အခြားလေ့ကျင့်ခန်းများ

ကျန်းမာကြံ့ခိုင်စေဖို့အတွက် နေ့စဉ် လုပ်ဆောင်နိုင်မယ့် လေ့ကျင့်ခန်းလေးတွေရှာနေတာလား။ ဒီကဏ္ဍလေးမှာ အသင့်တော်ဆုံး လေ့ကျင့်ခန်းကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားလေ့ကျင့်ခန်းများ

လေပွတာကို သက်သာစေမယ့် ယောဂပို့စ် ( ၅) ခု

လေပွတာက အတော်လေး ခံရခက်ပါတယ်။ ဒီလို လေပွရတာက နေ့စဉ် စားသုံးမှုမှာ ပါဝင်နေတဲ့ အချို့အချို့သော အစားအစာတွေကြောင့် ဖြစ်နိုင်သလို ပါးစပ်ကနေတဆင့် လေတွေကို မျိုချမိတာကြောင့်ပါ။ လေတွေက လေပွပြီး နေရထိုင်ရ မသက်မသာ ဖြစ်စေနိုင်သလို ဗိုက်အောင့်တာကို ဖြစ်စေနိုင်ပါတယ်။ ဒီလို လေပွတာကို သက်သာစေမယ့် ယောဂပို့စ် (၅) ခု ကို ဖော်ပြပေးလိုက်ပါတယ်။ ယောဂလုပ်တာက လေပွတာကို သက်သာစေမလား! ယောဂလုပ်တာက လေပွတာကို သက်သာစေနိုင်သလို ကိုယ်လက်လှုပ်ရှားမှုလေး လုပ်တာ၊ လမ်းလျှောက်တာ၊ အိမ်မှုကိစ္စလေးတွေကို လှုပ်လှုပ်ရှားရှား လုပ်ပေးတာက အစာကြေစေပြီး လေပွတာကို သက်သာစေနိုင်ပါတယ်။  ဒါကြောင့် လေပွနေပြီဆိုရင် အရင်ဆုံး လမ်းလျှောက်တာမျိုး လုပ်ပေးလို့ ရသလို အောက်မှာ ပြောပြမယ့် ယောဂလေ့ကျင့်ခန်းလေးတွေကို လုပ်ပေးတာကလည်း နည်းလမ်းကောင်းပါ။  ကဲ …. လေပွတာကို သက်သာစေမယ့် […]

အခြားလေ့ကျင့်ခန်းများ ကို ရှာဖွေမည်။

အခြားလေ့ကျင့်ခန်းများ

ပျိုမေတွေကြား ရေပန်းစားလာတဲ့ Zumba လေ့ကျင့်ခန်း

အလှအပကို စိတ်ဝင်စားတဲ့ မိန်းကလေးတွေ တော်တော်များများ ဒီဘက်ခေတ်မှာ ကိုယ်အလေးချိန် ထိန်းသိမ်းမှုကို ပြုလုပ်လာကြပါတယ်။ ဒါဟာ အလှအပအတွက်သာမက ကျန်းမာရေးအတွက်ပါ တော်တော်လေး ကောင်းတဲ့ အလေ့အကျင့်ပါပဲ။ လူတိုင်းက Gym ကစားရမယ်လို့ ပြောလိုက်တာနဲ့ အလေးတွေ မပြီး ပင်ပင်ပန်းပန်း လုပ်ရမယ်ဆိုပြီး မြင်တတ်ကြပါတယ်။ တကယ်တော့ Gym ကစားတာဟာ ကိုယ်ခန္ဓာကြွက်သားတွေကို သန်စွမ်းဖို့အတွက်သာမက စိတ်နဲ့ ခန္ဓာကျန်းမာရေးအတွက်ပါ အကျိုးကျေးဇူး များစွာ ရှိစေပါတယ်။ဒီလိုမျိုး Gym မှာ လေ့ကျင့်ခန်း ပုံမှန်လုပ်နေတဲ့ ပျိုမေတွေကြား ရေပန်းစားလာတဲ့ အားကစားနည်းကတော့ Zumba လေ့ကျင့်ခန်း ပါပဲ။ သူ့ရဲ့ အားသာချက်က အလေးအပင်တွေ မ နေစရာမလိုဘဲ သီချင်းသံစဉ်ရဲ့ စီးချက်အတိုင်း ပျော်ပျော်ပါးပါး ကခုန်လို့ ရတာပါပဲ။ ဒီတော့ လေ့ကျင့်ခန်းလုပ်ရတာလည်း ပျော်ဖို့ […]


အခြားလေ့ကျင့်ခန်းများ

အမျိုးသားတိုင်း နေ့စဉ် ဒိုက်ထိုးဖို့ ဘာကြောင့် လိုအပ်တာလဲ

ဒိုက်ထိုး လေ့ကျင့်ခန်း (Push-Up) ဆိုတာ ပစ္စည်းကိရိယာ(အလေးတုံး) မလိုအပ်ဘဲ ကိုယ့်ရဲ့ အိမ်မှာ အလွယ်တကူ လုပ်လို့ရတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ လက်မောင်းအပေါ်ပိုင်း၊ ရင်အုပ်နဲ့ ပခုံးမှာ ရှိတဲ့ ကြွက်သားတွေကို ကျစ်လျစ်စေပြီး ခန္ဓါကိုယ် အပေါ်ပိုင်းအတွက် ခွန်အား ဖြစ်စေတယ်။ လက်ကောက်ဝတ် နဲ့ ပခုံးရိုးတွေကို သန်စွမ်းစေတယ်။ နှလုံးခုန်နှုန်း မြန်စေပြီး သွေးလည်ပတ်မှု ကောင်းစေတယ်။ မှန်ကန်တဲ့ နည်းလမ်းနဲ့ နေ့စဉ် လုပ်ပေးမယ်ဆိုရင် သက်လုံကောင်းစေပြီး ခါးအောက်ပိုင်းကိုပါ သန်စွမ်းစေလို့ အမျိုးသားတွေအတွက်တော့ နေ့စဉ် အလွယ်တကူ ပြုလုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းထဲမှာ ပါဝင်ပါတယ်။ အမျိုးသားတွေအနေနဲ့ ကျန်းမာရေးအတွက် ဒိုက်ထိုးဖို့ အချိန်လေးတော့ ပေးသင့်ပါတယ်။ တစ်နေ့ကို ဒိုက်ဘယ်နှစ်ကြိမ် ထိုးသင့်လဲ။ ပထမဆုံး လေ့ကျင့်ခန်း လုပ်တဲ့အခါမှာ ဘယ်သူမှ အကြိမ်ရေများများ ဒိုက်ထိုး […]


အခြားလေ့ကျင့်ခန်းများ

ဒိုက်ထိုးနိုင်တဲ့ အကြိမ်ရေကိုကြည့်ပြီး နှလုံးရောဂါခံစားရနိုင်ခြေရှိ၊ မရှိ ခန့်မှန်းပြမယ်

ဒိုက်မထိုးတတ်တဲ့ အမျိုးသားရယ်လို့ သိပ်မရှိလောက်ပါဘူးနော်။ ဒိုက်ထိုးတာက ဝမ်းဗိုက်ကြွက်သားတွေကို ကျစ်လျစ်စေနိုင်သလိုနောက်ကျောကြွက်သွားတွေကို သန်မာစေနိုင်ပါတယ်။ ခန္ဓာကိုယ်အချိုးအစားကျနစေဖို့ အမျိုးသားတော်တော်များများက ဒိုက်ထိုးလေ့ကျင့်ခန်းကိုလုပ်လေ့ရှိကြပါတယ်။ ဒီတစ်ခေါက်တော့ Hello ဆရာဝန်ပရိသတ်အတွက် ဒိုက်ထိုးတာနဲ့ ပတ်သက်တဲ့လေ့လာတွေ့ရှိမှုတစ်ရပ်အကြောင်းပြောပြပေးချင်ပါတယ်။ ဒါကတော့ အမျိုးသားတစ်ဦးရဲ့ ဒိုက်ထိုးနိုင်တဲ့ အကြိမ်ရေကို တွက်ချက်ပြီး နှလုံးရောဂါခံစားရနိုင်ခြေ ရှိ၊မရှိကို ခန့်မှန်းပြမှာဖြစ်ပါတယ်။လေ့လာမှုအသစ်တစ်ရပ်အရ အမျိုးသားတွေအနေနဲ့ ဒိုက်များများထိုးနိုင်လေလေ နှလုံးရောဂါခံစားရနိုင်ခြေနည်းလေလေလို့သိရပါတယ်။ ဒီတွေ့ရှိချက်က နှလုံးရောဂါခံစားရနိုင်ခြေရှိလားဆိုတာကို စရိတ်စက ကုန်ကျခံပြီး စက်ကိရိယာတွေနဲ့ စမ်းသပ်စရာမလိုဘဲ ရိုးစင်းလွယ်ကူတဲ့နည်းလမ်းအသစ်နဲ့ ဆုံးဖြတ်နိုင်တော့မှာဖြစ်ပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ စစ်တမ်းများအရ နှစ်စဉ်နှလုံးရောဂါကြောင့်သေဆုံးသူဦးရေက ၁၇.၉ သန်းခန့်ရှိနေပြီး ကမ္ဘာတလွှားကသေဆုံးမှုတွေရဲ့ ၃၁ ရာခိုင်နှုန်းက နှလုံးရောဂါကြောင့်သေဆုံးရတာဖြစ်တယ်။ လို့တွေ့ရှိခဲ့ရပါတယ်။တိုးတက်လာမှုတွေကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါတွေခံစားရနိုင်ခြေကလည်း အရင်ကထက်ပိုပိုများလာနေပါတယ်။ အဓိက ကတော့ကျန်းမာရေးနဲ့မညီတဲ့ စားသောက်မှုပုံစံ၊ ကိုယ်လက်လှုပ်ရှားမှုနည်းတဲ့ ဘဝနေထိုင်မှုပုံစံ၊ဆေးလိပ်သောက်တာနဲ့ မကြာခဏဆိုသလို အရက်နဲ့အယ်လ်ကိုဟောပါတဲ့သောက်စရာတွေကို မကြာခဏသောက်သုံးမှုတွေကြောင့် […]


အခြားလေ့ကျင့်ခန်းများ

ဘီယာဗိုက် မြန်မြန်ကျဖို့ လမ်းလျှောက်မလား၊ ပြေးမလား

အသက်ကြီးကြီး ဗိုက်ပူပူနဲ့ အမျိုးသားတွေကို ဘီယာဗိုက် ဆိုပြီး နောက်ပြောင်ခေါ်ဝေါ်ကြတာ ကြားဖူးကြမယ်ထင်ပါတယ်။ အဓိကကတော့ ဗိုက်နဲ့ ခါးမှာ အဆီတွေစုမိပြီး ဗိုက်ပူပြီး ဖောရောင်သလို ဖြစ်နေတာပါ။ ဘီယာဗိုက် ဆိုတဲ့ နာမည်ပြောင်လိုပါပဲ၊ ဘီယာ၊ အရက်သောက်တာ များတာကြောင့်လည်း ဖြစ်နိုင်သလို အဆီစားတာ များသူတွေ၊ အစာအာဟာရ မမျှတသူတွေ၊ အထိုင်များပြီး လှုပ်ရှားမှု နည်းသူတွေ၊ အဝလွန်သူတွေ၊ လေ့ကျင့်ခန်း မလုပ်တဲ့သူတွေမှာ ဗိုက်အဆီဖုံးနိုင်ပါတယ်။ ဝတဲ့သူတွေသာမက ပိန်တဲ့သူတွေမှာလည်း ဘီယာဗိုက် ဖြစ်နိုင်ပါတယ်။ သွေးထဲမှာ မလိုအပ်တဲ့ ကိုလက်စထရော၊ ကယ်လိုရီနဲ့ အဆီတွေ စုမိပြီး ကြာလာတဲ့အခါ အဝလွန်ရောဂါနဲ့ နောက်ဆက်တွဲ ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကျောက်ကပ်အဆီဖုံးတာအပြင် ကင်ဆာရောဂါတွေပါ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးရှုထောင့်ကနေပြီး ဗိုက်အဆီ မြန်မြန်ကျစေဖို့ ဘယ်လို လေ့ကျင့်ခန်းက […]


အခြားလေ့ကျင့်ခန်းများ

မျက်နှာပေါ်က အဆီပိုတွေကြောင့်စိတ်ညစ်နေသလား

မျက်နှာပေါ်က အဆီပိုတွေကြောင့်စိတ်ညစ်နေသလား  ...... လူတစ်ယောက်ရဲ့ သွင်ပြင်မှာ အရေးအကြီးဆုံး အစိတ်အပိုင်း တစ်ခုကတော့ မျက်နှာပါ။ မျက်နှာလှလှလေးနဲ့ ကြည့်ကောင်းတဲ့ သွင်ပြင်ကို လူတိုင်း လိုလားကြပါတယ်။ မျက်နှာမှာ အဆီပိုတွေ အရေးအကြောင်းတွေဖြစ်နေမယ်ဆိုရင် တော်တော်လေး စိတ်ပျက်စရာ ကောင်းတာပါ။ မျက်နှာပေါ်က အဆီပိုတွေကြောင့်စိတ်ညစ်နေသလား ။ Hello ဆရာဝန် ပရိသတ်ကြီးအတွက် နည်းလမ်းကောင်းလေးတွေ ဝေမျှပေးပါရစေ။ မျက်နှာကိုလေ့ကျင့်ခန်းလုပ်ပေးဖို့ လိုသလား မျက်နှာကို ကြွက်သားပေါင်း ၅၂ ခုနဲ့ ဖွဲ့စည်းထားတာပါ။ မျက်နှာပြင်ပေါ်ကကြွက်သားတွေက ခန္ဓာကိုယ် အခြားအစိတ်အပိုင်းက ကြွက်သားတွေလိုပါပဲ။ အဆီပို ကင်းပြီး ကျန်းမာစေဖို့အတွက် လေ့ကျင့်ခန်း လုပ်ပေးဖို့ လိုအပ်ပါမယ်။ တကယ်လို့ မျက်နှာကြွက်သားတွေကို လေ့ကျင့်ခန်း မလုပ်ဘဲ ထားမယ်ဆိုရင် လျော့ရဲရဲဖြစ်နေပြီး အဆီပိုတွေနဲ့ ကြည့်ရဆိုးနေမှာပါ။ မျက်နှာကို လေ့ကျင့်ခန်း လုပ်ပေးတာက အဆီပိုတွေတင် ဖယ်ရှားပေးတာမဟုတ်ဘဲ […]


အခြားလေ့ကျင့်ခန်းများ

အသက်ရှည်ရှည် နေထိုင်နေဖို့ ပုံမှန်ရေကူးပေးဖို့ လိုအပ်ပါတယ်။

ရေကူးတယ်ဆိုတာ ကျား၊ မ အသက်အရွယ်မရွေးအတွက် အကောင်းဆုံး အားကစားနည်းလမ်းပါပဲ။ အထူးသဖြင့် ကြီးထွားဖွံ့ဖြိုးနေဆဲအရွယ်တွေ ဖြစ်တဲ့ ကလေးေတွ၊ ဆယ်ကျော်သက်ေတွဆိုရင် ပိုပြီးတောင် ရေကူးသင်သင့်ပါတယ်။ ရေကူးခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ များစွာ ရရှိနိုင်ပါတယ်။ ရေကူးဖို့ အသက်အရွယ် ကန့်သတ်ချက်ရှိလား။ မရှိပါဘူး။ ကလေးတွေအတွက်လည်း ပျော်စရာကောင်းတဲ့ အားကစားနည်းတစ်မျိုး ဖြစ်တယ်။ ဆယ်ကျော်သက်နဲ့ လူငယ်တွေအတွက်ဆိုရင် ကြီးထွားဖွံ့ဖြိုးမှုနှုန်းမြန်စေတယ်။ ရေပုံမှန်ကူးတဲ့ လူလတ်ပိုင်းအရွယ်တွေဆိုရင်လည်း ကျန်းမာတက်ကြွပြီး မိမိကိုယ်ကို ယုံကြည်မှုရှိစေတယ်။ အသက်ကြီးပိုင်းတွေအတွက်တော့ ရေကူးတဲ့အခါ အနည်းငယ် ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ ရေကူးတဲ့အခါ ရနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေလဲ။ တခြားသော အားကစားတွေလိုပါပဲ။ ပုံမှန်ရေကူးတဲ့ သူတွေမှာ ရနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့ ၁။ နှလုံးခုန်နှုန်းကို မြန်စေပြီး သွေးလည်ပတ်မှုကောင်းစေတယ်။ ကိုယ်ခန္ဓါနဲ့ နှလုံးကြွက်သားကို ကြံ့ခိုင်စေတယ်။ အမောခံနိုင်ပြီး သက်လုံကောင်းစေတယ်။ ၂။ […]


အခြားလေ့ကျင့်ခန်းများ

ရင်သား ဖွံ့ထွား လှပစေမယ့် လေ့ကျင့်ခန်း

ရင်သား ဖွံ့ထွား လှပစေမယ့် လေ့ကျင့်ခန်း တွေအကြောင်း သိပြီးပြီလား ..... မသိသေးဘူးဆိုရင် ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ အမျိုးသမီးတစ်ယောက်က တကယ်ကို လှပကြော့ရှင်းတယ်လို့ သတ်မှတ်ခံရဖို့ဆိုရင် မျက်နှာ၊ အသားအရေ နဲ့ ကိုယ်လုံးကိုယ်ပေါက်ကအစ အရာရာလှပဖို့ လိုအပ်ပါမယ်။ အမျိုးသမီး တော်တော်များများက သူတို့ရဲ့ အလှအပတရားနဲ့ ပတ်သက်ပြီး စိတ်တိုင်းကျတာ ရှားပါတယ်။ အဓိက စိတ်တိုင်းမကျကြတာက သူတို့ရဲ့ ရင်သား အရွယ်အစားနဲ့ပတ်သက်ပြီးတော့ပါ။ ဒီတော့ သဘာဝအတိုင်း ရင်သား ဖွံ့ထွား လှပစေဖို့အတွက် အိမ်မှာတင်လုပ်လို့ရတဲ့ လေ့ကျင့်ခန်း လေးတွေအကြောင်း ပြောပြပေးချင်ပါတယ်။ လေ့ကျင့်ခန်းက ရင်သား အရွယ်အစား အပေါ် ဘယ်လို သက်ရောက်မှုရှိပါသလဲ လေ့ကျင့်ခန်းလုပ်တာက ခွဲစိတ်ပြုပြင်တာနဲ့ ဆေးတွေအသုံးပြုတာထက် ပိုစိတ်ချရပါတယ်။ ကြွက်သားတွေကို တည်ဆောက်ဖို့ ရိုးစင်းလွယ်ကူတဲ့လေ့ကျင့်ခန်းလေးတွေကို ပုံမှန်လုပ်ပေးဖို့လိုအပ်ပါမယ်။ ရင်သားတစ်ဝိုက်က ကြွက်သားတွေကိုနေ့စဉ်လှုပ်ရှားမှုလုပ်ဆောင်ပေးတာက မှန်ကန်တဲ့ ကိုယ်နေဟန်ထားနဲ့ […]


အခြားလေ့ကျင့်ခန်းများ

အပြေးလေ့ကျင့်ရင် ဘယ်လိုကောင်းကျိုး ရနိုင်လဲ

ဆောင်းရာသီဟာ ကိုယ်လက်လှုပ်ရှား အားကစားလုပ်ဖို့အတွက် အကောင်းဆုံး အချိန်ပါပဲ။ မနက်ခင်း လေပြည်လေညှင်းတွေကို ရှူရှိုက်ရင်း အားကစားလုပ်တဲ့အခါ စိတ်ကို ပေါ့ပါးလန်းဆန်းစေပြီး လူကိုလည်း တစ်နေကုန် တက်ကြွနေစေပါတယ်။ ခန္ဓာကိုယ်ကိုလည်း အချိုးအစား ပြေပြစ်စေပြီး အဆီကျစေတယ်။ ဝိတ်ချချင်တဲ့ မိန်းကလေးတွေ၊ ကျန်းမာရေးလိုက်စားလိုသူတွေ ဒီနှစ်ဆောင်းရာသီကနေ စတင်ပြီး မနက်တိုင်း အပြေးလေ့ကျင့်ကြည့်ပါ။ မနက်ခင်း အပြေးလေ့ကျင့်သူတွေမှာ ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြောင်းလဲမှုတွေကို ပြောပြပေးမယ်နော်။ ၁။ ဦးနှောက်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်တယ်။ မနက်ခင်း ပြေးတဲ့အခါ နှလုံးခုန်နှုန်း မြန်လာပြီး ခန္ဓာကိုယ်တွင်း အောက်စီဂျင်ကို ကောင်းစွာလည်ပတ်စေနိုင်ပါတယ်။ မနက်ခင်းမှာ အပြေးလေ့ကျင့်ခြင်းဖြင့် နှလုံးကြွက်သား၊ အမြင်အာရုံနဲ့ ဦးနှောက်ကို ကောင်းစွာ အလုပ်လုပ်နိုင်ဖို့ အကူအညီပေးတယ်။ လှုပ်ရှားမှုနည်းတဲ့ သူတွေ၊ အထိုင်များတဲ့ သူတွေ နေ့စဉ်အပြေးလေ့ကျင့်ရင် အယ်လ်ဇိုင်းမားရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ၂။ စိတ်ကို ပေါ့ပါးလန်းဆန်းစေတယ်။ ကိုယ်လက်လှုပ်ရှား […]


