home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

သိပ္ပံနည်းကျ ဗိုက်ချကြမယ်

သိပ္ပံနည်းကျ ဗိုက်ချကြမယ်

သိပ္ပံနည်းကျ ဗိုက်ချကြမယ်

သင့်ဗိုက်က အဆီတွေအများကြီး လျော့သွားအောင်လုပ်တယ်ဆိုတာ တကယ်တော့ စစ်ပွဲတစ်ခုကို တိုက်နေရသလောက်ခက်ခဲတတ်ပါတယ်။ ဒါပေမယ့်လည်း ၀မ်းဗိုက်အဆီတွေဆိုတာ သွေးတိုး၊ ဆီးချိုနဲ့ နှလုံးရောဂါအပြင် တခြားနာတာရှည်ရောဂါအမျိုးမျိုးကို ဖိတ်ခေါ်ပေးနေတဲ့အဓိကသော့ချက်ဖြစ်တဲ့အပြင် ဖောသွပ်သွပ်နဲ့ ကိုယ့်အသွင်ကိုယ်လဲ စိတ်ပျက်အားလျော့စေတတ်ပါတယ်။ ဒါပေမယ့် အရမ်းစိတ်မပျက်လိုက်ပါနဲ့ဦး။ သင့်ခါးဆိုဒ်ကို တကယ်ထိထိရောက်ရောက်ပြောင်းလဲလျော့သွားစေမယ့် သိပ္ပံနည်းကျနည်းလမ်းတချို့ရှိပါတယ်။

သိပ္ပံနည်းကျ ဗိုက်ချကြမယ်

သိပ္ပံနည်းကျ ဗိုက်ချကြမယ် ဆိုရင် ဒီအချက်လေးတွေက လိုက်နာဖို့ လိုပါမယ်။

(၁) ကယ်လိုရီတွေကို လျှော့ချပါ။

ဒါပေမယ့် လုံးလုံးကြီးဖြတ်လိုက်တာမျိုးတော့မလုပ်ပါနဲ့။ လူတိုင်းသိပြီးသားပါပဲ။ ကိုယ့်တနေ့တာ အစားအသောက်တွေကရတဲ့ ကယ်လိုရီကိုလျှော့ချရင် ဝိတ်ကျစေတယ်ဆိုတာ။ တစ်နေ့ကို ကယ်လိုရီ ငါးရာကနေ တစ်ထောင် လျှော့ချစားသုံးမယ်ဆိုရင် တစ်ပတ်ကို တစ်ပေါင်ကနေ နှစ်ပေါင်အထိကျစေပါတယ်။ ဒါပေမယ့် ကယ်လိုရီတွေအများကြီးလျှော့ချခြင်းဟာ ဘေးထွက်ဆိုးကျိူးတွေကိုဖြစ်စေပါတယ်။ ဥပမာအားဖြင့် ဇီ၀ကမ္မဖြစ်ပျက်မှုနှုန်းကိုလျော့ကျစေပါတယ်။ အရင်လိုကယ်လိုရီအများကြီးပြန်စားရင်တောင် ဇီ၀ကမ္မဖြစ်ပျက်မှုနှုန်းက ဆက်လက်နှေးကျန်နေခဲ့တတ်ပါတယ်။ဒါကြောင့် ကယ်လိုရီအများကြီးကို အကြာကြီးလျှော့ချတာဟာ သိပ်မကောင်းလှပါဘူး။

