးချိန် တက်မလာအောင်လည်း ကာကွယ်ပြီးသား ဖြစ်စေမှာပါ။

    မနက်ခင်းမှာ ၁၅ မိနစ်လောက် ကနေ ၄၅ မိနစ်လောက်အထိ ချွေးထွက်အောင် လေ့ကျင့်ခန်း လုပ်ပေးပါ။ ဒီလို လုပ်ပေးတာက တစ်နေ့တာအတွက်တင် မဟုတ်ဘဲ ခန္ဓာကိုယ် ကျန်းမာဖို့ အတွက်ရော စိတ်ကျန်းမာဖို့ အတွက်ပါ အကောင်းဆုံး အထောက်အပံ့ ဖြစ်စေမှာပါ။ ကဲ….. ဘယ်လိုလဲ။ မနက်ဖြန် မနက်ကစလို့ လေ့ကျင့်ခန်း လုပ်ကြမလား…………………….

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 01/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement