သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ရင်သား ဖွံ့ထွား လှပစေမယ့် လေ့ကျင့်ခန်း

ရင်သား ဖွံ့ထွား လှပစေမယ့် လေ့ကျင့်ခန်း

အမျိုးသမီးတစ်ယောက်က တကယ်ကို လှပကြော့ရှင်းတယ်လို့ သတ်မှတ်ခံရဖို့ဆိုရင် မျက်နှာအသားအရေ နဲ့ ကိုယ်လုံးကိုယ်ပေါက်ကအစ အရာရာလှပဖို့ လိုအပ်ပါမယ်။ အမျိုးသမီး တော်တော်များများက သူတို့ရဲ့ အလှအပတရားနဲ့ ပတ်သက်ပြီး စိတ်တိုင်းကျတာ ရှားပါတယ်။ အဓိက စိတ်တိုင်းမကျကြတာက သူတို့ရဲ့ ရင်သား အရွယ်အစားနဲ့ပတ်သက်ပြီးတော့ပါ။ ဒီတော့ သဘာဝအတိုင်း ရင်သား ဖွံ့ထွား လှပစေဖို့အတွက် အိမ်မှာတင်လုပ်လို့ရတဲ့ လေ့ကျင့်ခန်း လေးတွေအကြောင်း ပြောပြပေးချင်ပါတယ်။

လေ့ကျင့်ခန်းက ရင်သား အရွယ်အစား အပေါ် ဘယ်လို သက်ရောက်မှုရှိပါသလဲ

လေ့ကျင့်ခန်းလုပ်တာက ခွဲစိတ်ပြုပြင်တာနဲ့ ဆေးတွေအသုံးပြုတာထက် ပိုစိတ်ချရပါတယ်။ ကြွက်သားတွေကို တည်ဆောက်ဖို့ ရိုးစင်းလွယ်ကူတဲ့လေ့ကျင့်ခန်းလေးတွေကို ပုံမှန်လုပ်ပေးဖို့လိုအပ်ပါမယ်။ ရင်သားတစ်ဝိုက်က ကြွက်သားတွေကိုနေ့စဉ်လှုပ်ရှားမှုလုပ်ဆောင်ပေးတာက မှန်ကန်တဲ့ ကိုယ်နေဟန်ထားနဲ့ လေ့ကျင့်ခန်းလုပ်တာတွေက ရင်သားကို သဘာဝအတိုင်း ဖွံ့ထွားလှပစေမှာပါ။

နံရံတွန်းတဲ့ လေ့ကျင့်ခန်း

  • နံရံရှေ့မှာ ခပ်မတ်မတ်ရပ်ပေးပါ။
  • လက်ဖဝါး နှစ်ဖက်ကို နံရံမှာကပ်ထားပေးပါ။
  • လက်နှစ်ဖက်ကို ရင်ဘတ်နဲ့ တစ်တန်းတည်းအနေအထားနဲ့ ဆန့်ထုတ်ပေးပါ။
  • ပြီးရင် လက်ကိုဖြည်းဖြည်းချင်းကွေးပြီး ခန္ဓာကိုယ်ကို နံရံဆီကို တိုးကပ်ပါ။
  • ပြီးရင် နဂိုပုံစံအတိုင်း ပြန်နေပေးပါ။
  • နေ့စဉ် ၁၅ ကြိမ်လုပ်ပေးပါ။