အခြားလေ့ကျင့်ခန်းများ

တင်းရင်းသွယ်လျတဲ့ လက်မောင်းလေးတွေပိုင်ဆိုင်စေဖို့

လက်ပြတ်အင်္ကျီလေးဝတ်ချင်တယ်။ အင်္ကျီကိုယ်ကျပ်လေးလည်းဝတ်ချင်တယ်။ ဒါပေမယ့် လက်မောင်းကကြီးနေလို့ ဝတ်လို့မလှဘူးဆိုပြီး စိတ်ညစ်နေတာလားလေဒီ။ ဒီပြဿနာတွေကိုဖြေရှင်းဖို့လေ့ကျင့်ခန်းလုပ်ကြမယ်လေ။ Gym သွားဖို့ကလည်း အချိန်မရှိဘူး။ ဘယ်လိုစလုပ်ရမှန်းလည်း မသိဘူးဖြစ်နေတယ်ဆိုတဲ့လေဒီတွေကို ဒီဆောင်းပါးလေးကနေတဆင့် သတင်းစကားပါး ကူညီပေးပါရစေနော်။ လက်မောင်းအဆီတက်ခြင်း ခန္ဓာကိုယ်ရဲ့ နေရာတိုင်းမှာ အဆီတက်နိုင်ပေမယ့် လက်မောင်း၊ ဗိုက်နဲ့ ပေါင်တွေက ပိုပြီး အဆီတက်လွယ်ပါတယ်။ လက်မောင်းအဆီတက်တဲ့အခါ အဝတ်အစားဝတ်ရတာအဆင်မပြေအချိုးမကျသလို ခံစားရနိုင်ပါတယ်။ အချို့ဆို ခန္ဓာကိုယ်အရွယ်အစားနဲ့ မလိုက်အောင် လက်မောင်းမှာ အဆီတက်နေတာမျိုးဖြစ်နိုင်ပါတယ်။ ဒီပြဿနာကိုဖြေရှင်းဖို့အတွက်ကတော့ လေ့ကျင့်ခန်းလုပ်တာက အကောင်းဆုံးဖြစ်မှာပါ။ လက်မောင်းအဆီကျအောင် ဘာလေ့ကျင့်ခန်းတွေလုပ်ရင်ရမလဲသိချင်နေပြီလား။ ဆက်ကြည့်လိုက်ပါနော်။ လက်မောင်းအတွက် အသင့်တော်ဆုံးဖြစ်မယ့်လေ့ကျင့်ခန်းတွေ ဒီလေ့ကျင့်ခန်းတွေက လက်မောင်းအဆီကျစေဖို့နေအိမ်မှာတင် အလွယ်တကူလုပ်လို့ရပါတယ်။ ဝိတ်မမယ် - အချိန်ပေးလုပ်ပေးမယ်ဆိုရင် အဆီကျတဲ့ အပြင်လက်မောင်းသားကို ကျစ်ကျစ်လျစ်လျစ်လေးနဲ့လှပနေစေမှာ အမှန်ပါ။ ဒီလိုလုပ်တာက လက်မောင်းအဆီတင်မဟုတ်ပါဘူး။ ဗိုက်အဆီကိုပါကျစေမှာပါ။ ဒီလေ့ကျင့်ခန်းလုပ်ဖို့အတွက် ဝိတ်တုံးဝယ်ဖို့ မလိုပါဘူး။ ၂ လီတာဝင်ရေသန့်ဘူး တစ်ဘူးထဲကို ရေအပြည့်ဖြည့်လိုက်ပါ။ပြီးရင် […]


အခြားလေ့ကျင့်ခန်းများ

စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အားကစားလုပ် ကြစို့

အားကစားလုပ် ခြင်းဟာ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင်စေဖို့နဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို တက်ကြွစွာ လုပ်ကိုင်ဖို့ အထောက်အကူပေးနိုင်တယ်ဆိုတာ လူတွေ သိပြီးသား ဖြစ်မှာပါ။ ဒီနေ့ ပြောပြချင်တဲ့ အကြောင်းအရာကတော့ အားကစားက လူတစ်ယောက်ရဲ့ စိတ်ကျန်းမာရေးကို ဘယ်လို ကောင်းသောပြောင်းလဲမှုတွေ ဖြစ်လာစေနိုင်လဲ ဆိုတဲ့အကြောင်းပဲ ဖြစ်ပါတယ်။ Gym ကို သွားပြီး အလေးမနေမှ မဟုတ်ပါဘူး။ ပုံမှန် လမ်းလျှောက်တာ၊ ပြေးတာ၊ ရေကူးတာ၊ စက်ဘီးစီးတာတွေဟာလည်း လေ့ကျင့်ခန်း လုပ်တာနဲ့ အတူတူပါပဲ။ နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးခြင်းဖြင့် အမောခံနိုင်တယ်၊ သက်လုံကောင်းလာတယ်။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတယ်။ အရိုးနဲ့ ကြွက်သားကို သန်မာစေတယ်။ စိတ်ဖိစီးမှုကို ပြေလျော့စေပြီး မှတ်ဉာဏ်ကောင်းစေတယ်။ စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်လွန်တဲ့ ရောဂါ အစရှိတဲ့ စိတ်ရောဂါတွေကို ကာကွယ်ပေးနိုင်တယ်။ အိမ်ထောင်သည်တွေ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)