(၂) အမျှင်ဓာတ် များများစားပါ။

ရေမှာပျော်၀င်နိုင်တဲ့ အမျှင်ဓာတ်တွေဟာ ရေပမာဏအများကြီးကို စုပ်ယူထားနိုင်ပြီး အစာလမ်းကြောင်းတစ်လျှောက်အစာ ဆင်းသွားတာကိုနှေးစေပါတယ်။ ရလာဒ်အနေနဲ့ အစာအိမ်ထဲကအစာသွားတာကိုနှေးစေပြီး ပြည့်အင့်တဲ့ခံစားမှုကို အချိန်ကြာကြာပေးနိုင်ပါတယ်။ ဒါကြောင့်တော်ရုံနဲ့ အစာထပ်မစားစေအောင်လုပ်ပေးပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်ဟာ အစားအသောက်ကနေ ကယ်လိုရီစုပ်ယူနိုင်စွမ်းကိုလဲ ကျစေပါတယ်။ အမျင်ဓာတ်များများစားပေးခြင်းအားဖြင့် ကိုယ်တွင်းအင်္ဂါတွေဘေးမှာ အဆီစုတာကိုလဲ တားဆီးပေးပါတယ်။ ခားဆိုဒ်ကိုလဲ သေးစေပြီး ရောဂါတွေအမျိူးမျိူးမဖြစ်အောင်လဲ ကာကွယ်ပေးပါတယ်။ ထောပတ်သီး၊ အုတ်ဂျုံ၊ ရွှေဖရုံသီး။ ပဲပင်ပေါက်၊ ဘလက်ဘယ်ရီသီး စတာတွေမှာ အမျှင်ဓာတ်အများကြီးပါ၀င်ပါတယ်။

(၃) ပရိုဘိုင်အောတစ် သောက်ပါ။

ပရိုဘိုင်အောတစ်ဆိုတာ ကိုယ်အလေးချိန်ထိန်းသိမ်းခြင်းနဲ့ လျှော့ချခြင်းမှာ အရေးကြီးတဲ့ သက်ရှိဘက်တီးရီးယားတွေဖြစ်ပါတယ်။ ၀တဲ့သူတွေကို လေ့လာကြည့်တဲ့အခါ အူထဲမှာရှိတဲ့ ဘက်တီးရီးယားအချိူးအစားဟာ ပုံမှန်ကိုယ်အလေးချိန်ရှိသူတွေနဲ့ ကွဲပြားနေတာ တွေ့ရပါတယ်။ ပရိုဘိုင်အောတစ်ကို မှန်မှန်သောက်ပေးခြင်းဖြင့် အူထဲက အကျိူးပြုဘက်တီးရီးယားတွေများလာစေပြီး ကိုယ်အလေးချိန်ကျစေပါတယ်။ ပရိုဘိုင်အောတစ်ကို ဆေးဝါးအနေနဲ့သောက်လို့ရသလို ဒိန်ချဉ်၊ ကင်ချီ၊ ချဉ်ဖတ်စတဲ့ အစားအသောက်တွေထဲမှာလဲ ရနိုင်ပါတယ်။

(၄) လေ့ကျင့်ခန်းလုပ်ပါ။

ကာဒီယို ဒါမှမဟုတ် အေရိုးဗစ်လေ့ကျင့်ခန်းတွေကို တနေ့အနည်းဆုံးမိနစ်နှစ်ဆယ်ကနေ နာရီ၀က်လောက်လုပ်ပေးခြင်းဟာ ကယ်လိုရီတွေကိုလောင်ကျွမ်းစေပြီး ကျန်းမာရေးကိုလဲ ကောင်းစေပါတယ်။

(၅) ပရိုတင်းဖျော်ရည်တွေသောက်ပါ၊ ဒါမှမဟုတ် ပရိုတင်းဓာတ်များများစားပါ။

ဒီလိုလုပ်ခြင်းဟာ ဇီ၀ရုပ်ဖြစ်ပျက်နှုန်းကို တိုးမြင့်စေပြီး အစာစားချင်စိတ်ကိုလျော့နည်းစေပြီး အထူးသဖြင့် ခန္ဒာကိုယ်အလယ်ပိုင်းက အဆီတွေကို လျော့နည်းစေပါတယ်။ သုတေသနတွေက အသားဓာတ်ဟာ ခါးအရွယ်အစားကို သိသိသာသာပြောင်းလဲလျော့ကျစေနိုင်ကြောင်းဖော်ပြနေပါတယ်။ ကြက်ဥပြုတ်၊ အသားငါး၊ပဲနဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ ပရိုတင်းဓာတ်ပါ၀င်ပါတယ်။