လက်မောင်းလှည့်လေ့ကျင့်ခန်း

  • လက်နှစ်ဖက်ကို ပခုံးနဲ့ တစ်ညီတည်းဘေးဘက်ကို ဆန့်ထုတ်ပေးပါ။
  • အနောက်ဘက်ကိုဖြည်းဖြည်းချင်း စက်ဝိုင်းသဏ္ဍာန်လှည့်ပေးပါ။ တစ်မိနစ်ခန့် လုပ်ပေးပါ။
  • အရှေ့ဘက်ကိုဖြည်းဖြည်းချင်း စက်ဝိုင်းသဏ္ဍာန်လှည့်ပေးပါ။ တစ်မိနစ်ခန့်လုပ်ပေးပါ။
  • ပြီးရင်လက်မောင်းကို အပေါ်ကနေအောက်ဘက်ကိုဖြည်းဖြည်းချင်း အတင်အချလုပ်ပေးပါ။ တစ်မိနစ်ခန့်လုပ်ပေးပါ။
  • တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ခန့်လုပ်ပေးပါ။
  • ဒီလေ့ကျင့်ခန်းလုပ်တဲ့အခါ လက်တစ်ဖက်မှာ ၂ပေါင်တုံးလေးတွေလိုမျိုး အလေးတုံးလေးတွေကိုင်ပြီး လုပ်ဆောင်ပေးလို့လည်းရပါတယ်။
လက်ဖဝါးချင်းထိလေ့ကျင့်ခန်း
  • ထိုင်ရင်းဖြစ်ဖြစ်၊ မတ်တတ်ရပ်ပြီးဖြစ်ဖြစ် လက်နှစ်ဖက်ကို ရင်ဘတ်နဲ့ တစ်တန်းတည်းရှေ့ကိုဆန့်ထုတ်ပေးပါ။
  • လက်ဖဝါးနှစ်ခုကို ထိကပ်ထားပေးပါ။
  • ပြီးရင် လက်နှစ်ဖက်ကို ဘေးဘက်ကို ပခုံးနဲ့တစ်တန်းတည်းအနေအထားထိ ဆန့်ထုတ်ပေးပါ။
  • ပြီးရင်ရင်ဘတ်ရှေ့ဘက်မှာ လက်ဖဝါးနှစ်ဖက်ကို ထိကပ်ပေးပါ။
  • တစ်မိနစ်ခန့်လုပ်ပေးပါ။
ဆုတောင်းပို့စ်
  • လက်ဖဝါးနှစ်ဖက်ကို ဆုတောင်းတဲ့ ပုံစံ ထိကပ်ထားပြီး လက်မောင်းတွေကို အရှေ့ဘက်ကိုဆန့်ထုတ်ပါ။
  • ပြီးရင်လက်မောင်းနှစ်ဖက်ကို ၉၀ ဒီဂရီကွေးပြီး လက်ဖဝါးတွေကို ရင်ဘတ်ရှေ့ဘက်ကို ထိကပ်ပေးပါ။
  • ၁၀ စက္ကန့်လောက်ထားပြီးရင် သက်တောင့်သက်သာအနေအထားပြန်နေပေးပါ။
  • ၁၅ ကြိမ်လောက်လုပ်ပေးပါ။
ဒေါင်လိုက် လက်ဖဝါးချင်းထိကပ်ခြင်း
  • လက်နှစ်ဖက်ကို ရင်ဘတ်နဲ့ တစ်တန်းတည်း အရှေ့ဘက်ကို ဆန့်ထုတ်ပေးပါ။
  • ပြီးရင် လက်မောင်းတွေကို ဒေါင်လိုက်အနေအထားနဲ့ ၉၀ ဒီဂရီကွေးပေးပါ။
  • လက်နှစ်ဖက်ကိုဘေးဘက်ကို ပခုံးနဲ့ တစ်တန်းတည်းဖြစ်တဲ့အထိဆန့်ထုတ်ပေးပါ။
  • ပြီးရင် လက်နှစ်ဖက်ကိုပြန်ကပ်ထားပေးပါ။
  • တစ်မိနစ်ကြာလုပ်ပေးပါ။

အလေးတုံးသုံးပြီးလေ့ကျင့်ခန်းလုပ်မယ်

  • ကြမ်းပြင်ပေါ်မှာ ဒူးနှစ်ဖက်ကိုထောင်လျက်သားအနေအထားနဲ့ လှဲနေပါမယ်။
  • လက်တစ်ဖက်စီမှာ အလေးတုံးတစ်ခုစီကို ကိုင်ပြီး လက်မောင်းတွေကို ရင်ဘတ်နဲ့တစ်တန်းတည်း အပေါ်ဘက်ကိုဖြည်းဖြည်းချင်းဆန့်ထုတ်ရပါမယ်။
  • ပြီးရင်လက်ကိုကွေးပြီးဖြည်းဖြည်းချင်းပြန်ချရပါမယ်။
  • ဒီလေ့ကျင့်ခန်းလုပ်တဲ့အခါဖြည်းနိုင်သမျှဖြည်းဖြည်းချင်းလုပ်ရပါမယ်။
  • တစ်ခါလုပ်ရင် ၁၂ ခါနှုန်းနဲ့ ၃ ကြိမ်လုပ်ပေးပါ။

ရေမချိုးခင်မှာ ဒီလေ့ကျင့်ခန်းလေးတွေလုပ်ပြီး သဘာဝအတိုင်း ရင်သား ဖွံ့ထွား လှပအောင်ကြိုးစားလုပ်ဆောင်လိုက်ပါနော်။

health-tool-icon

ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ။

ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ကို အသုံးပြုပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိရဲ့လားဆိုတာကို တွက်ချက်ပါ။ ဒီကျန်းမာရေး ကိရိယာကို အသုံးပြုပြီး ကလေးရဲ့ (BMI) ကိုလည်း တွက်ချက်လို့ ရပါတယ်။

အမျိုးသား

အမျိုးသမီး

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ
Chest Exercises to Help Tone and Morehttps://www.webmd.com/fitness-exercise/features/chest-exercises-help-tone#3 Accessed Date 15 January 2019

10 Exercises to Increase Breast Size Naturally andFasthttps://breastenhancementexercises.health.blog/2016/11/26/10-exercises-to-increase-breast-size-naturally-and-fast/ Accessed Date 15 January 2019

7 Exercises That Will Naturally Increase Breast Sizehttps://www.healthline.com/health/womens-health/how-to-increase-breast-size-naturally Accessed Date 15 January 2019

17 Best And Effective Exercises To Lift Breasts Naturally https://www.stylecraze.com/articles/best-exercises-to-lift-breasts-naturally/ Accessed Date 15 January 2019

6 Exercises to Help Lift Sagging Breasts https://www.livestrong.com/article/106238-exercises-tone-saggy-breasts/ Accessed Date 15 January 2019

 

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ တစ်ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။