ဒါကြောင့် မနက်အိပ်ရာနိုးပြီဆိုရင် ရေမချိုးခင် အိပ်ထ မတင်၊ ထိုင် ထ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ။ အချိန်ရမယ်ဆိုရင် မနက်တိုင်း လမ်းလျှောက်ပါ။ နာရီဝက်ခန့် ချွေးထွက်အောင် လမ်းလျှောက်ပြီးသွားရင် ၁၀မိနစ်လောက် အပြေးလေ့ကျင့်ပါ။ အားကစားအနေနဲ့ ကိုယ်အဆင်ပြေတဲ့ အချိန်လေးမှာ ရေကူးလေ့ကျင့်ပေးပါ။ သက်လုံကောင်းစေပြီး ကိုယ်ခန္ဓာတစ်ခုလုံးမှာ ရှိတဲ့ကြွက်သားတွေကို ပုံသွင်းပေးတဲ့အတွက် ကြွက်သားတက်လိုသူတွေ၊ အရပ်ရှည်လိုသူတွေအတွက် အကောင်းဆုံးပါပဲ။
၃။ ကိုယ်က တတ်နိုင်လို့ Gym မှာ စနစ်တကျ ဆော့မယ်ဆိုရင်တော့ နည်းပြဆရာနဲ့ သေချာလေ့ကျင့်တာ ပိုကောင်းပါတယ်။ အောက်ပိုင်းထိုင်ရမယ့် ရက်တွေမှာ နာမှာကြောက်တာနဲ့ မပျက်လိုက်ပါနဲ့။ ကိုယ်နိုင်သလောက် အလေးကနေ ဖြည်းဖြည်းချင်း မပြီး နောက်ပိုင်း ကိုယ့်အတွက် နေသားကျသွားပြီဆိုရင် အလေးတိုးပါ။
အလေးမ အားကစား၊ အလေးတုံးဖြင့် ထိုင်ထလုပ်တာ၊ တင်ပါးကို နောက်ကော့တဲ့ လေ့ကျင့်ခန်း၊ ဒူးခေါင်းတစ်ဖက်ကို ရှေ့သို့ကွေးပြီး တွန်းပို့တဲ့ လေ့ကျင့်ခန်း၊ ခြေတစ်ဖက်ကို ဒူးထောက်ထားပြီး ကျန်တစ်ဖက်နဲ့ အနောက်ကို ဆန့်တန်းတာ အစရှိတဲ့ တင်ပါးနဲ့ အောက်ပိုင်းခြေသလုံးကြွက်သားအစုံကို လေ့ကျင့်ပေးလို့ ရပါတယ်။ အစပိုင်းမှာတော့ မခံမရပ်နိုင်အောင် နာကျင်ကိုက်ခဲနေမှာပါ။ တစ်လလောက် ပုံမှန်လေး ကစားပေးလိုက်ရင် ဒီနာကျင်မှုဟာ ပုံမှန်ဖြစ်သွားမှာပါ။ တကယ်က နာကျင်တယ်ဆိုတာလည်း လေ့ကျင့်ခန်းကို ကိုယ်က မှန်မှန်ကန်ကန် လုပ်နေပြီး ကိုယ့်ရဲ့ ကြွက်သားကို ပုံသွင်းပေးနေတာပါပဲ။
အပေါ်မှာ ပြောခဲ့သလိုပါပဲ။ တင်ပါးဆိုတာ လူ့ခန္ဓါကိုယ်ကို ထိန်းမပေးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့် ဒီနေရာကိုလည်း သေချာလေ့ကျင့်ပေးဖို့ မမေ့သင့်ပါဘူး။ အထူးသဖြင့် လိင်မှုကိစ္စမှာလည်း အမျိုးသမီးတွေအတွက်သာမက အမျိုးသားတွေအတွက်ပါ ပိုပြီး အားစိုက်ထုတ်နိုင်စေဖို့ ကူညီပေးတယ်ဆိုတော့ ခုပဲ တင်ပါးကြွက်သားလှအောင် လေ့ကျင့်လိုက်ကြရအောင်လား။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။