(၆) လူကို အကျိုးပြုတဲ့အဆီ များများစားပေးပါ။

အကျိုးပြုအဆီတွေဟာ အန္တရာယ်အများဆုံးအဆီဖြစ်တဲ့ ၀မ်းဗိုက်အဆီကို မဖြစ်အောင်ကာကွယ်ပေးပါတယ်။ကျန်းမာရေးအတွက်ကောင်းကျိုးတွေလဲ ပေးပါတယ်။ သံလွင်ဆီ၊ ထောပတ်သီး၊အစေ့အဆံတွေနဲ့ အခွံမာသီးတွေမှာ အကျိုးပြုအဆီတွေပါ၀င်ပါတယ်။

(၇) ကစီဓာတ် အထူးသဖြင့် ပြုပြင်မွမ်းမံထားတဲ့ ကစီဓာတ်တွေကို လျှော့ချပါ။

လေ့လာမှုတွေအရ ကစီဓာတ်လျော့နည်းတဲ့ အစားအသောက်တွေဟာ ကိုယ်တွင်းအင်္ဂါဘေးမှာ အဆီစုတာကိုတားနိုင်ပြီး ခါးကိုလဲ သေးစေနိုင်ပါတယ်။ ဘာမှမပြုမပြင်ထားတဲ့ ကစီဓာတ် ဥပမာ ဂျုံကြမ်းကိုစားတာမျိူးဟာ ပြုပြင်ထားတဲ့ ကဆီဓာတ် ဥပမာ ပေါင်မုန့်လိုမျိူးအရာတွေကို စားတာထက် လူကို ပိုအကျိူးပြုပါတယ်။

(၈) ပန်းသီးရှာလကာရည်ကို အစားအသောက်တွေထဲမှာ ပါအောင် ထည့်စားပါ။

ပန်းသီးရှာလကာရည်ဟာ အထင်ကြီးစရာကောင်းလောက်အောင်ပဲ ကျန်းမာရေးအတွက်ကောင်းကျိူးတွေပေးပါတယ်။ သူ့မှာ အက်ဆစ်တစ်အက်ဆစ်လို့ခေါ်တဲ့ ပါ၀င်ပစ္စည်းကြောင့်ဖြစ်ပါတယ်။ လေ့လာမှုတွေအရ အက်ဆစ်တစ်အက်ဆစ်ဟာ ခန္ဒာကိုယ်မှာ အဆီစုတာကို လျော့နည်းစေပါသတဲ့။

(၉) တစ်နေ့ကို နာရီ၀က်လမ်းလျှောက်ပါ

အစားအသောက်အနည်းငယ်လျှော့ချခြင်းဟာ လေ့ကျင့်ခန်းနဲ့ပေါင်းစပ်လိုက်မယ်ဆိုရင် ဝိတ်မြန်မြန်ကျစေပြီး ကျန်းမာရေးကိုလဲ တိုးတက်စေပါတယ်။ စိတ်၀င်စားစရာကောင်းတာတစ်ခုက ကျန်းမာရေးကောင်းကျိူးတွေရဖို့ သင့်အနေနဲ့ လေ့ကျင့်ခန်းလုပ်တော့လုပ်ပါ။ သို့သော်အပြင်းအထန်လုပ်စရာမလိုဘူးလို့ဆိုပါတယ်။ တစ်နေ့ကို နာရီ၀က် (ခြေလှမ်းခုနစ်ထောင့်ငါးရာ) လျှောက်ခြင်းဟာ ဗိုက်ချပ်စေတဲ့အပြင် ကျန်းမာလှပစေမှာပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ
စာရေးသူ ဓာတ်ပုံbadge
Dr. Seinn Moe Satt မှ ရေးသားသည်။ 22/02/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။